• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တင်းမရွာသားတွေ ပျောက်ဆုံးနေမှု ဘယ်သူမှ တာဝန်မခံကြ

by မင်းအောင်ခိုင်
5 January 2021
in ဆောင်းပါး
A A
ပျောက်ဆုံးနေသူများ၏ ဓာတ်ပုံတချို့

ပျောက်ဆုံးနေသူများ၏ ဓာတ်ပုံတချို့

4.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမရွာသားများ ဖမ်းဆီးခံရသည့် အချိန်ကစပြီး သတင်း အစအန လုံးဝမရရှိဘဲ ပျောက်ဆုံးနေသည့် အမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက အမှန်တရားပေါ်ပေါက်ကာ ပြန်လည်လွတ်မြောက်လာရေး အမျိုးမျိုး ကျိုးစားသော်လည်း ရက်ပေါင်း ၃၀၀ အထိကြာမြင့်လာသည်တိုင် တစုံတရာ အကြောင်းထူး မလာသေးပေ။

ကာယကံရှင်မိသားစုဝင်များက ၂၀၂၀ ခုနှစ် မတ်လအတွင်း ရွာအနီး တောင်ရှည် တောင်ပေါ်တွင် တပ်စွဲနေသော တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် မိသားစုဝင်များ လက်ထဲမှ ရွာသား ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း အခိုင်အမာပြောဆိုနေကြသည်။

ကျောက်တော်မြို့နယ်ရှိ တင်းမရွာသား ၁၈ ဦးအပြင် ဘုန်းကြီးကျောင်းတွင် အစောင့်ကျန်ရစ်သူ အမျိုးသား ၃ ဦးလည်း ယနေ့ အထိ ပျောက်ဆုံးလျက်ရှိကြောင်း ရွာသားများက ပြောသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်မူ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အဆိုပါ တင်းမကျေးရွာသားများဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး မှန်ကန်မှု ရှိ မရှိ အထက်က ညွှန်ကြားလာသဖြင့် မိမိတို့ကို ခေါ်ယူမေးမြန်းခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်များက ဧရာဝတီသို့ ပြောဆိုကြသည်။

ရွာသားများ ဖမ်းဆီးခံရသည့်အချိန်ကတည်းက မိသားစုဝင်များမှာ ကျောက်တော်မြို့မရဲ စခန်းသို့ သွားရောက်အကြောင်းကြားခဲ့သလို ကျောက်တော်မဲဆန္ဒနယ်မှ လွွှတ်တော်ကိုယ်စားလှယ်များကလည်း နိုင်ငံတော်သမ္မတ အပါအဝင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သော်လည်း တိတိကျကျ တာဝန်ယူ ဖြေရှင်းပေးသူများ မရှိခဲ့ကြောင်း မိသားစုဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
170
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
534
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်မူ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အဆိုပါ တင်းမကျေးရွာသားများဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး မှန်ကန်မှု ရှိ မရှိ အထက်က ညွှန်ကြားလာသဖြင့် မိမိတို့ကို ခေါ်ယူမေးမြန်းခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်များက ဧရာဝတီသို့ ပြောဆိုကြသည်။

ဖမ်းဆီးခံ ဦးကြည်လင်း၏ အစ်မဖြစ်သူ ဒေါ်မဝင်းကြည်က “ကျမတို့ကို မေးတာကတော့ ဘယ်နေရာကနေ ဖမ်းသွားတာလဲ၊ ဖမ်းခေါ်သွားတဲ့လူတွေက ဘယ်သူ တွေလဲ ဆိုတာ မေးပါတယ်။ ကျမတို့က ရွာထဲကနေ ဖမ်းခေါ်သွားတာ။ လာဖမ်းတဲ့သူတွေက တပ်မ ၅၅ ပါ။ သူတို့ သေနတ်တွေမှာလည်း ၅၅ ဆိုတာ ပါတယ်။ ကျမတို့ကိုယ်တိုင်မြင်တယ်ဆိုတာကို ပြောပြပါတယ်။ သူတို့ (ရဲ) တွေကတော့ အထက်က ညွန်ကြားလို့ ခေါ်မေးတာ၊ အကောင်းဆုံးလုပ်ပေးမယ်လို့ ပြောတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ခေါ်ယူစစ်ဆေးခြင်းနှင့်ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် ဧရာဝတီမှ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဇော်နေဟိန်းအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က မည်သို့ ဆက်လုပ်မည်ဆိုသည်ကို မသိရှိသလို တရားဥပဒေအတိုင်း အမှုဖွင့်လှစ်ပေးခြင်း ရှိ မရှိ ဆိုသည်ကိုလည်း တစုံတရာ မသိရှိကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။

တင်းမရွာသားများ ၃ လကြာသည်အထိ သတင်းအစအန မရရှိသည့်အတွက် မိသားစုဝင်များက အမှန်တရားတခု ထွက်ပေါ်လာရန် တရားဥပဒေအတိုင်း ဒီဇင်ဘာလ ၈ ရက်နှင့် ဒီဇင်ဘာလ ၁၆ ရက်နေ့တို့တွင် မိသားစုဝင်များက ကျောက်တော်မြို့ မရဲ စခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြသည်။

သို့သော်လည်း တပ်နှင့်ပတ်သက် နေသည့် ကိစ္စဖြစ်သည့်အတွက် ရဲစခန်းက အမှုကို လက်ခံပြီး ဖွင့်လှစ်ပေးခြင်း မရှိသလို ဒီဇင်ဘာလ ၈ ရက်နေ့က စခန်းတွင် ပေးထားခဲ့သည့် တိုင်ကြားစာမှာလည်း လက်ခံသူ စာရေး ရက်ပိုင်းအတွင်း ပြောင်းသွားသည့်အတွက် တိုင်စာပျောက်ဆုံးသွားပြီး ဖြစ်ကြောင်း စခန်းမှူး သူရထွန်းက ပြောဆိုသည်။

စခန်းမှူး ဒုရဲမှူး သူရထွန်းက “ဒါက ကျနော်တို့ ရဲအရေးပိုင်တဲ့အမှု မဟုတ်ပါဘူးခင်ဗျ။ သူတို့ ( ရွာသား)တွေကို ကျနော်တို့ အကြိမ်ကြိမ် ရှင်းပြထားတယ်။ တပ်မတော်ရဲ့ စစ်ဆင်ရေး နယ်မြေတွေမှာ ဖြစ်တဲ့အတွက် ကျနော်တို့ အမှုဖွင့်ပေးလို့ မရပါဘူး။ သူတို့ နည်းလမ်းတကျ တရားလွှတ်တော်တို့ကို စာချွန်လွှာတက်တာတို့၊ နောက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ နယ်လုံဝန်ကြီးဆီသို့သာ သီးသန့် တိုင်ကြားခွင့် ရှိတယ်။ ကျနော်တို့ အမှုဖွင့်ပေးလို့မရတဲ့ ကိစ္စပါ” ဟု ဧရာဝတီသို့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြောဆိုသည်။

တင်းမရွာသားအမှုနှင့်ပတ်သက်ပြီး မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးက မိသားစုဝင်များကို ခေါ်ယူ မေးမြန်းရာတွင်လည်း အထက်က ညွှန်ကြားချက်ကြောင့် ခေါ်ယူမေးမြန်းရခြင်းဟုပြောဆိုသော်လည်း မည်သည့်အဆင့်က ညွန်ကြားသည် ဆိုသည်ကိုမူ မိသားစုဝင်များကို တိတိကျကျ ရှင်းမပြပေ။

ရခိုင်အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ အဖွဲ့မှ ရှေ့နေဦးဇော်ဇော်မင်းက တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က နစ်နာသူ ပြည်သူတိုင်ကြားလျှင် ပထမ သတင်းပေး တိုင်တန်းချက် ဖွင့်ကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ပြောသည်။

၎င်းက “ကျနော်အနေနဲ့တော့ ရဲတပ်ဖွဲ့ကို တိုင်ထားတဲ့အတွက် ရဲက ဥပဒေအတိုင်း အမှုဖွင့် ပေးရမယ်။ အမှုထိန်ချန်ထားသလိုမျိုး မဖြစ်ရဘူး။ ပြည်သူတွေက တရားမျှတမှုအတွက် တောင်းဆိုတဲ့ တိုင်တန်းစာ ပျောက်သွားတယ်ဆိုရင် တာဝန်ကျတဲ့ တပ်ဖွဲ့ဝင်ကို အရေးယူရမယ်။ အဲဒါမှ တရားမျှတမှုကို ကုစားရာ ရောက်မယ်။ တိုင်စာ ပျောက်သွားတယ်ဆိုတာက တာဝန်မဲ့စကားသာ ဖြစ်တယ်။ ဒီလို လုပ်နေရင် ပြည်သူတွေက တရားဥပဒေ အပေါ် ယုံကြည်မှု ကင်းမဲ့လာလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

တင်းမရွာသားအမှုနှင့်ပတ်သက်ပြီး မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးက မိသားစုဝင်များကို ခေါ်ယူ မေးမြန်းရာတွင်လည်း အထက်က ညွှန်ကြားချက်ကြောင့် ခေါ်ယူမေးမြန်းရခြင်းဟုပြောဆိုသော်လည်း မည်သည့်အဆင့်က ညွန်ကြားသည် ဆိုသည်ကိုမူ မိသားစုဝင်များကို တိတိကျကျ ရှင်းမပြပေ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးဝင်းမြင့်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ တင်းမရွာသားအမှုကိစ္စနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် မသိရှိကြောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်သာ သက်ဆိုင်သည့် ကိစ္စဖြစ်သည့်အတွက် နယ်/ လုံဝန်ကြီးထံ မေးမြန်ရန် လမ်းညွှန်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တင်းမရွာသားများ ပျောက်ဆုံးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင် မိသားစုဝင်များက တပ်မတော်အပေါ် သံယယ ရှိသည်ဆိုပါ တရားဥပဒေ လမ်းကြောင်းအတိုင်း သက်ဆိုင်ရာဌာနများတွင် အမှုဖွင့်လှစ်ကာ တိုင်ကြားနိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက် နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ဖြေကြားခဲ့သည်။

“တပ်အနေနဲ့ ဖမ်းတာ ဆီးတာမျိုး မရှိဘူးလို့လည်း ကျနော်မပြောဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ သိကို မသိရှိသေးတာ။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရမယ့် လမ်းကြောင်းတွေ ရှိတယ်။ ပြောနိုင်တဲ့ လမ်းကြောင်းတွေ ရှိတယ်။ အဲဒီ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်းတန်းနိုင်တဲ့နေရာတွေ၊ ပြောနိုင်တဲ့နေရာတွေကို လွတ်လပ်စွာ တိုင်ကြားနိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့်ရှိတယ်”

ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌လည်း အဆိုပါ အမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာများက မေးမြန်းရာတွင် တပ်မတော်က ဖမ်းဆီးသည်ဟု သံသယရှိပါ မိသားစုဝင်များအနေဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နှင့် ဒေသတွင်းရှိ တပ်ပိုင်းဆိုင်ရာများကို ပြောဆို၍ ရသလို အထောက်အထား ခိုင်ခိုင်လုံလုံနှင့် တိုင်ကြားမည်ဆိုပါကလည်း တိုင်ကြားနိုင်သည့် အခွင့်အလမ်းရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။

“တပ်အနေနဲ့ ဖမ်းတာ ဆီးတာမျိုး မရှိဘူးလို့လည်း ကျနော်မပြောဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ သိကို မသိရှိသေးတာ။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရမယ့် လမ်းကြောင်းတွေ ရှိတယ်။ ပြောနိုင်တဲ့ လမ်းကြောင်းတွေ ရှိတယ်။ အဲဒီ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်းတန်းနိုင်တဲ့နေရာတွေ၊ ပြောနိုင်တဲ့နေရာတွေကို လွတ်လပ်စွာ တိုင်ကြားနိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့်ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ ဖြေကြားခဲ့သည်။

အိမ်ခြေ ၇၀၀ ကျော်ရှိသည့် တင်းမရွာ မီးရှို့ခံရသည်ု့ဖြစ်စဉ် အပါအဝင် ရွာသားများ အစုလိုက်အပြုလိုက် ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့် အမှုမှာ ၂၀၂၀ ခုနှစ် မတ်လ နောက်ဆုံးပတ်ကတည်းက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ထံ ရွာသားများနှင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားစာပေးပို့ခဲ့ပြီး ဖြစ်သည်။

ထိုတိုင်ကြားစာနှင့်ပတ်သက်ပြီး ကော်မရှင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြေကြားချက်အပေါ်မှာသာ အခြေခံပြီး နိုဝင်ဘာလအတွင်းက အကြောင်းပြန်လာကြောင်း ကျောက်တော် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်ကမူ လတ်တလောအခြေအနေတွင် ကော်မရှင်အနေဖြင့် ကိုဗစ်ကာလဖြစ်သည့်အတွက် ခရီးထွက်ပြီး ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင်သည့်အတွက် တိုင်ကြားသူ ကာယကံရှင်များအနေဖြင့် ကျေနပ်မှု မရှိလျှင် တခြားနည်းလမ်း ရှာဖွေပြီး ဆောင်ရွက်လုပ်ကိုင်သင့်ကြောင်း ဆိုသည်။

ဦးဦးထွန်းက တင်းမရွာသားများ အမှုတွင် လူ့အခွင့်ရေးကော်မရှင်အနေဖြင့် ကာယကံရှင် မိသားစုဝင်များကို လုံးဝ မေးမြန်းစုံစမ်းခြင်းမရှိဘဲ တဘက်က ပြန်ဖြေသည့်အပေါ်ကို မူတည်ပြီး အကြောင်းပြန်လာခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်ရကြောင်း ပြောသည်။

“လူ့အခွင့်အရေးချိုးဖောက်ခံနေရပါတယ်လို့ တိုင်တဲ့အပေါ်မှာ ကော်မရှင်အနေနဲ့ မြေပြင် အခြေအနေတွေ ကာယကံရှင်မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီးတော့ စကားပြောဖို့ လိုတယ်။ အဲဒါမှ ပိုပြီးတော့ အမှန်တရားနဲ့ နီးစပ်မယ်။ ဆိုတော့ တဘက်ကို လုံးဝ မေးမြန်းမှုမရှိဘဲ တဘက်က ဒီလိုပြောပါတယ်ဆိုတာကို ပြန်ပြောရုံနဲ့တော့ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ၊ ရပ်တည်မှုပိုင်းဆိုင်ရာ၊ တာဝန်ယူမှု တာဝန်ခံမှုပိုင်းဆိုင်ရာတွေ မေးခွန်းထုတ်စရာ ဖြစ်သွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်ကမူ လတ်တလောအခြေအနေတွင် ကော်မရှင်အနေဖြင့် ကိုဗစ်ကာလဖြစ်သည့်အတွက် ခရီးထွက်ပြီး ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင်သည့်အတွက် တိုင်ကြားသူ ကာယကံရှင်များအနေဖြင့် ကျေနပ်မှု မရှိလျှင် တခြားနည်းလမ်း ရှာဖွေပြီး ဆောင်ရွက်လုပ်ကိုင်သင့်ကြောင်း ဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ဧရာဝတီနှင့် ဖုန်းအင်တာဗျူးလုပ်ရာတွင် ဦးလှမြင့်က “ကာကွယ်ရေးဝန်ကြီးဌာနကို ပို့လိုက်တာ အကုန်ပြန်ဖြေပါတယ်။ အဖြေရတာကတော့ အကုန်လုံး တိုင်တဲ့ အတိုင်းတော့ မဟုတ်ဘူးပေါ့နော်။ ကွဲလွဲချက်တွေကတော့ ရှိနေတာပေါ့။ အဲဒါ တွေကို အန်ကယ်တို့ ဆိုင်ရာတွေကို ပြန်အကြောင်းကြားပြီးပြီ။ ကျောက်တော် တင်းမရွာကိစ္စတော့ ပြီးသွားပြီးပေါ့နော်။ လောလောဆယ် အနေအထားမှာတော့ ဟိုဘက်က ဖြေတဲ့အဖြေကိုပဲ ဒီဘက်ကို ပြန်ပို့ ပေးရတာပေါ့။ တပ်ကတော့ တခြားဟာတွေကြောင့် ဖြစ်တာ သူတို့ကြောင့် မဟုတ်ဘူးလို့တော့ ဖြေတာပေါ့” ဟု ပြောသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ကိုဗစ်ကာလဖြစ်သည့်အတွက် အခက်အခဲတချို့ကို နားလည်သော်လည်း တင်းမရွာသားပျောက်ဆုံးနေမှု သာမန် လူ့အခွင့်အရေးချိုးဖောက်သည့် ကိစ္စမဟုတ်သည့်အတွက် ကော်မရှင်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်သင့်ကြောင်းနှင့် နည်းလမ်းရှာဖွေသင့်ကြောင်း ပြောသည်။

ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကမူ ပျောက်သောသူ ရှာရင် တွေ့နိုင်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။

“ပထမဦးဆုံးကတော့ စုံစမ်းစစ်ဆေးမှုအပိုင်း လုပ်သင့်ပါတယ်။ စုံစမ်းစစ်ဆေးမှု လုပ်ပြီးရင်လည်း အထက်ကို တင်ပါတယ်တို့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ပေးပို့လိုက်ပြီတို့နဲ့တော့ မလုံလောက်ဘူး ချိုးဖောက်ပြီးဆိုတာကို သိရင် တိကျသော တောင်းဆိုမှုတွေ၊ ဒါနဲ့ ပတ်သက်လို့ ဘာလုပ်ဆောင်ရမယ်ဆိုတဲ့ တရားဥပဒေဆိုင်ရာ၊ လူ့အခွင့်ရေးဆိုင်ရာ မှတ်ချက်တွေ ပေးပြီးတော့ ဒီအတိုင်း ပေါ်ပေါက်ဖို့ ဆက်လက်ပြီးတော့ လုပ်ဆောင်ပေးဖို့ ကော်မရှင်မှာ အများကြီး တာဝန်ရှိပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ကိုဗစ်ကာလအတွင်း ခရီးထွက်ပြီး ကွင်းဆင်း စစ်ဆေးနိုင်ရေးအတွက် နည်းလမ်းရှာရန် ခက်ခဲသည်ဟု ပြောဆိုသည်။

“နည်းလမ်းကတော့ သာမန်အခြေအနေမျိုးမှာဆိုရင်တော့ ရှာလို့လွယ်တယ်။ အန်ကယ်တို့ကလည်း လူညံ့တွေမှ မဟုတ်တာ။ သိတယ်မလား ။ နည်းလမ်းရှာတာ ဘာမှမခက်ဘူး။ ဒါပေမယ့် ဒီရောဂါကတော့ နည်းလမ်းရှာဖို့ သိပ်တော့ အဆင်မပြေဘူး” ဟု ဦးလှမြင့်က ပြောသည်။

ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကမူ ပျောက်သောသူ ရှာရင် တွေ့နိုင်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။

ပျောက်ဆုံးနေသော တင်းမရွာသား ဦးယဉ်မောင်၏ ဇနီးဒေါ်မိုးနှင်းနွယ်က “ကျမတို့ တိုင်စရာ ရှိတဲ့ဌာနတွေကိုလည်း အကုန်တိုင်ပြီးပြီ။ အခုထိ ကျမ အမျိုးသားနဲ့ ရွာသားတွေ ဘယ်မှာရှိတယ်။ သူတို့ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။ ကလေးတွေကလည်း တဖက်၊ လုပ်ကိုင်စားသောက်စရာလည်း မရှိဘူး။ ကျမကတော့ ကျမယောက်ျား မြန်မြန် ပြန်လွတ်လာပါစေလို့ပဲ ဆုတောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

You may also like these stories:

တင်းမရွာ ကြမ္မာဆိုးဝင်တဲ့နေ့

လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်အဖွဲ့များကို မိုးကုတ်မြို့ခံများ ဆန္ဒပြ

ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝ 4G အင်တာနက်လိုင်း ပြန်ပွင့်တော့မလား

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပြီလား

Your Thoughts …
Tags: ကျောက်တော်မြို့နယ်တင်းမရွာသားတွေ ပျောက်ဆုံးနေမှုရခိုင်ပြည်နယ်အမျိုးသားလူ့အခွင့်အရေးကော်မရှင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
15k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
အင်းစိန်ကို ရန်ကုန်မြို့ရဲ့ ဒုတိယ စီးပွားရေးအချက်အချာ ဧရိယာ ဖြစ်လာနိုင်ဟု ဆို (ရုပ်/သံ)

အင်းစိန်ကို ရန်ကုန်မြို့ရဲ့ ဒုတိယ စီးပွားရေးအချက်အချာ ဧရိယာ ဖြစ်လာနိုင်ဟု ဆို (ရုပ်/သံ)

အက်ရှင်မင်းသားကြီး ဂျက်ကီချန်း

ဒဏ်ရာဟောင်းတွေကို ပြန်လည် ခံစားနေရတဲ့ မင်းသားကြီး ဂျက်ကီချန်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved