• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထရမ့်အလွန် ဘိုင်ဒင်ရဲ့ တရုတ်နိုင်ငံအပေါ် သဘောထား အပြောင်းအလဲရှိမလား

by အောင်ဇော်
27 January 2021
in ဆောင်းပါး
A A
၂၀၁၁ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံခရီးစဉ်တွင် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည့် ဂျိုးဘိုင်ဒင်  / Embassy of the People's Republic of China, Washington

၂၀၁၁ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံခရီးစဉ်တွင် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည့် ဂျိုးဘိုင်ဒင် / Embassy of the People's Republic of China, Washington

9.4k
VIEWS
Share on FacebookShare on Twitter

သမ္မတဂျိုးဘိုင်ဒင်၏ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒသည် မည်သို့ရှိမည်ဆိုသည့် မေးခွန်းနှင့်အတူ အမေရိကန်အစိုးရသစ်ကို တရုတ်အပါအဝင်အာရှအစိုးရများ ပြီးခဲ့သည့်အပါတ်အတွင်း ကြိုဆိုခဲ့ကြသည်။ သို့သော် ဘေ့ဂျင်းသည် သတိကြီးကြီးထားပြီး ကြိုဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်ယင်းက “မကြာသေးမီကာလတွေက ကျမတို့အတွက် မလွယ်ကူတဲ့ ကာလတွေဖြစ်ပါတယ်။ စိန်ခေါ်မှုတွေမြင့်မားပြီး ထူးခြားလှပါတယ်။ တရုတ်နိုင်ငံသာမက အမေရိကန်ပြည်သူများပါ ပိုမိုကောင်မွန်တဲ့ အနာဂတ်နဲ့ ထိုက်တန်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်၏ လက်အောက်တွင် မဟာမိတ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အမေရိကန်၏ ဆက်ဆံရေးနှင့် ပုံရိပ် ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သည်ကို သိသောကြောင့် ဘိုင်ဒင်၏ အဖွဲ့သည် အမေရိကန်၏ပုံရိပ်ကို ပြင်ဆင် ထိန်းသိမ်းရမည်ဖြစ်သည်။ သို့သော် ဘိုင်ဒင်၏ တရုတ်နိုင်ငံမူဝါဒသည် ထရမ့်နှင့် မည်သို့ ကွဲပြားခြားနားမည်နည်း။ ထရမ့်နှင့်ကွဲပြားခြားနားသည်ဟု လုပ်ပြရုံဖြင့် လုံလောက်မည်တော့ မဟုတ်ပေ။

ထရမ့်က တရုတ်နှင့်ပတ်သက်လျှင် ပြတ်သားသည်။

ယခင်နှစ်များက ဘိုင်ဒင်၏ တရုတ်နှင့်ပတ်သက်သည့် ပျော့ပြောင်းပြီး မပြတ်သားသော ပြောဆိုချက်များကို သံသယရှိသူများက မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

ထရမ့်က တရုတ်နှင့်ပတ်သက်လျှင် ပြတ်သားသည်။

ဘေ့ဂျင်းသည် ရှင်ကျန်းမှ ဝီဂါနှင့် အခြားမွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု သူ၏ရာထူး သက်တမ်းနောက်ဆုံးရက်များအတွင်း ထရမ့်ကကြေညာပြီး ထိုင်ဝမ်ကို ဘေ့ဂျင်းက ၎င်းတို့ပိုင်နက် အဖြစ်ကြေညာထားသည်ကို လျစ်လျူရှုကာ အမေရိကန် ထိပ်တန်း အထူး သံတမန်တဦးနှင့် ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်တို့အကြား ဗီဒီယိုဖြင့် ဆွေးနွေးစေသည်။

ထရမ့်၏ တရုတ်နိုင်ငံအပေါ် ချဉ်းကပ်ပုံသည် ယခင်သမ္မတ ဘားရက်အိုဘားမားနှင့် ကွဲပြားခြားနားသည်။ ဘားရက်အိုဘားမားက သမ္မတရှီကျင့်ဖျင်လက်အောက်တွင် တရုတ်နိုင်ငံက သြဇာပိုမိုထူထောင်လာသည်ကို အသာကြည့်နေသည်။ ထရမ့်ကမူ ဘေ့ဂျင်းသည် အမေရိကန်အကျိုးစီးပွား ခြိမ်းခြောက်မှုဖြစ်ကြောင်း သတ်မှတ်ပြီး ပြစ်ဒဏ်ချမှတ်မှုများ၊ ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

ဘိုင်ဒင်လက်ထက်တွင် ထရမ့်ကဲ့သို့ တနိုင်ငံတည်း ဆောင်ရွက်သည်ထက် နိုင်ငံစုံ ပိုမိုပူးပေါင်းဆောင်ရွင်သော နည်းလမ်းကို ကျင့်သုံးဖွယ်ရှိသည်။ သို့သော် ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ကမ္ဘာတဝှမ်း ကူးစက်ရောဂါကဲ့သို့သော ကိစ္စများတွင် ဝါရှင်တန်နှင့်ဘေ့ဂျင်းအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို အမေရိကန် အစိုးရအနေဖြင့် တွေ့မြင်ကောင်း တွေ့မြင်နိုင်သည်။

ယနေ့တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံးနှင့် သက်တမ်းအရှည်ဆုံး အကြွင်းမဲ့အာဏာပိုင်နိုင်ငံ ဖြစ်ပြီး သူ့ဩဇာက ကြီးထွားလာနေသည်။

လက်တွေ့တွင် ထရမ့်၏ အမေရိက ပထမ မူဝါဒသည် ဝါရှင်တန်ကို တကိုယ်တော်ရပ်တည်ကာ အထီးကျန်လာခြင်းဟူသည့် သဘောသက်ရောက်သွားသည်။ လွန်ခဲ့သော ၄ နှစ်အတွင်း တရုတ်နိုင်ငံက ထရမ့်၏ အမေရိက ပထမ မူဝါဒကို သေနင်္ဂဗျူဟာ အခွင့်အလမ်းအဖြစ် အခွင့်ကောင်းယူကာ နိုင်ငံတကာတွင် သြဇာပိုမိုထူထောင်ပြီး သြဇာကြီးမားလာသည်ကို မိမိတို့တွေ့မြင်ခဲ့ပြီးဖြစ်သည်။

ယနေ့တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံးနှင့် သက်တမ်းအရှည်ဆုံး အကြွင်းမဲ့အာဏာပိုင်နိုင်ငံ ဖြစ်ပြီး သူ့ဩဇာက ကြီးထွားလာနေသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာ စံနှုန်းများကို တဖြည်းဖြည်းကျင့်သုံးလာပြီး နိုင်ငံတကာစနစ်နှင့် ဘောင်နှင့် ကိုက်ညီလာမည် ဆိုသည့်အယူအဆသည် အတွေးတိမ်ခြင်းသာ ဖြစ်ကြောင်း အနောက်တိုင်းအခြေစိုက် တရုတ်ရေးရာ သုတေသီများ ပြောဆိုခဲ့သည်မှာ ကာလအတန်ကြာပြီဖြစ်သည်။

ဘိုင်ဒင်က နိုင်ငံခြားရေး ဝန်ကြီးအဖြစ်လျှာက်ထားသော အန်ထော်နီဘလင်ကန် အထက်လွှတ်တော်သို့ ပြောကြားရာတွင် “သမ္မတထရမ့်က တရုတ်နိုင်ငံအပေါ် ပြတ်သားတဲ့ နည်းလမ်းကို ကျင့်သုံးတာဟာ မှန်ကန်တယ်လို့ ကျနော်ယူဆတယ်” ဟု ဆိုခဲ့သည်။

“တခြားနယ်ပယ်အများအပြားမှာ သူလုပ်ပုံကိုင်ပုံတွေကို ကျနော်က တော်တော်လေးကို သဘောမတူနိုင်ပေမယ့် အခြေခံမူကတော့ မှန်ကန်တဲ့မူပဲ။ ဒါဟာ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒအတွက် အမှန်တကယ် အထောက်အကူ ပြုမယ်လို့ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။

“တရုတ်နိုင်ငံကို ကြည့်ရင် (အမေရိကန် အကျိုးစီးပွားအတွက်) ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်ဆိုတာ သံသယ ရှိစရာမလိုဘူး” ဟု ဘလင်ကန် က ပြောပြီး ပူးပေါင်းဆောင်ရွက်ရမည့် နယ်ပယ်လည်းရှိကြောင်း မှတ်ချက်ချသည်။

“ဆက်ဆံရေးမှာ ရန်ဖက်ဖြစ်တဲ့ လက္ခဏာတွေ ပိုများလာတယ်။ သေချာတာတကော့ အားပြိုင်တဲ့ ဆက်ဆံရေးပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ အပြန်အလှန် အကျိုးရှိတဲ့အခါ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးလည်း ရှိမယ်” ဟု သူက ပြောဆိုခဲ့သည်။

 ပြီးခဲ့သည့် အပတ်က နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ပွမ်ပီယို အပါအဝင် ထရမ့်အစိုးရအဖွဲ့ဝင် ၂၈ ဦးကို ဘေ့ဂျင်းက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။

ဘေ့ဂျင်း၏ အာဘော် Global Times က ဘလင်ကန်နှင့်ပတ်သက်ပြီး အယ်ဒီတာ့အာဘော် ရေးသားရာတွင် “ဒီသတင်းစကားတွေက အသွင်ကူးပြောင်းရေးကာလမှ ဘယ်လိုအဓိပ္ပါယ် သက်ရောတယ်ဆိုတာကို အချိန်က ပြောလာပါလိမ့်မယ်” ဟု ဖေါ်ပြသည်။

ဝါရှင်တန်ကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်းလည်း ဆက်လက်ဖေါ်ပြထားသည်။ “အရေးကြီးသော အချက်တခုရှိသည်။ လွန်ခဲ့သော ၄ နှစ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး ယိုယွင်းပျက်စီးသွာသည်။ ပဋိပက္ခများအားလုံးကို ဝါရှင်က စတင်ခြင်းဖြစ်သည်။ ဘေ့ဂျင်းသည် တုံ့ပြန်ရုံသက်သက်သာလုပ်နေပြီး တန်ပြန်ဆောင်ရွက်နေရသည်” ဟုလည်း ဆက်လက်ရေးသားသည်။

ပြီးခဲ့သည့် အပတ်က နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ပွမ်ပီယို အပါအဝင် ထရမ့်အစိုးရအဖွဲ့ဝင် ၂၈ ဦးကို ဘေ့ဂျင်းက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အပြင်းအထန်ချိုးဖေါက်သူများနှင့် တရုတ်နှင့် ပတ်သက်သည့် ကိစ္စများတွင် ထိုကဲ့သို့သော အမေရိကန်၏လုပ်ရပ်များအတွက် အဓိက တာဝန်ရှိသူများကို ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောသည်။

ဘိုင်ဒင်သည် တရုတ်နှင့်ပတ်သက်လျှင် ထရမ့်၏ လမ်းကြောင်းသို့ လိုက်ပါက ဘေ့ဂျင်းကလည်း သဘောထား တင်းမာမည့် အလားအလာရှိသည်။

ယခုလ အစောပိုင်းက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (ဓာတ်ပုံ -State Counselor’s Office)

မြန်မာနိုင်ငံသည် အမေရိကန်အစိုးရသစ်နှင့် အတူတကွ ဆက်ဆံရေးပူးပေါင်း လုပ်ဆောင်ရန် ပြင်ဆင်ထားသင့်သော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံနှင့် တည်ငြိမ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရန်လည်း အရေးပါသည်။ မြန်မာနိုင်ငံသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံမှ အရေးပါသော ခရီးစဉ်တခုကို လက်ခံခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံသို့ မကြာသေးမီကမှ လာရောက်ခဲ့သည်။

တရုတ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်သည် အလှမ်းကွာဝေးသော နိုင်ငံဖြစ်သည်။ အထူးသဖြင့်ဆိုရပါက မြန်မာနိုင်ငံသည် ဘေ့ဂျင်း၏ “ရပ်ဝန်းနှင့်လမ်း” အစီအစဉ်နှင့် ပတ်သက်နေသည်။

လွန်ခဲ့သောနှစ် သြဂုတ်လက သူ၏ အမည်စာရင်းတင်သွင်းရာတွင် နောင်ဖြစ်လာမည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် သောမတ်ဗက်ဂျ်ဒါက သံတမန်တဦးအနေဖြင့် သူ၏ ရည်မှန်းချက်များအနက်တခုမှာ အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားများနှင့် တန်ဖိုးများကို မြှင့်တင်ရန် ဖြစ်ကြောင်း ဖေါ်ပြသည်။

ပယောဂ သြဇာသက်ရောက်မှုဆိုသည်မှာ မည်သည်နည်း။ အကျိုးကျေးဇူး မပြုသလောက်ပင်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုအလေ့အထနှင့် သဘောတူစာချုပ်များကို ရည်ညွှန်းပြောဆိုခြင်းသည် တရုတ်နိုင်ငံကို ရည်ရွယ်ကြောင်း ထင်ရှားသည်။

အမေရိကန်၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး တိုးတက်အောင်လုပ်ရာတွင်နှင့် ပယောဂ သြဇာသက်ရောက်မှုများမှ မြန်မာနိုင်ငံကို ကာကွယ်ရာတွင် အရေးပါကြောင်း အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီသို့ သူပြောသည်။

“ထိုကိစ္စတွင် အထောက်အကူဖြစ်စေရန် မြန်မာအစိုးရအရာရှိများ၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးသမားများ၊ ဒေသခံလူမှု အသိုင်းအဝန်းများသို့ အကျိုးကျေးဇူး မပြုသလောက်ပင်ဖြစ်သော ရင်းနှီးမြှုပ်နှံမှု အလေ့အထနှင့် သဘောတူ စာချုပ်များကို တားဆီးသော လူမှုအခြေပြုအဖွဲ့အစည်းများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ကူညီရန် လိုသည်” ဟုလည်း သူပြောသည်။

ပယောဂ သြဇာသက်ရောက်မှုဆိုသည်မှာ မည်သည်နည်း။ အကျိုးကျေးဇူး မပြုသလောက်ပင်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုအလေ့အထနှင့် သဘောတူစာချုပ်များကို ရည်ညွှန်းပြောဆိုခြင်းသည် တရုတ်နိုင်ငံကို ရည်ရွယ်ကြောင်း ထင်ရှားသည်။

ထိုအချိန်က ထရမ့်အစိုးရ သက်တမ်းအတွင်းဖြစ်သည်။ ထိုစဉ်က ရန်ကုန်ရှိ အမေရိကန် သံရုံးယာယီတာဝန်ခံ ဂျော့ချ် ဆစ်ဘလေ၏ အတွေးအမြင်ဆောင်းပါးတပုဒ်ကြောင့် တစိတ်တပိုင်းအားဖြင့် တင်းမာခြင်းအပါအဝင် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်မားနေချိန်တွင် ယခုအခါ သံအမတ်သစ်ဖြစ်လာမည့်သူက ထိုသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ လုပ်ရပ်များနှင့် ဟောင်ကောင်တွင် အပြင်းအထန်ဖြိုခွဲခြင်းသည် မြန်မာအပါဝင် ဒေသတွင်း အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိပါးအောင် လုပ်ဆောင်မည့် ကြီးမားသော အစီအစဉ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ဂျော့ချ် ဆစ်ဘလေကလည်း ရေးခဲ့သည်။

အထူးသဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးမှ မည်သည့် အဖုအထစ်မဆိုကြောင့် ရိုက်ခတ်မှုများ မြန်မာနိုင်ငံအတွက် ထိခိုက်စရာ မဖြစ်သင့်ပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း ကတ်ကမ့်ဘဲကို မကြာမီက ဘိုင်ဒင်က ရွေးချယ်လိုက်သောကြောင့် အစိုးရသစ်အောက်တွင် အမေရိကန်သည် တရုတ်နိုင်ငံအပေါ် တင်းမာသော သဘောထား ဆက်လက်ထားရှိပြီး ထိုဒေသနှင့် ပိုမိုရေရှည်တည်တံ့ ခိုင်မာသည့် မဟာမိတ်တည်ဆောက်ရန် တချိန်တည်းတွင် ကြိုးစာနေမည့် သဘောရှိသည်။

ယခင် အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဖြစ်သော ကမ့်ဘဲ သည် ဝါရှင်တန်တွင် လေးစားရသော အာရှရေးရာ ကျွမ်းကျင်သူများအနက် တဦးဖြစ်ပြီး အင်ဒိုပစိဖိတ် ညှိနှိုင်းရေးမှူးအဖြစ် အမေရိကန်အစိုးရသစ်တွင် ပါဝင်လာတော့မည်ဖြစ်သည်။ ထိုရာထူးကြောင့် သူသည် တရုတ်နှင့် အာရှနှင့်ပတ်သက်သည့် ပြဿနာများ အကျုံးဝင်သည့် အမျိုးသား လုံခြုံရေးကောင်စီ ရုံးများအပေါ် ကျယ်ပြန့်သော စီမံခန့်ခွဲမှု ပြုလုပ်နိုင်မည် ဖြစ်သည်။

မည်သို့ဆိုစေ အမေရိကန်ပြည်ထောင်စုက အမေရိကန်အကျိုးစီးပွားများနှင့် တန်ဖိုးများကို ဒေသတွင်းတွင် ရှေ့တန်းတင်ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိခိုက်ဆုံးရှုံးမှုများ မခံစားသင့်ပေ။

အထူးသဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးမှ မည်သည့် အဖုအထစ်မဆိုကြောင့် ရိုက်ခတ်မှုများ မြန်မာနိုင်ငံအတွက် ထိခိုက်စရာ မဖြစ်သင့်ပေ။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
412
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
166
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k

မြန်မာနိုင်ငံသည် အမေရိကန်အတွက်ဖြစ်စေ တရုတ်အတွက်ဖြစ်စေ ရန်သူမဟုတ်သောကြောင့် ဒေသတွင်းတွင် ပါဝင်ပတ်သက်သူတိုင်းအနေဖြင့် အားလုံးအကျိုးရှိသော အခြေအနေကို ဖန်တီးရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်နိုင်ငံလုံးအတွက် ကြီးမားသည့် လုံခြုံရေး ခြိမ်းခြောက်မှု မရှိပေ။ သို့သော် မြန်မာနိုင်ငံသည်လည်း မိမိ၏ အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို စောင့်ရှောက်ရင်း မြန်မာသည် ကစားသမားဖြစ်ပြီး ကစားကွင်း မဟုတ်ကြောင်း ကိုတော့ ပြသရမည်ဖြစ်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Biden on China: Lane-Changing After Trump? ဆောင်းပါးကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။)

အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်

အမေရိကန် သမ္မတသစ် အပေါ် မြန်မာတွေ ဘယ်လိုမြင်သလဲ

နိုင်ငံ့အကျပ်အတည်းက ဘိုင်ဒင်အတွက် ဖိအားကြီးမားနေ

ဒေါ်နယ်ထရမ့်၊ ရီပတ်ဘလီကန် အနာဂတ်နှင့် ပါတီတွင်း အကွဲအပြဲ

Your Thoughts …
Tags: တရုတ်နိုင်ငံဆိုင်ရာ မူဝါဒသမ္မတဂျိုးဘိုင်ဒင်အမေရိကန်
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

by Gabriel Honrada
4 September 2024
10.7k

ထိုင်းနိုင်ငံသည် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည် မရှိသောကြောင့် မဟုတ်ဘဲ နိုင်ငံရေးသုံးသပ်ချက်ဖြင့် ၎င်း၏ လေပိုင်နက်သို့ မြန်မာက ယခင် ကျူးကျော်မှုများကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့သည်။

Next Post
ပုသိမ်မြို့မရဲစခန်းတွင် မွတ်စလင်များအား ခေါ်လာသည့် ကားသမား ၂ဦးကို အမှုဖွင့်ထား သည် / ဆလိုင်းသန့်စင် / ဧရာဝတီ

အထောက်အထားမဲ့ မွတ်စလင် ၁၃ဦး ပုသိမ်တွင် ဖမ်းမိ

ရွေးကောက်ပွဲ ရလာဒ် မကျေနပ်၍ လူတစုက ဇန်နဝါရီ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြနေစဉ် / ထက်ဝေ / ဧရာဝတီ

မြန်မာပြည်သူများ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် ပိုမိုရခဲ့ဟု ပြည်ထောင်စုရှေ့နေချုပ်ပြော

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved