• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာသိမ်းပွဲကြောင့် ပျက်ပြားသွားတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်များ

by ဧရာဝတီ
27 February 2021
in ဆောင်းပါး
A A
မန္တလေးမှာ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံးအကြိမ် ကာကွယ်ဆေး ထိုးပေးခဲ့စဉ် / ဧရာဝတီ

မန္တလေးမှာ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံးအကြိမ် ကာကွယ်ဆေး ထိုးပေးခဲ့စဉ် / ဧရာဝတီ

9.5k
VIEWS
Share on FacebookShare on Twitter

“ကာကွယ်ဆေးကို ကျမတို့ တတိုင်းပြည်လုံးကို ထိုးပေးရမှာပါ။ ကျမတို့နိုင်ငံမှာ ဘယ်သူမှ မကျန်ဖို့ပေါ့”

၂၀၂၀ ဒီဇင်ဘာလ ၁၁ ရက်က လူထုကို ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

“ကျမတို့က အားလုံးအတွက် မျှတအောင်လုပ်မယ်။ အားလုံးကနေလည်း ကာကွယ်ဆေးတော့ ရမှာပဲ။ ဒါပေမယ့် ဘယ်တော့၊ ဘယ်သူတွေကို ဦးစားပေးရမလဲ ဆိုတာကတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ နောက်ပြီးတော့ ကျမတို့ရဲ့ လုပ်ဆောင်နိုင်တဲ့ အင်အားအရပေါ့။ အဲဒါကို ကျမတို့ ဆုံးဖြတ်ရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလကနေ၂၀၂၂ ဇွန်လအထိ ကာလကို ကာကွယ်ဆေး ထိုးနှံရေးကာလအဖြစ် လျာထားပါတယ်။ ကာကွယ်ဆေးအတွက် မြန်မာပြည်သူတွေ အင်တိုက်အားတိုက် လှူဒါန်းနေကြသလို၊ ကာကွယ်ဆေးထိုးဖို့ နေရာအနှံ့ စာရင်းတွေ ကောက်ယူပြီး ပြည်သူတွေလည်း ကာကွယ်ဆေးထိုးဖို့ အဆင်သင့် အနေအထား စောင့်ဆိုင်းနေကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးများ မြန်မာနိုင်ငံကို ရောက်လာပြီး မကြာခင်မှာပဲ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။

ပထမဆုံး အသုတ်ဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ဇန်နဝါရီလ၂၂ ရက်က ရောက်ရှိလာပြီး ဖေဖော်ဝါရီလ ၁ ရက်မှာတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ နေ့စဉ် ကိုဗစ် စစ်ဆေးတဲ့ ကိန်းဂဏန်း၊ ကိုဗစ်ဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းတွေဟာ အာဏာသိမ်းပြီးနောက် ရုတ်တရက် ထိုးကျ သွားပါတယ်။

ဒါကြောင့် ကိုဗစ်ကာကွယ်ရေးနဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်တွေ ဘယ်လို ရှေ့ဆက်နေလဲဆိုတာကို သိရဖို့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတွေကို ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါဘူး။

လတ်တလောဟာ ကိုဗစ်ကာကွယ်ဆေးတွေ ထပ်မံ ဝယ်ယူဖို့ အစီအစဉ်ဟာလည်း ပျက်သွားပြီလို့ ကောက်ချက်ချရတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ကာကွယ်ဆေး စီမံချက်အခြေအနေကို မကြာခင်က သူ့လူမှုကွန်ရက်စာမျက်နှာမှာထုတ်ဖော်ထားပါတယ်။

“စစ်အာဏာရှင်တွေဟာ နိုင်ငံခြားငွေအပါအဝင် ဘဏ္ဍာငွေ အလွန်နည်းပါးနေပါတယ်။ သူတို့ဟာ SII ကို ကြိုတင်ပေးချေ ထားတဲ့ အမေရိကန်ဒေါ်လာ ၇၅ သန်းကို တွေ့တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲပြီး အဲဒီငွေကို ပြန်လိုချင် နေပါတယ်။ ထပ်ပေးရမယ့် ၇၃ သန်းကိုလည်း ပေးချင်ဟန် မရပါဘူး” လို့ ဒေါက်တာ ထားထားလင်းက ရေးသားထားပါတယ်။

“ကာကွယ်ဆေး ဝယ်ယူဖို့အတွက် ပြည်သူတွေ လှူဒါန်းထားတဲ့ရန်ပုံငွေက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ငွေတိုက်ဦးစီးဌာနမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကို ထိန်းသိမ်းလိုက်ပြီး အဆိုပါ ဘဏ္ဍာငွေများကို သိမ်းဖို့ အစီအစဉ် ရှိနိုင်ပါတယ်” လို့လည်း ရေးပါတယ်။

ဒီအတိုင်းဆို ပြည်သူလူထု အားလုံးကို တဆင့်ပြီး တဆင့် စနစ်တကျ ကာကွယ်ဆေးထိုးဖို့ ဆိုတာ မလွယ်တော့ပါဘူး။ ဆေးတွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လတ်တလောမှာတော့ ကိုဗစ်နဲ့ ပတ်သက်ရင် လူတွေရဲ့ မျှော်လင့်ချက်က လုံးဝနီးပါး ပျောက်ဆုံးလုလု ဖြစ်သွားပါပြီ။

“ပတ်ဝန်းကျင် တခုလုံး လူတွေအားလုံးကတော့ မျှော်လင့်ချက် ပျောက်သလို ဖြစ်တာပေါ့။ အရင်လို ရိုးရိုးရှင်းရှင်း မဟုတ်တော့ဘူး။ အခြေအနေက တော်တော့်ကို ရှုပ်ယှက်ခက်သွားပြီ” လို့ ပြည်သူ့ ကျန်းမာရေးပညာရှင်တဦးက သုံးသပ်ပါတယ်။

ကျန်းမာရေး ပညာရှင်တွေကတော့ ကာကွယ်ဆေးထိုး အစီအစဉ်တွေအားလုံး ကမောက်ကမ ဖြစ်ကုန်ပြီလို့ သုံးသပ်နေကြပါတယ်။

ပြည်သူ့ကျန်းမာရေး ပညာရှင်တဦးက “ကာကွယ်ဆေး ရလာရင်လည်း နည်းပညာအားဖြင့် အကောင်းဆုံး အခြေအနေလို့ အများက လက်ခံတဲ့ဟာ မဟုတ်လောက်တော့ဘူး။ မမျှတတာတွေ မတရားတာတွေ ဖြစ်လာမှာပေါ့။ ရတဲ့လူရ၊ မရတဲ့လူ မရဆိုတာတွေ အများကြီး ဖြစ်လာမှာပေါ့။ နဂို စီစဉ်ထားတဲ့အထိုင်က လုံးဝ ပျက်ကိုသွားပြီ” လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ဆင်နွှဲနေသော ကျန်းမာရေးဝန်ထမ်းများ/ဧရာဝတီ

“ဆေးတွေ ပြောင်းရတော့မယ်။ နဂိုက ဘယ်က ဆေးကို သုံးမယ်။ ဘယ်ကဆေးကို မသုံးဘူး ဆိုပေမယ့် အခုပဲ ကြားလိုက်တဲ့အခါမှာ ဆေးနာမည်တွေ ပြောင်းကုန်ပြီပေါ့။ အားနည်းချက် အားသာချက်တွေကရော ဘယ်လိုဖြစ်မယ် မသိဘူး” လိုု့လည်း ဆိုပါတယ်။

လတ်တလောမှာ ဆေးထိုး အစီအစဉ်တွေကလည်း အန္တရာယ်ရှိ အုပ်စုတွေအလိုက် စနစ်တကျ ထိုးနှံတာမျိုး မဟုတ်ဘဲ အာဏာသိမ်း ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကိုပဲ ထိုးပေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ပညာရှင်ကပဲ “တကယ်ကို ထိုးသင့်ထိုးထိုက်တဲ့ လူတွေ အားလုံးထိုးလို့ရမှ ကာကွယ်မှုရမှာ။ မဟုတ်ဘဲနဲ့ တစုတည်း၊ တဖွဲ့တည်း ထိုးထားလို့ကတော့ ဘယ်လိုမှ မရဘူး။ အကုန် ကူးမှာပဲ။ အကုန် အန္တရာယ် ရှိတယ်” လို့ ဆိုပါတယ်။

ခုတော့ ဒီအာဏာသိမ်းပွဲကြီးနဲ့အတူ ကိုဗစ်ပြီးရင် ဆိုပြီး စီးပွားရေး၊ လူမှုရေးက အစစ အဘက်ဘက်က ပြန်လည် နာလန်ထဖို့ မျှော်လင့်ထားကြတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက် အတော်များများလည်း ရေစုန်မျောသွားကြပါပြီ။

ကိုဗစ်ကြောင့် အထိအနာဆုံး လုပ်ငန်းဖြစ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းချုပ်မှ အဖွဲ့ဝင်တဦးက “တဝက်ကျော်လောက် ထိုးပြီးရင် နောက်နှစ်ကုန်လောက်မှာ အနည်းနဲ့ အများတော့ ပြန်စ နိုင်မယ်လို့ မျှော်လင့်ထားကြတာပေါ့။ ဒီတိုင်းဆိုရင် ကိုယ်တွေက ထပ်ကျန်ခဲ့ရဦးမှာပေါ့” လို့ ဆိုလိုက်ပါတယ်။

ပထမဆုံး အကြိမ်ရောက်လာတဲ့ ကာကွယ်ဆေးကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုသာ ထိုးနှံရသေးတာ ဖြစ်ပြီး ပြည်သူလူထုကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ထိုးနှံပေးမယ်လို့ ကြေညာထားတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းကောင်စီကတော့ ကိုဗစ်ကာကွယ်ဆေး ဆက်ထိုးပေးမယ်လို့ ပြောပေမယ့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကြောင့် ကျန်းမာရေး ယန္တရားဟာ ရပ်ဆိုင်းလုနေပြီ ဖြစ်ပါတယ်။

လက်ရှိကျန်းမာရေးဝန်ထမ်းတွေ တော်တော်များများဟာ Civil Disobedience Movement ထဲမှာ ပါဝင်နေကြရပါတယ်။

ကိုဗစ်တိုက်ဖျက်ရေးရဲ့ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဆေးတက္ကသိုလ် – ၁ (ရန်ကုန်) ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးလို ဆရာဝန်ကြီးတွေက စပြီး အာဏာသိမ်း ကောင်စီနဲ့ မပူးပေါင်းရေး လုပ်ဆောင်နေပါတယ်။

ဒါတင် မကသေးပါဘူး။ မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကိုလည်း အာဏာသိမ်းကောင်စီက အမှုဆင်ဖမ်းဆီးဖို့ လုပ်နေတယ်လို့ ဒေါက်တာ ထားထားလင်းက ထုတ်ဖော် ရေးသားထားပါသေးတယ်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့အတွက် လိုအပ်တဲ့ ဆေးထိုးအပ် (AD syringes) တွေကို UNICEF ကနေတဆင့် ဝယ်ယူဖို့ စီစဉ်ထားတာကိုလည်း စစ်အာဏာရှင်တွေဆီကနေ နိုင်ငံခြားငွေ မတောင်းရဲတဲ့အတွက် ခွင့်မပြုခဲ့ပါဘူး” လို့လည်း ရေးသားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ကျန်းမာရေးဦးစီးမှူးတဦးက ကိုဗစ်ကာကွယ်ဆေးတွေ ဆက်လက်ထိုးပေးဖို့ အစီအစဉ် ရှိနေတယ်လို့ ဧရာဝတီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။

ဒါပေမယ့် တကယ့် လက်ရှိ အခြေအနေမှာတော့ ကာကွယ်ဆေးက ပထမအသုတ် ထိုးရမယ့်သူတွေ ဖြစ်တဲ့ စေတနာ့ဝန်ထမ်းတွေကိုတောင် မထိုးရသေးဘူးလို့ သူကပဲ ဆိုပြန်ပါတယ်။

“ကျမတို့ မြို့နယ်က စီမံချက်တော့ ရှိတယ်။ ကုဒ်တွေဘာတွေ မရသေးလို့ မစရသေးဘူး။ လူဦးရေစာရင်းတော့ ကောက်ထားတယ်။ အစီအစဉ် ရှိပါတယ်ရှင်” လို့ သူက ဆိုပါတယ်။

“ခုတော့ Volunteers တွေတောင် မထိုးရသေးဘူး။ ကျန်သေးတယ်။ ကျန်းမာရေး ဝန်ထမ်းတွေပဲ ထိုးရသေးတယ်။ အစိုးရ ဝန်ထမ်းတွေလည်း မထိုးရသေးဘူး။ ကုဒ်တွေ မရသေးတော့လေ။ သူတို့က ကုဒ်တွေနဲ့ ပို့တာဆိုတော့ နည်းနည်း အခက်အခဲ ရှိသွားလို့ လူဦးရေစာရင်းတော့ ကောက်ယူပြီးသားပါ” လို့လည်း သူက ဆိုပြန်ပါတယ်။

အာဏာသိမ်းကောင်စီက ရခိုင်ပြည်နယ်မှာ လက်ရှိ အာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ကိုဗစ် ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ် ကာကွယ်ဆေးဟာ ဖေဖော်ဝါရီလ ၁၁ ရက်က ဒုတိယအသုတ် ထပ်ရောက်ထားတာကြောင့် ကာကွယ်ဆေး အလုံး ရေ ၃ သန်း၊ လူ ၁ သန်းခွဲစာ ထိုးနှံနိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လမ်းပေါ်မှာ လူတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆင်နွှဲနေသလို၊ အုပ်ချုပ်ရေး ယန္တရားကလည်း ရပ်ဆိုင်းနေပြီ ဖြစ်တဲ့အတွက် ဘယ်သူတွေကို ထိုးနှံနေတယ် ဆိုတာကို တိတိကျကျ မသိရတော့ပါဘူး။

ကာကွယ်ဆေးထိုးနှံနေတဲ့ ပုံတွေနဲ့ သတင်းထုတ်ပြန်မှုတွေ လုပ်နေသည့်တိုင် ပြည်သူလူထုကလည်း အာဏာသိမ်း ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအပေါ် မယုံကြည်ကြပါဘူး။

ကျန်းမာရေးဝန်ထမ်းတွေအတွက် ဒုတိယအကြိမ် ထိုးနှံဖို့ဆိုတာလည်း ဘယ်ဆီနေမှန်း မသိသေးပါ။

အထူးကု ဆရာဝန်တဦးက “ကျနော်တို့က ကျန်းမာရေး ဝန်ထမ်းဖြစ်တော့ ပထမအကြိမ်တော့ ထိုးပြီးသွားပြီ။ ဒုတိယ အကြိမ် ထိုးဖို့အတွက်ကို ကျနော်တို့ကို တရားဝင် အကြောင်းကြားတာမျိုးလည်း မရှိသေးဘူး” လို့ ဆိုပါတယ်။

“ဆေးတွေ ထပ်ရောက်တယ်တို့ ပြည်သူတွေကို ထိုးပေးဖို့အတွက် ဆရာဝန်တွေ ကူရမယ်တို့၊ ဆရာဝန်တွေ Second dose ထိုးရမယ်ဆိုတဲ့ တရားဝင်ကြေညာစာမျိုးတော့ မရသေးဘူး။ ပုံမှန်ဆိုရင် ဒီလ၂၇ ၊ ၂၈ မှာ ကျနော်တို့ ပြန်ထိုးရမှာ” လို့ သူက ဆိုပါတယ်။

ကာကွယ်ဆေးထိုး အစီအစဉ်တွေတင် မကပါဘူး။ ကိုဗစ်လွယ်လွယ်ကူကူ ကူးစက်နိုင်လောက်တဲ့အထိ လူစုလူဝေးနဲ့ လူပေါင်းများစွာ လမ်းပေါ်မှာ ဥဒဟို သွားလာနေပေမယ့် ကိုဗစ်စစ်ဆေးခြင်း လုပ်ငန်းစဉ်တွေဟာ အလုပ်မဖြစ်တော့ပါဘူး။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
98
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
387
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
189

ကိုဗစ်ရောဂါနဲ့ ပတ်သက်ရင် လူတွေဟာ လက်တလောတော့ ကိုယ့်အသိနဲ့ပဲ ကိုယ်ကာကွယ်နေကြပါတယ်။ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ အတော်များများဟာ Mask တွေ တပ်ထားကြပြီး ဒါဟာ စစ်အာဏာရှင်တွေ အမှတ်အသားပြုတဲ့ ဘေးကနေ ရှောင်ရှားနိုင်ရုံ မဟုတ်ဘဲ ကိုဗစ်ကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေက ခပ်ခွာခွာနေဖို့ အနေအထားကို အခွင့်သာ မနေပါဘူး။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အမျိုးသမီးငယ် တဦးကတော့ “ရင်ထဲက သောကက ပိုကြီးနေတော့ ကိုဗစ်ရှိတာတောင် မေ့နေပါပြီ” လို့ဆိုပါတယ်။

အာဏာသိမ်းအပြီး ရက်ပေါင်း၂၀ ကျော်မှာကိုပဲ တနှစ်တာလုံးလုံး စောင့်ဆိုင်း တောင့်ခံထားတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေရော ဆိုးကျိုးတွေ၊ ပြဿနာတွေ အားလုံးဟာ စစ်အာဏာသိမ်းမှုကြောင့် မှေးမှိန်သွားခဲ့ရပြီး ကိုဗစ် ကာကွယ်ဆေး အိပ်မက်တွေ ပြိုပျက်ခဲ့ရပါပြီ။

You may also like these stories:

အာဏာသိမ်းအပြီး ကိုဗစ်ထိန်းချုပ်ရေးစနစ် ယိုယွင်းလာနေ

ကိုဗစ် ကာကွယ်ဆေးများ အစီအစဉ်အတိုင်း ဆက်လက်ထိုးမည်

ကိုဗစ်ဒုတိယလှိုင်း စတင်ရာ ရခိုင်မှာ ကျန်းမာရေးဝန်ထမ်း ၄ ထောင်ကျော် ကာကွယ်ဆေး ထိုးမည်

ကိုဗစ်ကာကွယ်ဆေး ဝယ်ရန် လူထုလှူဒါန်းငွေ ကျပ် ၁၃ ဘီလျံကျော် ရရှိ

Your Thoughts …
Tags: CDMကိုဗစ်ကာကွယ်ဆေးစစ်ကောင်စီအန္တရာယ်ရှိ အုပ်စု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အဆိုတော် မိစန္ဒီ / Mi Sandi's Facebook

“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီးတာ မတရားဘူး”

ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူများ

ထားဝယ်တွင် ဆန္ဒပြလူထု ပစ်ခတ်ဖြိုခွင်းခံရ၊ ဒဏ်ရာရသူများရှိလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved