• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ် လက်နက်ကိုင်များ ဘယ်လိုဆက်သွားမလဲ

by ဧရာဝတီ
1 April 2021
in ဆောင်းပါး
A A
NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA တပ်ဖွဲ့များ  / ကျော်ခ / ဧရာဝတီ

NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA တပ်ဖွဲ့များ / ကျော်ခ / ဧရာဝတီ

26.5k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းတခု အသိမ်းပိုက်ခံလိုက်ရပြီးနောက် ကရင်ပြည်နယ်ရှိ ကရင်အမျိုး သား အစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေသို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ စစ်ရေးအခြေအနေ ပိုမို တင်းမာစေခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ပြည်သူ ၁ သောင်းခန့်ကို ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားစေသည်။

အဆိုပါ ဖြစ်ရပ်များ ဖြစ်ပေါ်လာပြီးနောက် မတ်လ ၃၁ ရက်တွင် KNU တပ်မဟာ ၅ ဘက်က လေကြောင်းတိုက်ခိုက်မှုများ အား အပြင်းအထန် ရှုတ်ချကြောင်း ကြေညာချက်တစောင် ထုတ်ပြန်လာသည်။

KNU ထိန်းချုပ် ဒေသအတွင်း ဝင်ရောက် တပ်စွဲထားသော မြန်မာစစ်တပ်၏ တပ်စခန်းများကို ဖယ်ရှားပေးရန် ၂၀၂၀ ဒီဇင် ဘာလ ၁ ရက်ကတည်းက မြန်မာစစ်တပ်ထံ KNU က တောင်းဆိုခဲ့သော်လည်း လိုက်နာမှု မရှိခဲ့ကြောင်း ကြေညာချက် တွင် ရေးသားထားသည်။

မြန်မာ စစ်တပ်သည် KNU ထိန်းချုပ် နယ်မြေအတွင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ချိုးဖောက်ကာ စစ်တပ်သုံး လမ်းများဖောက်ခြင်း၊ တပ်များ စေလွှတ်ခြင်း၊ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ် ခြင်း၊ မောင်းသူမဲ့ လေယာဉ်များဖြင့် ပျံသန်းစောင့်ကြည့်ခြင်းနှင့် ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း ကြေညာချက်တွင် ဆိုထားသည်။

ထို့ကြောင့် KNU တပ်မဟာ ၅ အနေနှင့် စစ်ကောင်စီ၏ သီးမူထာတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး ယင်းနောက်တွင် မြန်မာစစ် တပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲမှုများ သာမက မြေပြင်တပ်များပါ အရပ်မျက်နှာအသီးသီးမှ KNU နယ်မြေထဲ ကျူးကျော် ချီ် လာနေကြောင်း ရေးသားထားသည်။

KNU အနေဖြင့် လူထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရပြီး ကရင်လူထုနှင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်ကို ရင်ဆိုင်ရန်မှ တပါး အခြားရွေးစရာ လမ်းမရှိတော့ကြောင်း ကြေညာထားသည်။

ကြေညာချက်တွင် ပါရှိသည့် “စစ်တပ်ကို ရင်ဆိုင်ရန်မှတပါး အခြားရွေးစရာ လမ်းမရှိတော့” ဆိုသည့် စကားရပ်သည် မည်သည့် အခြေအနေကို ဦးတည်နေသနည်း။ KNU အပါအဝင် မြန်မာပြည်တောင်ပိုင်း အခြေစိုက် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ကြား သဘောတူထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) သည် ပျက်ပြယ်သွားပြီလားဟု မေးခွန်း ထုတ်စရာ ရှိလာသည်။

မြေပြင်မှ လာသည့် သတင်းများကလည်း ထိုသို့ မေးခွန်းမေးရန် တွန်းအား ဖြစ်စေသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် KNU နှင့် အာဏာသိမ်း စစ်ကောင်စီတို့ကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်နေသည်။

မတ်လ ၃၁ ရက်ကပင် ပဲခူးတိုင်း ကျောက်ကြီး မြို့တဝိုက်တွင် KNU တပ်မဟာ (၃) နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲ ဖြစ် ပွားနေပြီး စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက်တွင် ကရင်ပြည်နယ် ဖာပွန် (မူတြော်) ခရိုင်ရှိ စစ်ကောင်စီ၏ သီးမူထာ တပ်စခန်းကို KNU တပ်မဟာ ၅ က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ယင်းမတိုင်ခင် ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၌ KNU တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း (၁၈) မှ တပ်ဖွဲ့ဝင်များက မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့သည်။

မြန်မာစစ်တပ်ဘက်မှ ကြိုတင် အကြောင်းကြားထားခြင်း မရှိဘဲ ကော့ကရိတ်- ကျိုက်ဒုံလမ်းအတိုင်း KNU က ထိန်းချုပ် ထားသော မောင်းမရွာသစ်ဘက်သို့ စစ်ကား ၃ စီးဖြင့် ဝင်လာသောကြောင့် KNU ဘက်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာစစ် တပ်ဘက်က စစ်သည်၂ ဦး ကျဆုံးပြီး၂ ဦး ဒဏ်ရာရခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် KNU/KNLA တပ်ဖွဲ့များ (ဓာတ်ပုံ – ဟိန်းထက်၊ ဧရာဝတီ)

ယင်းပြင် မကြာသေးမီရက်ပိုင်းကပင် ရှမ်းပြည်ပြန်လည် ထူ‌ထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က စစ်ကောင်စီဘက်က လူထုအပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကို မရပ်တန့်ပါက RCSS အဖွဲ့အနေနှင့် လက်ပိုက် ကြည့်နေမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားလာသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးချိန် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ စစ်ကောင်စီ လက်နက် ကိုင်တပ် များ၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် မြန်မာနိုင်ငံသား ၅၀၀ ကျော် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်သော KNU နှင့် တိုက်ခိုက်နေပြီး RCSS အဖွဲ့ဘက်က လက်ပိုက်ကြည့်နေမည် မဟုတ်ဟု ထုတ်ဖော်ပြော ကြားလာခြင်းသည် NCA စာ ချုပ် ပျက်ပြယ်ပြီး တိုက်ပွဲများ ပြင်းထန်လာမည့် အခြေအနေလားဟု တွေးစရာ ရှိလာခြင်းဖြစ်သည်။

KNU တွဲဖက် အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းကမူ NCA စာချုပ်ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်ရင်းသား လက်နက်ကိုင်များဆိုသည့် အစုအဖွဲ့ ၄ ဖွဲ့က ညှိနှိုင်း ဆွေးနွေးပြီး သဘောတူ လက်မှတ်ရေးထိုးထားခြင်း ဖြစ်ကြောင်း ကရင် ပြည်နယ် အခြေစိုက် KIC သတင်းဌာနသို့ ပြောဆိုထားသည်။

“ဒါပေမယ့် ဒီနေ့ အချိန်မှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အတွက် ဒီ NCA မှာ ပါကြတဲ့ အစုအဖွဲ့တွေဟာ ပါဝင် ပတ် သက်တဲ့ Stakeholders အစုအဖွဲ့တွေပဲပြောပြော လက်မှတ်ရေးထိုးထားတဲ့ သူတွေပဲပြောပြော၊ မပြည့်စုံတဲ့ အနေအထား မှာ ရှိတာပေါ့။ NCA မှာ ပါဝင်တဲ့ အစုအဖွဲ့တွေကြား မပြည့်စုံတဲ့အတွက် NCA စာချုပ်ဟာ ဘာမှ လုပ်လို့ကိုင်လို့ မရဘဲ အသက်မဝင် ဖြစ်နေတဲ့ အခြေအနေမှာ ရှိတာပေါ့” ဟု ပြောဆိုသည်။

လက်ရှိ တိုင်းရင်းသား နယ်မြေများတွင် ဖြစ်ပေါ်နေသော နောက်ဆက်တွဲ ပြဿနာများသည် တပ်မတော်ဘက်က NCA သဘောတူစာချုပ် ချိုးဖောက်သောကြောင့်သာ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးထားသည်။

NCA စာချုပ်ကို၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ပထမ ဆုံး လက်မှတ် ရေးထိုးခဲ့သည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ် – ငြိမ်းချမ်းရေး ကောင် စီ(KNU/KNLA- PC )၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)နှင့် ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထို့နောက်၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်း အရုံး(LDU) တို့က ထပ်မံ လက်မှတ်ထိုးလိုက်ခြင်းကြောင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ ဖြစ်လာသည်။

NCA စာချုပ်သည် လေးနှစ်ကျော် အချိန်ယူ ဆွေးနွေးခဲ့ပြီးမှ ပေါ်ပေါက်လာသော စာချုပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွား နေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိက အထောက်အကူ ပေးမည့် စာချုပ်လည်း ဖြစ်သည်။

စာချုပ်အရ နိုင်ငံရေး လိုလားချက်များကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်း ကြရန် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များကြား သဘောတူထားကြသည်။

NCA စာချုပ်ထဲတွင် လက်နက်ကိုင် တပ်ဖွဲ့များက အရပ်သားများအား သတ်ဖြတ်နှိပ်စက်ခြင်းကို တားမြစ်ထားသည်။ သို့သော်လည်း NCA စာချုပ် လက်မှတ်ထိုးထားပြီး အာဏာသိမ်းပြီးနောက်တွင်လည်း NCA လမ်‌းကြောင်းအတိုင်း ဆက် လက် ကိုင်ဆွဲထားပါသည် ဟု ကြွေးကြော်ထားသော တပ်မတော်သည် ၎င်း၏စစ်သည်များ လက်လွတ်စပယ် လူသတ် နေခြင်းကို ဆက်လက် ခွင့်ပြုနေသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးခွန်ဆိုင်း ကမူ တပ်မတော် အပါအဝင် အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးက NCA စာချုပ်ကို ဖျက်လိုက်ပါပြီဟု တရားဝင် မကြေညာရသေးသောကြောင့် NCA သည် ဆက်လက် အသက်ရှင်နေကြောင်း ပြောဆိုသည်။

“ဖောက်ဖျက်တာ၊ မဖောက်ဖျက်တာကတော့ တပိုင်းဗျ။ သို့သော်လည်းပဲ NCA ကို ဦးထိပ်ထားတယ်ဆိုတဲ့ဟာက အားလုံး က ပြောနေကြတယ်။ အားလုံး ဒီလို ပြောနေသေးသရွေ့ကတော့ ပျက်ဖို့ မရှိသေးဘူးပေါ့။ တယောက်ချင်း အမြင်တွေ က တော့ တမျိုးစီ ဖြစ်နေမှာပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှာပင် တပ်မတော်ဘက်က KNU တပ်မဟာ (၅) သည် KNU ဗဟို၏ သဘောထားနှင့် ဆန့် ကျင် ဆောင်ရွက်နေကြောင်း ကြေညာထားသည်။ လက်ရှိကာလတွင် စစ်ကောင်စီက KNU တပ်မဟာ (၅) အပေါ် လုပ် ဆောင်နေသည့် လေကြောင်း တိုက်ခိုက်မှုများသည် အလုံးစုံ စစ်ပွဲ ဆင်နွှဲခြင်း မဟုတ်ဘဲ ကန့်သတ် စစ်ဆင်နွှဲနေခြင်း ဖြစ် နိုင်ကြောင်း ဦးခွန်ဆိုင်းက ပြောသည်။

“အလုံးစုံဥဿုံ လွှမ်းခြုံတဲ့ စစ်ဆင်ရေးကြီး မဟုတ်သေးဘူး။ တချို့ကတော့ အဲဒီလို စစ်ဆင်ရေးမျိုးကြီး ဖြစ်စေချင်တာ ရှိမှာပါ။ အဲဒီလိုဖြစ်လာရင်တော့ အလိုအလျှောက် NCA လည်း ပျက်ပြယ်သွားပြီပေါ့။ လောလောဆယ်ကတော့ ကြိုက် သည်ဖြစ်စေ။ မကြိုက်သည်ဖြစ်စေ။ NCA ကတော့ ဆက်ပြီး တည်နေတယ်လို့ အဓိပ္ပာယ် ကောက်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လှုပ်ရှားနယ်မြေအတွင်း တွေ့ရသည့် စစ်တပ်များ (ဓာတ်ပုံ – ဟိန်းထက်၊ ဧရာဝတီ)

NCA လက်မှတ်ထိုးထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်၏ “လက်ပိုက်ကြည့်မနေဘူး” ဆိုသည့် ပြောစကားနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပေးသည်။

“ဗိုလ်ချုပ်ကြီး ယွက်ဆစ်က လက်ပိုက်ကြည့်မနေဘူး ဆိုတာက ကျနော်တို့ရဲ့ PPST (ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့) မူအရ ပြောတာပါ။ ဘယ်လို အစိတ်အပိုင်း၊ ဘယ်လို ကူမယ် ဆိုတာတော့ မပါပါဘူး” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်တိုးတက်‌ရေးပါတီ (SSPP) အပါအဝင် တအန်း အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) နှင့် စစ်ရေး တင်းမာနေသော (RCSS) အဖွဲ့သည် တပ်မတော်နှင့် တိုက်ခိုက်ရန် နောက် ထပ် စစ်မျက်နှာ တရပ် ဖွင့်လိမ့်မည် မထင်ကြောင်း ပြောသည်။

RCSS သည် SSPP ၊ TNLA တို့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း သီ‌ပေါ မြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ၎င်းတို့၏ တင်းမာမှု များကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်ဒေသသို့ မပြန်နိုင်ဘဲ ရှိနေသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စစ်မျက်နှာ ၂ ဖက် တိုက်တာကတော့ ဘယ်သူမှ မလုပ်ပါဘူး။ လက်ရှိ စစ်ကောင်စီကို တိုက်ဖို့ဆို တာ မတော်တဆ ထိတွေ့မှု ဖြစ်တာကလွဲလို့ ဦးတည်ပြီး တိုက်ဖို့က မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့အတွက် NCA က မပျက် ဘူး ရှိနေပါတယ် လို့တော့ ကျနော် အထောက်အထား ခိုင်လုံစွာနဲ့ တင်ပြလိုပါတယ်” ဟု ပြောဆိုသည်။

RCSS ၊ KNU အပါအဝင် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့များက အာဏာသိမ်း စစ် ကောင်စီနှင့် နိုင်ငံရေး မဆွေးနွေးဟု ကြေညာထားသော်လည်း အခြားတဖက်တွင် စစ်ကောင်စီနှင့် အလွတ်သဘော ဆွေး နွေးမှုများ ရှိနေကြောင်း သိရသည်။

တနည်းအားဖြင့် ပြောရလျှင် စစ်ကောင်စီနှင့် ဆွေးနွေးသည့် လုပ်ရပ်မှာ အငြင်းပွားဖွယ်ရာ ကိစ္စလည်း ဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နိုင်ငံရေး မဟုတ်တဲ့ ဆွေးနွေးမှုတွေတော့ ရှိနေပါတယ်။ ဥပမာဆိုရင် သတင်း ဖလှယ်တာတို့ ၊ ညှိ နှိုင်းတာတို့ ၊ အဖြေရှာတာတို့ပေါ့ဗျာ။ အခုလို သတ်နေ၊ ဖြတ်နေ၊ မီးရှို့နေတာတွေကို အဖြေ ဘယ်လိုရှာမလဲ ဆိုတာ တိုင် ပင်တာပေါ့။ အလွတ်သဘောတော့ ရှိနေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မည်သို့ပင်ဖြစ်စေ လက်နက်ကိုင်များ အဖြေရှာနေသော်လည်း သေချာသည်က မြန်မာနိုင်ငံ မြို့အနှံ့တွင် စစ်ကောင်စီ တပ် ဖွဲ့ဝင်များက အရပ်သား ပြည်သူများကို တရားလက်လွတ် ပစ်သတ်နေပြီး လေကြောင်း ဗုံးကြဲမှုများကြောင့်လည်း ကရင်နှင့် ကချင်ပြည်နယ်တို့တွင် ဒေသခံ ထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေရပ်ဒေသကို စွန့်ခွာ ထွက်ပြေးနေရခြင်းပင် ဖြစ်ပေ သည်။

You may also like these stories:

KNU ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်ဗုံးကျဲ၊ အရပ်သား ၇ ဦး သေဆုံး

ဖားကန့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေးနေရ

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
1
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
58
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
849

ထိုင်းက လက်မခံ၍ ကရင် စစ်ရှောင်ဒုက္ခသည်များ နေရပ် ပြန်နေထိုင်ရ

မြန်မာတချို့မောင်းထုတ်ခံရပြီးနောက် မကူညီဖို့ ညွှန်ကြားချက် မဏိပူရ်အစိုးရ ပြန်ရုတ်သိမ်း

 

Your Thoughts …
Tags: KNUNCAစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ပန်းဆိုးတန်းလမ်းဒေါင့်ရှိ Ruby Mart ကုန်တိုက် မီးလောင်နေစဉ် / C J

CNN သတင်းထောက် ရောက်နေချိန် စစ်တပ်ပိုင်ကုန်တိုက်များ မီးလောင်မှုဖြစ်ပွား

ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ယုဇနကုမ္ပဏီ စက်ရုံ / KDNG

ဖားကန့်က ယုဇနကုမ္ပဏီ မီးရှို့ခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved