• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ဗိုလ် နိုင်ငံရေးလုပ်ရင် စကားကောင်းကောင်း မပြောတတ်

by ဧရာဝတီ
7 October 2021
in ဆောင်းပါး
A A
ဦးသိန်းစိန် (ဝဲပေါ်)၊ ဦးကိုကိုလှိုင် (ဝဲအောက်)၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (လယ်)၊ ဦးအုန်းမြင့် (ယာပေါ်)၊ ဦးမြင့်လှိုင် (ယာအောက်)

ဦးသိန်းစိန် (ဝဲပေါ်)၊ ဦးကိုကိုလှိုင် (ဝဲအောက်)၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (လယ်)၊ ဦးအုန်းမြင့် (ယာပေါ်)၊ ဦးမြင့်လှိုင် (ယာအောက်)

63.4k
VIEWS
Share on FacebookShare on Twitter

လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိတဲ့ မြန်မာပြည်မှာ လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေပြေးဆွဲမယ်လို့ ပြောပြီး မကြာဘူး ၁၀ နှစ်အတွင်း မြန်မာဟာ အာဆီယံမှာ ထိပ်တန်းနိုင်ငံဖြစ်နိုင်တယ်ဆိုတဲ့ ပြက်လုံးသာသာ စကားကို ဆိုခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ပြည်ပက စားသုံးဆီဝယ်ရတာ နိုင်ငံခြားငွေကုန်တယ်၊ တွက်ချက်မှုအရ လူတယောက်ဟာ တနှစ်ကို ဆီ ၁၀ ပိဿာကျော် စားနေကြတယ်၊ တယောက်ချင်းစီ ဆီစားသုံးမှုလျော့ကြပါလို့ မြန်မာပြည်သူတွေကို သတိပေး စကားပြောခဲ့ပြန်ပါတယ်။

ဒါကို စစ်အစိုးရဝါဒဖြန့်သတင်းစာဖြစ်တဲ့ မြဝတီ၊ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေလည်း စစ်အာဏာရှင်အလိုကျ စားသုံးဆီရဲ့ဆိုးကျိုးဆောင်းပါးတွေ၊ ဆောင်ပုဒ်တွေဖော်ပြခဲ့ရုံမက အောက်တိုဘာ ၁ ရက်နေ့ ကြေးမုံအယ်ဒီတာ့အာဘော်မှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးကို သတိမမူ၊ ဈေးသက်သာပြီး တွက်ခြေကိုက်မှုကိုသာ ဦးစားပေးခဲ့လို့ စားအုန်းဆီကို တနှစ်ထက်တနှစ်ပိုသွင်းရကြောင်း၊ မိမိတို့ဆန္ဒထက် နိုင်ငံ့အကျိုးစီးပွား၊ မိမိတို့အကျိုးစီးပွားကို အလေးထားဖို့လိုကြောင်း မြန်မာပြည်သူတွေကို အပြစ်တင်ခဲ့ပါတယ်။

ပြည်ပက sanction တွေ၊ ပြည်တွင်းမှာ စီးပွားရေး ကောင်းကောင်း မလည်ပတ်နိုင်လို့ နိုင်ငံခြားဝင်ငွေ မရှိဖြစ်နေတဲ့ စစ်ကောင်စီက ပြည်သူတွေကို ဆီလျော့စားခိုင်းတာဟာ ကျန်းမာရေးထက် နိုင်ငံခြားငွေကုန်မှာ စိုးရိမ်လို့ဆိုတာ မြန်မာပြည်သူတွေကလည်း သိကြပါတယ်။ တကယ်တော့ စားအုန်းဆီကို ပြည်ပက အကြီးအကျယ် တင်သွင်းနေတာ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီက ထိပ်ဆုံးမှာပါတာကိုလည်း သိကြပါတယ်။ စစ်ဗိုလ်ချုပ်ပဲဖြစ်ဖြစ်၊ စစ်ဗိုလ်ချုပ်လူထွက်ပဲဖြစ်ဖြစ် ပြည်သူအပေါ်စေတနာမရှိတာ၊ လက်လွတ်စပယ်စကားတွေပြောတတ်တယ်ဆိုတာကိုလည်း အတွေ့အကြုံတွေအရ သိပြီးဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ဝင်ပြီး ကပြအသုံးတော်ခံခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သမ္မတအကြံပေးတဦးရဲ့ လက်လွတ်စပယ်ပြောစကားတွေကြောင့် ပြည်သူတွေကြား ပွက်လောရိုက်ခဲ့ဘူးပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ လယ်ယာနဲ့ဆည်မြောင်းဝန်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးမြင့်လှိုင်က စိုက်ပျိုးစရိတ်ချေးငွေမဆပ်နိုင်တဲ့ လယ်သမားတွေကို ထမင်းတနပ်လျော့စားပြီး အကြွေးတွေဆပ်ကြ ဖို့တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပြည်သူတွေကြား “တနပ်စားမြင့်လှိုင်”လို့ လှောင်ပြောင်ခေါ်ဝေါ်တာ ခံခဲ့ရပါတယ်။

ဖယောင်းတိုင် ကိုကိုလှိုင်ဟု လှောင်ပြောင်ထားသော ကာတွန်းပုံ

၂၀၁၂ ခုနှစ်တုန်းက သမ္မတဦးသိန်းစိန်ရဲ့အကြံပေး (အခု စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးလုပ်နေတဲ့) ဦးကိုကိုလှိုင်ဟာလည်း လျှပ်စစ်မီးမလာလို့ ဆန္ဒပြတဲ့ပြည်သူတွေကို မီးမလာရင် ဖယောင်းတိုင်ထွန်းနေလို့ပြောခဲ့လို့ လှုမှုကွန်ယက်စာမျက်နှာတွေမှာ ကာတွန်းတွေနဲ့ပါ ဝေဖန်လှောင်ပြောင်ခံခဲ့ရပြီး ဖယောင်းတိုင် ကိုကိုလှိုင် လို့ လူသိများပါတယ်။ အဲဒီလို စကားကို ရှေ့နောက် ဆင်ခြင်ပြီး မပြောတတ်တဲ့ ပုဂ္ဂိုလ်ဟာ အခု အာဏာသိမ်းစစ်ကောင်စီကဖွဲ့စည်းတဲ့အိမ်စောင့်အစိုးရအဖွဲ့မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။

နယ်လှည့်ပါးရိုက် အုန်းမြင့်ဟု လှောင်ပြောင်ထားသော ကာတွန်းပုံ

ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကပဲ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့်ဟာလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ သစ်ရာကောက်ကျေးရွာလူထုနဲ့တွေ့ဆုံတဲ့အခါ လူထုကို ရိုင်းရိုင်းစိုင်းစိုင်းပြောလို့ နာမည်ဆိုးနဲ့ကျော်ဇော်ခဲ့သူဖြစ်ပါတယ်။ သောက်သုံးရေအခက်ဖြစ်နေတဲ့ ကျေးရွာလူထုက ရေသန့်ရအောင်လုပ်ပေးပါလို့ ပြောတဲ့အပေါ် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးက သူမလုပ်ပေးနိုင်တာကို ဘုကန့်လန့်တောင်းဆိုတယ်ဆိုပြီး ဒေါသထွက်ခဲ့ပါတယ်။ ရေသန့်ရချင်ရင်တော့ ရေသန့်ရှိတဲ့နေရာမှာ သွားနေမှရမယ်။ ဒီလိုနေရာမှာ နေလို့မရဘူး။ စေတနာပျက်အောင်မပြောနဲ့။ ဗိုလ်ချုပ်အုန်းမြင့်.. နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတဲ့ကောင်။ ရှင်းတယ်နော် ဆိုပြီး ကျေးရွာလူထုကို ဟိန်းဟောက်ငေါက်ငမ်းခဲ့ပါတယ်။

ဒီပြောဆိုမှုအပေါ် ပြည်သူတဦးချင်းအနေနဲ့ရော အဖွဲ့လိုက်ပါ ဆန္ဒပြခဲ့ကြပြီး ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ထည့်သွင်းလှောင်ပြောင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နယ်လှည့်ပါးရိုက် အုန်းမြင့်လို့ နာမည်တွင်ခဲ့သူဖြစ်ပါတယ်။

စစ်ဗိုလ်လူထွက် ပြည်ထောင်စုဝန်ကြီးနဲ့ သမ္မတအကြံပေးတွေပဲ ပေါက်တက်ကရစကားတွေ ပြောတာလားဆိုတော့ သူတို့ကို ခန့်အပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ကလည်း ဒီပုပ်ထဲက ဒီပဲပါပဲ။ ၂၀၁၄ ခုနှစ်တုန်းက သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြည်သူတွေ အရက်အစား နွားနို့သောက်ကြဖို့ ပြောခဲ့လို့ အင်တာနက် စာမျက်နှာတွေပေါ်မှာ အရက်အစား နွားနို့သောက်ခိုင်းခြင်းကို ချက်ချင်းရပ်၊ သမ္မတပြောဆိုချက်ဟာ မြန်မာပြည် အရက်ဈေးကွက်ကို အကြီးအကျယ်ထိခိုက်စေတယ် စသည်ဖြင့် နောက်ပြောင်စရာတွေဖြစ်ခဲ့ပါတယ်။ အရက်အစား နွားနို့ သောက်ခိုင်းရတဲ့ အကြောင်းအရင်း က အရမ်းရိုးရှင်းပါတယ်။ မြန်မာပြည်မှာ အရက်သောက်လို့ မှုခင်းတွေများနေတာ၊ နွားနို့ပြောင်းသောက်ကြရင် မှုခင်းတွေ နည်းလာမယ်လို့ သမ္မတကြီး က ထူးထူးခြားခြား ရှုမြင်တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အတူတကွ မြင်ရစဉ်

အခုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့အာဏာသိမ်းထားတဲ့ ၈ လကျော်အတွင်း လူထုအဟာရအတွက် ငှက်ပျောပင်စိုက်ပါ၊ နွားကိုပြည်ပပို့ကုန်အဖြစ်ပို့ပါ၊ တိုင်းရင်းဆေးနဲ့ကိုဗစ်ကုသဆေးထုတ်မယ်၊ တနိုင်ငံလုံးလျှစ်စစ်ဘတ်စ်ကားတွေသုံးနိုင်အောင်လုပ်မယ်၊ မြေအောက် ရထားလမ်းတွေ ဖောက်မယ်၊ ၁၀ နှစ်အတွင်း အာဆီယံမှာထိပ်တန်းနိုင်ငံဖြစ်ရမယ်လို့ အဓိပ္ပါယ်မဲ့ပေါက်ကရစ ကားတွေနဲ့ ထင်တိုင်းကြဲလို့နေပါတယ်။

အဲဒီတော့ မြန်မာပြည်မှာ စစ်သားဘဲဖြစ်ဖြစ် စစ်သား လူထွက်ဘဲဖြစ်ဖြစ် အာဏာရှိလာရင် ပေါက်ကရ ပြောတတ်တယ်ဆိုတဲ့ အချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုထိ သက်သေထူနေတုန်းပဲလို့ ဆိုရမှာပါ။

You may also like these stories:

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
513
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
74
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
812

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ

သူခိုးက လူဟစ်နေကြချိန်

ကပ်ဘေးဒုက္ခဆီသို့ မြန်မာ့စစ်တပ် ခင်းသောလမ်း

Your Thoughts …
Tags: စကားကောင်းကောင်း မပြောတတ်စစ်ဗိုလ်နိုင်ငံရေးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးကိုကိုလှိုင်ဦးမြင့်လှိုင်ဦးသိန်းစိန်ဦးအုန်းမြင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

by ဧရာဝတီ
25 July 2024
18.6k

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ထိပ်တန်းခေါင်းဆောင်ဟောင်းများ၏ နေအိမ်များကို စောင့်ကြည့်ရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ညွန်ကြားခဲ့သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

by ဧရာဝတီ
19 July 2023
12.2k

ဗိုလ်ချုပ်ဟောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသရန် နေပြည်တော်မှ ဗုဒ္ဓ ဆင်းတုတော်ကြီး တည်ဆောက်နေသည့် နေရာတွင် တနင်္ဂနွေနေ့က စုဝေးကြသည်။

ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ

ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ

by ဧရာဝတီ
22 July 2023
9.8k

ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) အုန်းမြင့်၏ မိသားစုပိုင်ကုမ္ပဏီများ၏ အမည်အားလုံးနီးပါးတွင် သီရိဘက်စုံပါရှိသည်။ ကုမ္ပဏီများ မှတ်ပုံတင်ရေးဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့်စာရင်းများအရ သီရိဘက်စုံ ကျောက်မျက်ကုမ္ပဏီ၏ ဒါရိုက်တာ စာရင်းတွင် ဒေါ်နုနုဆွေနှင့် ဒေါ်သီရိဆွေတို့ ဖြစ်သည်။

Next Post
နမ့်ဘော်ဝမ် (ခ) ရပ်ကွက်တွင်း လက်နက်ကြီးကျည် ကျပေါက်ကွဲခြင်းကြောင့် ပျက်စီးသွားသည့် အရပ်သား နေအိမ်များနှင့် ဆုံးပါးသွားသည့် အရပ်သား  / CJ

လွိုင်ကော်မြို့ပေါ် လက်နက်ကြီးကျည်ကျ ၁ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်

နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် တပ်ကို စွန့်ခွာရန် ပြင်သဖြင့် ထိန်းသိမ်းခံရဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved