• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့

by ဧရာဝတီ
27 June 2022
in ဆောင်းပါး
A A
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက နေပြည်တော်၌ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် USDP ထောက်ခံသူများ / ဧရာဝတီ

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက နေပြည်တော်၌ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် USDP ထောက်ခံသူများ / ဧရာဝတီ

19.1k
VIEWS
Share on FacebookShare on Twitter

စစ်အုပ်စုလက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အစည်းအဝေးကို လွန်ခဲ့သောအပတ်က ကျင်းပသော်လည်း ပါတီ၏ အနာဂတ် ခေါင်းဆောင်မှုအပေါ် သဘောထားကွဲလွဲပြီး အဆုံးသတ်သွားသည်။ ခေါင်းဆောင်မှုအသစ်နှင့်ပတ်သက်ပြီး မကြာမီကျင်းပမည့် ပါတီညီလာခံတွင် ကြေညာမည်ဟု မျှော်လင့်ရသည်။

လွန်ခဲ့သောရက်များအတွင်း ကျင်းပသည့် CEC အစည်းအဝေးတွင် USDP သည် အုပ်စု ၂ ခုကွဲသွားပြီး ဥက္ကဋ္ဌ ဦးသန်းဌေးကို ဖြုတ်ချလိုသောအုပ်စုနှင့် သူ့ကိုသစ္စာခံသော အုပ်စုဟူ၍ ပေါ်ပေါက်လာသည်။

ဦးသန်းဌေးကို ဖြုတ်ချလိုသောအုပ်စုသည် အင်အားပိုမိုကြီးမားပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံသော အုပ်စုဟု ယူဆရသည်။

ပါတီ CEC အဖွဲ့၏ ၅ နှစ်သက်တမ်းသည် လွန်ခဲ့သောနှစ် သြဂုတ်လက ကုန်ဆုံးသော်လည်း ဦးသန်းဌေးက ကိုဗစ်နိုင်တင်းဖြစ်ပွားမှုနှင့် နိုင်ငံရေးအခြေအနေကို အကြောင်းပြကာ ၂၀၂၁ ခုနှစ် ပါတီညီလာခံကို ဖျက်သိမ်းထားသည်။ သို့သော် ထိုလုပ်ရပ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် USDP ခွက်ခွက်လန်ရှုံးအပြီး ပါတီဥက္ကဋ္ဌရာထူးကို ဆက်လက်ထိန်းသိမ်းထားရန် ဦးသန်းဌေးပေးသော ဆင်ခြေအဖြစ် USDP အဖွဲ့ဝင် အများအပြားက မြင်ကြသည်။

ဦးသန်းဌေးသည် စစ်ကောင်စီက နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီးတွင် ပါတီဒုဥက္ကဋ္ဌရာထူးတွင် ဆက်လက်ရှိနေရန် အနည်းဆုံး မျှော်လင့်နေသည်ဟု သူ့ကို ဖြုတ်ချရန် ကြိုးစားနေသူများ ယူဆသည်။

ဦးသန်းဌေး၏ ခေါင်းဆောင်မှု ခြိမ်းခြောက်ခံနေရ

USDP ၏ အရေးအပါဆုံး အစည်းအဝေးသည် ၅ နှစ်သက်တမ်းရှိ CEC များကို ရွေးချယ်သည့် ပါတီညီလာခံ ဖြစ်သည်။ CEC က ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို ရွေးချယ်သည်။

နေပြည်တော်တွင် မကြာသေးမီက ကျင်းပသည့် USDP ၏ CEC အစည်းအဝေးတွင် တွေ့ရသည့် ဦးသန်းဌေး / USDP Facebook

ပါတီညီလာခံ ပြီးဆုံးသောအခါ CEC အစည်းအဝေးသည် လစ်လပ် CEC များကို ပြန်လည်ခန့်ထားရန် အခွင့်အာဏာသာရှိသော်လည်း USDP ၏ အဆင့်အမြင့်ဆုံး အစည်းအဝေးဖြစ်သည်

ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် ကျင်းပသည့် USDP ၏ CEC အစည်းအဝေးတွင် ဦးသန်းဌေးသည် ပါတီ ညီလာခံ၏ အတည်ပြုချက်မယူဘဲ သူ၏ဥက္ကဋ္ဌသက်တမ်းကို နောက်ထပ် ၅ နှစ်တိုးချဲ့ရန် ကြိုးစားသည်။ သို့သော် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ထောက်ခံသည်ဆိုသည့် အထက်ပါ USDP အုပ်စုက ထိုကိစ္စကို ဆန့်ကျင်သောကြောင့် ဦးသန်းဌေးသည် ပါတီညီလာခံ မကြာမီကျင်းပမည်ဟု ကတိပေးခဲ့ရသည်ဟု ဆိုသည်။

ပါတီညီလာခံမခေါ်ဘဲ ရာထူးသက်တမ်းတိုးရေးကို ဦးသန်းဌေးက ခေါင်းမာမာ ဆက်လုပ်နေပါက သူသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့် အာဏာလုပွဲတွင် ပါတီမှထုတ်ပစ်ခံရသည့် သူရဦးရွှေမန်း၏ ခြေရာနင်းရမည်ဟု အမည်မဖော်လိုသော CEC အဖွဲ့ဝင်တဦးက ပြောသည်။

CEC အစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြောသောအခါ ဦးသန်းဌေးသည် စိတ်မချမ်းမြေ့ဖြစ်နေပြီး နှုတ်ဆက် မိန့်ခွန်းသဖွယ်ဖြစ်နေကြောင်း အထက်ပါ CEC အဖွဲ့ဝင်က ပြောသည်။

နောက်ကွယ်မှ အကွက်ရွှေ့နေသော စစ်ကောင်စီခေါင်းဆောင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတအိပ်မက်သည် လူတိုင်းသိနေသော လျှို့ဝှက်ချက်ဖြစ်သည်။ စစ်အုပ်စု ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို လွှတ်တော်နေရာများ၏ ၂၅ ရာခိုင်နှုန်း ပေးရသောကြောင့် သမ္မတဖြစ်ရေးအိပ်မက်သည် သူ့အတွက် စိတ်ကူးယဉ်သက်သက် မဟုတ်ပေ။

သို့သော် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် USDP သည် အစိုးရဖွဲ့နိုင်သည့်မဲ ၂၆ ရာခိုင်နှုန်း မရသောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းရသည့် အခြေဆိုက်သွားသည်။

ယခုအခါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည်။ သူသည်ရွေးကောက်ပွဲအပြီးတွင် သူ့ကိုဆက်ခံမည့်သူကို စိတ်တွင် ရွေးထားပြီး ဖြစ်နိုင်သည်။ တချိန်တည်းတွင် သူသည် သမ္မတအိပ်မက် အကောင်အထည် ဖော်ရေးအတွက် USDP သည် အရေးပါသောအခန်းမှ ပါဝင်နေသောကြောင့် သူစိတ်ချယုံကြည်ရသူတဦးကို USDP ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုသည်။

ဦးသန်းဌေးကို USDP ဥက္ကဋ္ဌအဖြစ်ရွေးခဲ့သူသည် အာဏာရှင်ဟောင်း ဦးသန်းရွှေဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဦးသန်းဌေးကို သူကိုယ်တိုင်ဖြုတ်ချရန် ခက်ခဲနေသည်။ ဦးသန်းဌေးသည် အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေး အာဏာသိမ်းမည့် အစီအစဉ်ကို ဖွင့်ချသည့် ဆုကြေးအဖြစ် ပါတီဥက္ကဋ္ဌ ရာထူးကို ရရှိခြင်းဖြစ်သည်။

ပါတီ၏ စီမံခန့်ခွဲမှုများတွင် ဦးသန်းရွှေ ဝင်ရောက်မစွက်ဖက်ဟု CEC အဖွဲ့ဝင်များ ယုံကြည်နေသော်လည်း ဦးသန်းရွှေသည် USDP ကို အကြံပေးနေဆဲဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
56
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
838
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

အစိုးရသို့ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ပေးရန် လယ်သမားများ နေ့စဉ် တမင်းတနပ် လျှော့စားရန် ပြောသောကြောင့် ‘တနပ်စား’ မြင့်လှိုင်ဟု ကျော်ကြားသူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်သည် မကြာသေးမီက ဦးသန်းရွှေထံသို့သွားကြောင်း CEC အဖွဲ့ဝင်တဦးက ပြောသည်။

“ကိုမြင့်လှိုင်က စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖြုတ်ချရာမှာပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဟောင်းက သူ့ကိုယုံတယ်” ဟု ထို CEC အဖွဲ့ဝင်က ပြောသည်။

တချိန်တည်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ လူယုံများမှတဆင့် ပါတီကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း အခြား CEC အဖွဲ့ဝင်တဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် USDP အကြောင်း တခွန်းမျှပင်မဟပေ။ ၎င်းတို့သည် အာဏာသိမ်း ခေါင်းဆောင်နှင့် လူကိုယ်တိုင် မတွေ့ရသေးကြောင်း USDP ခေါင်းဆောင်များက ပြည်တွင်း သတင်းဌာနများကို ပြောသည်။ “မင်းအောင်လှိုင်က ဦးခင်ရီနဲ့ ဦးသောင်းအေးကတဆင့် ပါတီကို ထိန်းချုပ်နေတာ ဖြစ်ပုံရတယ်” ဟု CEC အဖွဲ့ဝင်တဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဦးခင်ရီသည် USDP ဒုဥက္ကဋ္ဌဖြစ်သကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကောင်စီတွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးလည်း ဖြစ်သည်။ ဦးသောင်းအေးသည် CEC အဖွဲ့ဝင်၊ ဒုဗိုလ်ချုပ်ကြီးဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည်။ လာမည့် USDP ညီလာခံတွင် သူ့ကို ပါတီရာထူးသက်တမ်း တိုးပေးမည်ဟု မျှော်လင့်ရသည်။

ဦးသန်းဌေးကို ဝေဖန်သူများ

ညံ့ဖျင်းတဲ့ခေါင်းဆောင်မှုအောက်မှာ တောက်ပတဲ့ပါတီ မရှိနိုင်ဘူးဟု ဦးမောင်မြင့်က CEC အစည်းအဝေး မတိုင်မီက ရေးသားခဲ့သည်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ဇာတိဖြစ်သော ဦးမောင်မြင့်သည် ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရတွင် စက်မှုဝန်ကြီး ဖြစ်ခဲ့သည်။

ဒုဗိုလ်မှူးကြီးဟောင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေခေါ် ဘူးလက်လှဆွေကလည်း ဦးသန်းဌေးကို ဆန့်ကျင်သည်။ မကြာသေးမီက CEC အစည်းအဝေးတွင် USDP ညီလာခံကျင်းပရန် သူက တရားဝင် တောင်းဆိုသည်။ သို့သော် ဦးလှဆွေနှင့် ဦးမောင်မြင့် နှစ်ဦးလုံးသည် USDP ဥက္ကဋ္ဌ မဖြစ်နိုင်ပေ။

ဦးမြင့်လှိုင်သည် ဦးသန်းဌေးကို ဝေဖန်သည့် နောက်ထပ် ဝါရင့်ပါတီဝင်ဖြစ်ပြီး နေပြည်တော် USDP အကြီးအကဲအဖြစ် ကာကွယ်ရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်ကို ဆက်ခံသောကြောင့် သူသည် ပါတီကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်သည်။ သူသည် ဦးသိန်းစိန်အစိုးရအတွင်း သဘောထား တင်းမာသူအဖြစ် လူသိများသည်။

ဦးသန်းဌေးကို ဆန့်ကျင်သည့် အခြားထင်ရှားသူတဦးမှာ ဦးသောင်းအေးဖြစ်ပြီး သူသည် စာအုပ်ကြီးအတိုင်းလုပ်သည့် ထက်မြက်သူအဖြစ် ယူဆခံရသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်သူဖြစ်သည်။

သူသမ္မတဖြစ်ရေးအတွက် ဦးသန်းဌေးသည် လွှတ်တော်နေရာ ၂၆ ရာခိုင်နှုန်းနိုင်အောင် လုပ်နိုင်၊ မလုပ်နိုင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သံသယရှိခဲ့ကြောင်း USDP လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးက ပြောသည်။

ဦးသန်းဌေး ပြောသောစကားတခွန်းကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေါသထွက်နေကြောင်း ပါတီဝင်တဦးက ပြောသည်။

“ပါတီက USDP ကနေ ရွေးကောက်ပွဲဝင်တဲ့ စစ်အရာရှိတွေက လွှမ်းမိုးထားတယ်။ ဒါပေမယ့် ဦးသန်းဌေးက USDP နဲ့ စစ်တပ်နဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ပြောတယ်။ မင်းအောင်လှိုင်က ဒါကို မကြိုက်ဘူး” ဟု ထိုပါတီဝင်က ပြောသည်။

USDP နှင့် ၂၀၂၃ ရွေးကောက်ပွဲ

စစ်ကောင်စီက လာမည့်နှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဖယ်ထုတ်ပြီး ရွေးကောက်ပွဲ နိုင်ပါက USDP ခေါင်းဆောင်ပိုင်းသည် ဒုသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး အပါအဝင် အဆင့်မြင့် ရာထူးများကို ရနိုင်သည်။ လက်ရှိ ဝါရင့်ခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ်တွင် အစိုးရအဖွဲ့ ရာထူးများကို မျက်စောင်းထိုးနေကြသည်။

USDP ၏ CEC အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး

ဦးသန်းရွှေ၏ တပည့်အများအပြားသည် USDP တွင် ရှိနေသေးကြောင်း ပါတီကထုတ်ပြန်သည့် ဓာတ်ပုံအရ သိရသည်။ ဒုဥက္ကဋ္ဌ ဦးခင်ရီ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဟောင်း ဦးလှထွန်း၊ လေတပ်အကြီးအကဲဟောင်း ဦးမြတ်ဟိန်းတို့ အားလုံးသည် ဦးသန်းရွှေ၏ လူယုံများဖြစ်သည်။

ဦးသိန်းဇော်၊ ဦးသိန်းအောင်၊ ဦးစိုးသိန်း၊ ဦးမြင့်လှိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဉာဏ်ထွန်းနှင့် ဦးဉာဏ်ထွန်းအောင် အပါအဝင် အခြားဝါရင့်အဖွဲ့ဝင်များသည် ဦးသန်းရွှေအစိုးရတွင် ဝန်ကြီးဖြစ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် ဝါရင့်သူများဖြစ်သည်။

သို့သော် စစ်ကောင်စီခေါင်းဆောင်သည် USDP ၏ နောက်ဥက္ကဋ္ဌရာထူးအတွက် သူ့ထက်ဝါနုသူကိုသာ ရှာမည်ဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးသည် သူသမ္မတဖြစ်ရေးကို ချောမွေ့အောင်လုပ်ပေးနိုင်မည် ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးချယ်မည့်သူဖြစ်ကြောင်း CEC အဖွဲ့ဝင်များက ယူဆကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ How Myanmar Junta Chief Plays Military Proxy Party for His Presidency ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက် မဟုတ်

ပွဲလန့်တုန်းဖျာခင်းမယ့် ကြံ့ခိုင်ရေးပါတီ

Your Thoughts …
Tags: ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေNLDUSDPစစ်ကောင်စီဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘူးလက်လှဆွေရွေးကောက်ပွဲသမ္မတရာထူးသူရဦးရွှေမန်ဦးခင်ရီဦးမောင်မြင့်ဦးမြင့်လှိုင်ဦးသန်းဌေးဦးသန်းရွှေဦးသိန်းစိန်ဦးသောင်းအေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်

စစ်ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလုပ်ကြံမှုကို ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မလား

ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မြို့နယ်တွင် ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင် ဆန္ဒပြနေကြသည့် ကျောင်းဆရာ၊ ဆရာမများ  / ဧရာဝတီ

ဖမ်းဆီးထားသည့် Non-CDM ဆရာ/ဆရာမ ၆ ဦးကို စစ်ဆေးနေ ဟု KSP ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved