ဆောင်းပါး

အပယ်ခံ စစ်ကောင်စီခေါင်းဆောင် ရုရှားသာ ထပ်သွားလို့ရ

ကမ္ဘာတွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသော်လည်း မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တံခါးဖွင့် ပေးလိုသောနိုင်ငံ တနိုင်ငံတည်းသာ ရှိပုံရသည်။ ထိုနိုင်ငံမှာရုရှားဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင်သည် သူ၏ တရားမဝင်သော အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာတုံ့ပြန်မှုများကြောင့် နိုင်ငံတကာတွင် ဝိုင်းကြဉ်ခံထားရသူဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်နှင့် သူ၏မိသားစုသည် ရုရှားသို့ရောက်နေသည်မှာ တနင်္ဂနွေနေ့ကပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် ရုရှားသို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်သည်။ လက်တွေ့တွင် သူ ယခုတကြိမ် ရုရှားသို့သွားသည်မှာ ဒုတိယအကြိမ် ပြည်ပသို့ သွားရောက်လည်ပတ်ခြင်းဟု ဆိုနိုင်သည်။ အာဏာသိမ်းပြီးနောက် ၁၅ လတာကာလအတွင်း ရုရှားသည် သူသွားရောက်သည့် တခုတည်းသော ပြည်ပနိုင်ငံဖြစ်သည်။ (အမှန်အတိုင်းပြောရမည်ဆိုပါက သူသည် လွန်ခဲ့သောနှစ်က အင်ဒိုနီးရှားသို့ သွားရောက်ခဲ့သည်။ သို့သော် ထိုခရီးကို သွားရောက်လည်ပတ်သည့် ခရီးဟု ဆိုပါက များသွားမည်ဖြစ်သည်။ သူ့ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ဆင့်ခေါ်ပြီး ဆန္ဒပြသူများကို သွေးချောင်းစီး နှိမ်နင်းမှု ရပ်ဆိုင်းရန် မအောင်မြင်သော အားထုတ်မှုအဖြစ် မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်ကို ပေးအပ်ခြင်းသာ ဖြစ်သည်။)

သို့သော် သူသည် ယခုတကြိမ်တွင်လည်း မော်စကိုသို့ သွားရောက်သော်လည်း သူ့တွင်အခြားမိတ်ဆွေ လုံးဝမရှိဟု ဆိုပါက မတရားရာ ရောက်မည် ထင်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တနင်္လာနေ့က မော်စကိုမြို့မှာ တွေ့ဆုံခဲ့ / Cincds

သူ၏အုပ်ချုပ်ရေးကို ဆန့်ကျင်သော အရပ်သား ၂၀၀၀ ကျော်အား သတ်ဖြတ်ထားသော စစ်ကောင်စီ ခေါင်းဆောင်သည် ရုရှားအပြင် တရုတ်နိုင်ငံ၏ ထောက်ခံမှုကိုလည်း ရရှိနေသည်။ ထိုနှစ်နိုင်ငံတို့သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချရန် ငြင်းဆန်ကြသည့်အပြင် စစ်ကောင်စီကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း အကာအကွယ်ပေးသည်။ ထို့အပြင် မင်းအောင်လှိုင်သည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်လည်း နွေးထွေးသောဆက်ဆံရေး ရှိသည်။ ထိုမျှသာမကသေးဘဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည်လည်း ယခုနှစ်အစောပိုင်းကနေပြည်တော်သို့သွားပြီး သွေးစွန်းနေသော အာဏာရှင်ကို ပထမဆုံး သွားရောက်တွေ့ဆုံသည့် နိုင်ငံတကာဧည့်သည်တော် ဖြစ်လာသည်။

သို့သော် သူသည် ယခုတကြိမ်တွင်လည်း မော်စကိုသို့ သွားရောက်သော်လည်း သူ့တွင်အခြားမိတ်ဆွေ လုံးဝမရှိဟု ဆိုပါက မတရားရာ ရောက်မည် ထင်သည်။

အခြားမိတ်ဆွေနိုင်ငံများရှိသော်လည်း မင်းအောင်လှိုင်သည် မည်သည့်အတွက် မော်စကိုနှင့်နေပြည်တော်အကြားတွင်သာ ကူးချီသန်းချီဖြစ်နေသည်ကို အချို့သိလိုကြမည်ဖြစ်သည်။ အကြောင်းရင်းမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် သူ၏အာဏာသိမ်းမှုကြောင့် သူ့ကို မြန်မာ၏ တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ခက်ခဲသောကြောင့်ဖြစ်သည်။

တရုတ်ကို ကြည့်ပါ။ တရုတ်က စစ်ကောင်စီကိုထောက်ခံသည်မှာ မြန်မာမှ ၎င်းတို့၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကြောင့်သာဖြစ်ပြီး မင်းအောင်လှိုင်သည်အာဏာသိမ်းပြီးနောက် တရုတ်ဘက်သို့ ခြေဦးမလှည့်ပေ။ ဘေဂျင်းသို့သွားရန် အသာထား နယ်စပ်ကိုပင် မဖြတ်ကျော်ရသေးပေ။

ယခုလအစောပိုင်းက ဒေသတွင်းအစည်းအဝေးတခုအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာသို့လာရောက်စဉ်ကလည်း မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခြင်း မရှိပေ။ တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ထိုခရီးစဉ်၏ တခုတည်းသော ရည်ရွယ်ချက်မှာ ဒေသတွင်းအစည်းအဝေး တက်ရောက်ရန်သာဖြစ်ပြီး လက်ရှိ အစိုးရကို တရုတ်က အသိအမှတ်ပြုသည့်သဘော လုံးဝမသက်ရောက်ကြောင်း ရေးသားသည်။

သူ၏စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူများအား သွေးချောင်းစီး တုံ့ပြန်မှုကြောင့် မင်းအောင်လှိုင်အား နိုင်ငံတကာက ဝိုင်းကြဉ်ထားသည်ကို ထိုမိတ်ဆွေများ ကောင်းစွာနားလည်ကြသည်။ သူသည် မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးတွင်ပင် ပိတ်ပင်ခံရသည်။

နိုင်ငံတကာတွင် သူ၏စစ်ကောင်စီသည် အသိအမှတ်ပြုခံရခြင်း မရှိသလောက် ဖြစ်နေပြီး နိုင်ငံအများအပြားသည် စစ်ကောင်စီနှင့် ခပ်ကင်းကင်းနေလိုကြသည်။ အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခြင်းကို တရားဝင်မှု ငမ်းငမ်းတက် လိုချင်နေသော စစ်ကောင်စီက ဝါဒဖြန့် ကိရိယာအဖြစ် သုံးမည်ကို သူတို့စိုးရိမ်ကြသည်။ ထို့ကြောင့် ပုဂ္ဂလိကပင်ဖြစ်စေမူ မင်းအောင်လှိုင်၏ ခရီးစဉ်သည် မိတ်ဆွေနိုင်ငံများအတွက် အိပ်မက်ဆိုးဖြစ်သည်။

သို့သော် စစ်ကောင်စီသည် ၎င်းတို့အတွက် ပုံမှန်ငွေရှာပေးနေသောကြောင့် ရုရှားသည် မင်းအောင်လှိုင်နှင့် တွေ့ဆုံခြင်းအတွက် ထိုသို့သော စနိုးစနောင့် ဖြစ်ခြင်းမရှိ။ မော်စကိုသည် နေပြည်တော်သို့ လက်နက် အဓိက ထောက်ပံ့နေသော နိုင်ငံတခုဖြစ်ပြီး မြန်မာသည် ရုရှား စစ်လက်နက်ပစ္စည်းလုပ်ငန်း၏ အကြီးမားဆုံး ဖေါက်သည်ဖြစ်သည်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) ၏ အဆိုအရ ရုရှားသည် ၂၀၁၅ နှင့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာသို့ လက်နက် အမေရိကန်ဒေါ်လာ ၂၄၇ သန်းဖိုး ရောင်းခဲ့သည်။ အလားတူ ကာလအတွင်းတွင်ပင် ရုရှားသည် လာအိုသို့ လက်နက် အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖိုးနှင့် ထိုင်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၇ သန်းဖိုးရောင်းကြောင်း SIPRI က ဖေါ်ပြသည်။

သူ၏စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူများအား သွေးချောင်းစီး တုံ့ပြန်မှုကြောင့် မင်းအောင်လှိုင်အား နိုင်ငံတကာက ဝိုင်းကြဉ်ထားသည်ကို ထိုမိတ်ဆွေများ ကောင်းစွာနားလည်ကြသည်။

ရုရှားလက်နက်များကို ပုံမှန်အားပေးနေသော်လည်း မင်းအောင်လှိုင်ကို ရုရှားတွင် နိုင်ငံခေါင်းဆောင်အဖြစ် မဆက်ဆံပေ။ ရုရှားကာကွယ်ရေးဝန်ကြီးက ဖိတ်ကြားသောကြောင့် သွားရောက်သည့် လွန်ခဲ့သောနှစ်က ခရီးစဉ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့ကိုတွေ့ဆုံခြင်း မရှိပေ။ သူတွေ့ခဲ့ရသည့် အဆင့်အမြင့်ဆုံး ရုရှားအရာရှိမှာ ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီအတွင်းရေးမှူးသာ ဖြစ်သည်။ ရုရှားမီဒီယာများက သူ့ကို မြန်မာစစ်တပ် ခေါင်းဆောင်အဖြစ်သာ အသိအမှတတ်ပြုပြီး နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ်မပြုကြပေ။

စစ်အစိုးရ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော် (လက်ဝဲ)၊ မင်းအောင်လှိုင် (ဗဟို) နှင့် Rosatom ညွှန်ကြားရေးမှူးချုပ် Alexey Likhachev တို့သည် မော်စကိုတွင် အင်္ဂါနေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ / Cincds

ထိုသို့ အသိအမှတ်ပြုမခံရခြင်းသည် သူ၏စစ်ကောင်စီအတွက် တရားဝင်မှု ငမ်းငမ်းတက် လိုချင်နေသော မင်းအောင်လှိုင်အတွက် နာကျင်စရာဖြစ်မည်မှာ သေချာသည်။ သို့သော် ရုရှားသည် တရုတ်ကဲ့သို့ပင် ကုလသမဂ္ဂအစည်းအဝေးတိုင်းတွင် သူ့နောက်မှ အခိုင်အမာ ရပ်တည်ပေးသောကြောင့် သူ စောဒက မတက်ရဲပေ။

“ပုဂ္ဂလိက ခရီးစဉ်”

မင်းအောင်လှိုင် ပူတင်နှင့်တွေ့ခွင့် ရမရ သိလိုသူများအတွက် အဖြေမှာ “မဖြစ်နိုင်သလောက်ပင်” ဟု ဆိုရပေမည်။ မင်းအောင်လှိုင်သည် ပုဂ္ဂလိက ခရီးစဉ်အဖြစ် ရုရှားသို့ လာရောက်ခြင်းဖြစ်သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောသည်။ ထိုထက်မည်သည်မျှ မပိုပေ။

သူ၏ခရီးစဉ်သည် ပုဂ္ဂလိက ခရီးစဉ်သာဖြစ်သည်ဆိုသောကြောင့် မော်စကိုက မင်းအောင်လှိုင် ခရီးစဉ်၏ အဓိကအစီအစဉ်မှာ မော်စကိုမြို့အနီး ကာလူဂါမှ အက်သနိုမာ ယဉ်ကျေးမှုဌာနတွင် ဘုရားတဆူ အနေကဇာ တင်ရန်သာဖြစ်သည်။ နိုင်ငံတော်ခရီးစဉ်မဟုတ်ဘဲ ပုဂ္ဂလိက ခရီးစဉ်တခုအတွက် ကာကွယ်ရေးဝန်ကြီးဌာနက မည်သည့်အတွက်ကြေညာချက် လိုက်ထုတ်နေသည်ကို ရှင်းလင်းစွာ မသိပေ။

ရုရှားသည် တရုတ်ကဲ့သို့ပင် ကုလသမဂ္ဂအစည်းအဝေးတိုင်းတွင် သူ့နောက်မှ အခိုင်အမာ ရပ်တည်ပေးသောကြောင့် သူ စောဒက မတက်ရဲပေ။

သို့သော် စစ်ကောင်စီ မီဒီယာများက ထိုခရီးစဉ်ကို ရှုမြင်ပုံမှာ တမျိုးတမည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် စစ်ကောင်စီအာဘော်သတင်းစာများ၏ ရှေ့မျက်နှာဖုံးများသည် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး” ဆိုသည့် သတင်းခေါင်းစဉ်များဖြင့် ပြူးတူးပြဲတဲဖြစ်သည်။ ထိုသို့ဆိုခြင်းကြောင့် ပုဂ္ဂလိက ခရီးစဉ် သွားရောက်သူတယောက်တွင် အရေးပါသည့် လုပ်ငန်းကိစ္စများရှိသယောင်ဖြစ်ပြီး တရားဝင်ခရီးစဉ် အစီအစဉ်နှင့် ပိုတူနေသည်။

မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့၌ နိုင်ငံတော် အာကာသကော်ပိုရေးရှင်း Roscosmos ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒီမီထရီ ရော်ဂိုဇင်နှင့် ယမန်နေ့က တွေ့ဆုံသည် / Cincds

ရုရှားဘက်က ဖေါ်ပြသည့် ပုဂ္ဂလိက ခရီးစဉ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး စစ်ကောင်စီ သတင်းစာများက မင်းအောင်လှိုင်သည် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် အလုပ်သဘော ဆွေးနွေးပွဲများကျင်းပသည်ဟု ဖေါ်ပြကြသည်။ သူတွေ့ဆုံခဲ့သည့် ထိုဂုဏ်သရေရှိ လူကြီးလူကောင်းများတွင် ရုရှားကာကွယ်ရေးဝန်ကြီး ကြည်းတပ် ဗိုလ်ချုပ်ကြီး ဆာဂျေ ရွှိုင်ဂု ပါဝင်ခြင်း မရှိပေ။

ထို့အပြင် သူသည် ရုရှားမြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌနှင့် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိုသာမက အခြားကိစ္စများအပြင် စစ်ဘက် အရပ်ဘက် သင်တန်းသားများ စေလွှတ်ရေးကိုလည်း ဆွေးနွေးသည်။

သူ၏ပုဂ္ဂလိက ခရီးစဉ်အတွင်း မင်းအောင်လှိုင်သည် ရုရှား-ASEAN စီးပွားရေးကောင်စီနှင့်လည်း လယ်ယာထွက်ကုန်များတင်ပို့မှု မြှင့်တင်ရေး၊ လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ပို့ကုန်သွင်းကုန် ကိစ္စများ ဆွေးနွေးရန် တွေ့ဆုံသည်။ သူ၏ခရီးစဉ်အတွင်း သူသည် နိုင်ငံတော် အာကာသ ကော်ပိုရေးရှင်း Roscosmos ညွှန်ကြားရေးမှူးချုပ်နှင့်လည်း သိပ္ပံနှင့် နည်းပညာကဏ္ဍများ တိုးတက်ရေးနှင့် လူသားရင်းမြစ်တိုးတက်ရေး အမြင်ချင်းဖလှယ်ရန် တွေ့ဆုံသည်။

ရုရှားဘက်က ဖေါ်ပြသည့် ပုဂ္ဂလိက ခရီးစဉ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး စစ်ကောင်စီ သတင်းစာများက မင်းအောင်လှိုင်သည် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် အလုပ်သဘော ဆွေးနွေးပွဲများကျင်းပသည်ဟု ဖေါ်ပြကြသည်။

ပိုမိုအရေးကြီးသောအချက်မှာ ရုရှားနိုင်ငံပိုင် နျူကလီးယားလုပ်ငန်း Rosatom နိုင်ငံတော် ကော်ပိုရေးရှင်းတွင် မင်းအောင်လှိုင်သည် ညွှန်ကြားရေးမှူးချုပ် အလက်ဇီ လီခါချက်နှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Rosatom နိုင်ငံတော် ကော်ပိုရေးရှင်းတို့အကြား နားလည်မှု စာချွန်လွှာတစောင် လက်မှတ်ရေးထိုးကြသည်။ ထိုနားလည်မှု စာချွန်လွှာပါ အကြောင်းအရာများကိုမူ မသိရပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Chief Back in Russia—the Only Country Willing to Take Him ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီကို ဖိအား အပြင်းအထန်ပေးမည်ဟု ထိုင်းရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

ဦးဝဏ္ဏမောင်လွင် လာမည့် ASEAN အစည်းအဝေးများ တက်ရောက်ခွင့် မရှိ

စစ်ကောင်စီ ခေါင်းဆောင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ခေါက်ထားခဲ့

‘လူရမ်းကား’ စစ်အုပ်စုကို လူရမ်းကားလို ဆက်ဆံပါ

Loading