• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အကျင့်ဆိုးနဲ့ ပြည်တော်ဝင်

by ကိုရွှေအောင်
1 October 2022
in ဆောင်းပါး
A A
အကျင့်ဆိုးနဲ့ ပြည်တော်ဝင်
8k
VIEWS
Share on FacebookShare on Twitter

“အကျင့်ဆိုး” သီချင်းက ရွှေတိုင်ညွန့်ရေးပြီး မူရင်းသီဆိုသူက စိန်ဂျွန်းထွန်းရွှေလို့ မှတ်သားရတယ်။ “ပြည်တော်ဝင်” သီချင်းက အေဝမ်း ဆရာညှာရေးပြီး မြို့မတေးဂီတအဖွဲ့ စစ်ကြီးပြီးလို့ မန္တလေးပြန်တော့ ဒီသီချင်းဆိုတီးပြီး ပြည်တော်ဝင်တယ်လို့ အမှတ်အသားရှိတယ်။ ဒီသီချင်းနှစ်ပုဒ်ရဲ့ လွန်ခဲ့တဲ့ ၆ နှစ် ဆက်စပ် ဒိုင်ယာရီက စိတ်ဝင်စားဖွယ်အတိ။ သို့သော် သီချင်းနှစ်ပုဒ်က စရပေလိမ့်မယ်။

အကျင့်ဆိုး သီချင်းက ဒုတိယကမ္ဘာစစ် မဖြစ်မီကာလ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်။ အဲ့ဒီကာလမှာ တို့ဒေါင်းလံ၊ ဒေါင်းဒင်္ဂါး၊ ရွှေဒေါင်းတောင်၊ ဓားနှစ်လက်၊ ရည်းစားဓားပြ၊ ဗိုလ်ဝ စတဲ့ နယ်ချဲ့ဆန့်ကျင်ရေး စွန့်စားမှုကားတွေ ရိုက်ကူးပြသတယ်။

ရွှေတိုင်ညွန့်၊ ဒဂုန်ဆရာတင်၊ ဝိုင်အမ်ဘီအေဆရာတင်၊ သဟာယဆရာတင်၊ မြကလောင် စတဲ့ သီချင်းရေးဆရာတွေက တက်ကြွတဲ့အမျိုးသားရေးတေးသီချင်းတွေ ရေးစပ်ခဲ့ကြတယ်။

ထိုကာလမှာ အမျိုးသားရေးတေးသီချင်းတွေ၊ ရုပ်ရှင်တေးတွေကို ဓာတ်ပြားသွင်းတာအပြင် အပြင်တီးဝိုင်းလောက၊ ဇာတ်သဘင်စင်မြင့်၊ တရားဟောစင်မြင့်၊ နိုင်ငံရေးအခမ်းအနားတွေမှာပါ တက်ကြွစွာ ရေးသားသီဆိုခဲ့ကြတယ်။

ထိုကာလမှာ အမျိုးသားရေးတေးသီချင်းတွေ၊ ရုပ်ရှင်တေးတွေကို ဓာတ်ပြားသွင်းတာအပြင် အပြင်တီးဝိုင်းလောက၊ ဇာတ်သဘင်စင်မြင့်၊ တရားဟောစင်မြင့်၊ နိုင်ငံရေးအခမ်းအနားတွေမှာပါ တက်ကြွစွာ ရေးသားသီဆိုခဲ့ကြတယ်။

ဝိုင်အမ်ဘီဆရာတင်က မိုးကို ဒူးနဲ့တိုက်မယ်၊ မီးတုတ်၊ အနော်ရထာ၊ ဦးအောင်ဇေယျ၊ အောင်လံတော်၊လက်ရုံးတပ်မှူး၊ လက်ရုံးစစ်ချီ၊ တို့ဗမာသခင်ဂုဏ်ရည်၊ တို့ခေတ် စတဲ့ တေးသီချင်းတွေ။

နန်းတော်ရှေ့ဆရာတင်က မျိုးမြန်မာ၊ ရဲဇာနည်၊ ဆင်ကြီးဂဠုန်ချီ၊ မြန်မာ့ဂုဏ်ရည်၊ တို့ရွှေနန်း၊ ရွှေပြည်ကြီး၊ ပုလိပ်နဲ့သပိတ်၊ စံဖဲ စတဲ့ တေးသီချင်းတွေ။

ရွှေတိုင်ညွန့်က တပင်ရွှေထီး၊ သုံးရောင်ခြယ်၊ အကျင့်ဆိုး၊ ပါတော်မူ၊ နဂါးနီ၊ စကြာသိုက်၊ ဗမာ့သွေး၊ ဖလ်နေဝန်း၊ အာရှလူငယ် စတဲ့တေးသီချင်းတွေကို အသီးသီး ရေးသားစပ်ဆိုခဲ့ကြတယ်။

အကျင့်ဆိုးသီချင်းက “အလုပ်လုပ်ရာဝယ် အစကသာရယ် အဆုံးထိအောင်ပင် မကြံချင်တယ် … အားလျှော့ကာရယ် ပေါ့လျှော့တာရယ် အဲဒါအကျင့်ဆိုးတယ်” နဲ့ အစချီတယ်။

စာသင်နှစ်စမှာတော့ အောဒီ ဆိုပြီး ကြွေးကျော်ခဲ့တဲ့ ကျောင်းသား။ နှစ်ဝက်လောက်ရောက်တော့ တူးဒီ လောက်ဆို တော်ပါပြီ ဖြစ်လာ။ ဟော … စာမေးပွဲဖြေတော့ အောင်ရုံ။ အားလျှော့တာ၊ ပေါ့လျော့တာ အဲ့ဒါအကျင့်ဆိုးပါတဲ့။

စာသင်နှစ်စမှာတော့ အောဒီ ဆိုပြီး ကြွေးကြော်ခဲ့တဲ့ ကျောင်းသား။ နှစ်ဝက်လောက်ရောက်တော့ တူးဒီ လောက်ဆို တော်ပါပြီ ဖြစ်လာ။ ဟော … စာမေးပွဲဖြေတော့ အောင်ရုံ။ အားလျှော့တာ၊ ပေါ့လျော့တာ အဲ့ဒါအကျင့်ဆိုးပါတဲ့။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

“တယောက်ကဒီလို တယောက်က ဟိုလို အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ် … နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ ရက်တွေကုန်ခဲ့တယ် … ဒီလိုအကျင့်ဆိုးမျိုးထားလို့ သံသရာရှည်လာတယ် မြန်မာပြည်မှာတကယ် ကောင်းအောင် အထူးမနေကာရွယ် ခေါင်းဆောင်တဦး ပြောသမျှ နာခံမယ်”

သူတလူငါတမင်း ဖြစ်နေကြပုံကို ထောက်ပြခဲ့တာပါ။

“ငယ်သူဟာနည်းလွဲများဆို အကြီးအကဲများကို မရိုသေတယ် … ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ် … သေချာစွာ နောက်တထစ်မှတ်ကွယ် ကောက်ကျစ်တတ်တဲ့ ဝါသနာရယ်”

ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားဆိုတဲ့ အပြန်အလှန်လေးစားမှု ပျောက်ဆုံးနေပြီး ကောက်ကျစ်ယုတ်မာတာကလည်း ဝါသနာကို ပါလာတာပါတဲ့။

ရွှေတိုင်ညွန့်

“ဂုဏ်ပါဝါ မိုးလောက်မကယူ ကိုယ့်အောက်ကလူ နှိပ်စက်တယ် … သူလုပ်တော့အရာရာမတွင်ကျယ် လူတကာ လုပ်ရင် ရှုပ်ဖို့ ကြံတတ်တယ် … အာကျယ်တာတွေရယ် ပြည်ခွင်တရိုးမှာ တန်ခိုးမမှိန်ဖွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ပယ်”

ပါဝါအာဏာပြပြီး လက်အောက်ငယ်သားကိုနှိပ်စက်၊ သူတတ်သူလုပ် လုပ်ပြန်တော့လည်း အလုပ်က မတွင်ကျယ်၊ သူများတကာလုပ်နေတာကို ဝင်ရှုပ်။ ဟောင်ဖွာဟောင်ဖွာနဲ့ လေကျယ်တတ်တဲ့ အကျင့်ဆိုးတွေကိုလည်း ဖျောက်ပစ်ရမယ်။

“အလိုက်မသိတာတွေရယ် ကိုယ့်ဖို့တော့ကိုယ်သိတယ် … နောက်လူတော့ ပစ်ကာပယ် ဒီလူမျိုးအကျင့်ဆိုးတယ … ရှေးစကားတွေကိုပယ် ခေတ်အလိုက်တော့ သူနားမလည် ..ဆရာ့ကိုလည်း ပစ်ကာပယ် ဒီလူစားအလွန်များတယ် … ကမ္ဘာမှာလည်း ရှိပေတယ် ဗမာမှာလည်းရှိပေတယ် ဒီအချိုးမျိုးကို လူတိုင်းပစ်ကာ တို့တိုင်းသစ်မှာ ဆန်းသစ်ဖို့လိုတယ် ပစ်ပယ်ကြစေဖွယ် ….”

ကိုယ့်အကျိုးစီးပွာသာကြည့်ပြီး ထင်ရာစိုင်းလုပ်တာမှ ဆရာအာခံတဲ့အထိပဲ။ ကမ္ဘာမှာရော မြန်မာမှာပါရှိတဲ့ အကျင့်ဆိုးတွေ ပစ်ပယ်ပြီး ဆန်းသစ်တဲ့အတွေး၊ ဆန်းသစ်တဲ့လုပ်ရပ်တွေ လုပ်ကြဖို့ ရွှေတိုင်ညွန့်က တေးဖွဲ့ခဲ့တယ်။

ကိုယ့်အကျိုးစီးပွာသာကြည့်ပြီး ထင်ရာစိုင်းလုပ်တာမှ ဆရာအာခံတဲ့အထိပဲ။ ကမ္ဘာမှာရော မြန်မာမှာပါရှိတဲ့ အကျင့်ဆိုးတွေ ပစ်ပယ်ပြီး ဆန်းသစ်တဲ့အတွေး၊ ဆန်းသစ်တဲ့လုပ်ရပ်တွေ လုပ်ကြဖို့ ရွှေတိုင်ညွန့်က တေးဖွဲ့ခဲ့တယ်။

ဗိုလ်ချုပ်ကတော့ “ခင်ဗျားတို့ သောက်ကျင့်တွေပြင်” လို့ တခွန်းတည်း ပြောခဲ့တာပ။

ပြည်တော်ဝင်သီချင်း သမိုင်းကတော့ အခုလို ဖတ်ရတယ်။

“ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၃ ရက်၊ သောကြာနေ့တွင် မန္တလေးမြို့သို့ ပြန်ကြရန် ဆုံးဖြတ်ကြပြီးလျှင် မြို့မအဖွဲ့သားများသည် သုံးနှစ် သုံးမိုးခန့် နီးလျက်နှင့်ဝေးနေကြရသော မန္တလေးမြို့ကြီးသို့ ပြန်လည် ဝင်ရောက်ကြလေသည်။ အင်းဝတံတားကြီးမှာ စစ်အတွင်းက ပျက်စီးသွားခဲ့သဖြင့် ဧရာဝတီမြစ်ကို ကူးတို့ဖြင့်ကူးကာ တဖက်ကမ်းရှိ စံရွေးဆိပ်ကမ်းမှ စံရွေးဘူတာသို့ စုရပ်အဖြစ် ရောက်လာကြသည်။ ထိုမှတဆင့် စစ်သုံးလက်ကျန် ကားကြီးတစီးတွင် ရရာဆေးဖြင့် ‘မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်းကြီး’ ဟု ရေးခြယ်ကာ စစ်ကိုင်း-မန္တလေး လမ်းမကြီးတလျှောက် အမရပူရမြို့ကိုဖြတ်၍ မန္တလေးမြို့သို့ပြန်ကြသည်။

အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင်သီချင်းကို သီဆိုတီးမှုတ်လာကြသော မြို့မအဖွဲ့ကြီးကို တလမ်းလုံးရှိ စစ်ဘေးဒဏ် ပြေးရှောင်ရာမှ အိမ်ပြန်နေကြသည့် ခရီးသွားအပေါင်းက သောင်းသောင်းဖြဖြ အားပေးကြိုဆိုကြလေသည်။

အေဝမ်း ဆရာညှာ

မန္တလေးမြို့သူမြို့သားများသည် မန္တလေးမြို့ကြီးကို အပျက်အစီးများအကြား ပြာပုံဘဝမှ ရှင်သန်ထမြောက်စေ၍ မြို့သစ်၊ ဘဝသစ်အဖြစ် ထူထောင်နေကြရာတွင် အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင် သီချင်းကို မြို့မအဖွဲ့ကြီးက လှည့်လည် သီဆိုတီးမှုတ်၍ အားမာန် တက်စေခဲ့ကြလေသည်။”

“မြို့ကြီးများသည် ပြာပုံဘဝမှ ပြန်လည် စည်ပင်ဖွံ့ဖြိုးလာခဲ့လေသည်။ အပျက်အစီးများအကြားက ရုန်းကန်၍ ရှင်သန် ထမြောက်လာနိုင်ခဲ့ပေပြီ။ မည်သို့ပင် ဟောင်းနွမ်းပျက်စီးနေသည်ဖြစ်စေ၊ ပျက်အစဉ် ပြင်ခဏ ဆိုသကဲ့သို့ အပျက်သည် အကောင်း၊ အဟောင်းသည် အသစ် ဖြစ်နိုင်ပေ၏။ အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင် သီချင်းသည် အပျက် အဟောင်းကို အကောင်း အသစ် ဖြစ်စေရန် ပြန်လည်တည်ဆောက်ရာတွင် အားမာန်ကို ဆောင်ခဲ့ပေသည်။”

“အခါတော်ရောက်ချိန် နီးလို့လာပေ

ဒေါ်ဒေါ်မမ နှမတို့ရေ

အသည်းစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ

အခါတော်ရောက်ချိန် နီးလို့လာပေ

ဒေါ်ဒေါ်မမ နှမတို့ရေ

အသည်းစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ

မြို့မနဲ့အတူတကွ လိုက်ပါနိုင်စေ

အောင်စည်ယွန်းသံ ကြားပြီထင့်

ပြည်တော်ဝင်မယ်လေ”

ကဲ … ခုတော့ “အကျင့်ဆိုး” သီချင်းနဲ့ “ပြည်တော်ဝင်” သီချင်းတို့ရဲ့ အဓိပ္ပာယ်နဲ့ နောက်ခံသမိုင်းတချို့ကိုသိရပြီ။

သီချင်း နှစ်ပုဒ်ကို ဆက်စပ်ကြည့်လိုက်ရင် အကျင့်ဆိုးတွေကိုပြင်ပြီး ယိုယွင်းနေတဲ့ အရာအားလုံးကို ပြန်လည် တည်ဆောက်ကြရအောင်လို့ နှိုးဆော်သတိပေးတာပါပဲ။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မတ်လ ၃၀ ရက်မှာ ဦးသိန်းစိန်အစိုးရက ဦးထင်ကျော်အစိုးရထံ အာဏာလွှဲပြောင်းပေးခဲ့တယ်။ အဆင်ပြေချောမွေ့တဲ့ အာဏာလွှဲပြောင်းပွဲအပြီး အဲ့ဒီရက်ညချမ်း သမ္မတအိမ်တော်မြက်ခင်းပြင်မှာ NLD က ဧည့်ခံပွဲတခု လုပ်ခဲ့တယ်။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မတ်လ ၃၀ ရက်မှာ ဦးသိန်းစိန်အစိုးရက ဦးထင်ကျော်အစိုးရထံ အာဏာလွှဲပြောင်းပေးခဲ့တယ်။ အဆင်ပြေချောမွေ့တဲ့ အာဏာလွှဲပြောင်းပွဲအပြီး အဲ့ဒီရက်ညချမ်း သမ္မတအိမ်တော်မြက်ခင်းပြင်မှာ NLD က ဧည့်ခံပွဲတခု လုပ်ခဲ့တယ်။

ဒီတုန်းက တီဗီချန်နယ်တခုက တိုက်ရိုက်လွှင့်လို့ ကြည့်လိုက်ရတယ်။ ဧည့်ခံပွဲမှာ ထူးထူးခြားခြား ဗမာသံ သီချင်း နှစ်ပုဒ်ကို ထည့်သွင်းသီဆိုဖျော်ဖြေသွားတယ်။

ဟုတ်ပါတယ်။ “အကျင့်ဆိုး” နဲ့ “ပြည်တော်ဝင်” ဆိုတဲ့ သီချင်းနှစ်ပုဒ်ပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အရ ဒီသီချင်း နှစ်ပုဒ်ကို မဖြစ်မနေ ထည့်သွင်းသီဆို ဖျော်ဖြေခဲ့တာပါလို့ အဲ့ဒီပွဲစီစဉ်သူက နောင်တော့ ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ NLD အစိုးရနဲ့ NLD အမတ်တွေ ပါတီဝင်တွေအားလုံး အကျင့်ဆိုးတွေ ဖျောက်ပြီး တိုင်းပြည်ကို ပြုပြင်တည်ဆောက်ကြရအောင်လို့ နှိုးဆော်သတိပေးလိုဟန်ရှိတယ်လို့ ပွဲစီစဉ်သူက ပြောတယ်။

သို့ပေမယ့် အဲ့ဒီပွဲလာ အချို့သော ဗိုလ်ချုပ်ကြီးတွေက အကျင့်ဆိုး သီချင်းဟာ သူတို့ကိုရည်ရွယ်ပြီး ဆိုတာမဟုတ်လား ဆိုပြီး အနာရှိလို့ စပ်ခဲ့ကြပါတယ်။ ကောက်ကျစ်ယုတ်မာဖို့ ဝါသနာ မွေးကတည်းက ပါလာကြသူတွေမို့ ကျနော်သာဆို “ဟုတ်တယ်” လို့ ပြောလိုက်မိမယ်ထင်တယ်။

အဲ့ဒီကနေ နောင် ၅ နှစ်ကြာတော့ အာဏာရူး မင်းအောင်လှိုင်က ဘီလူးဆိုင်းတီးပြီး ပြည်တော်ဖျက်နေပါရောလား။

“ပြည်တော်ဝင်”

ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ

နေ့တိုင်းပဲ သတိရတယ်လေ

ကျုပ်တို့မြို့မ အသင်းသားများတွေ

တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ

ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ

ရွှေမန်းသူမေ မေးလိုက်သံတွေ

သြော် … ကျန်းမာကြပါရဲ့လို

မြို့မမောင်တွေ

ရွှေမန်းသူမေ ပြောလိုက်ပါလေ

စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည်

တခါတလေတော့

မျှော်မှန်းလွမ်းမိ တဝေဝေ

ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့

စိတ်စောလို့သာနေ …

အခါတော်ရောက်ချိန် နီးလို့လာပေ

ဒေါ်ဒေါ်မမ နှမတို့ရေ

အသည်းစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ

အခါတော်ရောက်ချိန် နီးလို့လာပေ

ဒေါ်ဒေါ်မမ နှမတို့ရေ

အသည်းစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ

မြို့မနဲ့အတူတကွ လိုက်ပါနိုင်စေ

အောင်စည်ယွန်းသံ ကြားပြီထင့်

ပြည်တော်ဝင်မယ်လေ …

မန္တလေးရွှေမြို့ တို့ရတနာပုံနေပြည်

တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ

အဲ့ဒါတွေ မတွေးကြနဲ့

ရှေ့ဆက်ကာစည်မံကြံစို့လေ

ဪ မန္တလေးရွှေမြို့ တို့ရတနာပုံနေပြည်

တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ

အဲ့ဒါတွေ မတွေးကြနဲ့

ရှေ့ဆက်ကာစည်မံကြံစို့လေ …

မေ့မေ့ပျောက်ပျောက် အောက်မေ့ကြပေ

တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ

မေ့မေ့ပျောက်ပျောက် အောက်မေ့ကြပေ

တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ

လူကြံရင် မခံနိုင်ဘူး အထူးပင်မှတ်တော့လေ

အရင်လိုပျော်ပျော်ရွှင်ရွှင်နေ

မြို့မအသင်းကပြောပေ

အရင်လိုပျော်ပျော်ရွှင်ရွှင်နေ

မြို့မအသင်းကပြောပေ

ဖြစ်ဟဲ့ ဆို ဖြစ်ရမယ်တဲ့

ခေတ်သစ်လူများ အားအင်တောင့်တင်းပေ …

အခါတော်ရောက်ချိန် နီးလို့လာပေ

ဒေါ်ဒေါ်မမ နှမတို့ရေ

အသည်းစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ

အခါတော်ရောက်ချိန် နီးလို့လာပေ

ဒေါ်ဒေါ်မမ နှမတို့ရေ

အသည်းစွဲချစ်မိတ်ဆွေ ခေတ္တကွဲလို့နေ

မြို့မနဲ့အတူတကွ လိုက်ပါနိုင်စေ

အောင်စည်ယွန်းသံ ကြားပြီထင့်

ပြည်တော်ဝင်မယ်လေ …။

You may also like these stories:

အသည်းစွဲ ချစ်မိတ်ဆွေ

အများနဲ့ မတူ တမူထူးခြားတဲ့ မန္တလေး သင်္ကြန် နဲ့ မြို့မ

ဘုန်းမိုး သွန်းလောင်း မှသည် ရွှေမန်း တောင်ရိပ်ခို တူးပို့ သံများ

Your Thoughts …
Tags: NLDဂီတစစ်အာဏာသိမ်းမှုပြည်တော်ဝင်သီချင်းမန္တလေးရွှေတိုင်ညွန့်အကျင့်ဆိုးသီချင်းအမျိုးသားရေးသီချင်းအေဝမ်း ဆရာညှာ
ကိုရွှေအောင်

ကိုရွှေအောင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းများသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်က သွားရောက်ခဲ့စဉ်  / NUG

၂၀၂၂ နိုင်ငံရေး၊ စစ်ရေး ရီဗျူး (နိဂုံး)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကျန်းမာရေး အခြေအနေက ဒီတပတ်အတွင်း ပြည်သူတွေ စိတ်ဝင်တစား ရှိနိုင်တဲ့ အတွင်းသတင်းတပုဒ်ပါ

တပတ်အတွင်း အတွင်းသတင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved