• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

၂၀၂၂ နိုင်ငံရေး၊ စစ်ရေး ရီဗျူး (နိဂုံး)

by ဗညားအောင်
1 October 2022
in သူ့အတွေး သူ့အမြင်
A A
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းများသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်က သွားရောက်ခဲ့စဉ်  / NUG

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းများသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်က သွားရောက်ခဲ့စဉ် / NUG

18.9k
VIEWS
Share on FacebookShare on Twitter

NUG/PDF များနှင့် ပြည်မမှ တော်လှန်သူများ

စကစ၏ ပြည်မနိုင်ငံရေးအာဏာကို အဓိက ခြိမ်းခြောက်နေသည်မှာ NUG/PDF များ ဖြစ်သည်ဟု ဆိုရမည်။ လက်ရှိအချိန်တွင် PDF အားအကောင်းဆုံးဒေသမှာ စစ်ကိုင်းတိုင်းနှင့် မ‌ကွေးတိုင်းဖြစ်သည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ်အတွင်း တပ်ရင်း၊ တပ်မဟာများ ဖွဲ့စည်းလာပြီး မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်လာနိုင်သည်ကို တွေ့ရသည်။ စကစ၏ ရက်စက်ကြမ်းကြုတ်မှုကို အများဆုံးခံရသော်လည်း နောက်မတွန့်ဘဲ တုန့်ပြန်နေသည့်ဒေသ ဖြစ်သည်။ စကစကို ပြောက်ကျားစစ်ပွဲ ကောင်းစွာဆင်နိုင်သည့်ဒေသ ဖြစ်သည်။

ထိုတိုင်းနှစ်ခုရှိ PDF အင်အားမှာ ခန့်မှန်းရန် မလွယ်ကူပေ။ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းများတွင် ပြောက်ကျားလှုပ်ရှားမှုများ တွေ့နေရသည်။ ထို့အတူ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ယခင်ကထက် တိုက်ခိုက်မှု အတန်ငယ် လျော့ကျသွားသော်လည်း လုံးဝငြိမ်သက်သည့် အခြေအနေမရှိဘဲ နေ့စဉ်လိုလို ပြောက်ကျားတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။ အတွေ့အကြုံရှိသော တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့များနှင့် တွဲဖက်ထားသော PDF တပ်ဖွဲ့များ၏ ဖွဲ့စည်းမှု၊ လေ့ကျင့်မှု၊ လက်နက်တပ်ဆင်မှုနှင့် တိုက်ခိုက်မှုပုံစံများက ပို၍စနစ်ကျသည်ကို တွေ့ရသည်။ သို့ဆိုသော်လည်း စစ်ကိုင်း၊ မကွေးတိုင်းရှိ PDF တပ်ဖွဲ့များ၏ စုဖွဲ့မှု၊ တိုက်စိတ်ခိုက်စိတ်နှင့် တီထွင်ဖန်တီးမှုများမှာလည်း စကစကို ကြီးစွာထိုးနှက်မှုဖြစ်သည်။

လက်ရှိတွင် NUG သည် မြို့နယ် ၂၅၀ ကျော်တွင် PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီဟုဆို၏။ သို့သော် ဒေသခံ PDF များကို ချိတ်ဆက်ရန် လုပ်ဆောင်နေရဆဲဖြစ်သည်။ ထို့ပြင် PDF မဟုတ်သည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ဗမာလူမျိုးလွတ်မြောက်ရေး တပ်မတော် (BPLA)၊ ကျောင်းသားတပ်မတော် စသည့် အမည်အမျိုးမျိုး၊ နိုင်ငံရေးခံယူချက်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော တပ်ဖွဲ့များလည်းရှိသေး၏။ သို့ဖြစ်ရာ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော ပြည်မလက်နက်ကိုင် အင်အားစုသည် သိန်းနှင့်ချီသော အင်အားဖြစ်သည်။ ပင်မအင်အားကမူ NUG/PDF ဖြစ်သည်ကို တွေ့ရ၏။

NUG ကို အချို့က ၁၉၈၈ တွင် ပေါ်ပေါက်ခဲ့သည့် NCGUB နှင့် တူသည်ဟု ကြည့်မြင်ကြသည်။ သို့သော် လက်တွေ့တွင် NUG သည် NCGUB နှင့် အခြေခံကွာခြားသည်။ NUG သည် အားနည်းချက်များ မလွှဲမရှောင်သာ ရှိသော်လည်း လက်အောက်ခံ PDF တပ်ဖွဲ့များရှိသည်။ တနှစ်အတွင်း ဒေါ်လာ ၄၅ သန်းခန့် ရှာဖွေနိုင်သည့် ဘဏ္ဍာရေးစနစ်ရှိသည်။

NUG ကို အချို့က ၁၉၈၈ တွင် ပေါ်ပေါက်ခဲ့သည့် NCGUB နှင့် တူသည်ဟု ကြည့်မြင်ကြသည်။ သို့သော် လက်တွေ့တွင် NUG သည် NCGUB နှင့် အခြေခံကွာခြားသည်။ NUG သည် အားနည်းချက်များ မလွှဲမရှောင်သာ ရှိသော်လည်း လက်အောက်ခံ PDF တပ်ဖွဲ့များရှိသည်။ တနှစ်အတွင်း ဒေါ်လာ ၄၅ သန်းခန့် ရှာဖွေနိုင်သည့် ဘဏ္ဍာရေးစနစ်ရှိသည်။ PDF တပ်ဖွဲ့များအား လက်နက်နှင့် ငွေကြေးထောက်ပံ့နိုင်သည်။ NUG အောက်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက်၍ နယ်မြေအခြေအနေအလိုက် အကောင်အထည် ဖော်နိုင်စွမ်းရှိသည်။

ပြည်တွင်းအင်အားစု၏ ရုန်းကန်မှု အခြေခံပေါ်မှ နိုင်ငံခြားရေးတွင်လည်း ထိုးဖောက်နိုင်စွမ်းရှိသည်။ ပြည်တွင်းပြည်ပ ထောက်ခံမှုများက ရှိထားသည်။ ထို့ပြင် အားနည်းချက်များရှိသော်လည်း NUCC, CRPH တို့နှင့်လည်းကောင်း၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များနှင့်လည်းကောင်း ချိတ်ဆက်ထားနိုင်သည်။ ထိုအချက်များသည် NCGUB မလုပ်နိုင်ခဲ့သည့် ကိစ္စရပ်များဖြစ်သည်။ သို့ဖြစ်ရာ NUG တွင် အားသာချက်များစွာလည်း ရှိနေပြီး လက်တွေ့လည်း အကောင်အထည်ဖော်နိုင်သည့် အဖွဲ့အစည်းဖြစ်သည်။

သို့သော် NUG အတွက် အခက်အခဲမှာ PDF နှင့် ဒေသခံ PDF များအား ထောက်ပံ့ရန်နှင့် လက်နက်တပ်ဆင်ရန် ငွေကြေးလိုအပ်သည်။ ထိုပမာဏသည် ဒေါ်လာ သန်းရာနှင့်ချီသည်။ ငွေကြေးရပါကလည်း လက်နက်ဝယ်ယူရန်လည်းကောင်း၊ လက်နက်များကို တပြည်လုံးအနှံ့ ပို့ဆောင်ရန်သော်လည်းကောင်း ခက်ခဲစွာ ကြိုးပမ်းရဦးမည်ဖြစ်၏။ လွယ်ကူလှသည်မဟုတ်သကဲ့ အချိန်ယူရန်လည်းလိုအပ်နေ၏။ မည်သို့ဆိုစေ NUG/PDF နှင့် မျိုးဆက်သစ် လူငယ်များ၏ တိုက်စိတ်ခိုက်စိတ်၊ စွန့်လွှတ်စွန့်စားမှုနှင့် တီထွင်ဖန်တီးမှုများသည် စကစကို ကြောက်ရွံ့တုန်လှုပ်စေသည်ကတော့ အမှန်ပင်ဖြစ်၏။

စကစ၏ အားနည်းချက်များ

လက်ရှိကာလ စီးပွားရေးကျပ်တည်းမှုကြောင့်လည်းကောင်း၊ စကစ ကိုယ်တိုင်က လူထုအား လမ်းကြောင်းလွှဲနိုင်ရန် လောင်းကစားဝိုင်းများ မျိုးစုံ ခွင့်ပြုထားခြင်းကြောင့်လည်းကောင်း ရာဇဝတ်မှုများ တနေ့ထက်တနေ့ တိုး၍ဖြစ်ပွားနေသည်ကို တွေ့ရသည်။ လုံခြုံရေးတာဝန်ရှိသည့် စကစ၏ စစ်တပ်၊ ရဲ၊ ပသစနှင့် လုံခြုံရေးတာဝန်ရှိသူများက ၎င်းတို့၏ နိုင်ငံရေးရန်သူများအပေါ်တွင်သာ အာရုံစိုက်နေ၍ ထိုရာဇဝတ်မှုများ ဖော်ထုတ်ရန်သော်လည်းကောင်း၊ ကာကွယ်ရန်သော်လည်းကောင်း အလေးထားနိုင်ခြင်း မရှိပါ။ သို့ဖြစ်ရာ စကစခေတ် လူ့အဖွဲ့အစည်း၏ အခြေအနေသည် မတည်မငြိမ် ဆက်ဖြစ်နေမည်ဟု သုံးသပ်ရသည်။

စကစခေတ် စီးပွားရေးအခြေအနေသည် ၂၀၂၂ ခုနှစ်တွင် သိသိသာသာ ဆိုးဝါးသွားသည်။ ဘဏ္ဍာငွေကြေး စီမံခန့်ခွဲမှုညံ့ဖျင်းသည်။ ဒေါ်လာဈေးနှုန်းအား ပုံသေသတ်မှတ်ရာမှ ၂၀၂၂ ခုနှစ်အတွင်း သတ်မှတ်ဈေးနှုန်းနှင့် အပြင်ပေါက်ဈေး ကွာခြားမှု ကြီးမားသွားသည်။ နိုင်ငံခြားငွေအားလုံးကို စကစမှ ချုပ်ကိုင်လိုက်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ ရပ်တန့်ဆိုင်းငံ့သွားသကဲ့သို့ မှောင်ခိုဈေးကွက် ပေါ်ထွန်းလာသည်။

အာဏာသိမ်းပြီး တနှစ်ကျော်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းသွားပြီး ကုန်ဈေးနှုန်းများ နှစ်ဆနီးပါး တက်လာသည်။ အခြေခံစားကုန် ဆန်ဈေးတက်လာသည့်အပြင် လောင်စာဆီ၊ စားဆီတို့ပါဈေးတက်ပြီး ဈေးကွက်တွင် ပြတ်လပ်မှုဖြစ်လာသည်။

အာဏာသိမ်းပြီး တနှစ်ကျော်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းသွားပြီး ကုန်ဈေးနှုန်းများ နှစ်ဆနီးပါး တက်လာသည်။ အခြေခံစားကုန် ဆန်ဈေးတက်လာသည့်အပြင် လောင်စာဆီ၊ စားဆီတို့ပါဈေးတက်ပြီး ဈေးကွက်တွင် ပြတ်လပ်မှုဖြစ်လာသည်။ တနေ့တမျိုး အမိန့်ထုတ်နေသော ဗဟိုဘဏ်၏ ငွေကြေးစီမံမှု အလွဲကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့နည်းသွားသည်။ ပြည်ပထွက်၍ အလုပ်လုပ်နေသူများ၏ နိုင်ငံခြားငွေ တိုင်းပြည်တွင်းသို့ စီးဝင်မှုသည်ပင် ဘဏ်နှင့်ငွေကြေးစနစ် အလွဲများကြောင့် လျော့ကျသွား၏။

တိုင်းပြည်၏ စီမံခန့်ခွဲမှုအလွဲများနှင့် မတည်ငြိမ်မှုကြောင့် ပြည်တွင်းရှိ အလတ်တန်းစား လုပ်ငန်းရှင်နှင့် အရင်းအနှီးများ ပြည်ပသို့ ပြောင်းရွှေ့ကုန်သည်။ ပြည်တွင်းရှိ ခရိုနီဟု လူသိများသော လုပ်ငန်းရှင်ကြီးအချို့ ဖမ်းဆီးခံရသည့်အပြင် အများစုအား ထိန်းချုပ်လိုက်သဖြင့် ၎င်းတို့အားဖြင့် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများ တုန့်ဆိုင်းကုန်သည်။ သို့နှင့် ပြည်တွင်းတွင် အလုပ်ကိုင်ရှားပါးမှု၊ ဝင်ငွေကျဆင်းမှုတို့သည် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့နှင့် ပဋိပက္ခဖြစ်နေသည်။

စစ်ကိုင်းတိုင်း နှမ်းခါးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့စဉ်

ဤစီးပွားရေးအကျပ်အတည်းသည် ၂၀၂၂ ခုနှစ်အကုန်တွင် ပို၍ ဆိုးဝါးလာမည်ဟု စီးပွားနယ်ပယ်မှ လူအများစုက ခန့်မှန်းသုံးသပ်ကြသည်။ စကစသည် နိုင်ငံရေး၊ စစ်ရေးနယ်ပယ်တွင် အင်အားသုံးသည့် ပေါ်လစီကို အသုံးပြုသည်။ ပြိုင်ဘက်များအား အပြတ်အသတ် အင်အားသုံးချေမှုန်းပြီး မစေ့စပ်စတမ်း ဖိနှိပ်ရန် ပြင်ဆင်လုပ်ဆောင်နေသည်။ သို့သော် စီးပွားရေးအကျပ်အတည်းကမူ အင်အားသုံးလေ၊ အဓမ္မပြုလုပ်လေ၊ ပိုဆိုးလေသာ ကြုံရမည်ဖြစ်သည်။

နိုင်ငံ၏ အခြေခံအုတ်မြစ်သည် စီးပွားရေးဖြစ်သည်။ စီးပွားရေးအကျပ်အတည်း ကြုံပါက၊ စီးပွားရေးအကျပ်အတည်းအား မဖြေရှင်းနိုင်ပါက နိုင်ငံရေး၊ စစ်ရေး အဆောက်အအုံများကို ပြင်းထန်စွာ သက်ရောက်မည်ဖြစ်သည်။ သို့ဖြစ်ရာ စကစ၏ နိုင်ငံရေး၊ စစ်ရေး အခြေအနေများသည် စီးပွားရေးအကျပ်အတည်း ကြုံပါက သက်ရောက်မှုကြီးပြီး အပြောင်းအလဲများစွာ ကြုံရနိုင်ပါသည်။ ထိုသက်ရောက်မှုသည် စကစအပေါ်သာမက တပြည်လုံးအားလည်း သက်ရောက်ပေလိမ့်မည်။

ခုခံတော်လှန်နေသူများဘက်မှ အားနည်းချက်များ

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
469
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
179
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3k

၁။ နွေဦးတော်လှန်ရေးအစပိုင်း သပိတ်တိုက်ပွဲကာလကရှိခဲ့သည့် ရေတိုအမြင်များကို လက်နက်ကိုင် တော်လှန်ရေးအထိ သယ်ဆောင်လာခြင်း ဖြစ်သည်။ သပိတ်တိုက်ပွဲကာလက တလတောင့်ခံရင်နိုင်ပြီ၊ နှစ်လတောင့်ခံရင်နိုင်ပြီဟု လှုံ့ဆော်ခဲ့သကဲ့သို့ လက်နက်ကိုင် တော်လှန်ရေးကိုလည်း တနှစ်ဆိုနိုင်ပြီ၊ နှစ်နှစ်ဆို နိုင်ပြီဟု ယူဆနေကြခြင်းဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့တခု တည်ဆောက်ရာတွင် လက်နက်ခဲယမ်း ရှာဖွေဖြည့်တင်းရန် ခက်ခဲသကဲ့သို့ စစ်ရေးကျွမ်းကျင်သည့် အဆင့်ဆင့်တပ်မှူးများကို လေ့ကျင့်မွေးမြူခြင်းကလည်း အချိန်ယူရသည်။ အချိန်တိုအတွင်း အောင်ပွဲခံနိုင်မည်ဟု ယူဆနေခြင်းသည် မှားယွင်းသည်။ နှစ်အလိုက် စီမံကိန်းရေးဆွဲပြီး ရည်မှန်းချက်ပေါက်မြောက်အောင် တဆင့်ချင်း လုပ်ဆောင်ရန် လိုသကဲ့သို့ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သည့်စိတ်ဓာတ်ကို စိုက်ထူရန်လိုသည်။

တော်လှန်ရေး အောင်ပွဲခံရုံမျှသာမက ရေရှည်တွင် ဖက်ဒရယ်ဒီမိုကရေစီ အာမခံချက်ရရှိရန်အတွက် PDF တပ်ဖွဲ့အား ခိုင်မာတောင့်တင်းသည့်၊ အားကောင်းသည့် တပ်မတော်တရပ်အဖြစ် တည်ဆောက်မည့် ရည်မှန်းချက်ထားရန် လိုသည်။

၂။ စကစက ရန် ငါ ပြတ်သားပြီး ရက်စက်ခက်ထန်စွာ ပြုမူနေချိန်တွင် စိတ်ကူးယဉ်၍ မရပေ။ တော်လှန်ရေး အောင်ပွဲခံရုံမျှသာမက ရေရှည်တွင် ဖက်ဒရယ်ဒီမိုကရေစီ အာမခံချက်ရရှိရန်အတွက် PDF တပ်ဖွဲ့အား ခိုင်မာတောင့်တင်းသည့်၊ အားကောင်းသည့် တပ်မတော်တရပ်အဖြစ် တည်ဆောက်မည့် ရည်မှန်းချက်ထားရန် လိုသည်။

၃။ လက်ရှိ ပြည်ပနိုင်ငံတကာ၏ NUG ကို ထောက်ခံမှုသည် ပြည်တွင်းလက်နက်ကိုင် ပုန်ကန်မှု အားကောင်းခြင်းပေါ် မူတည်သည်။ ပြည်တွင်းရှိ လူထု၏ ပုန်ကန်မှု၊ တုန့်ပြန်တိုက်ခိုက်မှု မရှိပါက နိုင်ငံတကာ၏ထောက်ခံမှု အားကောင်းလိမ့်မည် မဟုတ်ပါ။ ဤအချက်ကို NUG ရော၊ NUG နိုင်ငံခြားရေးတာဝန်ယူသူများပါကောင်းစွာ နားလည်ကြရန်လိုသည်။

၄။ CRPH သည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိသည့် တရားဝင်မှုကို ရယူထားသည်။ သို့သော် NUG ကိုယ်တိုင်က ၂၀၀၈ အခြေခံဥပဒေအား ဖျက်သိမ်းထားသည့်အပြင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များကလည်း ၂၀၀၈ ပုံစံကို လက်မခံကြရာ CRPH နှင့်ပတ်သက်၍ ရေရှည်ပုံစံကို စဉ်စားရန်လိုသည်။

၅။ NUCC သည် အစကောင်းသော်လည်း လက်တွေ့ညှိနှိုင်းရာတွင် ပြဿနာများ ကြုံနေသည်။ နားသူက နား၊ ရပ်သူက ရပ်ကြသည်။ အဓိကအားဖြင့် NLD ပါတီတွင် ဖက်ဒရယ်နှင့်ပတ်သက်သည့် ရှင်းလင်းပြတ်သားသော မူဝါဒမရှိခြင်း၊ ပြည်ထောင်စုပါတီနှင့် ဗဟိုမှချုပ်ကိုင်သည့် ပြည်ထောင်စုအစိုးရပုံစံကို မစွန့်လွှတ်နိုင်ခြင်းတို့အပြင် ဒေါ်အောင်ဆန်းစုကြည် သဘောထားမပါဘဲ NLD အလုပ်ကော်မတီရော၊ NLD အများစုပါသော CRPH ပါ မဆုံးဖြတ်ရဲခြင်းတို့ကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိအခြေအနေတွင် NLD သည်လည်းကောင်း၊ NUG သည်လည်းကောင်း တိုင်းရင်းသားလူမျိုးအားလုံးကို နိုင်ငံရေးအရ တစုတစည်းတည်းဖြစ်အောင် ခေါင်းဆောင်နိုင်ခြေမရှိပါ။ NUCC ကို စုစည်းနိုင်တောင်မှ NUCC တွင် မပါဝင်သော အဖွဲ့များရှိသေးရာ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို နိုင်ငံရေးအရ စုစည်းနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

၆။ လက်ရှိအချိန်တွင် NUG နှင့် တိုင်းရင်းသားတပ်ဖွဲ့အချို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် အမိန့်ပေးစနစ်ကို တည်ဆောက်နိုင်ပြီဆိုသော်လည်း တိုင်းရင်းသားတပ်ဖွဲ့အားလုံးနှင့် စစ်ရေးပူးပေါင်းရွက်မှုရရန် အလှမ်းဝေးနေဆဲဖြစ်သည်။ ဤအချက်မှာ NUG ၏ စွမ်းဆောင်ရည်သက်သက်နှင့်တော့ မဆိုင်ပေ။

တိုင်းရင်းသားလူမျိုးများ၏ မတူသည့် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု၊ ဖြစ်ပေါ်တိုးတက်မှု၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ မတူသည့် စစ်အင်အား၊ ဘဏ္ဍာနှင့် စစ်လက်နက်အင်အား၊ နယ်မြေထိန်းချုပ်နိုင်စွမ်း၊ အနာဂတ်နိုင်ငံရေး ရည်မှန်းချက်တို့အပြင် ပေါ်ပေါက်လာသည်မှာ မကြာသေးသည့် NUG အင်စတီကျူးရှင်း၏ ခိုင်မာမှုနှင့် လုပ်နိုင်စွမ်းကိုလည်း စောင့်ကြည့်နေ၍ ဖြစ်သည်။

ထို့ပြင် NUG တွင် အဓိက ပါဝင်နေသည့် NLD ၏ ဖက်ဒရယ်သဘောထား၊ ပြည်နယ်များနှင့် ပတ်သက်၍ အာဏာခွဲဝေသည့် သဘောထားကို ယုံကြည်မှုမရှိသေး၍ ဖြစ်သည်။

လက်ရှိအခြေအနေနှင့် အလားအလာသုံးသပ်ချက်

၁။ စကစအနေနှင့် ဆက်လက်၍ အင်အားသုံးဖိနှိပ်ခြင်း၊ စစ်ဆင်ရေးများတွင်လည်း လူထုအား ပစ်မှတ်ထားခြင်းတို့ကို ဆက်လက် ပြုလုပ်သွားမည်သာဖြစ်သည်။ မကြာခင်က ပြုလုပ်ခဲ့သည့် သေဒဏ်စီရင်ချက်သည် အာဆီယံ၏ ညှိနှိုင်းမှုကို လမ်းပိတ်စေခဲ့ပြီဖြစ်ရာ နိုင်ငံတကာတွင်လည်း ပို၍ အထီးကျန်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက စစ်ပြင်နေစဉ်

စကစသည် မြင်းတစီး ဓားတလက်ဖြင့် ဆက်လက်ရမ်းကားသည့် အပြုအမူများဖြင့် နိုင်ငံရေး၊ စစ်ရေးနယ်ပယ်များတွင် ဖော်ပြမည်မှာ သေချာသလောက်ရှိသည်။ သို့သော် တိုင်းရင်းသားတပ်ဖွဲ့များ၊ PDF များကို အနိုင်တိုက်နိုင်သည့် အခြေအနေမရှိဘဲ လုံးပါးပါးမည့် အခြေအနေတွင် ရှိသည်။ စကစ ထိန်းချုပ်နိုင်သည့် နယ်မြေများ တစတစ လျော့ကျသွားမည်ဟု သုံးသပ်ရသည်။

စကစအတွက် အဓိက ထိုးနှက်ချက်ဖြစ်နိုင်သည်မှာ ယခုနှစ်ကုန်တွင် ပေါ်ပေါက်လာမည်ဟု ခန့်မှန်းနေသည့် မြန်မာပြည်စီးပွားရေး အကြပ်အတည်းဖြစ်သည်။ ထိုစီးပွား‌ရေးအကျပ်အတည်း ပြင်းထန်သလောက် စကစကို ထိခိုက်မည်ဖြစ်သည်။

မြန်မာပြည်ရှိ တိုင်းရင်းသားတပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့ စုစုပေါင်းအင်အားကို တစုတစည်းတည်း ခေါင်းဆောင်နိုင်ပါက စကစကို အမြန်ပြုတ်ကျနိုင်အောင် စွမ်းဆောင်နိုင်သည့် အခြေအနေရှိသည်။ သို့သော် ထိုအင်အားစုများကို တစည်းတလုံးတည်း ခေါင်းဆောင်နိုင်သည့် ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မရှိရာ စကစ ပြုတ်ကျရေးနှင့် တတိုင်းပြည်လုံးကို စုစည်းရန် အကန့်အသတ်ရှိသည်။

၂။ မြန်မာပြည်ရှိ တိုင်းရင်းသားတပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့ စုစုပေါင်းအင်အားကို တစုတစည်းတည်း ခေါင်းဆောင်နိုင်ပါက စကစကို အမြန်ပြုတ်ကျနိုင်အောင် စွမ်းဆောင်နိုင်သည့် အခြေအနေရှိသည်။ သို့သော် ထိုအင်အားစုများကို တစည်းတလုံးတည်း ခေါင်းဆောင်နိုင်သည့် ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မရှိရာ စကစ ပြုတ်ကျရေးနှင့် တတိုင်းပြည်လုံးကို စုစည်းရန် အကန့်အသတ်ရှိသည်။

လက်တွေ့ မြေပြင်အခြေအနေများအရ ဒေသတခုချင်း၊ တဖွဲ့ချင်း၏ စွမ်းဆောင်ချက်များအရ UWSA ကဲ့သို့ ကိုယ့်ဒေသနှင့်ကိုယ် ထိန်းချုပ်ထားနိုင်သည့်နယ်များ ထွက်ပေါ်လာမည့် အလားအလာပိုများသည်။

၃။ တိုင်းရင်းသားအဖွဲ့များနှင့် NUG/PDF များကို နိုင်ငံရေးအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း တစုတစည်းတည်း မစုစည်းနိုင်ချိန်တွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ဆိုသည်က လက်တွေ့မဖြစ်နိုင်သေးပေ။

လက်တွေ့တွင် ကိုယ့်ဒေသ၊ ကိုယ်တပ်၊ ကိုယ်အုပ်ချုပ်ရေးနှင့် သွားကြမည့် ကွန်ဖက်ဒရိတ်ဆန်သော အခင်းအကျင်းပေါ်လာမည်။ ထိုကွန်ဖက်ဒရိတ်ဆန်သော အခင်းအကျင်းမှတဆင့် အနာဂတ်တွင် မည်သို့စုစည်းမည် သို့မဟုတ် အပြန်အလှန် လေးစားမှုဖြင့် မည်သို့နေထိုင်မည် ဆိုသည်ကို ဆွေးနွေးသွားရမည့်အခြေအနေမျိုး ဖြစ်သည်။

၄။ စီးပွားရေးအကျပ်အတည်းနှင့် ဆင်းရဲနွမ်းပါးမှုများကြောင့် လူ့အဖွဲ့အစည်းတွင် မတည်ငြိမ်မှုနှင့် ရာဇဝတ်မှုထူပြောခြင်းကို ရင်ဆိုင်ရမည်။ ထို့ပြင် စကစ၏ ရက်စက်ကြမ်းကြုတ်မှုကို မခံရပ်နိုင်သူများ၏ ရရာလက်နက်ဖြင့် တုန့်ပြန်မှုများကိုလည်း ထိန်းသိမ်းရန်ခက်ခဲမည်။ ထို့ပြင် သီးခြားထိန်းချုပ်နယ်မြေများတွင် တော်လှန်ရေးတပ်ဖွဲ့များအနေနှင့် တစုံတရာ ထိန်းချုပ်နိုင်မည်ဖြစ်သော်လည်း စပ်ကြားနယ်မြေများတွင် ထိန်းချုပ်နိုင်ရန် ခက်ခဲမည်။

တော်လှန်ရေးတပ်ဖွဲ့များ အကြားတွင်လည်း ထိန်းချုပ်နယ်မြေနှင့် ပတ်သက်၍ ပဋိပက္ခများ ဖြစ်ပေါ်နိုင်ခြေရှိသည်။ ထိုကဲ့သို့သော အခြေအနေနှင့်ပတ်သက်၍ စံပေတံများဖြင့် တိုင်းထွာလေ့ရှိသူများက ဗရမ်းဗတာအခြေအနေဟု ဆိုကြပေလိမ့်မည်။ သို့သော် လက်ရှိ လက်တွေ့ မြေပြင်အခြေအနေများအရ လည်းကောင်း၊ လူထုလှုပ်ရှားမှု သဘောအရလည်းကောင်း ထိုဗရမ်းဗတာ အခြေအနေအား ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ပေ။ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ရန်သာ လိုအပ်သည်။

ဤတွင် ပြီးပါပြီ။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသား ရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)

You may also like these stories:

၂၀၂၂ နိုင်ငံရေး စစ်ရေး ရီဗျူး (အပိုင်း ၁)

၂၀၂၂ နိုင်ငံရေး စစ်ရေး ရီဗျူး (အပိုင်း ၂)

၂၀၂၂ နိုင်ငံရေး စစ်ရေး ရီဗျူး (အပိုင်း ၃)

စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်

စစ်ကောင်စီ၏ စစ်အင်အား အကျပ်အတည်း ဆိုက်နေပြီ

Your Thoughts …
Tags: BPLACRPHEAOsNCGUBNLDNUCCNUGPDFPLAကွန်ဖက်ဒရိတ်စစ်ကောင်စီစီးပွားရေးကြပ်တည်းမှုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနွေဦးတော်လှန်ရေးပြောက်ကျားစစ်ဖက်ဒရယ်ဒီမိုကရေစီရာဇဝတ်မှုလက်နက်ကိုင် တော်လှန်ရေးလက်နက်ခဲယမ်းအာဆီယံအာဏာသိမ်းမှု
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကျန်းမာရေး အခြေအနေက ဒီတပတ်အတွင်း ပြည်သူတွေ စိတ်ဝင်တစား ရှိနိုင်တဲ့ အတွင်းသတင်းတပုဒ်ပါ

တပတ်အတွင်း အတွင်းသတင်း

ကယားပြည်နယ် တိုက်ပွဲများအတွင်း ဒဏ်ရာရ တပ်ဖွဲ့ဝင်တချို့ကို ဆေးကုသပေးနေစဉ်  / Yoyo

မြန်မာ့နွေဦး တော်လှန်ရေးထဲက အသက်ကယ် လက်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved