• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိပ်ပိုင်းအကျဉ်းချခံတချို့ကို စစ်ကောင်စီ ဘာကြောင့် ပြန်လွှတ်ပေးလဲ

by ဧရာဝတီ
3 November 2022
in ဆောင်းပါး
A A
အာဏာသိမ်းမှုနှင့် အကြမ်းဖက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်

အာဏာသိမ်းမှုနှင့် အကြမ်းဖက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်

7.9k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဝန်ကြီး တဦးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင် ဦးမြင့်နိုင်တို့ကို ထောင်ကနေ ပြန်လွှတ် ပေးခဲ့ပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် စွပ်စွဲချက်မျိုးစုံနဲ့ အကုန်သိမ်းကျုံး ဖမ်းဆီးကာ ထောင်ချထားတဲ့ အစိုးရအဖွဲ့ဝင်တွေထဲ က ထောင်ဒဏ် ချမှတ်ခံရပြီး မကြာမီ ပြန်လွှတ်ပေးခြင်းခံရတဲ့ ပထမဆုံး ဖြစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။

RelatedPosts

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
66
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
1.3k
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
117

ဒီလို လွှတ်ပေးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းမထုတ်ပြန်သေးတဲ့အတွက် ယေဘူယျအားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းပေးတာလို့ ယူဆနိုင်ပေမယ့် လက်တွေ့မှာ စစ်ကောင်စီရဲ့ နိုင်ငံရေး ရည် ရွယ်ချက်တွေ ပါနေတယ်လို့ လေ့လာသုံးသပ်သူတချို့က ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “သူ့ကို(စစ်ကောင်စီ) နိုင်ငံရေးအရ တိုက်ခိုက်အန္တရာယ်ပေးနိုင်တဲ့ အင်အားစု မဟုတ်တဲ့လူတွေ၊ ပညာရှင်တွေ၊ ကြားလူတွေကို လွှတ်ပေးရင်းနဲ့ သူတို့ဟာ တိုင်းပြည်တည်ငြိမ်ရေး ကြိုးပမ်းနေတယ်ဆိုတဲ့ အင်အားစုအဖြစ် ဖော်ပြဖို့ လိမ်လည်ပြီး လုပ်ဇာတ်တွေ ခင်းကျင်းနေတဲ့ သဘောလို့ ယူဆပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်တို့နဲ့အတူ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) နဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ် ၃ နှစ်ချခံရတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်းကို ထောင်ဒဏ်ချပြီး ၁ လအကြာ အောက်တိုဘာ ၂၈ ရက်မှာ ရမည်းသင်းထောင်ကနေ ပြန်လွှတ်ပေး လိုက်တာ ဖြစ်ပါတယ်။

အသက် ၈၄ နှစ်အရွယ် ဦးစိုးဝင်းဟာ အူမကြီးကင်ဆာရောဂါကြောင့် တရားရင်ဆိုင်နေချိန်မှာပင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသူ ဖြစ်သလို လက်ရှိမှာလည်း ပုံမှန်ဆေးသွင်းနေရသူ ဖြစ်ပါတယ်။

ဒါ့ပြင် ယခုနှစ် ဇူလိုင် ၇ ရက်က ထောင် ၃ နှစ်စီ ချမှတ်ခံထားရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ဦးမြင့်နိုင်တို့ကိုလည်း ၃ လကျော်အကြာ အောက်တိုဘာ ၂၆ ရက်မှာ ရမည်းသင်းထောင်ကနေပဲ စစ်ကောင်စီ က ပြန်လွှတ်ပေးခဲ့ပါတယ်။

၎င်းတို့ ၂ ဦးနဲ့အတူ ဖမ်းဆီးထောင်ချခံရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးကိုမူ စစ်ကောင်စီက မလွှတ်ပေးခဲ့ပေ။

စစ်တပ် အာဏာသိမ်းမှုရဲ့ အဓိက အကြောင်းပြချက်ဖြစ်တဲ့ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုတွေမှာ ဖြေရှင်းဖို့ အဓိက တာဝန်ရှိသူတွေဖြစ်တဲ့ ၎င်းတို့ ၃ ဦးဟာ အတူတူ ဖမ်းဆီးထောင်ချခံခဲ့ရပေမယ့် ပြန်လွှတ်ပေးချိန်မှာတော့ ဦးသန်းဌေး မပါ ဝင်လာတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက “ပြစ်ဒဏ် ချပြီးတဲ့နောက် သူတို့ဘက်က ဝန်ခံချက်တခုခု ပေးလို့ပဲ လွှတ်ပေးတယ်လို့ ထင်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

၎င်းတို့ကို ဖမ်းဆီးချုပ်နှောင်ထားစဉ် စစ်ကောင်စီက မှားယွင်းကြောင်း ဝန်ခံဖို့ ဖိအားပေးမှုတွေ ရှိခဲ့ပေမယ့် ဦးသန်းဌေးက ဝန်ခံမှု မရှိခဲ့ဘူးလို့လည်း အမှုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ သူတို့ ဖမ်းဆီးထောင်ချထားသူတွေထဲက တချို့ကို လွတ်ငြိမ်းချမ်းသာခွင့် အနေနဲ့ လွှတ်ပေးတာမျိုး ရှိပေမယ့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့လို သူတွေကိုတော့ ထောင်ဒဏ်နှစ်စေ့ခါနီးတာတောင် လွှတ်ပေးတာ မရှိဘဲ ထပ်တိုးတရားစွဲတာတွေပါ ပြုလုပ်နေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းထံက သိရပါတယ်။

ဒါဟာ စစ်ကောင်စီ အနေနဲ့ သူတို့ စွပ်စွဲချက်မျိုးစုံနဲ့ ဖမ်းဆီးထောင်ချထားသူတွေကို ဓားစာခံ အနေနဲ့ နိုင်ငံရေး အကျိုး အမြတ်အတွက် အသုံးချနေတာ ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

၎င်းက “နိုင်ငံတကာ အမြင်ကောင်းအောင် ငြိမ်းချမ်းရေး ဖော်ဆောင်တယ်ဆိုတာမျိုး၊ သူတို့ရဲ့ ဖမ်းဆီးအရေးယူမှုတွေ၊ တရားရုံး ဆုံးဖြတ်ချက်တွေ အားလုံးဟာ ၂၀၀၈ အခြေခံဥပဒေပေါ်ကနေ သူတို့ အနေနဲ့ မှန်ကန်တရားမျှတစွာ လုပ်တယ် ဆိုတဲ့ ပုံပေါ်အောင် လုပ်ပြနေတာပေါ့” လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ အနေနဲ့ သူတို့ ကြိုးကိုင်စီစဉ်ထားတဲ့ ရွေးကောက်ပွဲကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ နိုင်ငံတကာ နဲ့ ပြည်တွင်းက အသိအမှတ်ပြုမှုကို လိုအပ်နေချိန်မှာ ဖမ်းဆီးထောင်ချထားတဲ့ NLD အစိုးရ ရာထူးကြီးပိုင်းအချို့ကို လွှတ် ပေးလာတာ ဖြစ်သလို မကြာခင်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒီအတွက် စစ်ကောင်စီဟာ သူတို့ကပဲ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်သူ၊ လူသားချင်းစာနာ ထောက်ထားသူအဖြစ် လိမ်ညာပုံဖော်ဖို့အတွက် သဘောထား တင်းမာမှုမရှိသူ၊ ထင်ရှားတဲ့ကျူးလွန်မှုမရှိဘဲ ထောင်ချထား သူ နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးဖို့ စဉ်းစားလာတာ ဖြစ်တယ်လို့လည်း လေ့လာသူအချို့က ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက “ဖမ်းဟေ့ဆိုပြီး အကုန်စွတ်ဖမ်းပြီး မကျူးလွန်တဲ့သူတွေလည်း အကုန်ဆွဲထည့် ကြတာကိုး။ စပြီးတော့ ဖမ်းထဲက တချို့စွပ်စွဲချက်တွေကလည်း မဖြစ်သင့်တာတွေပါ။ သိပ်ပြီးတော့ အပြစ်လည်းမကြီး၊ ဖော် ပြချက်ကလည်း တင်းတင်းမာမာ မရှိတဲ့သူတွေကို လွှတ်မယ် ထင်ပါတယ်။ နောက်ထပ်လည်း ထပ်ပြီးတော့ လွတ်လာနိုင် တဲ့သူတွေ ရှိနိုင်ပါတယ်။ နိုင်ငံတကာနဲ့ အာဆီယံကတော့ အဲဒီလောက်လေး လုပ်ပြရုံနဲ့ ကျေနပ်မှာ မဟုတ်ပါဘူး” လို့ သုံး သပ်ပါတယ်။

နိုင်ငံတကာနဲ့ အာဆီယံကလည်း စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ် ပေးဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဆောင်ဖို့ အစဉ်တစိုက် တိုက်တွန်းလျက် ရှိပါတယ်။

ဒါ့ပြင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံးကြား တွေ့ဆုံဆွေး နွေးရေး၊ စေ့စပ်ညှိနှိုင်ရေးလွယ်ကူစေရန် အာဆီယံအထူးသံတမန်တဦး ခန့်အပ်ရေး၊ အာဆီယံ၏ လူသားချင်းစာနာမှုဆိုင် ရာ အကူအညီများပေးအပ်ရေးနဲ့ ပြည်တွင်းပါတီများအားလုံးနဲ့ တွေ့ဆုံရေး စတဲ့ အာဆီယံဘုံသဘောတူညီချက်တွေ အပေါ် မှာလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ အကောင်အထည်ဖော်မှုဟာ အားရစရာမရှိဘူးလို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ယူဆထားကြပါတယ်။

ဒီအတွက် လာမယ့်ရက်ပိုင်းအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးပွဲမှာ စစ်ကောင်စီအပေါ် ပိုမို ဖိအားပေးမှုတွေနဲ့ မြန်မာ့အရေး ဖြေရှင်းရေးအတွက် ပိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေ ရှိလာနိုင် တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘာလာခရစ်ရှ်နန်ကလည်း “အာဆီယံခေါင်းဆောင်တွေဟာ ဒီနိုဝင်ဘာလ မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အချက် ၅ ချက် သဘောတူညီချက်ရဲ့ အကောင်အထည်ဖော် တိုးတက် မှုကို အကဲဖြတ်ရမှာ ဖြစ်ပါတယ်။ အခြေအနေတွေ ဘယ်လိုပြောင်းလဲ လာသလဲပေါ် မူတည်ပြီး အာဆီယံရဲ့ နောက်ခြေ လှမ်းတွေကို လမ်းညွှန်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တချို့ ချရလိမ့်မယ်” လို့ ပြောထားပါတယ်။

ဒါ့ပြင် ရှေ့လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူရမှာ ဖြစ်တဲ့ အတွက် စစ်ကောင်စီ အနေနဲ့ ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့လည်း လေ့လာသူအချို့က ဆိုပါတယ်။

တကယ်တမ်း အာဏာသိမ်း စစ်ကောင်စီရဲ့ အမျိုးမျိုးသော စွပ်စွဲခေါင်းစဉ်တပ် ဖမ်းဆီးထောင်ချတာတွေကို NLD အစိုးရ အဖွဲ့ဝင်တွေသာမက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ပြည်သူ ထောင်နဲ့ချီဟာလည်း အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံနေရဆဲ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ စွပ်စွဲချက်တွေနဲ့ ထောင်သွင်းအကျဉ်းချခံနေရသူတွေ ပြန်လည် လွတ်မြောက်လာခြင်းဟာ ကာယ ကံရှင်တွေအတွက် ဝမ်းသာကြိုဆိုရမှာ ဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူ့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် နိုင်ငံရေး ဓားစာခံတွေလို ဆက်လက် အသုံးချနေရဦးမှာပဲ ဖြစ်ပါတယ်။ ။

You may also like these stories:

UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ထောင်မှပြန်လွှတ်

NLD စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်အပါ ၅ ဦးကို ထောင် ၃ နှစ်စီချ

Your Thoughts …
Tags: NLDUECစစ်ကောင်စီရမည်းသင်းထောင်လွတ်ငြိမ်းအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လက်နက်နဲ့ အင်အားတစုတစည်းထဲ မရှိရင် တန်ပြန်စစ်က ဝေးနေဦးမယ် (ရုပ်/သံ)

လက်နက်နဲ့ အင်အားတစုတစည်းထဲ မရှိရင် တန်ပြန်စစ်က ဝေးနေဦးမယ် (ရုပ်/သံ)

ကျောက်ဖြူမြို့  / ဧရာဝတီ

ကျောက်ဖြူတွင် ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate