• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကရင်နီစစ်မြေပြင်မှာ ဒရုန်းတွေ ဘယ်လောက်အရေးပါသလဲ

by စောရယ်
18 February 2024
in ဆောင်းပါး
A A
ကရင်နီစစ်မြေပြင်မှာ ဒရုန်းတွေ ဘယ်လောက်အရေးပါသလဲ

ခေတ်သစ်စစ်ပွဲတွေ အထူးသဖြင့် လက်ရှိ မြန်မာပြည်က စစ်ပွဲတွေမှာ ဒရုန်းတွေဟာ အရေးပါလှပါတယ်(ဧရာဝတီ)

4.7k
VIEWS
Share on FacebookShare on Twitter

ခေတ်သစ်စစ်ပွဲတွေ အထူးသဖြင့် လက်ရှိ မြန်မာပြည်က စစ်ပွဲတွေမှာ ဝေဟင်ကို စိုးမိုးနိုင်ဖို့ လေယာဉ်တွေရှိမှ မဟုတ်ဘဲ မောင်းသူမဲ့လေယာဉ်တွေဖြစ်တဲ့ ဒရုန်းတွေရှိပြီဆိုတာနဲ့ စစ်မြေပြင်ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးကိုပါ လုပ်ဆောင်လာနိုင်တာကို တွေ့ရပါတယ်။

ဒရုန်းတွေ ကောင်းကင်မှာဝဲနေမှုက မြေပြင်မှာရှိတဲ့ ကိုယ့်လူတွေအတွက် အားတက်စရာဖြစ်ပြီး ရန်သူ့အဖို့တော့ သေခြင်းတမန်တော်တွေ ပျံသန်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်နေပါတယ်။

ဒီလိုစစ်ပွဲမှာ အရေးပါတဲ့ ဒရုန်းတွေကို မြန်မာနိုင်ငံရဲ့အရှေ့ဘက်က အသေးဆုံးပြည်နယ်ဖြစ်တဲ့ ကရင်နီ (ကယား) ပြည်နယ်မှာ တော်လှန်ရေးတပ်တွေသာမက အာဏာသိမ်းစစ်ကောင်စီတပ်ဘက်ကပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာ ဖြစ်ပါတယ်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒ.က.စ) အခြေစိုက်တဲ့ လွိုင်ကော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ အင်အားအမြောက်အမြားသုံးပြီး စစ်ဆင်ရေးတရပ် စတင်ခဲ့ပါတယ်။

လွိုင်ကော်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပါအဝင် ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ် (ကလလတ)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်းလက်အောက်ခံ တပ်ရင်းတွေအပြင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့စုံက ဝင်တိုက်ကြတာ ဖြစ်ပါတယ်။

‘၁၁၁၁’ စစ်ဆင်ရေးလို့ လူသိများတဲ့ အဲဒီစစ်ဆင်ရေးမှာ ကရင်နီပူးပေါင်းတပ်တွေဟာ ဒရုန်းတွေကိုသုံးပြီး စစ်ကောင်စီတပ်တွေကို ဝေဟင်ကနေ ဗုံးသီးတွေကြဲချ ဦးနှိမ်ဖို့ကြိုးစားသလို စစ်တပ်ဘက်လည်း တိုက်လေယာဉ် တွေနဲ့ ဗုံးကြဲပြီး ကရင်နီပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကို ရပ်တန့်သွားဖို့ ကြိုးစားပါတယ်။

အဲဒီစစ်ဆင်ရေး ၃ လနီးပါး ကြာမြင့်လာချိန်မှာတော့ ကရင်နီပူးပေါင်းတပ်တွေဘက်က လွိုင်ကော်ရှိ စစ်ကောင်စီ ဒကစကို မသိမ်းနိုင်သေးပေမယ့် မြို့ပေါ်နေရာအများစုကို သိမ်းပိုက်စိုးမိုးထားနိုင်တဲ့အပြင် ကရင်နီရဲ့ အခြားသော မြို့တွေဖြစ်တဲ့ မယ်စဲ့၊ ရှားတော၊ မိုးဗြဲ၊ နန်းမယ်ခုံနဲ့ မော်ချီးမြို့တွေကိုလည်း သိမ်းပိုက်ထားပါတယ်။

ဒီလို အရေးပါတဲ့မြို့တွေကို ကာကွယ်ထားတဲ့ စစ်ကောင်စီစခန်းကုန်းတွေကို တိုက်ခိုက်တဲ့နေရာမှာ ဒရုန်းတွေဟာ ၆၀ ရာခိုင်နှုန်းလောက် အထောက်အကူပေးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF-UAV) ဒရုန်း အဖွဲ့က ဆိုပါတယ်။

KNDF-UAV အဖွဲ့ရဲ့ ဒရုန်းထုတ်လုပ်ရေးတာဝန်ခံ အသက် ၂၅ နှစ်အရွယ် ကို 3D က “ဒရုန်းတွေက မြေပြင်မှာ စစ်ကောင်စီတပ်သားတွေ အကြောက်ဆုံးထဲမှာပါတယ်။ စစ်စခန်းကုန်းတခုဆို ဒရုန်းက ၆၀ ရာခိုင်နှုန်းလောက် အကူအညီဖြစ်ပါတယ်။ တချို့စခန်းတွေဆိုရင် ဒရုန်းနဲ့ပဲကြဲပြီးတော့ သူတို့ဘာသာ ဆုတ်သွားတာမျိုးရှိတယ်။ ရဲဘော် အထိအခိုက်မရှိဘဲနဲ့ပေါ့” လို့ ပြောပြပါတယ်။

လွိုင်ကော်မှာတော့ စစ်ကောင်စီဘက်က Jammer လို့ခေါ်တဲ့ ဒရုန်းတွေနဲ့ ထိန်းချုပ်မောင်းနှင်သူကြားက ရေဒီယိုလှိုင်း အဆက်အသွယ်ဖြတ်တောက်တဲ့ ကိရိယာတွေ အသုံးများတာကြောင့် ဒရုန်းတွေ ပျံသန်းတိုက်ခိုက်ဖို့ အခက်အခဲရှိ နေတယ်လို့ သူက ရှင်းပြပါတယ်။

Fixed Wing ဒရုန်းစမ်းသပ်နေသည့် KNDF UAV အဖွဲ့ဝင်များ ဓာတ်ပုံ – မိုးတိမ်

သူက “လွိုင်ကော် စစ်မြေပြင်မှာတော့ ဒရုန်းသုံးတာ အခက်အခဲရှိနေပေမယ့် တခြားစစ်မြေပြင်တွေ ဥပမာ- ဆီဆိုင်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ရှားတော မှာတော့ ရှေ့တန်းတပ်တွေကို ထိထိရောက်ရောက် လေကြောင်းပစ်ကူ ပေးနေနိုင်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီမှာ တိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့အသီးသီးက တပ်ရင်းအလိုက်ထားရှိကြသလို (KNDF-UAV) အဖွဲ့လို ဒရုန်းထုတ်လုပ်ရေးနဲ့ တိုက်ခိုက်ရေး ၂ မျိုးလုပ်တဲ့ အဖွဲ့ကြီးတွေလည်း ရှိကြပါတယ်။

ကရင်နီစစ်မြေပြင်မှာ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့နေရာမှာ ရဟတ်ယာဉ်ပန်ကာလို ပန်ကာတွေပါတဲ့ Multi Copter ဒရုန်းနဲ့ လေယာဉ်လို တောင်ပံ ၂ ခု အသေတပ်ဆင်ပါရှိတဲ့ Fixed Wings ဒရုန်းတွေ သုံးကြပါတယ်။

Multi Copter ဒရုန်းဆိုတာက အလွယ်ပြောရရင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးတဲ့ ဆေးဖြန်းဒရုန်းလိုဟာကို ဗုံးသီးတွေတပ်ဆင်ပြီး ကြဲချတိုက်ခိုက်နိုင်အောင် ကိုယ့်နည်းကိုယ်ဟန် ပြန်လည်ကြံဖန်ပြုပြင်ထားတဲ့ ဒရုန်းတွေ ဖြစ်ပါတယ်။

KNDF- UAV အဖွဲ့ကတော့ Fixed Wings တွေကို ကိုယ်တိုင်ထုတ်လုပ်နေပြီး Fixed Wings ရော Multi Copter ကိုပါ ‘၁၁၁၁’ စစ်ဆင်ရေးမှာသုံးပြီး ဒီဒရုန်းတွေမှာ အီနာဂါဗုံးသီး၊ ၆၀ မမ ဗုံးသီး၊ ၈၁ မမ ဗုံးသီး စတဲ့ ဗုံးသီးတွေကို တပ်ဆင်ပြီး စစ်ကောင်စီဘက်ကို ကြဲချတိုက်ခိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က လွိုင်ကော် ဒကစကို အားကောင်းတဲ့ Jammer တွေနဲ့ ကာကွယ်ထားတဲ့အတွက် ကရင်နီပူးပေါင်းတပ်တွေရဲ့ ဒရုန်းတွေဟာ ထိုးဖောက်တိုက်ခိုက်လို့မရဘဲ ပျက်ကျတာမျိုး ရှိနေပါတယ်။

စစ်ကောင်စီတပ်ရဲ့ Jammer တွေဟာ စက်ရဲ့ ၅ ကီလိုမီတာ ပတ်ချာလည်အထိ သက်ရောက်မှုရှိပြီး လွိုင်ကော်မြို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ Fixed Wing တွေက Jammer တွေကို ကျော်လွန်ပျံသန်းနိုင်ပေမယ့် Multi Copter တွေက ကျော်မရဘဲ ပျက်ကျတာတွေ ရှိတယ်လို့ KNDF-UAV ထံက သိရပါတယ်။

KNDF-UAV အဖွဲ့ရဲ့ ထုတ်လုပ်ရေးတာဝန်ခံ ကို 3D က “လွိုင်ကော်မှာက အထပ်မြင့်အဆောက်အအုံတွေ များတယ်။ အစိုးရရုံးတွေလည်းများတဲ့အတွက် အခုလက်ရှိ သူတို့တပ်စွဲထားတဲ့ ရုံးတိုင်းလိုလိုမှာ Jammer System တွေက စစ်ဆင်ရေးမစခင် နဂိုကတည်းက ရှိနှင့်နေတယ်။ တချို့နေရာတွေကို ကျနော်တို့ တိုက်ခိုက်ပြီးမှ သိမ်းယူနိုင်ခဲ့တဲ့ Jammer တွေလည်း ရှိတယ်။ ဆိုတော့ အဓိကပြဿနာက Jammer အရမ်းများလို့ပါ။ သူတို့ရဲ့ Jammer တွေက အရမ်းကောင်းတဲ့အခါကျတော့ ဒရုန်းတွေတက်ဖို့ အခက်အခဲရှိတယ်ပေါ့။ အခုလက်ရှိတော့ ဒီကောင်တွေကို ကျော်လွန်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ရှင်းပြပါတယ်။

ဒါပြင် စစ်ကောင်စီတပ်ဘက်လည်း တန်ပြန်တဲ့အနေနဲ့ FPV (First Person View) ဒရုန်းတွေ ကရင်နီစစ်မြေပြင်မှာ သုံးလာနေပြီး အဲဒီဒရုန်းတွေဟာ အသေခံဒရုန်းလို့ခေါ်တဲ့ (Suicide Drone) အမျိုးအစား ဖြစ်တဲ့အတွက် သတိထားရမယ့် ဒရုန်းတွေဖြစ်တယ်လို့ KNDF-UAV အဖွဲ့ရဲ့ ထုတ်လုပ်ရေးတာဝန်ခံ ကို 3D က ဆိုပါတယ်။

သူက “FPV Drone ကတော့ Kamikaze အမျိုးအစားပေါ့။ အသေခံဝင်တိုက်တဲ့ဟာမျိုး ဖြစ်တယ်။ အဲဒါတွေကတော့ ကြောက်ရတယ်။ မောင်းတဲ့ Pilot Skill ပေါ် မူတည်ပြီးတော့ အိမ်ထဲထိ ဝင်လိုက်နိုင်တဲ့ အမျိုးအစားပေါ့။ သူတို့ ပျက်ကျတဲ့ဟာတွေ သိမ်းမိထားတာတွေရှိတယ်။ Payload ကတော့ 2kg လောက် တင်တယ်။ သူက Hobby Grade ပဲဗျ။ တရုတ်ကနေ လွယ်လွယ်ဝယ်လို့ရတယ်။ ဈေးလည်းပေါတယ်။ တခါသုံး။ USD 1000 ကနေ 1500 ဝန်းကျင် လောက် ကုန်ကျနိုင်တယ်” လို့ ရှင်းပြပါတယ်။

KNDF-UAV အဖွဲ့အနေနဲ့လည်း FPV ဒရုန်းတွေကို စမ်းသပ်ဆောင်ရွက်နေတယ်လို့ အဲဒီအဖွဲ့ဆီက ယေဘူယျ သိရပါတယ်။

သို့ပေမယ့် FPV ဒရုန်းတွေဟာ စစ်ကောင်စီလောက် ဘဏ္ဍာငွေမတောင့်တင်းတဲ့ KNDF လို အဖွဲ့တွေအတွက် တခါသုံးပြီးတာနဲ့ နောက်တကြိမ် မသုံးနိုင်ဘဲ ပိုက်ဆံအကုန်ခံ အသစ်ဝယ်ရမှာဖြစ်လို့ စစ်ပွဲအတွက် တွက်ခြေ မကိုက်လောက်ဘူးလို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခေတ်သစ်စစ်ပွဲမှာ ဒရုန်းတွေရဲ့ အရေးပါမှုကို KNDF ရဲ့ ခေါင်းဆောင်ပိုင်းတွေကိုယ်တိုင် ကောင်းကောင်း နားလည်သဘောပေါက်ထားတယ်ဆိုတာ သူတို့နဲ့ စကားပြောကြည့်တဲ့အခါမှာ တွေ့ရပါတယ်။

KNDF စစ်ရေးချုပ်ဖြစ်တဲ့ ခူးရီဒူးကတော့ “ဒရုန်း ပိုင်ဆိုင်ထားတယ်ဆိုရင် တိုက်ပွဲမှာ တပန်းသာတယ်လို့ ပြောလို့ရ တယ်။ ဘယ်လို တပန်းသာသလဲဆိုရင် ကျနော်တို့ရဲဘော်တွေ မပင်ပန်းရဘူး။ ပြောချင်တာက မြေပြင်အထိ ကျနော်တို့ကိုယ်တိုင် ထိုးစစ်ဆင်စရာမလို၊ လူလည်းမကုန်၊ အချိန်လည်းမကုန်ဘဲနဲ့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲနဲ့ တိုက်ပွဲဝင်နိုင်တယ်ဆိုတာက ကောင်းမွန်တဲ့အချက်တခု ဖြစ်တယ်” လို့ ဆိုပါတယ်။

KNDF အနေနဲ့ ပိုမိုကောင်းမွန်တဲ့ဒရုန်းတွေ ထုတ်နိုင်တဲ့အထိ ကြိုးစားသွားမယ်လို့လည်း ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံ စဉ်မှာ သူက ပြောပါတယ်။

Fixed Wing ဒရုန်းစမ်းသပ်နေသည့် KNDF UAV အဖွဲ့ဝင်များ ဓာတ်ပုံ – မိုးတိမ်

KNDF အတွင်းရေးမှူး (၁) ဖြစ်တဲ့ ဦးဒီးဒီကတော့ ကရင်နီစစ်မြေပြင်ရဲ့ ဒရုန်းစစ်ပွဲမှာ KNDF နဲ့ စစ်ကောင်စီတပ်ဟာ တဖက်နဲ့တဖက် အနိုင်ရဖို့ အားပြိုင်နေရတဲ့ အနေအထားဖြစ်နေတယ်လို့ မြင်ပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
560
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
175
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
112

သူက “ကျနော်တို့က အစိုးရချင်း အစိုးရ၊ စစ်တပ်ချင်း စစ်တပ်။ နိုင်ငံတကာနဲ့ ဆက်သွယ်ဖို့လုပ်လို့ရတဲ့ အခြေအနေ မရှိသေးတဲ့အတွက် နောက်ပိုင်းတော့ တော်တော်ရုန်းရမယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆို စစ်ကောင်စီက အရင်းအမြစ်များတော့ တခါနှစ်ခါသုံးခါလောက် ဒါမှမဟုတ် ၃/၄/၅/၆ လလောက် တချို့ဟာတွေ အလုပ်ဖြစ်ပေမယ့် နောက် ၄/၅/၆ လအထိ နာပြီဆိုရင် သူတို့ဘက်က ပြန်ကာပြီလေ။ ဘယ်လိုတားဆီးရမလဲဆိုတာမျိုး သူတို့ ပြန်လုပ် လေ့ရှိတယ်ပေါ့။ ဒရုန်းနဲ့ပတ်သက်ပြီးမှ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ၊ လူငယ်တွေကလည်း ပြန်လုပ်ရတယ်။ ဆိုတော့ အပြိုင်အဆိုင်တော့ ဖြစ်နေမှာပါ” လို့ ဆိုပါတယ်။

ရေရှည်မှာ ဘယ်သူအားသာမလဲဆိုတာက နည်းပညာရရှိမှု၊ တီထွင်ကြံဆမှုနဲ့ လေ့လာမှုအပေါ်မှာအများကြီး မူတည်လိမ့်မယ်လို့လည်း ဦးဒီးဒီက ပြောပါတယ်။

မြန်မာနိုင်ငံထဲက စစ်လက်နက်ပစ္စည်းတွေအကြောင်း ရေးသားဖော်ပြနေတဲ့ Tactical Raptor 2.0 အဖွဲ့ကလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ဘက်မညီတဲ့စစ်ပွဲတပွဲကို ဆင်နွှဲနေရတာဖြစ်ပြီး စစ်ကောင်စီဘက်က ဒရုန်းတွေသုံးနေပေမယ့် ပစ်ကူအတွက် ဒရုန်းတွေကို အားကိုးစရာမလိုတဲ့ အခြေအနေရှိနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

Tactical Raptor 2.0 အဖွဲ့ တာဝန်ရှိသူတဦးက “သူတို့ (စစ်ကောင်စီ) မှာ တခြား လက်နက်ကြီးပစ်ကူတွေ ရှိထား လို့ပါ။ သူတို့ စစ်ကြောင်းထိုးတဲ့အချိန် ဒရုန်းတွေသယ်လာဖို့ သိပ်မလွယ်ဘူး။ တပ်စခန်းရှိတဲ့ နေရာတွေကနေတော့ ဒရုန်းတွေ ပိုသုံးနိုင်‌လောက်ပါတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက လက်ရှိ ကရင်နီ အပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးက တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တခြားနိုင်ငံတွေဆီက နည်းပညာအကူအညီရယူကာ ဒရုန်းတွေ ပြုလုပ်တာမျိုး သိပ်မများဘဲ ဈေးကွက်ထဲ အသင့် ရှိနေတဲ့ ဒရုန်းတွေကိုသာ အနည်းငယ်ပြင်ဆင် အသုံးပြုနေတာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

“ဈေးကွက်ထဲမှာ အဆင်သင့်ရှိပြီးသား COTS (Commercial off-the-shelf) ဒရုန်းတွေဝယ်ပြီး ဗုံးသီးပစ်ချလို့ရအောင် အနည်းငယ် ပြင်ဆင်ထားတာမျိုးတွေပါ။ လုံလောက်တဲ့ ထောက်ပံ့မှုရှိရင် နည်းပညာနဲ့မစိမ်းတဲ့ လူငယ်တွေအတွက် အရမ်းမခက်ခဲလောက်ပါဘူး” လို့လည်း သူက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲက တော်လှန်ရေးတပ်ဖွဲ့တွေသုံးနေတဲ့ ဒရုန်းတွေရဲ့ အလားအလာနဲ့ပတ်သက်ပြီး Tactical Raptor 2.0 အဖွဲ့ တာဝန်ရှိသူတဦးက “အခု‌တော့ Battery နဲ့ ပျံသန်းတာမျိုးပဲ တွေ့ရသေးတယ်။ နောက်ပိုင်း Battery နေရာမှာ အင်ဂျင်တွေ အစားထိုးနိုင်လာပြီဆိုရင် စကစရဲ့ နောက်တန်းစခန်းတွေအထိ ခြိမ်းခြောက်နိုင်တဲ့ one-way attack drone (kamikaze drone) တွေ မြင်လာရနိုင်ပါတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

KNDF-UAV အဖွဲ့ရဲ့ ထုတ်လုပ်ရေးတာဝန်ခံ ကို 3D ကတော့ ပျက်စီးသွားတဲ့ ဒရုန်းတွေနေရာမှာ အစားထိုး ဖြည့်တင်းပြီးရင် စစ်ကောင်စီတပ်ကို လေကြောင်းကတဆင့် တိုက်ခိုက်တာတွေ ပိုလုပ်သွားမယ်လို့ ဆိုပါတယ်။

သူက “စစ်ရေးအခြေအနေနဲ့ ပတ်သက်ရင် ဒီဘက်မှာက ဒရုန်းတွေက ထိရောက်တယ်။ ကျနော်တို့လည်း ဒရုန်းတွေ အများကြီးသုံးနေတယ်။ နောက်ပိုင်း တိုက်ပွဲတော်တော်များများ ဝင်လာပြီးတဲ့နောက်မှာ ဒရုန်းတွေ တော်တော်များများ ပျက်စီးသွားတာတွေလည်း ရှိတယ်။ အဲဒါတွေဖြည့်တင်းဖို့ကိုလည်း ဝိုင်းဝန်းကူညီကြစေချင်တယ်။ နောက်ထပ်လည်း ကျနော်တို့က ဒရုန်းမစ်ရှင်တွေကို ဖော်ဆောင်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ကရင်နီစစ်မြေပြင်ရဲ့ ဒရုန်းစစ်ပွဲမှာ ဘယ်သူက ပိုအရေးသာလာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။ ။

You may also like these stories:

“ဒရုန်းတွေက ကျနော်တို့ လေတပ်ပဲ”

ဒရုန်းခေတ်ရောက်ပြီ

တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ

Your Thoughts …
Tags: KNDF-UAVကရင်နီစစ်ကောင်စီစစ်မြေပြင်ထောက်လှမ်းရေးဒရုန်း
စောရယ်

စောရယ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း

အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း

လူသိနည်းသော ကမ္ဘာ့အကြီးမားဆုံး မူးယစ်ရာဇာများ

လူသိနည်းသော ကမ္ဘာ့အကြီးမားဆုံး မူးယစ်ရာဇာများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved