• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့

by ဒဂုန်တာရာ
14 July 2024
in ဆောင်းပါး
A A
ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
2.5k
VIEWS
Share on FacebookShare on Twitter

ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှ ကြည်လင်စွာ မမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါးနေသည်။

မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော် အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ) က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။

ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည် ပြောပြီးနောက် ဇော်ဂျီ ဆီသို့ သွားမည်ဟု စိတ်ကူးထားသည်။

၁၀ နာရီလောက် ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။

အဆင်သင့် တွေ့သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါလာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကိုတွေ့ရသည်။

ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်း တို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။

ထို့နောက် ဒါလဟိုဇီ လမ်း (ယခု မဟာဗန္ဓုလ လမ်း) ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော် ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။

ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။

သူရိယ တိုက်ရှေ့အဝင် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကို တွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။

ကျနော်သည် အင်မတန် အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ဝင်သွားသည်။ လမ်းကူးတွင်ကား လက်နက်ကိုင် စစ်သားများ စောင့်ကြပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။

ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ဝတ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်မှ ဖြတ်သန်းကာ တဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ဝင်တော့မည်လေ၊

လွှတ်တော်ရုံး ဝင်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။

သခင်နု၏ ရုံးခန်းကိုကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါး ပိတ်ထားပြီး ခန်းဆီး အစိမ်းပုတ် ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား “ဦးသိန်းဟန်ရှိသလား” ဟုမေးသည်။ “ရှိပါတယ်ခင်ဗျ” ဟု ခပ်တိုးတိုး သာ သာ အေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည့်၍ “အထဲမှာ အစည်းအဝေး လုပ်နေသလား” ဟု မေးရသည်။

ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ဝတ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။

ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာ တိတ်ဆိတ်လျက်ရှိသည်။

ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက် ရှိသည်။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ “အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ” ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော်သည် ထိတ်ခနဲ ဖြစ်သွားသည်။

“လက်ဖက်ရည်ဆိုင် သွားရအောင်”

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။

“မင်း မကြားသေးဘူးလား”ဟု ဇော်ဂျီက အံ့သြနေသည်။

“ဟင့်အင်း … ကျနော်အခုပဲ ဘတ်စ်ကားပေါ်က ဆင်းပြီး ရုံးကိုတန်းလာတာ”
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။

ခြင်္သေ့တပ် စစ်ယူနီဖောင်းကို ဝတ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ် ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမှုဆောင် ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။

ကျနော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ် တုန်လာသည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင် ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။

တစားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေး က လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။

“အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ” စသည်ဖြင့် လူအချို့သည် ငြီးတွားလျက် ရှိကြသည်။

ဇော်ဂျီက “အမျိုးသား ပျက်စီးခြင်း တရပ်ပဲ” ဟု တသသ ပြောသည်။

“ကျနော် ရုံးဝင်းထဲ ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျနော် ဝင်လာတာကို မတားကြဘူး။ ဆင်ဝင်အောက် အဝင်မှာတောင် အသိစာရေး ၁ ယောက်နဲ့ တွေ့သားပဲ။ သူကလည်း ဘာမှ မပြောဘူး”။

“လူတွေဟာ မပြောရက်ကြဘူး” ဟု ဇော်ဂျီက ဆိုလေသည်။

လက်ဖက်ရည် သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံက ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ “ဘယ့်နဲ့လဲ”ဟု ကျနော်တို့က ဝိုင်း၍ မေးမြန်းကြသည်။

သူက မိုင်းပွန် စော်ဘွားကြီးမှ တပါး အားလုံး ဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။

“ဗိုလ်ချုပ်ကော” ဟု တယောက်က တိုးတိုးမေးသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
118
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
384
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
229

“မျက်နှာကို အဝတ်ဖြူနဲ့ ဖုံးထားတယ်”

ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း (ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။

မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင် ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်း ပါသည်။

လူတယောက်က ကျနော်၏ လက်မောင်းကို ဆွဲကိုင်၍ “ဒီမယ်… ခုနက ဝန်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ”ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

“ဟုတ်ကဲ့…” ဟူ၍သာ ဖြေကြားပြီး တဖက်သို့ ဖြတ်ကူးရင်း အသင့်တွေ့ရသော ဒေါင်းတံဆိပ် ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်ဘက်သို့ ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက “ဖြစ်မှဖြစ်ရလေ နော် ဖြစ်မှဖြစ်ရလေ”ဟု မြည်တမ်းလျက် ရှိသည်။

ဈေးသည်ဟုထင်ရသော ခပ်အိုအို မိန်းမကြီး နှစ်ယောက်သည် “ဗိုလ်ချုပ် အသက်ရှင်ပါစေတော်” ဟု ဆုတောင်း၍ နေသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို “မပြောကြနဲ့ မပြောကြနဲ့” ဟု အသာလက်ကုတ်၍ တီးတိုး တားမြစ်သည်။ သူတို့သည် မပြောရက်ကြ။

သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တဦးက”အားကီး ရက်စက်တာပဲ”ဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထား တင်းတင်းနှင့် ဘတ်စ်ကား ဒရိုင်ဘာသည် တောက်ခေါက် လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍ သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာနေကြသည်။

ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။

လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။

ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။

မည်သူ့မျက်နှာ ကြည့်ကြည့် မျက်နှာညှိုးငယ် နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ “ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်”ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေဝင်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဉ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများဆုံတိုင်း နေ့ခင်းက အကြောင်း ကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။

တိတ်ဆိတ် မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ ဟု မိန်းမများက ဆုတောင်းကြသည်။

ညဉ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။

တရေးနိုးဆုံလျှင် “ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်”ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တရေးနိုးတိုင်း သတိရလျက် ရှိသည်။

မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်ထိုညကို လွန်မြောက်ရသည်။ ။

၁၉၄၇
သြဂုတ်လ
(ငြိမ်းချမ်းရေး ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ ရေးသားသည့် ဤဆောင်းပါးကို ဟင်္သာ စာပေက ၁၉၇၁ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေသော “အယ်ဒီတာ စားပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ ပါသည်။)

Your Thoughts …
Tags: ခြင်္သေ့တပ်ဇော်ဂျီတိုင်းပြုပြည်ပြု လွှတ်တော်နိုင်ငံရေး လုပ်ကြံမှုဗိုလ်ချုပ်ဝန်ကြီးများအတွင်းဝန်ရုံး
ဒဂုန်တာရာ

ဒဂုန်တာရာ

Contributor

Similar Picks:

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

by ဧရာဝတီ
3 August 2023
28.1k

ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
17.2k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
6.7k

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

Next Post
မြဝတီမြို့ကို ခြိမ်းခြောက်နေတဲ့ လောင်းကစားရုံတွေ ( ရုပ်/သံ )

မြဝတီမြို့ကို ခြိမ်းခြောက်နေတဲ့ လောင်းကစားရုံတွေ ( ရုပ်/သံ )

မိုးကုတ်၊ မိုးမိတ်၌ စစ်သားများ အရပ်ဝတ်ဖြင့် အိမ်များတွင် ခိုအောင်းနေဟုဆို

မိုးကုတ်၊ မိုးမိတ်၌ စစ်သားများ အရပ်ဝတ်ဖြင့် အိမ်များတွင် ခိုအောင်းနေဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

24 hours ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved