• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်

by Wolfgang Preiser, Cheryl Baxter နှင့် Jean Nachega
28 August 2024
in Health, ဆောင်းပါး
A A
မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်

အာဖရိကဒေသသည် ၂၀၂၃ ခုနှစ်တွင် စတင်သည့် Mpox ဖြစ်ပွားမှု မြင့်တက်လာခြင်းကို ရင်ဆိုင်နေရသည်

1.4k
VIEWS
Share on FacebookShare on Twitter

ကူးစက်ရောဂါများကို “သူတပါး ပြဿနာ” အဖြစ် ရှုမြင်ခဲ့ပြီး အဓိကအားဖြင့် ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံများကို ထိခိုက်ကာ မျှော်လင့်မထားသည့် ကမ္ဘာ့ခြိမ်းခြောက်မှုများ ရုတ်တရက် ဖြစ်လာနိုင်သည်ကို ပြသသည့် နောက်ထပ် ဥပမာတခုမှာ အာဖရိကတွင် မျောက်ကျောက်ရောဂါ (Mpox) ဖြစ်ပွားမှုဖြစ်သည်။

လျစ်လျူရှုထားသည့် အခြားရောဂါ ဥပမာများတွင် ဝက်စ်နိုင်း၊ ဇီကာနှင့် ချီကွန်ဂန်ယာ ဗိုင်းရပ်စ်များ ပါဝင်သည်။

ဖမ်းဆီးမွေးမြူထားသည့် မျောက်များတွင် မျောက်ကျောက်ရောဂါကို ၁၉၅၈ ခုနှစ်က စတင်တွေ့ရှိသောကြောင့် မျောက်ကျောက်ရောဂါအဖြစ် မသင့်လျော်သော အမည်ပေးခဲ့ပြီး လူသားသို့ ပထမဆုံး ကူးစက်မှုကို ၁၉၇၀ ပြည့်နှစ်တွင် စတင်တွေ့ရှိသည်။

ဖမ်းဆီးမွေးမြူထားသည့် မျောက်များတွင် မျောက်ကျောက်ရောဂါကို ၁၉၅၈ ခုနှစ်က စတင်တွေ့ရှိသောကြောင့် မျောက်ကျောက်ရောဂါအဖြစ် မသင့်လျော်သော အမည်ပေးခဲ့ပြီး လူသားသို့ ပထမဆုံး ကူးစက်မှုကို ၁၉၇၀ ပြည့်နှစ်တွင် စတင်တွေ့ရှိသည်။

ထို့နောက် ဆယ်စုနှစ်များစွာကြာသည်အထိ သိပ္ပံပညာနှင့် ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းများက ယင်းရောဂါကို အာဖရိကအပူပိုင်းဒေသရှိ ဝေးလံခေါင်သီသော ကျေးလက်ဒေသများတွင် ပုံမှန်မဟုတ်သည့် ကူးစက်ရောဂါအဖြစ် မှတ်ယူကြပြီး ကျန်ကမ္ဘာ့ဒေသများနှင့် သက်ဆိုင်ခြင်းမရှိဟု ကျယ်ကျယ်ပြန့်ပြန့် လျစ်လျူရှုခဲ့ကြသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မျောက်ကျောက်ရောဂါ အကြီးအကျယ် ဖြစ်ပွားမှုများကို ၂၀၂၂ ခုနှစ်တွင် ရင်ဆိုင်ရသောအခါ သုတေသနရန်ပုံငွေ အများအပြားဖြင့် သိပ္ပံနည်းကျ လေ့လာမှုများ တိုးမြင့်လာစေသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ နောက်ပိုင်း သုတေသန လုပ်ငန်းတခုတည်းက ပြုလုပ်သည့် လေ့လာမှုများသည် ယခင်နှစ် ၆၀ လုံး လုပ်ခဲ့သည်ထက် ပိုမို များပြားသည်။

ရောဂါရှာဖွေရေး၊ ကုသရေးနှင့် ကူးစက်မှုတားဆီးရေး လုပ်ဆောင်စရာများအတွက် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် အာဖရိက သုတေသီများက အကြိမ်ကြိမ် တောင်းဆိုနေခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ပေါ်ပေါက်လာသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗဟိုအာဖရိကမှ မျောက်ကျောက်ရောဂါဖြစ်ပွားမှု လတ်တလော မြင့်မားလာခြင်းသည် နိုင်ငံတကာ စိုးရိမ်ပူပန်စရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ယခု ကြေညာထားသည်။

ထိုသို့ ကြေညာခြင်းသည် အခြားနိုင်ငံများအတွက် ပြည်သူ့ကျန်းမာရေး အန္တရာယ်ဖြစ်ပြီး နိုင်ငံတကာ ညှိနှိုင်းတုံ့ပြန်မှု လိုအပ်သည့် အခြေအနေများအဖြစ် အဆင့်အမြင့်ဆုံး သတိပေးမှုအဆင့်ဖြစ်သည်။

စာရေးသူတို့သည် HIV, SARS-Cov-2 နှင့် အခြား ကူးစက်ဗိုင်းရပ်စ်ရောဂါများကို လေ့လာသည့် သုတေသီများ ဖြစ်ကြပါသည်။

Mpox’s ၏ လတ်တလောသမိုင်းအရ ကမ္ဘာ့တနေရာမှ ကူးစက်ရောဂါသည် ရုတ်တရုတ် လျင်မြန်ကျယ်ပြန့်စွာ ပျံ့နှံ့နိုင်သောကြောင့် ကိုယ့်ပြဿနာ မဟုတ်ဟု မသတ်မှတ်သင့်ကြောင်း ထပ်မံ သတိပေးလိုက်ခြင်းဖြစ်သည်။

Mpox’s ၏ လတ်တလောသမိုင်းအရ ကမ္ဘာ့တနေရာမှ ကူးစက်ရောဂါသည် ရုတ်တရုတ် လျင်မြန်ကျယ်ပြန့်စွာ ပျံ့နှံ့နိုင်သောကြောင့် ကိုယ့်ပြဿနာ မဟုတ်ဟု မသတ်မှတ်သင့်ကြောင်း ထပ်မံ သတိပေးလိုက်ခြင်းဖြစ်သည်။

ဗဟိုနှင့် အရှေ့ အာဖရိကတွင် Mpox clade I ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြု သို့မဟုတ် ယူဆရသည့် နိုင်ငံများ (အပြာရောင်က ကူးစက်နိုင်ငံများ ဖြစ်ပြီး၊ အဝါရောင်က ကူးစက်မှု မတွေ့ရသည့် နိုင်ငံများဖြစ်သည်)

ထိုဖြစ်ပွားမှုသည် ရင်းမြစ်ခွဲဝေမှု၊ ကာကွယ်ဆေး၊ ရောဂါရှာဖွေရေးနှင့်ကုသရေးတွင် ကမ္ဘာ့ မညီမျှမှုကိုလည်း မီးမောင်းထိုးပြနေသည်။ ထိုကိစ္စများကို စက်မှုတိုးတက်သော နိုင်ငံများတွင် ရနိုင်ပြီး ကမ္ဘာ့ကူးစက်မှုကို ကူညီ ထိန်းချုပ်နိုင်သော်လည်း အာဖရိကတိုက် နေရာအများစုတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။

၂၀၂၂ ခုနှစ် ရောဂါဖြစ်ပွားမှုတွင် လုံးဝ အငိုက်မိ

ထိုရောဂါဖြစ်ပွားမှုကို Mpox အဖြစ် အမည်ပြောင်းခဲ့သော်လည်း ထိုဗိုင်းရပ်စ်၏အမည်သည် မျောက်ကျောက် (MPXV) အဖြစ်သာ ဆက်လက်ရှိနေသည်။ ထိုဗိုင်းရပ်စ်သည် smallpox ဗိုင်းရပ်စ်နှင့် ဆက်စပ်သည်။

MPXV သည် ဗဟိုနှင့် အနောက်အာဖရိက အစိတ်အပိုင်းများတွင် တွေ့ရသည့် တိရစ္ဆာန်မှတဆင့် လူကို ကူးစက်တတ်သော (zoonotic) ရောဂါအဖြစ် သတ်မှတ်သည်။ ထိုရောဂါကို သားရိုင်းတိရစ္ဆာန်များနှင့် နီးကပ်သော ထိတွေ့မှုမှ အထူးသဖြင့် အာဖရိက သားရိုင်းများကို ကိုင်တွယ်မှုမှ ကူးစက်သော်လည်း ရေရှည် လူသားမှလူသားသို့ ကူးစက်မှု မရှိခဲ့ပေ။

ရောဂါကူးစက်နေသော ခရီးသွားများနှင့် ရောဂါကူးစက်နေသော နို့တိုက်သတ္တဝါငယ်များကို တင်သွင်းခြင်းကြောင့် ကူးစက်ရောဂါ ဒေသပြင်ပသို့ ကူးစက်မှု လွန်စွာနည်းသည်။

ထိုအခြေအနေသည် ၂၀၂၂ ခုနှစ်တွင် ရုတ်တရက် ပြောင်းလဲသွားသည်။ အလွန်ကြီးမားလျင်မြန်သည့် ကမ္ဘာ့ရောဂါ ဖြစ်ပွားမှုတွင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံ၌ ဓာတ်ခွဲခန်း အတည်ပြုရောဂါဖြစ်ပွားမှု ၉၉,၀၀၀ ကျော်ရှိသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ရောဂါဖြစ်ပွားမှု အထွတ်အထိပ် ရောက်လာသောအခါ အပတ်စဉ် ဖြစ်ပွားမှု ၆,၀၀၀ ကျော်ရှိသည်။

ထိုကူးစက်ဖြစ်ပွားမှုတွင် လုံးဝ အငိုက်မိသည်။ ကူးစက်ဖြစ်ပွားမှု အများစုသည် ယခင်ကူးစက်မှု မရှိသည့် နိုင်ငံများတွင် ဖြစ်ပွားပြီး ကူးစက်ခံရသည့် အမျိုးသားက အခြားအမျိုးသားနှင့် လိင်ဆက်ဆံမှုကြောင့် အဓိကအားဖြင့် ဖြစ်ပွားသည်။

ကူးစက်မှုအများစုသည် ကုသရေးအရ ထူးထူးခြားခြား မပြင်းထန်ဘဲ သေဆုံးမှုအရေအတွက် ၂၀၀ သာ ရှိသော်လည်း တကမ္ဘာလုံးတွင် ကူးစက်ဖြစ်ပွားမှုသည် နိုင်ငံတကာ စိုးရိမ်ပူပန်စရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာသည်။

ကံကောင်းသည်မှာ အပြုအမူများ ပြောင်းလဲခြင်းနှင့် ကူးစက်လွယ်အုပ်စုများတွင် ကာကွယ်ဆေး ထိုးခြင်းကြောင့် ကူးစက်ဖြစ်ပွားမှု အရေအတွက် မကြာမီ ကျဆင်းသွားသည်။

ကံကောင်းသည်မှာ အပြုအမူများ ပြောင်းလဲခြင်းနှင့် ကူးစက်လွယ်အုပ်စုများတွင် ကာကွယ်ဆေး ထိုးခြင်းကြောင့် ကူးစက်ဖြစ်ပွားမှု အရေအတွက် မကြာမီ ကျဆင်းသွားသည်။

ကူးစက်ခံရသည့် ဝင်ငွေမြင့်မားသော နိုင်ငံများတွင် ခေတ်မီ ကာကွယ်ဆေးများနှင့် Mpox တိုက်ဖျက်ရေး ဗိုင်းရပ်စ်ဆေးများ ရရှိအောင် လုပ်ကြသည်။

ထိုဆေးများကို အဓိကအားဖြင့် ကျောက်ရောဂါဗိုင်းရပ်စ်အသုံးပြု ဓာတုလက်နက် တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတွင် အကြီးအကျယ် ထုတ်လုပ် သိုလှောင်ထားသည်။

၂၀၂၂ ခုနှစ်က တကမ္ဘာလုံးသို့ ကူးစက်ဖြစ်ပွားမှုကို အနောက်အာဖရိကမှ ဒေသဆိုင်ရာ ကူးစက်ရောဂါ ဖြစ်စေသည့် MPXV clade II က ဖြစ်ပွားစေပြီး MPXV clade I လောက် မပြင်းထန်ပေ။ MPXV clade I ကို လက်ရှိအချိန်အထိ ကွန်ဂိုမြစ်ဝှမ်းတွင်သာ တွေ့ရသေးသည်။

နိုင်ငံတကာ စိုးရိမ်ပူပန်ရသော Mpox ပြည်သူ့ကျန်းမာရေး ပထမ အရေးပေါ်အခြေအနေကို ၂၀၂၃ ခုနှစ်၊ မေလတွင် ပြီးဆုံးကြောင်း ကြေညာသည်။

MPXV Clade II ကူးစက်မှုသည် ကမ္ဘာတဝန်း ဖြစ်ပွားနေသော်လည်း လတ်တလောတွင် အဆိုးဆုံးအခြေအနေ ပြီးဆုံးသွားသည်ဟု ထင်ရသည်။

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတွင် ကျောက်ရောဂါကာကွယ်ဆေးကို အကြီးအကျယ် ထုတ်လုပ် သိုလှောင်ထားပြီး ယခုအခါ အာဖရိကသို့ ကာကွယ်ဆေးထောက်ပံ့ပေးရန် အကြံပြုနေကြသည်

လက်ရှိ Mpox ဖြစ်ပွားမှု အရှိန်မြင့်လာခြင်းက ဖော်ပြနေသည်မှာ အဆိုးဆုံးအခြေအနေမှ လွန်မြောက်ပြီဟု ကျေနပ်နေခြင်းသည် မှားယွင်းနေကြောင်းပင် ဖြစ်သည်။

အာဖရိကတွင် ကူးစက်ဖြစ်ပွားမှု မြင့်တက်

အာဖရိကဒေသသည် ၂၀၂၃ ခုနှစ်တွင် စတင်သည့် Mpox ဖြစ်ပွားမှု မြင့်တက်လာခြင်းကို ရင်ဆိုင်နေရသည်။

အာဖရိကတိုက်သည် Mpox ဒေသဆိုင်ရာကူးစက်ရောဂါ ဖြစ်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် ရှုပ်ထွေးသော ပုံစံများကို ဖော်ပြနေသည်။

အာဖရိကတိုက်သည် Mpox ဒေသဆိုင်ရာကူးစက်ရောဂါ ဖြစ်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် ရှုပ်ထွေးသော ပုံစံများကို ဖော်ပြနေသည်။

-ယခင်က လွှမ်းမိုးခဲ့ဖူးသည့်၊ အများအားဖြင့် zoonotic ပုံစံ ဒေသဆိုင်ရာ ကူးစက်ရောဂါမှ ဖြစ်ပွားသည့် ကူးစက်မှုများ

-၂၀၂၂ ခုနှစ် တကမ္ဘာလုံးကူးစက်ဖြစ်ပွားမှု၊ ဥပမာအားဖြင့် တောင်အာဖရိကတွင် ဖြစ်ပွားမှုနှင့် ဆက်စပ်သည့် ကူးစက်မှုများ

-စိုးရိမ်စရာအကောင်းဆုံးမှာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် တွေ့ရသည့် MPXV clade Ib ကူးစက်မှုများ ဆက်တိုက် တိုးလာနေခြင်းတို့ဖြစ်သည်။

ပိုမို အန္တရာယ်ကြီးသော မျိုးစိတ်သစ်

ယခင်က ကွန်ဂိုမြစ်ဝှမ်းမျိုးစိတ်ဟုခေါ်သည့် လက်ရှိ MPXV clade I သည် အနောက်အာဖရိက clade II မျိုးစိတ်ထက် ပိုမိုပြင်းထန်ပြီး သေဆုံးမှုနှုန်း ပိုမိုမြင့်မားသည်။

လက်ရှိဖြစ်ပွားမှု၏ ဗဟိုချက်မှာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်း တောင်ပိုင်း ကီဗူပြည်နယ်ဖြစ်ပြီး ကြီးမားသော ကပ်ရောဂါဖြစ်လာနိုင်သည့် အလားအလာရှိသည်။

-ထိုကူးစက်မှုတွင် အများအားခြင့် လိင်ဆက်ဆံမှုမှတဆင့် လူသားမှလူသားသို့ ကူးစက်မှု ရေရှည်ကွင်းဆက်ဖြင့် ထူးခြားသော ရောဂါလက္ခဏာရှိသည်။

-မြင့်မားသော ကူးစက်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်။ (မသိရသေး)

-ထိုကူးစက်မှုကို ဖြစ်စေသည့် ဗိုင်းရပ်စ်သည် အသစ်ဖွင့်ဆိုထားသည့် clade Ib မျိုးနွယ်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှ စတင်ဖြစ်ပွားသည်ဟု ခန့်မှန်းရသည့် လူသားမှလူသားသို့ ကူးစက်မှု စံလက္ခဏာဖြစ်သော မျိုးဗီဇ ပြောင်းလဲမှုကို ပြသနေသည်။

-အချို့သံသယရှိသည့် ဖြစ်ပွားမှုကို စမ်းသပ်စစ်ဆေးခြင်း မရှိသောကြောင့် အတည်မပြုနိုင်သည့်တိုင် ကူးစက်မှု အရေအတွက် အလျင်အမြန် မြင့်မားလာသည်။ အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ အသုံးများသည့် စမ်းသပ်မှုသည် ယခုဗိုင်းရပ်စ်မျိုးရိုးကို ရှာဖွေစမ်းသပ်ရာတွင် မအောင်မြင်ခြင်းဖြစ်သည်။

– အများအားဖြင့် အရွယ်ရောက်ပြီးသူများကို ကူးစက်သည်။

– ၂၀၂၂ ခုနှစ် တကမ္ဘာလုံးတွင် ဖြစ်ပွားသည်ထက် သေဆုံးမှုနှုန်း မြင့်မားသည်။

ယခု ကူးစက်ဖြစ်ပွားမှုတွင် Mpox ဖြစ်ပွားမှုသည် ယခင်က Mpox မှတ်တမ်းမရှိသည့် ကင်ညာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံအများအပြားသို့ ကူးစက်နေသည်။

ယခု ကူးစက်ဖြစ်ပွားမှုတွင် Mpox ဖြစ်ပွားမှုသည် ယခင်က Mpox မှတ်တမ်းမရှိသည့် ကင်ညာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံအများအပြားသို့ ကူးစက်နေသည်။

စိန်ခေါ်မှုကြီးမားသည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းသည် ပြဿနာများစွာကို ရင်ဆိုင်နေရသည့် ဒေသဖြစ်သည်။ ထိုပြဿနာများတွင် သဘာဝဘေးအန္တရာယ်၊ အကြမ်းဖက်မှု၊ ဝက်သက်၊ ကာလဝမ်းရောဂါနှင့် ပိုလီယိုရောဂါများ ပါဝင်သည်။

ကာကွယ်ဆေးနှင့် ကုသမှု ရရှိသော်လည်း မကြာသေးမီ နှစ်များအတွင်း ပိုမိုကျယ်ပြန့်သော ဒေသများတွင် ဒုတိယ အကြီးမားဆုံး အီဘိုလာရောဂါ ဖြစ်ပွားမှုရှိပြီး ကြီးမားသော စိန်ခေါ်မှုဖြစ်စေသည်။

အကောင်အထည်ဖော်ရန် လိုအပ်သည်များ

The Lancet Global Health တွင် စာရေးသူတို့ ပူးပေါင်းရေးသားသည့် မကြာသေးမီက ဆောင်းပါးတပုဒ်၌ ယခုဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် ဒေသဆိုင်ရာ ကူးစက်ရောဂါ မဖြစ်စေရေး၊ ကပ်ရောဂါ မဖြစ်စေရေး တားဆီးရန်အတွက် လုပ်ဆောင်ရန် လိုအပ်သည်များကို အကြမ်းဖျဉ်း ဖော်ပြထားသည်။

ရောဂါရှာဖွေစမ်းသပ်မှုများ၊ ကာကွယ်ဆေးများ၊ ဗိုင်းရပ်စ်ကုသမှုများ တန်းတူညီမျှ ရရှိရေးအတွက် နိုင်ငံရေးအရ တစိုက်မတ်မတ်ရှိမှုနှင့် ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်။

ရောဂါနှင့် ထိတွေ့မှုအခြေအနေများ၊ ကူးစက်မှုလမ်းကြောင်းများနှင့် ကုသမှုသရုပ်ပြခြင်းများကို ပိုမိုလေ့လာရန် သိပ္ပံနည်းကျ လေ့လာမှုများ လိုအပ်သည်။

ကမ္ဘာ့ တနေရာမှ ရောဂါတခုသည် ရုတ်တရက် ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်ကို သံသယဖြစ်ရန် မလိုပေ။ ထိုပကတိအခြေအနေကို ကမ္ဘာ့ကျန်းမာရေးစနစ်က နိုးကြားရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။

ထိုသို့ တားဆီးမှုများ ပြုလုပ်ရေး အကောင်းဆုံးနည်းလမ်းများ ရှာရန် အရေးကြီးသည်။

အာဖရိက က ဦးဆောင်ပြီး ပညာရပ်နယ်ပယ်စုံ နိုင်ငံစုံ ပါဝင်သည့် Mpox သုတေသန လုပ်ငန်းစု (MpoxReC) ကို အာဖရိကတွင် ထူထောင်ရန် မိမိတို့ အဆိုပြုသည်။

ထိုလုပ်ငန်းစုသည် Mpox ကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ဖယ်ရှားရန် သုတေသန လုပ်သင့်သည်။

ကမ္ဘာ့ တနေရာမှ ရောဂါတခုသည် ရုတ်တရက် ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်ကို သံသယဖြစ်ရန် မလိုပေ။ ထိုပကတိအခြေအနေကို ကမ္ဘာ့ကျန်းမာရေးစနစ်က နိုးကြားရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။

(The Conversation ပါ Wolfgang Preiser, Cheryl Baxter နှင့် Jean Nachega တို့၏ Mpox outbreak in Africa was neglected – it could now turn into the next global pandemic ကို ဘာသာပြန်သည်။ ဝုဖ်ဂန် ဖရေဆာသည် တောင်အာဖရိကနိုင်ငံရှိ စတယ်လန်ဘော့ချ် တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ဗိုင်းရပ်စ်ဗေဒဌာန၏ ဌာနမှူးဖြစ်သည်။ ချယ်ရီ ဘက်စတာသည် ယင်းတက္ကသိုလ်မှ သိပ္ပံသုတေသန အထောက်အကူပြု ဌာနမှူး ဖြစ်သည်။ ယန်း နာချေဂါသည် ယင်းတက္ကသိုလ်မှ ကူးစက်ရောဂါဗေဒဆိုင်ရာ ပါမောက္ခဖြစ်သည်။)

You may also like these stories:

မျောက်ကျောက်ရောဂါ သိကောင်းစရာ

တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
297
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

နာဂတွင် ကူးစက်ရောဂါကြောင့် လူ ၂၀ ဦး ထပ်မံသေဆုံး

လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သော ကူးစက်ရောဂါများ

Your Thoughts …
Tags: MpoxMpoxReCMPXVWHOကပ်ရောဂါကမ္ဘာ့ကျန်းမာရေးအဖွဲ့ကူးစက်ရောဂါကျန်းမာရေးပြည်သူ့ကျန်းမာရေးဗိုင်းရပ်စ်မျောက်ကျောက်ရောဂါသုတေသနအာဖရိကအီဘိုလာရောဂါ
Wolfgang Preiser, Cheryl Baxter နှင့် Jean Nachega

Wolfgang Preiser, Cheryl Baxter နှင့် Jean Nachega

ဝုဖ်ဂန် ဖရေဆာသည် တောင်အာဖရိကနိုင်ငံရှိ စတယ်လန်ဘော့ချ် တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ဗိုင်းရပ်စ်ဗေဒဌာန၏ ဌာနမှူးဖြစ်သည်။ ချယ်ရီ ဘက်စတာသည် ယင်းတက္ကသိုလ်မှ သိပ္ပံသုတေသန အထောက်အကူပြု ဌာနမှူး ဖြစ်သည်။ ယန်း နာချေဂါသည် ယင်းတက္ကသိုလ်မှ ကူးစက်ရောဂါဗေဒဆိုင်ရာ ပါမောက္ခဖြစ်သည်။

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

by ဧရာဝတီ
17 April 2024
9.4k

၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.4k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

by အောင်ဇော်
17 July 2024
6.7k

ဦးအောင်လှိုင်ဦးကို အမြတ်အစွန်း အများအပြားပေးပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။

Next Post
တောင်ငူလေတပ်စခန်း ဆက်တိုက်တိုက်ခိုက်ခံရ (ရုပ်/သံ)

တောင်ငူလေတပ်စခန်း ဆက်တိုက်တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved