• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

တနင်္သာရီမြစ်ကမ်းမှ တော်လှန်ရေး ဘဝစာမျက်နှာများ

by Lorcan Lovett
29 August 2024
in Politics, ဆောင်းပါး
A A
တနင်္သာရီမြစ်ကမ်းမှ တော်လှန်ရေး ဘဝစာမျက်နှာများ

တနင်္သာရီတိုင်းရှိ တကူကျေးရွာတွင် PDF အဖွဲ့တဦးက ဆွမ်းလောင်းနေစဉ် / Valeria Mongelli

2.7k
VIEWS
Share on FacebookShare on Twitter

မှေးမှိန်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလံသည် ပိုမိုကောင်းမွန်သည့် နေ့ရက်များကို မြင်တွေ့နေရသည်။ ကျည်ဆန်ပေါက်များဖြင့် ပြည့်နေသည့် ထိုအလံကို မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီမြစ်ကမ်းမှ တစိတ်တပိုင်း စွန့်ပစ်ထားသည့် လယ်သစ်ကျေးရွာ NLD ရုံးပြင်ပတွင် လွှင့်ထူထားသည်။

စစ်ကောင်စီကို သစ္စာခံသည့် စစ်သားများက ထို NLD ရုံးကို လွန်ခဲ့သော နှစ်နှစ်က ဝင်ရောက်ဖျက်ဆီးခဲ့သည်။ သို့သော် ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကိုမူ သက်သက်ညှာညှာ လုပ်ကိုင်ခဲ့သည်။ ထိုရုပ်ပုံ၏ ပါးပြင်နှင့် ကပ်လျက်တွင် ကျည်ဆံရာတခု ရှိနေသည်။ ထိုစစ်သားများသည် မြန်မာ စစ်တပ်ကိုတည်ထောင်သူ၏ ရုပ်ပုံကို ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်ရန် တုန်လှုပ်ခြောက်ခြားခဲ့ပုံရသည်။

ဒေသခံ တော်လှန်ရေးတပ်များ ရှိသောကြောင့် မြေပြင်တိုက်ပွဲ မလုပ်ရဲဘဲ စစ်ကောင်စီတပ်များသည် ဒေသခံများ၏ ပေါက်ပြဲနေသော အိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသာ လုပ်ကြကြောင်း ရွာတွင် ကျန်ရစ်သူ အနည်းငယ်က ပြောသည်။ လွန်ခဲ့သောနှစ် မတ်လတွင် မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲသောကြောင့် ကလေးငယ်တဦး သေဆုံးပြီး အခြားသူ ရှစ်ဦးဒဏ်ရာရသည်။

မြို့ကို စွန့်ခွာသွားသည့် စစ်တပ်သတင်းပေးတဦး၏ ဖရိုဖရဲဖြစ်နေသောအိမ်၊ လေကြောင်းတိုက်ခိုက် ခြိမ်းခြောက်မှုကြောင့် စွန့်ပစ်ထားသည့် ဆေးရုံတရုံ၊ ၎င်းတို့ရင်သွေးများ သေဆုံးသောကြောင့် ကြေကွဲနေသော မိခင်များ၏ ဖုံးကွယ်ထားသော နာကျင်မှုများကို တွေ့နိုင်သည်။

လယ်သစ်ကျေးရွာသည် တနင်္သာရီမြို့နယ်ကို ကွေ့ဝိုက်ထားသည့် တော်လှန်ရေးအင်အားစုပိုင်နက် အစွန်းတွင် တည်ရှိသည်။ ထိုဇုန်၏ အခြားတဖက်ရှိ တကူတိုက်နယ်တွင် စစ်၏ ဒဏ်ရာဒဏ်ချက်များသည် ပိုမိုထင်ရှားသည်။ မြို့ကို စွန့်ခွာသွားသည့် စစ်တပ်သတင်းပေးတဦး၏ ဖရိုဖရဲဖြစ်နေသောအိမ်၊ လေကြောင်းတိုက်ခိုက် ခြိမ်းခြောက်မှုကြောင့် စွန့်ပစ်ထားသည့် ဆေးရုံတရုံ၊ ၎င်းတို့ရင်သွေးများ သေဆုံးသောကြောင့် ကြေကွဲနေသော မိခင်များ၏ ဖုံးကွယ်ထားသော နာကျင်မှုများကို တွေ့နိုင်သည်။

တနင်္သာရီတိုင်းရှိ လယ်သစ်ကျေးရွာတွင် တွေ့ရသော PDF တပ်ဖွဲ့ဝင်များ / Valeria Mongelli

မြန်မာတနိုင်ငံလုံးမှ တော်လှန်ရေး အမာခံဒေသများ အားလုံးကဲ့သို့ပင် တနင်္သာရီဒေသတွင် စစ်ကောင်စီသည် ကျေးလက်ဒေသများကို ဆုံးရှုံးသော်လည်း တနင်္သာရီမြို့နှင့် ဒေသမြို့တော် ထားဝယ် အပါအဝင် ပိုမိုကြီးမားသည့် မြို့များကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။ NLD ကို စစ်ကောင်စီက ဖျက်သိမ်းထားသော်လည်း ထိုမြို့နယ်တွင် NLD အစိုးရပုံစံတမျိုးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အသွင်ဖြင့် ထွက်ပေါ်လာနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းသောအခါ နေပြည်တော်တွင် စစ်ဗိုလ်ချုပ်များ၏ ဖမ်းဆီးမှု ခံနေရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့၏ ခေါင်းဆောင်ဖြစ်ကြောင်း NUG က ချက်ချင်းကြေညာသည်။ အသက် ၇၈ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ကျယ်ပြန့်နေသည့် တော်လှန်ရေးတပ်ဦးတွင် သူ့ကို ထားရှိသည်အား သိ၊ မသိ ရှင်းလင်းစွာ မသိရပေ။

NUG အုပ်ချုပ်ရေး မည်သို့ လည်ပတ်နေသည်ကို သိရှိရန်အတွက် Nikkei Asia က တနင်္သာရီမြို့နယ်မှ ခုခံတော်လှန်ရေး အစိုးရခေါင်းဆောင်များကို တွေ့ဆုံမေးမြန်းခဲ့သည်။ တနင်္သာရီမြို့နယ်ကို မြန်မာမှ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ NUG နှင့် စစ်ကောင်စီတို့က အဓိက ခွဲခြားချုပ်ကိုင်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့် အမည်မှ “ညီညွတ်ရေး” ဆိုသည့် စကားလုံးကို ရွေးချယ်ရခြင်းမှာ မြန်မာ၏ များပြားလှသော လူမျိုးစုလူမှုအသိုက်အဝန်းများတွင် အကြီးမားဆုံးဖြစ်သည့် ဗမာလူမျိုးစု လွှမ်းမိုးသည့် NLD ဆိုသည့်အမြင်မှ လမ်းခွဲပြီး စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ပွဲတွင် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိန်းချုပ်မောင်းနှင်သည့် နေရာတွင် NLD ရှိနေသောကြောင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအပြင် နက်ရှိုင်းသော အပြောင်းအလဲဖြစ်စေရန် NUG ၏ ကတိကဝတ်အပေါ် သံသယများ ကျန်ရှိနေဆဲ ဖြစ်သည်။ လူနည်းစု လူမှုအသိုက်အဝန်းများအနေဖြင့် ဗမာလူမျိုးစု အာဏာပြန်လည်ရအောင် လုပ်ပေးခြင်းသည် လူမျိုးစု မုန်းတီးမှုနှင့် အကြမ်းဖက်မှု သက်ဆိုးရှည်စေနိုင်သည့် အန္တရာယ်ရှိသည်ဟု မြင်ကြသည်။

လွတ်မြောက်ပြီး ဗမာလူများစု ဒေသများတွင် NUG သည် အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်နေရသည်။ မှိုလိုပေါက်လာနေသည့် လက်နက်ကိုင် အဖွဲ့အစည်းသစ်များနှင့်အတူ မြေပြင်တွင် လုပ်ပိုင်ခွင့်အာဏာ ကျင့်သုံးခြင်းအပြင် အချို့နေရာများတွင် NLD နှင့် တိုင်းရင်းသားများအကြား တင်းမာမှုများလည်း ရှိနေသည်။

တကူကျေးရွာတွင် အေးအေးလူလူ တွေ့ရသော PDF တပ်ဖွဲ့ဝင်များ / Valeria Mongelli

တနင်္သာရီတိုင်းမှ တော်လှန်ရေးသမားများသည် ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို ကျော်လွှားရန်နှင့် မျှော်လင့်ချက်ကင်းမဲ့နေသော စစ်ကောင်စီကို ရင်ဆိုင်ရန် ကြိုးစားစဉ် ထိုဒေသသည် ရှေ့လာမည့် ဒုက္ခများ ပေါက်ဖွားရာနေရာ ဖြစ်လာသည်။

ယခုအခါ အကျဉ်းထောင်အဖြစ်သုံးသည့် တကူမှ မီးသတ်စခန်းတွင် ဒေသခံပြည်သူ့လုံခြုံရေးကို ကြီးကြပ်သော NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စီစီသည် NUG လက်နက်ကိုင်တပ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) အလံတော်အောက်တွင် ထိုင်နေသည်။ သူ၏ပါးပြင်တွင် နေလောင်ခြင်းကို ကာကွယ်ရန် သနပ်ခါးများ လိမ်းထားသည်။ သူက စကားများကို အခိုင်အမာပြောကြားပြီး ထိုသို့ ပြောကြားနေစဉ် သူ၏ ဆံပင်အမောက်သည် လှုပ်ခါနေသည်။

“အာဏာရှင်စနစ်ကို မလိုချင်လို့ စစ်ကောင်စီကို ဖြုတ်ချဖို့ ကျမတို့ တော်လှန်ရေးကို စတင်ခဲ့ပေမယ့် ဘယ်သူမှ မပြီးပြည့်စုံဘူး ဒါမှမဟုတ် လေ့လာသင်ယူတာတွေက ဆုံးခန်း မတိုင်ဘူး။ ဒါကြောင့် တခါတရံ စည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ရတယ်”

“အာဏာရှင်စနစ်ကို မလိုချင်လို့ စစ်ကောင်စီကို ဖြုတ်ချဖို့ ကျမတို့ တော်လှန်ရေးကို စတင်ခဲ့ပေမယ့် ဘယ်သူမှ မပြီးပြည့်စုံဘူး ဒါမှမဟုတ် လေ့လာသင်ယူတာတွေက ဆုံးခန်း မတိုင်ဘူး။ ဒါကြောင့် တခါတရံ စည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ရတယ်” ဟု NUG က အာဏာသိမ်းပြီးနောက်ပိုင်း တည်ထောင်သည့်တပ်များအတွက် ကျင့်ဝတ်များကို ရည်ညွှန်းပြီး သူက ပြောကြားသည်။

သို့သော် NUG အစိုးရအုပ်ချုပ်ရေးသည် ၎င်းတို့စည်းမျဉ်းများကို အကောင်အထည်ဖော်ရန် တခါတရံ ခက်ခဲကြောင်း တွေ့ရသည်။ လောင်းလုံမြို့နယ်မှ PDF ခေါင်းဆောင် နှစ်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက စစ်ဆင်ရေးတခုအတွင်း အရပ်သား ရှစ်ဦးကို စစ်ကောင်စီ သတင်းပေးအဖြစ် စွပ်စွဲသတ်ဖြတ်ခံရသည့်ကိစ္စကို ကြီးကြပ်ခြင်းအတွက် စုံစမ်းစစ်ဆေးခံရသည်။ သို့သော် ထိုခေါင်းဆောင် နှစ်ဦးသည် PDF မှ နုတ်ထွက်ပြီး သီးခြား တပ်ဖွဲ့ဖြစ်သည့် ဗထူးတပ်ဖွဲ့ကို ထူထောင်ပြီး စုံစမ်းမှုကို လက်မခံခဲ့ပေ။ ထိုတပ်ဖွဲ့သည် နောင်တွင် ထားဝယ် နည်းပညာတက္ကသိုလ်မှ ပါမောက္ခ သုံးဦးကို ဖမ်းဆီးခဲ့သည့်အဖွဲ့ ဖြစ်သည်။

“ကျမတို့လုပ်ချင်တဲ့ ကျမတို့လှုပ်ရှားမှုကို ပုံဖော်ရတာ ခက်ခဲတယ်။ ဒါပေမယ့် ကျမ မိသားစုနဲ့ ပိုင်ဆိုင်မှုတွေကို ထားရစ်ခဲ့ပြီ။ ကျမတို့က ဆုံးဖြတ်ချက်နဲ့ ရှေ့ဆက်နေတယ်” ဟု ဒေါ်စီစီက ပြောပြီး ခုခံတော်လှန်ရေး အစိုးရ အသုံးစရိတ် ကျပ်တည်းပြီး အလှူငွေနှင့် အခွန်ကို မှီခိုရကာ အော်တိုမက်တစ်တပိုင်း ရိုင်ဖယ်များနှင့် ခဲယမ်းများ မလုံလောက်ကြောင်းလည်း ရှင်းပြသည်။

တနင်္သာရီ ရှေ့တန်းစစ်မျက်နှာအနီး အခြေခံ စစ်သင်တန်းတက်နေသော PDF တပ်ဖွဲ့ဝင်သစ်များ / Valeria Mongelli

ပစ္စည်းခိုးယူမှု သံသယရှိသူများနှင့် စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတဦး အပါအဝင် အမျိုးသားအကျဉ်းသား ကိုးဦးကို မီးသတ်စခန်းတွင် ဖမ်းဆီးထားသည်။ ခြေဗလာနှင့် လူ ခြောက်ဦး တိုက်ခန်းတခုတွင် ထိုင်နေပြီး အခြားသူ သုံးဦးသည် နေရောင်မရသည့် အခန်းတခု၏ အမှောင်အတွင်းမှ ပြင်ပကို ကြည့်နေသည်။ အကျဉ်းသားများသည် ၎င်းတို့ မိသားစုများက ပေးပို့သည့် ထမင်းကို စားကြောင်း သို့မဟုတ် ထမင်းတနပ်လျှင် ၅,၀၀၀ ကျပ်နှုန်းဖြင့် စားရကြောင်း လူ ၁၀ ဦးပါဝင်သည့် အကျဉ်းထောင်ဝန်ထမ်းအဖွဲ့က ပြောသည်။

လူ ၂၆ ဦး ပါဝင်သည့် ဒေသရဲတပ်ဖွဲ့မှ လူအများစုသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထံမှ ဘက်ပြောင်းလာသူများ ဖြစ်သည်။ သံသယရှိသူများကို ခုခံတော်လှန်ရေး ဥပဒေရေးရာကော်မတီသို့ ပို့ပြီး ကော်မတီက အမှုများကို ဆုံးဖြတ်ခြင်း၊ NUG သို့ လွှဲပြောင်းခြင်း ပြုလုပ်သည်။ မူးယစ်ပြီး ယာဉ်မောင်းနှင်ခြင်းကဲ့သို့ အသေးစား ချိုးဖောက်သူများကို ၂၄ နာရီ ထိပ်တုံးခတ်ပြီးနောက် ပြန်လွှတ်ပေးသည်။

မြို့လယ်ရှိ တဲတလုံးတွင် ရိုက်ထားသည့် ကြေညာစာ ခုနစ်ခုတွင် တော်လှန်ရေးအင်အားစု၏ မြို့နယ် စည်းကမ်းများကို ကြေညာထားသည်။ ခြိမ်းခြောက်ခြင်း သို့မဟုတ် ဆူပူခြင်း စသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်မခံနိုင်သည့် စကားပြောသည့် ကျေးရွာသားများသည် ဒဏ်ငွေရိုက်ခြင်း၊ ထောင်ချခြင်း ခံရနိုင်သည်။

စိတ်ဝင်စားစရာ မကောင်းသည့် စည်းကမ်းဖြစ်သည့် ဧည့်စာရင်းတိုင်ပါ၊ ည ၉ နာရီနောက်ပိုင်းတွင် ဆူညံခြင်း မပြုရ စသည့် စည်းကမ်းများ၊ ထို့နောက်တွင် ယာဘ ခေါ် ဈေးပေါသော မက်သာဖက်တမင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတိပေးချက်တို့ ပါဝင်သည်။

အာဏာရှင်ပုံစံသစ်က ပုံစံဟောင်းကို အစားထိုးမည်ဆိုသည့် စိုးရိမ်မှုများကို အသိပေးအကြောင်းကြားစာတခုက ပယ်ဖျက်ရန် ကြိုးစားပြီး ခွင့်ပြုချက်မရဘဲ သေနတ်ကိုင်သည့် တော်လှန်ရေးရဲများကို အပြစ်ပေးမည်ဖြစ်ကြောင်း ကတိပြုသည်။

သို့သော် တီးတိုးသံများက ရာထူးအာဏာကို အလွဲသုံးပြီး အခွန်ကောက်ခြင်းနှင့် ငွေညှစ်ခြင်း မကွဲပြားသည့် စည်းကမ်းအားနည်းသော တိုက်ခိုက်ရေးသမားများအကြောင်း ပြောပြနေသည်။ လက်နက်ကိုင် PDF တပ်ဖွဲ့ဝင်များသည် တခါတရံ အခွန်ပေးရန် တောင်းဆိုပြီး ဒေသခံ စီးပွားရေးလုပ်ငန်းများက ဈေးလျှော့ရောင်းပေးရန် မျှော်လင့်ကြကြောင်း ဒေသခံများက ပြောသည်။

ပါတီအလံအောက်က NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စီစီ / Valeria Mongelli

ဖြုတ်ချခံ အခြားလွှတ်တော်ကိုယ်စားလှယ် အသက် ၃၉ နှစ်အရွယ် ဦးရဲမြင့်ဆွေသည် NUG က ဖွဲ့စည်းပေးသည့် ဒေသဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကို ဦးဆောင်သည်။ အဖွဲ့ဝင် ၂၁ ဦး ပါဝင်သည့် သူ၏အဖွဲ့သည် တနင်္သာရီမြို့နယ် တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့်အပိုင်းမှ ပညာရေး (ကျောင်း ၄၁ ကျောင်း) နှင့် ကျန်းမာရေး (ဆေးခန်း ၆ ခန်း) အပါအဝင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ကြီးကြပ်သည်။ ဆိုင်အနည်းငယ်သည် အဓိကအားဖြင့် ဖုန်းအားသွင်းရန် လျှပ်စစ်ဓာတ်အားပေးဆိုင်များ ဖြစ်သည်။

၎င်းတို့ အုပ်ချုပ်ရေးအဖွဲ့တွင် အခွန်ရင်းမြစ် လေးခုရှိကြောင်း ဦးရဲမြင့်ဆွေက ပြောသည်။ ကူးတို့သင်္ဘော သယ်ယူပို့ဆောင်ရေး၊ ယမကာရောင်းသူများ၊ သဲနှင့်ကျောက်လုပ်ငန်းများနှင့် ဝင်ငွေအကောင်းဆုံး သတ္တုတူးဖော်သည့် လုပ်ငန်းတို့ ဖြစ်သည်။ PDF စစ်ဆေးရေးစခန်းများသည် သတ္တုမိုင်းများအနီးတွင်ရှိပြီး ထုတ်လုပ်သည့် သံဖြူနှင့် ခဲသတ္တုရိုင်းများအတွက် အခွန်ကောက်သည်ဟု သူကပြောသည်။

တနင်္သာရီ ပအဖ သည် လွန်ခဲ့သောနှစ်တွင် အရက်၊ ကူးတို့သင်္ဘောနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ ငွေကျပ် ၄၅ သန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းမှ ငွေကျပ် သန်း ၇၀၀ ရသည်ဟု ၎င်းကပြောသည်။ NUG က ၃၀ ရာခိုင်နှုန်း၊ ပအဖက ၃၀ ရာခိုင်နှုန်းနှင့် တော်လှန်ရေးတပ်ဖွဲ့များက ၄၀ ရာခိုင်နှုန်း ခွဲဝေကြောင်း၊ ပအဖ သည် ကိစ္စတခုခြင်းအတွက် NUG ထံမှ နောက်ထပ် ရန်ပုံငွေတောင်းနိုင်ကြောင်းလည်း ရှင်းပြသည်။

သဘောတရားအရ NUG သည် ၎င်းတို့ ရှယ်ယာများကို အစု သုံးစုခွဲသည်။ ၃ ပုံ ၁ ပုံကို အခွန်ရရှိမှုနည်းသည့် PDF ထိန်းချုပ်ဒေသများ၊ နောက် ၁ ပုံကို ၎င်းတို့အတွက် ရန်ပုံငွေနှင့် နောက်ဆုံး ၁ ပုံကို ပြင်းထန်သော ပဋိပက္ခအခြေအနေမှ ဒေသများအတွက် ဒေသဆိုင်ရာ ရန်ပုံငွေအဖြစ် ထားသည်။ သို့သော် ထိုပုံစံကို အကောင်အထည်ဖော်ခြင်း ရှိ၊ မရှိ ရန်ပုံငွေအသုံးပြုမှုနှင့် ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာ မှတ်တမ်းတင်သည့် တော်လှန်ရေးရင်းမြစ်များက မေးခွန်းထုတ်နေသည်။

တကူရွာရှိ အချုပ်ခန်း၌ အချုပ်သားတဦး၏ အဝတ် လှမ်းထားစဉ် / Valeria Mongelli

ပအဖ အဖွဲ့သည် အခွန်များကို PDF များ၊ ဒေသခံလက်နက်ကိုင်များနှင့်အတူ ကောက်ခံသည်။ သို့သော် လူဦးရေ ထူထပ်သောနေရာများတွင် လက်နက်ကိုင် PDF စစ်သားများရှိနေခြင်းကို ဆန့်ကျင်ကြောင်း ဦးရဲမြင့်ဆွေ ပြောသည်။

“တချို့နေရာတွေမှာ လုံခြုံရေးအတွက် PDF တွေ ချထားပေမယ့် အများစုက ရှေ့တန်းမှာပဲရှိတယ်။ PDF တွေ အနီးနားမှာရှိနေရင် စိတ်ချလက်ချ အိပ်လို့ရတယ်လို့ ပြည်သူတွေက ပြောကြတယ်။ ဒါပေမယ့် PDF တွေ ရှိလို့ဆိုပြီး စစ်ကောင်စီက အဲဒီနေရာကို ပစ်မှတ်လုပ်မှာ ကျနော်စိုးရိမ်တယ်”

“တချို့နေရာတွေမှာ လုံခြုံရေးအတွက် PDF တွေ ချထားပေမယ့် အများစုက ရှေ့တန်းမှာပဲရှိတယ်။ PDF တွေ အနီးနားမှာရှိနေရင် စိတ်ချလက်ချ အိပ်လို့ရတယ်လို့ ပြည်သူတွေက ပြောကြတယ်။ ဒါပေမယ့် PDF တွေ ရှိလို့ဆိုပြီး စစ်ကောင်စီက အဲဒီနေရာကို ပစ်မှတ်လုပ်မှာ ကျနော်စိုးရိမ်တယ်” ဟု သူကပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တနင်္သာရီမြို့နယ်တွင် လူဦးရေ ၁၀၆,၈၅၃ ဦးရှိသည်။ စစ်တပ်ထိန်းချုပ်ဒေသတွင် လူ ၅၀,၀၀၀ အောက်သာရှိကြောင်း ဦးရဲမြင့်ဆွေက ပြောပြီး စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းရေး ကြေညာပြီးနောက် PDF ထိန်းချုပ်ဒေသသို့ လူ ၁,၀၀၀ ခန့် ကူးလာကြောင်း ရှင်းပြသည်။

တော်လှန်တိုက်ခိုက်ရေးသမားများနှင့် ပြည်သူများအကြား ငြိမ်းချမ်းရေး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း ၎င်းကပြောသည်။ “ကျနော်တို့ ကံကြမ္မာကို ကျနော်တို့ ထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့လိုတယ်။ ကျနော်တို့က ခံစစ် မဟုတ်တော့ဘူး။ စစ်မြေပြင်မှာ ကျနော်တို့က ဦးဆောင်နေတယ်၊ စစ်ကောင်စီ စစ်သားတွေက ပုံစံအမျိုးမျိုးနဲ့ ကျဆုံးနေတယ်” ဟု ဆက်ပြောသည်။

အာဏာသိမ်းပြီး သုံးနှစ်ကာလအတွင်း အခြေကျပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် နိုင်ငံအစိတ်အပိုင်း အများအပြားတွင် စစ်မြေပြင်အောင်မြင်မှုများကို အကျိုးပြုနေသည်။ သို့သော် လူမျိုးစုကွဲပြားစုံလင်သည့် တနင်္သာရီဒေသတွင် ထိပ်တိုက်ဖြစ်နေသော ဒေသအစီအစဉ်များနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အယုံအကြည်ကင်းမဲ့မှုသည် ခိုင်မာသော မဟာမိတ်များ ဖွဲ့စည်းရေးကို အဟန့်အတား ဖြစ်စေသည်။

ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများတွင် PDF နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ သည် သိမ်မွေ့သောဆက်ဆံရေး ရှိသည်။ KNU ၏ တပ်မဟာ ခုနစ်ခု ဒေသအမျိုးမျိုးမှ PDF များကို အဆင့်အမျိုးမျိုးဖြင့် ထောက်ခံကြပြီး တပ်မဟာ ၄ မှ တပ်မှူးများသည် တနင်္သာရီမှ တော်လှန်ရေးအင်အားစုများကို လေ့ကျင့်ကာ ကူညီဖွဲ့စည်းပေးထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တခုက ပြောသည်။

သို့သော် အချို့တပ်မှူးများသည် အာဏာသိမ်းမှုမဖြစ်မီက သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးအရ စစ်တပ်ကို ရိက္ခာဖြည့်တင်းခွင့်နှင့် တပ်များလှည့်ချခွင့်ပြုထားသည်။

အချို့ဒေသ PDF ခေါင်းဆောင်များက တပ်မဟာ ၄ သည် သတ္တုတူးဖော်ရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် အခြား စီးပွားရေးလုပ်ငန်းများကြောင့် အလွန်သတိထားနေကြောင်း ပြောသည်။

တပ်မဟာ ၄ ၏ အမြင်မှကြည့်ပါက အချို့ PDF တပ်များကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်ပေးရန် လိုအပ်နေပြီး ၎င်းတို့၏ ဝါရင့်တပ်မှူးများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု မြင်သည်။ သတိလက်လွတ်ပြုမူခြင်းသည် ကြီးမားသောတန်ဖိုး ပေးဆပ်ရတတ်ပြီး အထူးသဖြင့် စစ်တပ်ကျူးကျော်မှု၏ ပစ်မှတ်ဖြစ်နေသည်မှာ ကာလများစွာ ကြာမြင့်ပြီဖြစ်သည့် ကရင်လူမှုအသိုက်အဝန်းများအတွက် တန်ဖိုးကြီးမားစွာ ပေးဆပ်ရနိုင်သည်။

အရေးပါသည့်အချက်မှာ ထိုးစစ်များအတွင်း မည်သည့်ဘက်ကမှ ကွပ်ကဲမှုကို မပေးလိုခြင်းဖြစ်သည်။ သို့သော် ကရင်တပ်များသည် စစ်ကောင်စီနှင့်ပတ်သက်သည့် ၎င်းတို့၏ရပ်တည်ချက် ပိုမိုပြတ်သားလာပုံရသည်။ တပ်မဟာ ၄ သည် ယခုနှစ်အစောပိုင်းတွင် စစ်တပ်စခန်းတခုကို သိမ်းပိုက်ခဲ့သည်။

“အခုအချိန်မှာ စစ်ကောင်စီကို ဗြောင်ကျကျ စစ်ဆင်နေကြတယ်” ဟု တော်လှန်ရေးတပ်မှူးတဦးက ပြောပြီး စစ်ကောင်စီနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ရပ်တည်ခြင်းကြောင့် တပ်မဟာ ၄ အတွက် လူမျိုးစုံတပ်သားသစ်များကို ပိုမိုစည်းရုံးနိုင်မည်ဟု ပြောသည်။

အောက်ခြေအဆင့် စစ်သားများအကြားတွင် ရဲဘော်ရဲဘက်စိတ်ဓာတ် ရှိသည်။ အချို့ဒေသခံ PDF စစ်သင်တန်းပေးသူများသည် ၎င်းတို့ကို လေ့ကျင့်ပေးလိုက်သူများအား ရိုသေလေးစားသမှုဖြင့် KNU ဘက်တံဆိပ်များကိုပင် တပ်ဆင်ကြသည်။ တူညီသော ရန်သူစစ်တပ်ကို တိုက်နေသောကြောင့် ပိုမို ပူးပေါင်းဆောင်ရွက်မည့် မျှော်လင့်ချက်များကို မြင့်မားစေသည်။ သို့သော် ဆက်ဆံရေးသည် ထိခိုက်လွယ်ပြီး စစ်ကောင်စီ ဒီလှိုင်း ကျဆင်းလာချိန် အနာဂတ်တွင် မရေရာမှုများ ဖုံးလွှမ်းနေသည်။

ကျေးလက် PDF ဒေသအတွင်းပိုင်း သတ္တုမိုင်းအလွတ်တခုတွင် အလုပ်သမား ၂၀ ခန့်သည် ကျောက်များကို ထုခွဲစစ်ယူနေကြသည်။ ၎င်းတို့အနက် ထက်ဝက်ခန့်သည် ကလေးငယ်များဖြစ်ပြီး သစ်ပင်ကင်းမဲ့ကာ ကျင်းကြီးများဖြစ်နေသည့် တောင်ပေါ်တွင် လုပ်ကိုင်ကြသော ကုမ္ပဏီများက ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲထားသည့် ကျောက်ကျိုးကျောက်ပဲ့များကို ရွေးချယ်နေကြသည်။

တနင်္သာရီတိုင်းရှိ တကူကျေးရွာ / Valeria Mongelli

ကလေးများသည် ချောင်းအတွင်းသို့ဆင်းပြီး ၎င်းတို့ ရှာဖွေထားသည်များကို ဆေးကြောကာ သံဖြူသတ္တုရိုင်းများကို ခွဲထုတ်ပြီး ထိုသတ္တုမိုင်း၏ ခေါင်းကိုင်မိခင်ကြီး အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်ငယ် အနီးတွင် ပုံထားကြသည်။ “ဒီကလေးတွေက အသက် ၁၀ နှစ် အရွယ်ကတည်းက ဘယ်ကျောက်ခဲကို ရွေးချယ်ရမယ်ဆိုတာကို သိကြတယ်” ဟု သူက ပြောသည်။

အလုပ်သမားအများစုသည် ဆွေမျိုးများဖြစ်ကြောင်း ဒေါ်ခင်ငယ်က ပြောသည်။ သူသည် ကလေးဘဝကတည်းက သတ္တုမိုင်းများတွင် လုပ်ကိုင်ခဲ့သည့် အဘွားဖြစ်သည်။ ကျောက်များကို ရွေးချယ်ရခြင်းသည် သူ၏ခန္ဓာကိုယ်ကို ပင်ပမ်းနွမ်းနယ်စေသည်။ သူသည် ထိုင်ရင်း၊ စကားပြောရင်း ကျောက်များကို တူဖြင့် အလိုအလျောက် ထုနေသည်။ မြေပြိုခြင်းများကြောင့် ထိုလုပ်ငန်းသည် အသက်အန္တရာယ်ရှိသော လုပ်ငန်းဖြစ်ကြောင်း ပြောသည်။ ၅ မိုင်နီးပါးအဝေးတွင် အခြေစိုက်သည့် စစ်သားများသည် ထိုလုပ်ငန်းခွင်သို့ မလာရဲတော့သောကြောင့် ပစ်ခတ်မှုအန္တရာယ် လျော့ကျလာသည်။

“စစ်ကောင်စီ စစ်သားတွေလာရင် ကျမတို့ ထွက်ပြေးရတယ်။ ဒါပေမယ့် သူတို့ ဒီသတ္တုမိုင်းတွေဘက်ကို မလာတာ တနှစ်ကျော်ပြီ”

“စစ်ကောင်စီ စစ်သားတွေလာရင် ကျမတို့ ထွက်ပြေးရတယ်။ ဒါပေမယ့် သူတို့ ဒီသတ္တုမိုင်းတွေဘက်ကို မလာတာ တနှစ်ကျော်ပြီ” ဟု ဒေါ်ခင်ငယ်က ပြောသည်။

သတ္တုကုန်သည်များသည် သတ္တုမိုင်းမှ အလုပ်သမားများထံမှ တိုက်ရိုက်ဝယ်သည်ဟု ဒေါ်ခင်ငယ်က ပြောသည်။ ထိုသို့ လာရောက် ဝယ်ယူခြင်းကြောင့် အလုပ်သမားများသည် PDF အခွန်ကောက်ခံခြင်းကို တိမ်းရှောင်နိုင်သည်။ ထိုသံဖြူများ နောက်ဆုံးတွင် မည်သည့်နေရာသို့ ရောက်သွားသည်ကို သူ မသိပေ။ သူ၏ မိသားစုသည် ထိုသတ္တုမိုင်းမှ တရက်လျှင် ကျပ် ၆၀,၀၀၀ အထိရပြီး သတ္တုမိုင်းစောင့်နတ် ကျေနပ်စေရန် ထန်းရွက်ပေါ်တွင် ဝီစကီ၊ ကြက်ကြော်နှင့် သကြားလုံးများ ဆက်ကပ်ရကြောင်း ပြောသည်။

စစ်ကောင်စီအောက်၌ အလုပ်လုပ်ရန် ငြင်းဆန်သည့် အသက်အရွယ် အလယ်အလတ် ကျောင်းဆရာ သုံးဦး ဆင်ခြေလျှော အထက်ပိုင်းတွင် နေပူထဲတွင် အလုပ်လုပ်နေကြသည်။ “ကျနော်တို့ဘဝတွေ လုံးဝ ပြောင်းလဲသွားပြီ” ဟု တဦးက ပြောသည်။

လယ်သစ်တွင် လှေတည်ဆောက်သူ အသက် ၃၈ နှစ်အရွယ် ကိုအောင်ဇော်ဌေးသည် စစ်ပွဲနှင့် ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် နှစ်စဉ် ရိုးရာလှေပြိုင်ပွဲများကဲ့သို့ အစဉ်အလာများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည်။ ပြိုင်ပွဲဝင် ၄၂ ဦး စီးနိုင်အောင် သစ်ပင်ကို ထွင်းပြီး ပြုလုပ်ထားသည့် နဂါး နှစ်ကောင်လှေများတွင် ပုရွက်ဆိတ်များနှင့် ပင့်ကူအိမ်များ ဖုံးလွှမ်းနေသည်။

လတ်တလောတွင် ကိုအောင်ဇော်ဌေးသည် အနိုင်ရသည့် သေနင်္ဂဗျူဟာကို ဆက်လက် ထိန်းသိမ်းနိုင်အောင် အာရုံစိုက်နေသည်။ “လူတိုင်းလူတိုင်းက ချိန်သားကိုက် လုပ်ရမယ်၊ ကျနော်တို့ထဲက တယောက် ချိန်သားမကိုက်ရင် ကျနော်တို့ အသင်းရှုံးမယ်” ဟု ပြောသည်။ စစ်ကောင်စီကို တနင်္သာရီတွင်တိုက်သည့် စစ်ပွဲသည်လည်း သူ၏ စကားလုံးများနှင့် ကိုက်ညီနေသည်။

(Nikkei Asia ပါ Lorcan Lovett ၏ Life in Myanmar’s resistance-held areas ကို ဘာသာပြန်သည်။)

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
18
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
161
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
108

You may also like these stories:

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

အညာသူမကြီး ပြောပြသည့် အညာ

NUG ကိုယ်တွင်းက နတ်ဆိုး

Your Thoughts …
Tags: KNUNLDNUGPATPDFကရင်အမျိုးသားအစည်းအရုံးစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုဒေါ်အောင်ဆန်းစုကြည်နွေဦးတော်လှန်ရေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လေကြောင်းတိုက်ခိုက်မှုအတင်းအကျပ် စစ်သားစုဆောင်းမှုအပစ်အခတ်ရပ်စဲရေးအမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
Lorcan Lovett

Lorcan Lovett

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား

မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား

ဒိုင်ပွဲရပ်

ဒိုင်ပွဲရပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved