• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲအတွင်းမှ လက်တွေ့ရလဒ်များ

by အေးချမ်းဆု
5 October 2024
in ဆောင်းပါး
A A
မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲအတွင်းမှ လက်တွေ့ရလဒ်များ

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့က သိမ်းယူအပြီး

7.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် တပြည်လုံးအနှံ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ရှမ်းမြောက်တွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှ စ၍ သိသာသော စစ်ရေးအပြောင်းအလဲများကို တွေ့ရ၏။

စစ်ကောင်စီတပ် ဆုံးရှုံးသွားသော စစ်အင်အားများ

စစ်ကောင်စီတပ်၏ တပ်ရင်းတပ်ဖွဲ့များစွာ အထိနာခဲ့ပြီး တိုင်းစစ်ဌာနချုပ်တခု အပါအဝင် တပ်ရင်းဖွဲ့ ၁၀၀ ကျော် စစ်တပ် စစ်အင်္ဂါစဉ်ထဲမှ လုံးဝပျောက်ကွယ်သည်ကို အောက်ပါ စစ်တိုင်းအလိုက် တွေ့ရ၏။

(က) အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ

၁။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လားရှိုး
၂။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လောက်ကိုင်
၃။ အမှတ် ၁ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၁) ကျောက်မဲ
၄။ အမှတ် ၁၆ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၁၆) သိန္နီ

ရမခ လက်အောက်ခံ တိုင်းတပ်များ

၁။ အမှတ် ၄၁ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၄၁) လားရှိုး
၂။ အမှတ် ၄၅ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၄၅) ကွတ်ခိုင်
၃။ အမှတ် ၁၂၃ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၂၃) နန့်ဖတ်ကာ
၄။ အမှတ် ၁၂၅ ခြေလျင်တပ်ရင်းဌာနချုပ် (၁၂၅) ကုန်ကြမ်း
၅။ အမှတ် ၁၂၇ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၂၇) ကွမ်းလုံ
၆။ အမှတ် ၁၂၈ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၂၈) ပါစင်ကျော်
၇။ အမှတ် ၁၂၉ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၂၉) (ရန်ခွမ့် ခေါ် ညန်ခွမ့်)
၈။ အမှတ် ၁၃၀ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၃၀) မန်တုံ
၉။ အမှတ် ၁၄၃ ခြေလျင်တပ်ရင်း ဌာနချုပ် (ခလရ ၁၄၃) ဟိုပန်
၁၀။ အမှတ် ၁၄၅ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၄၅) ဟိုပန်
၁၁။ အမှတ် ၁၄၇ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၄၇) သီပေါ
၁၂။ အမှတ်၂၃၉ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၃၉) လောက်ကိုင်
၁၃။ အမှတ် ၂၉၀ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၉၀) တာမိုးညဲ
၁၄။ အမှတ် ၂၉၁ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၉၁) နန့်ပေါင်
၁၅။ အမှတ် ၃၁၂ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၁၂) ရွှေညောင်ပင်
၁၆။ အမှတ် ၃၂၂ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၂၂) လောက်ကိုင်
၁၇။ အမှတ် ၃၂၄ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၂၄) နမ္မတူ

အမှတ် ၁၆ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၁၆ ) သိန္နီ လက်အောက်ခံ တပ်ရင်းများ

၁။ အမှတ် ၆၈ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၆၈) လားရှိုး
၂။ အမှတ် ၆၉ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၆၉) သိန္နီ
၃။ အမှတ် ၂၄၀ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၄၀) သိန္နီ
၄။ အမှတ် ၂၄၁ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၄၁) ကွတ်ခိုင်
၅။ အမှတ် ၂၄၂ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၄၂) ကွတ်ခိုင်
၆။ အမှတ် ၃၂၃ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၂၃) သိန္နီ
၇။ အမှတ် ၅၀၇ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၀၇) လားရှိုး
၈။ အမှတ် ၅၂၂ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၂၂) လားရှိုး
၉။ အမှတ် ၅၆၇ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၆၇) နန့်ဆလပ်
၁၀။ အမှတ် ၅၆၈ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၆၈) နန့်‌ဆလပ်

အမှတ် ၁ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၁) ကျောက်မဲ လက်အောက်ခံတပ်ရင်း

၁။ အမှတ် ၅၀၁ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၀၁) ကျောက်မဲ
၂။ အမှတ် ၅၀၂ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၀၂) ကျောက်မဲ
၃။ အမှတ် ၁၁၄ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၁၁၄) နောင်ချို
၄။ အမှတ် ၁၁၅ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၁၁၅) နောင်ချို

လားရှိုးတိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ထံ လက်နက်ချသော စစ်ကောင်စီစစ်သားများ

ရမခ နယ်မြေရှိ အမြောက်တပ်ရင်းများ

၁။ အမှတ် ၃၄၆ အမြောက်တပ်ရင်းဌာနချုပ် (အမတ ၃၄၆) လားရှိုး
၂။ အမှတ် ၃၄၇ အမြောက်တပ်ရင်းဌာနချုပ် (အမတ ၃၄၇) ကွတ်ခိုင်
၃။ အမှတ် ၃၄၈ အမြောက်တပ်ရင်းဌာနချုပ် (အမတ ၃၄၈) ကွမ်းလုံ
၄။ အမှတ် ၅၀၆ အမြောက်တပ်ရင်းဌာနချုပ် (အမတ ၅၀၆) လောက်ကိုင်
၅။ အမှတ် ၆၀၆ အမြောက်တပ်ရင်းဌာနချုပ် (အမတ ၆၀၆) နောင်ချို
၆။ အမှတ် ၄၀၆ အမြောက်တပ်ရင်းဌာနချုပ် (အမတ ၄၀၆) တောင်ခမ်း

တင့်/သံချပ်ကာ

၁။ အမှတ် ၆၀၀၇ တင့်ကားတပ်ရင်း (တကရ ၆၀၀၇) လားရှိုး

စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးတပ်ဖွဲ့ (စရဖ)

၁။ စရခ (ရမခ) လားရှိုး

လက်ရုံးနှင့်ဝန်ထမ်းတပ်များ

၁။ အမှတ် ၄ ဆက်သွယ်ရေးတပ်ရင်း (ဆသရ ၄) လောက်ကိုင်
၂။ အမှတ် ၇၁၇ ဆက်သွယ်ရေးတပ်ရင်း (ဆသရ ၇၁၇) လားရှိုး
၃။ အမှတ် ၇ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (အဆရ ၇) လားရှိုး
၄။ အမှတ် ၇ ဆက်သွယ်ရေးအလုပ်ရုံ (လဆသ ၇)လားရှိုး
၅။ အမှတ် ၄ တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်း (တစသ ၄) လားရှိုး
၆။ အမှတ် ၈ ပညာရေးကျောင်း (ပညရ ၈) လားရှိုး
၇။ အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ ၁၀) လားရှိုး
၈။ အမှတ် ၉ တပ်မတော်ဆေးရုံ၊ ကုတင် ၁၀၀ (တဆရ ၉/၁၀၀)
၉။ အမှတ် ၉၀၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၀၂) လားရှိုး
၁၀။ အမှတ် ၉၅၉ ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) (ဆလအခွဲ ၉၅၉) လားရှိုး
၁၁။ အမှတ် ၇ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း (လဆရ ၇) လားရှိုး
၁၂။ အမှတ် ၅၅၁ အလုပ်ရုံတပ်ခွဲ လျှပ်/စက် (လလစ ၅၅၁)
၁၃။ အမှတ် ၁ ဝန်တင်တပ်ရင်း (ဝတရ ၁) လားရှိုး
၁၄။ အမှတ် ၆၂၆ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်း (ထပရ ၆၂၆) လားရှိုး
၁၅။ အမှတ် ၉၃၆ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်း (ထပရ ၉၃၆) တာ့ရွှေထန်
၁၆။ အမှတ် ၁ နယ်လှည့်တိရိစ္ဆာန်ဆေးကုတပ်စု (နဆတ ၁) လားရှိုး
၁၇။ အမှတ် ၂၄၂ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၂၄၂) လားရှိုး
၁၈။ အမှတ် ၃၄၄ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၃၄၄) လောက်ကိုင်
၁၉။ အမှတ် ၃ တည်းခိုရေးစခန်း (တခစ ၃) လားရှိုး

ရမခ နယ်မြေတွင် စစ်အင်္ဂါစဉ်မှ ပျောက်ကွယ်သွားသည့်တပ်ဖွဲ့ စုစုပေါင်း

၁။ တိုင်းစစ်ဌာနချုပ် ၁ ခု
၂။ ဒကစ ဌာနချုပ် ၁ ခု
၃။ စကခ ဌာနချုပ် ၂ ခု
၄။ ခြေလျင်/ခြေမြန် ဌာနချုပ် ၃၁ ခု
၅။ အမတ ဌာနချုပ် ၇ ခု
၆။ တင်ကား တပ်ရင်းဌာနချုပ် ၁ ခု
၇။ တိုင်း စရဖ ၁ ခု
၈။ လက်ရုံး/ဝန်ထမ်း/သင်တန်းကျောင်း ၁၉ ခု

(ခ) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နယ်မြေ

၁။ အမှတ် ၉ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၉) ကျောက်တော်
၂။ အမှတ် ၁၅ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) ဘူးသီးတောင်

နပခ တိုင်း လက်အောက်ခံ တပ်ရင်းများ

၁။ အမှတ် ၂၃၃ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၃၃) ဘူးသီးတောင်
၂။ အမှတ် ၂၃၄ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၃၄) ဘူးသီးတောင်
၃။ အမှတ် ၂၆၃ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၆၃) ဘူးသီးတောင်
၄။ အမှတ် ၂၈၉ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၈၉) ပလက်ဝ
၅။ အမှတ် ၅၃၈ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၃၈) ရသေ့တောင်
၆။ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၅၀) ပုဏ္ဏားကျွန်း
၇။ အမှတ် ၅၅ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၅၅) သံတွဲ

၂၀၂၄ ခုနှစ်၊ ဇွန်လအထိ တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထားသည့် မြို့များ / ဧရာဝတီ

အမှတ် ၉ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၉) ကျောက်တော် လက်အောက်ခံ တပ်ရင်းများ

၁။ အမှတ် ၃၇၄ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၇၄) ကျောက်တော်
၂။ အမှတ် ၃၇၅ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၇၅) ကျောက်တော်
၃။ အမှတ် ၃၇၆ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၇၆) ကျောက်တော်
၄။ အမှတ် ၃၇၇ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၇၇) မြောက်ဦး
၅။ အမှတ် ၃၇၈ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၇၈) မြောက်ဦး
၆။ အမှတ် ၅၄၀ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၄၀) မြောက်ဦး
၇။ အမှတ် ၃၇၉ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၇၉) မင်းပြား
၈။ အမှတ် ၃၈၀ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၈၀) မင်းပြား
၉။ အမှတ် ၅၄၁ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၄၁) မင်းပြား
၁၀။ အမှတ် ၅၃၉ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၃၉) ကန်စောက်

အမှတ် ၁၅ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) ဘူးသီးတောင် လက်အောက်ခံ တပ်ရင်းများ

၁။ အမှတ် ၃၄၅ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၄၅) ဘူးသီးတောင်
၂။ အမှတ် ၃၅၂ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၅၂) ဘူးသီးတောင်
၃။ အမှတ် ၃၅၃ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၅၃) ဘူးသီးတောင်
၄။ အမှတ် ၅၃၅ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၃၅) ဘူးသီးတောင်
၅။ အမှတ် ၅၃၆ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၃၆) ရသေ့တောင်
၆။ အမှတ် ၅၃၇ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၃၇) ရသေ့တောင်
၇။ အမှတ် ၅၅၁ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၅၁) ဘူးသီးတောင်
၈။ အမှတ် ၅၅၂ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၅၂) တောင်ဘဇား
၉။ အမှတ် ၅၆၄ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၆၄) ဘူးသီးတောင်
၁၀။ အမှတ် ၅၆၅ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၆၅) ဘူးသီးတောင်

အမှတ် ၅ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၅) လက်အောက်ခံ တပ်ရင်းများ

၁။ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၅၆၆) သံတွဲ

အမြောက်တပ် (အမတ) များ

၁။ အမှတ် ၃၇၇ အမြောက်တပ်ရင်း (အမတ ၃၇၇) ကန်စောက်
၂။ အမှတ် ၃၇၈ အမြောက်တပ်ရင်း (အမတ ၃၇၈) ဘူးသီးတောင်

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများ

၁။ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၁) ကျီးကန်ပြင်၊ မောင်တော
၂။ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၂) လေးမိုင်၊ မောင်တော
၃။ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၃) လက်ဝဲဒက်၊ ဘူးသီးတောင်
၄။ အမှတ် ၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၄) မောရဝတီ၊ မောင်တော
၅။ အမှတ် ၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၆) အင်းဒင်၊ မောင်တော
၆။ အမှတ် ၇ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၇) ကြိမ်ချောင်း၊ မောင်တော
၇။ အမှတ် ၈ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၈) အလယ်ချောင်း၊ ဘူးသီးတောင်
၈။ အမှတ် ၉ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၉) မြင်းလွှတ်၊ မောင်တော
၉။ အမှတ် ၁၀ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၁၀) လှဖိုးခေါင်၊ မောင်တော

အခြား

၁။ အမှတ် ၉ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၉) ကြာအင်းတောင်

နပခ နယ်မြေ စုစုပေါင်းဆုံးရှုံးမှု

၁။ စကခ ဌာနချုပ် ၂ ခု
၂။ ခြေလျင်/ခြေမြန် ဌာနချုပ် ၂၈ ခု
၃။ အမတ ၂ ခု
၄။ သင်တန်းကျောင်း ၁
၅။ နခခ ၉ ခု

(ဂ) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နယ်မြေ

၁။ အမှတ် ၁၄၁ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၄၁) ဆင်ဘို
၂။ အမှတ် ၁၄၂ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၄၂) ဒေါဖုန်းယန်
၃။ အမှတ် ၃၁၉ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၁၉) မံစီ
၄။ အမှတ် ၃၁၂ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၂၁) ရွှေညောင်ပင်
၅။ အမှတ် ၄၃၇ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၄၃၇) မိုးမောက်

စကခ ၂၁

၁။ အမှတ် ၂၃၇ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၃၇) ဒါဆိုင်း
၂။ အမှတ် ၃၂၀ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၂၀) မြို့သစ်
၃။ အမှတ် ၃၈၇ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၈၇) မြို့သစ်
၄။ အမှတ် ၄၃၈ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၄၃၈) နွယ်မလန်း

အမြောက်တပ်

၁။ အမတ ၃၇၀ မြို့သစ်

မပခ နယ်မြေ စုစုပေါင်းဆုံးရှုံးမှု

၁။ ခြေလျင်/ခြေမြန် ဌာနချုပ် – ၉ ခု
၂။ အမတ – ၁ ခု

(ဃ) အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နယ်မြေ

၁။ အမှတ် ၁၉ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၉) ဖာပွန်
၂။ အမှတ် ၄၃၄ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၄၃၄) ဖာပွန်
၃။ အမှတ် ၃၅၅ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၅၅) သင်္ဃန်းညီနောင်
၄။ အမှတ် ၃၆၆ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၆၆) သင်္ဃန်းညီနောင်
၅။ အမှတ် ၃၆၇ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၆၇) သင်္ဃန်းညီနောင်

လက်ရုံး/ဝန်ထမ်း

၁။ အမှတ် ၆၄၂ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၆၄၂) ဖာပွန်

ရတခ နယ်မြေ စုစုပေါင်းဆုံးရှုံးမှု

၁။ ခြေလျင်/ခြေမြန် – ၅ ခု
၂။ လက်ရုံး/ဝန်ထမ်း – ၁ ခု

(င) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နယ်မြေ

၁။ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၄၈) သပိတ်ကျင်း
၂။ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၁၀၁၄) မတ္တရာ

လပခ နယ်မြေ စုစုပေါင်းဆုံးရှုံးမှု

၁။ ခြေလျင်/ခြေမြန်ဌာနချုပ် ၁ ခု
၂။ လေကြောင်းရန်ဌာနချုပ် ၁ ခု

(စ) အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နယ်မြေ

၁။ အမှတ် ၁၄၀ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၄၀) မတူပီ
၂။ အမှတ် ၃၀၄ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၀၄) မတူပီ

နမခ နယ်မြေ စုစုပေါင်းဆုံးရှုံးမှု

ခြေလျင်/ခြေမြန်ဌာနချုပ် ၂ ခု

ထို့ကြောင့် စစ်တပ်လက်အောက်ရှိ

၁။ တိုင်းစစ်ဌာနချုပ် ၁ ခု
၂။ ဒကစ ဌာနချုပ် ၁ ခု
၃။ စကခ ဌာနချုပ် ၄ ခု
၄။ ခြေလျင်/ခြေမြန် တပ်ရင်းဌာနချုပ် ၇၆ ခု
၅။ အမတ တပ်ရင်းဌာနချုပ် ၇ ခု
၆။ လကတ ဌာနချုပ် ၁ ရင်း
၇။ တင့်/သံချပ်ကာ တပ်ရင်းဌာနချုပ် ၁ ရင်း
၈။ တိုင်းစရဖ ၁ ခု
၉။ တကက ၁ ခု
၁၀။ လက်ရုံး/ဝန်ထမ်း/အခြား တပ်ရင်းတပ်ဖွဲ့ ၂၀ ခု
၁၁။ နခခ ၉ ခု

အာရက္ခတပ်ဖွဲ့ဝင်များ ပလက်ဝစစ်ဗျူဟာစခန်းကို သိမ်းပိုက်အပြီး

စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ၁၂၂ ခုခန့်သည် စစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်၏။ တိုင်း၊ တပ်မ၊ စကခ လက်အောက်ခံ အခြေချစစ်ဗျူဟာ (စဗခ) နှင့် လှုပ်ရှားစစ်ဗျူဟာ (စဗဟ)၊ နည်းဗျူဟာ (နဗဟ) များစွာလည်း ဆုံးရှုံးခဲ့ပြီဖြစ်၏။

စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ၁၂၂ ခုခန့်သည် စစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်၏။ တိုင်း၊ တပ်မ၊ စကခ လက်အောက်ခံ အခြေချစစ်ဗျူဟာ (စဗခ) နှင့် လှုပ်ရှားစစ်ဗျူဟာ (စဗဟ)၊ နည်းဗျူဟာ (နဗဟ) များစွာလည်း ဆုံးရှုံးခဲ့ပြီဖြစ်၏။

ထို့ပြင် သီပေါအခြေစိုက် အမှတ် ၂၃ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၂၃)၊ အမှတ် ၅၀၃၊ ၅၀၄ ခြေမြန်တပ်ရင်းဌာနချုပ်များ (ခမရ ၅၀၃၊ ခမရ ၅၀၄)၊ တောင်ခမ်းအခြေစိုက် အမှတ် ၉၀၂ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၂)၊ အမှတ် ၃၅၄ အမြောက်တပ်ရင်း (အမတ ၃၅၄)၊ အမှတ် ၂၀၆ အမြောက်တပ်ရင်းဌာနချုပ် (အမတ ၂၀၆) တောင်ခမ်းတို့အား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်။ နခခ ၅ မြို့သူကြီးကိုလည်း အာရက္ခတပ်တော် AA က တိုက်ခိုက်နေဆဲဖြစ်၏။

သပိတ်ကျင်းမြို့နယ်အတွင်း ၇ မိုင်နှင့် ကျောက်ကြီးရှိ

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
166
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
527

-အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)
-အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၂)
-အမှတ် ၁ သိပ္ပံနှင့်နည်းပညာသု‌တေသနတပ် (သနတ ၁)
-အမှတ် ၂၀ တပ်မတော် စစ်ဆေးရုံ ကုတင် ၁၀၀ (တဆရ ၂၀/၁၀၀) တို့အား ဝိုင်းပတ်တိုက်နေဆဲဖြစ်ပြီး စစ်တပ် အသေအပျောက်များနေသည်ဟု သိရ၏။

ရမခကို မိုင်းရယ်တွင် ပြန်လည်ဖွဲ့စည်းနေသည် ဆိုသော်လည်း စစ်အင်္ဂါစဉ် မပြည့်စုံသည့်အပြင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အကာအကွယ်ယူပြီး ရပ်တည်နေရသည်ကို တွေ့ရသည်။

ကျန်ရှိနေသည့် စကခ ၁၆ ခုနှင့် တပ်မ ၁၀၊ စုစုပေါင်း ၂၆ ခုအနက်မှ အမှတ် ၁၈ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၁၈) မှအပ ကျန် ၂၅ ခုမှာ အထိနာပြီး တပ်ပန်းနေသည်။ အထိအခိုက်မရှိ၊ တပ်သိပ်မပန်းသည်မှာ စကခ ၁၈ တခုသာ ကျန်တော့သည်။ ကျန် တိုင်း ၁၃ ခုအနက် တိုင်းစစ်ဌာနချုပ် ၉ ခုတွင် တိုက်ပွဲများ ပြင်းထန်ပြီး တိုင်းတပ်များမှာလည်း အထိအခိုက်များသကဲ့သို့ တပ်ပန်းနေသည်။ စစ်တပ်မှ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ၊ ဘက်ပြောင်းသူ သောင်းဂဏန်းရှိမည်ဟု ခန့်မှန်းရ၏။

တိုက်ပွဲမရှိသည့် ရန်ကုန်တိုင်း (ရကတ)၊ တြိဂံတိုင်း (တသခ)၊ အနောက်တောင်တိုင်း (နတခ)၊ အရှေ့အလယ်ပိုင်းတိုင်း (ရလခ) စစ်ဌာနချုပ်တို့မှ တိုင်းတပ်များကိုလည်း စစ်ဖြစ်ရာနယ်မြေများသို့ ပို့နေသည်။ ရန်ကုန်တိုင်းမှ တဗျူဟာသည် ရှမ်းမြောက် နောင်ချိုတွင် အထိနာသည်ကို တွေ့ရသကဲ့သို့ တြိဂံတိုင်းမှ တပ်အင်အား ထက်ဝက်ခန့်မှာလည်း အခြားတိုက်ပွဲဖြစ်ရာ စစ်နယ်များသို့ ပို့သည်ကို တွေ့ရ၏။

နတခမှ တပ်များသည်လည်း ရခိုင်တောင်ပိုင်းတွင် အထိနာနေသည်ကို တွေ့ရ၏။ နေပြည်တော် (နပတ) မှ တပ်များမှာ တိုက်ပွဲအနည်းငယ်သာ ရှိသော်လည်း အနားမရဘဲ စစ်ပန်းနေသည်ကို တွေ့ရသကဲ့သို့ တပ်အချို့ ပြင်ဦးလွင်တွင် လုံခြုံရေးတာဝန်ယူနေသည်ကို တွေ့ရ၏။ ရလခ တပ်များက ရမခ နှင့် ရပခကို ကူနေရ၏။

နတခမှ တပ်များသည်လည်း ရခိုင်တောင်ပိုင်းတွင် အထိနာနေသည်ကို တွေ့ရ၏။ နေပြည်တော် (နပတ) မှ တပ်များမှာ တိုက်ပွဲအနည်းငယ်သာ ရှိသော်လည်း အနားမရဘဲ စစ်ပန်းနေသည်ကို တွေ့ရသကဲ့သို့ တပ်အချို့ ပြင်ဦးလွင်တွင် လုံခြုံရေးတာဝန်ယူနေသည်ကို တွေ့ရ၏။ ရလခ တပ်များက ရမခ နှင့် ရပခကို ကူနေရ၏။

လက်ရှိ သုံးလသင်တန်းဆင်း တပ်သားသစ်များအား စစ်မြေပြင်သို့ ချက်ချင်းပို့နေရသည်ဖြစ်ရာ အသေအပျောက် များပြားနေသည်ကို တွေ့ရသည်။ ထို့ပြင် လက်နက်ငယ် တပ်ဆင်မှုမှာလည်း အလျင်မမီသဖြင့် တပ်သားသစ်များကို MA လက်နက်ငယ်များ မတပ်ဆင်နိုင်ဘဲ G 3, G 4 လက်နက်ဟောင်းများ ပြန်လည် တပ်ဆင်ပေးနေသည်ကို တွေ့ရ၏။

လက်ရှိ စစ်တပ်၏ မူလအားသာချက်မှာ လေကြောင်း၊ ရေကြောင်း၊ မြေပြင်လက်နက်ကြီးပစ်ကူ ဖြစ်ပြီး လတ်တလော အားသာချက်တခုမှာ ခေတ်မီ ဒရုန်းအများအပြား ဝယ်ယူပြီး စစ်တပ်၊ ရဲနှင့် ပျူစောထီးများကို လေ့ကျင်တပ်ဆင်ပေးနေနိုင်ခြင်း ဖြစ်သည်။

PDF နှင့် နွေဦးတော်လှန်ရေး တပ်ဖွဲ့များ၏ သုံးနှစ်တာကာလအတွင်း အောင်မြင်မှုမှာလည်း မျှော်လင့်သည်ထက် ပိုသည်

စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့သော မြို့များ

ထို့ပြင် စစ်ရေးရလဒ်များ၏ အဆက်အဖြစ် မြန်မာပြည်အတွင်းရှိ မြို့၊ နယ်အဆင့်မြို့နှင့် မြို့နယ်အတွင်းမှ မြို့အဆင့် သတ်မှတ်ထားမြို့ပေါင်း ၇၉ မြို့ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားသည်ကို တွေ့ရ၏။ တိုင်းနှင့်ပြည်နယ် ၁၄ ခုအလိုက် အောက်ပါအတိုင်း တွေ့ရသည်။ (တိုင်းနှင့်ပြည်နယ် သတ်မှတ်ချက်များက ယခင်ရှိပြီးသည့် သတ်မှတ်ချက် အဟောင်းအတိုင်း ဖြစ်ပါသည်။

(က) ကချင်ပြည်နယ်

၁။ ဆွမ်ပရာဘွမ်၊ ၂။ အင်ဂျန်းယန်၊ ၃။ ဆဒုံး၊ ၄။ ဆင်ဘို၊ ၅။ ဒေါဖုန်းယန်၊ ၆။ လွယ်ဂျယ်၊ ၇။ မိုးမောက်၊ ၈။ မံစီ၊ ၉။ မြို့လှ

(ခ) ရှမ်းပြည်နယ်

၁။ ပန်ဆိုင်း၊ ၂။မုန်းကိုး၊ ၃။ နမ့်ခမ်း၊ ၄။ ကွတ်ခိုင်၊ ၅။ တာမိုးညဲ၊ ၆။ သိန္နီ၊ ၇။ ကွမ်းလုံ၊ ၈။ ချင်းရွှေဟော်၊ ၉။ လောက်ကိုင်၊ ၁၀။ ကုန်းကြမ်း၊ ၁၁။ မော်ထိုက်၊ ၁၂။ ဟိုပန်၊ ၁၃။ ပန်လုံ၊ ၁၄။ နမ္မတူ၊ ၁၅။ မန်တုံ၊ ၁၆။ နမ့်ဆန်၊ ၁၇။ နောင်ချို၊ ၁၈။ ကျောက်မဲ၊ ၁၉။ မိုင်းငေါ့၊ ၂၀။ မိုင်းလုံ၊ ၂၁။ မဘိန်း၊ ၂၂။ မိုးမိတ်၊ ၂၃။ လားရှိုး

(ဂ) မန္တလေးတိုင်း

၁။ မိုးကုတ်၊ ၂။ စဉ့်ကူ၊ ၃။ သပိတ်ကျင်း၊ ၄။ တကောင်း

(ဃ) စစ်ကိုင်းတိုင်း

၁။ မော်လူး၊ ၂။ ရွှေပြည်အေး၊ ၃။ ခါမ်းပါတ်၊ ၄။ မြို့သစ်

(င) ချင်းပြည်နယ်

၁။ ကျီခါး၊ ၂။ တွန်းဇံ၊ ၃။ ရိဒ်ခေါဒါရ်၊ ၄။ ဝေဘူလ၊ ၅။ နှာရိန်း၊ ၆။ ဆူးရ်ခွါး၊ ၇။ လိုင်လင်းပီ၊ ၈။ ရေဇွာ၊ ၉။ မကွီအိမ်နူး၊ ၁၀။ ကျင်ဒွေး၊ ၁၁။ ပလက်ဝ၊ ၁၂။ ဆမီး၊ ၁၃။ မတူပီ

(စ) ရခိုင်ပြည်နယ်

၁။ တောင်ပြိုလက်ဝဲ၊ ၂။ ဘူးသီးတောင်၊ ၃။ ရသေ့တောင်၊ ၄။ ကျောက်တော်၊ ၅။ မြောက်ဦး၊ ၆။ ပေါက်တော၊ ၇။ မင်းပြား၊ ၈။ မြေပုံ၊ ၉။ ပုဏ္ဏားကျွန်း၊ ၁၀။ ကမ်းထောင့်ကြီး၊ ၁၁။ မအီ၊ ၁၂။ စနဲ၊ ၁၃။ ရမ်းဗြဲ၊ ၁၄။ သံတွဲ၊ ၁၅။ ကျိန္တလီ

(ဆ) ကရင်နီပြည်နယ်

၁။ မိုးဗြဲ၊ ၂။ နန့်မယ်ခုံ၊ ၃။ ဒီးမော့ဆို၊ ၄။ မော်ချီး၊ ၅။ ရှားတော၊ ၆။ မယ်စဲ့၊ ၇။ ရွာသစ်

(ဇ) ကရင်ပြည်နယ်

၁။ ဖာပွန်၊ ၂။ သင်္ဃန်းညီနောင်၊ ၃။ စုကလိ၊ ၄။ ကျိုက်ဒုံ

ယခင်သတ်မှတ်ထားသည့် တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက်မှ တိုင်းနှင့် ပြည်နယ် ၈ ခုရှိ မြို့ပေါင်း ၇၉ မြို့ကို သိမ်းပိုက်ရရှိထားပြီး ရှမ်းပြည်နယ်ရှိ UWSA ထိန်းချုပ်အောက်ရှိ မိုင်းမောမြို့၊ ပန်ဝိုင်မြို့၊ နမ့်တစ်မြို့၊ နားဖန်းမြို့၊ ပန်ဆန်း၊ ပန်ယန်းမြို့၊ ဝိန်းကောင်မြို့၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ်မှုအောက်ရှိ မိုင်းလားမြို့ စသည့် မြို့ပေါင်း ၉ မြို့မှာလည်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။

ထို့ပြင် PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များသည် ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ မောင်တောမြို့၊ သီပေါမြို့များတွင် ဆက်လက် တိုက်ခိုက်နေသည့်အပြင် တောင်ကုတ်၊ ဂွ၊ မင်းတပ်ကဲ့သို့ ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် မြို့များလည်း ရှိသည်။ သပိတ်ကျင်းမြို့နယ်အတွင်းတွင်မူ ဝိုင်းဝန်းပိတ်ဆို့ထားပြီး ဆက်လက် ရှင်းလင်းရန် လိုအပ်သည့် တပ်အချို့ ကျန်သေး၏။

အထက်ပါ အကြောင်းအချက်များသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ခုခံတော်လှန်စစ် စပြီဟု ကြေညာသည့် သုံးနှစ်ပြည့်တွင် တွေ့ရသည့် ပကတိ မြေပြင်အချက်အလက်များ ဖြစ်သည်။ စစ်တပ်နှင့် နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြားတွင် ဖြစ်ပွားသည့် စစ်ပွဲ၏ အခိုင်အမာရလဒ်များ ဖြစ်၏။

အထက်ပါ အကြောင်းအချက်များသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ခုခံတော်လှန်စစ် စပြီဟု ကြေညာသည့် သုံးနှစ်ပြည့်တွင် တွေ့ရသည့် ပကတိ မြေပြင်အချက်အလက်များ ဖြစ်သည်။ စစ်တပ်နှင့် နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြားတွင် ဖြစ်ပွားသည့် စစ်ပွဲ၏ အခိုင်အမာရလဒ်များ ဖြစ်၏။

စစ်ကောင်စီကို အများအပြား ချေမှုန်းနိုင်ပြီး မြို့အများစု သိမ်းပိုက်နိုင်သည်မှာ အချိန်ယူ စုဖွဲ့လေ့ကျင့်ထားကြသည့် တိုင်းရင်းသားတပ်ဖွဲ့များ ဖြစ်သည်။ သို့သော် ၎င်းတို့၏ အောင်မြင်မှုမှာ တပြည်လုံးအနှံ့ PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများ ပုန်ကန်ထကြွမှုမရှိဘဲ မဖြစ်နိုင်ပေ။

ထို့ပြင် PDF နှင့် နွေဦးတော်လှန်ရေး တပ်ဖွဲ့များ၏ သုံးနှစ်တာကာလအတွင်း အောင်မြင်မှုမှာလည်း မျှော်လင့်သည်ထက် ပိုသည်။ သို့မဟုတ် အခြား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ စတင်ဖွဲ့စည်းခဲ့ကြသည့် သုံးနှစ်တာကာလထက် ပို၍ မြန်ဆန်ပါသည်။

မြန်မာပြည်၏နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို လေ့လာသုံးသပ်ကြသူများသည် လက်ရှိ ပကတိမြေပြင် အချက်အလက်များကို ထည့်သွင်းသုံးသပ်ကြရန် လိုအပ်ပေမည်။

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”

စစ်ကောင်စီ တပ်ရင်း ဌာချုပ်များ ကျရှုံးမှုကို ရေတွက်ကြည့်ခြင်း

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

တလှိုင်းပြီးတလှိုင်း လာနေသော စစ်ရေးလှုပ်ရှားမှုများ

မြန်မာစစ်တပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်း (၁)

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAEAONDAAPDFSliderSSPPTNLAUWSAစစ်ကောင်စီစစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ်စစ်အင်္ဂါစဉ်စစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တိုင်းစစ်ဌာနချုပ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒေသကွပ်ကဲမှုစစ်ဌာနချုပ်နယ်ခြားစောင့်ရဲတပ်ဖွဲ့နွေဦးတော်လှန်ရေးနွေဦးတော်လှန်ရေးအင်အားစုပျူစောထီးပြည်တွင်းစစ်လေကြောင်းပစ်ကူအတင်းအကျပ် စစ်သားစုဆောင်းမှုအမြောက်ပစ်ကူ
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာကို ကယ်ဖို့ ကုလသမဂ္ဂ အကြီးအကဲ သတ္တိရှိရဲ့လား

မြန်မာကို ကယ်ဖို့ ကုလသမဂ္ဂ အကြီးအကဲ သတ္တိရှိရဲ့လား

AA ထိုးစစ် နပခ အနီးထိရောက်လာ (ရုပ်/သံ)

AA ထိုးစစ် နပခ အနီးထိရောက်လာ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved