• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒမတ်စကတ်ကျဆုံးပြီးနောက် ဆီးရီးယားခေါင်းဆောင် ရုရှားသို့ ထွက်ပြေး

by ဧရာဝတီ
10 December 2024
in ဆောင်းပါး
A A
ဒမတ်စကတ်ကျဆုံးပြီးနောက် ဆီးရီးယားခေါင်းဆောင် ရုရှားသို့ ထွက်ပြေး

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မော်စကိုရှိ ကရင်မလင်နန်းတော်တွင် တွေ့ဆုံစဉ် / AFP

1.5k
VIEWS
Share on FacebookShare on Twitter

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်ကို သူပုန်များ ထိန်းချုပ်ကာ အာဆတ်မိသားစု၏ နှစ် ၅၀ သံမဏိအုပ်ချုပ်ရေး အဆုံးသတ်ပြီး နာရီအတန်ကြာတွင် ဖြုတ်ချခံ ဆီးရီးယားခေါင်းဆောင် ဘာရှား အယ်လ် အာဆတ် ရုရှားနိုင်ငံ၊ မော်စကိုသို့ ထွက်ပြေးကာ သူ၏သက်တမ်းရှည် မဟာမိတ်ထံတွင် ခိုလှုံခွင့်တောင်းသည်ဟု ရုရှားမီဒီယာက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖော်ပြသည်။

ထောင်နှင့်ချီသော ဆီးရီးယားများသည် လမ်းမများပေါ် ထွက်လာကြပြီး အောင်ပွဲခံ သေနတ်ပစ်ဖောက်ခြင်း၊ တော်လှန်ရေးအလံများ ဝှေ့ယမ်းခြင်းကို တွေ့ရသည်။ ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုနှင့် နိုင်ငံတွင် ၁၄ နှစ်နီးပါး ပြည်တွင်းစစ်ဖြစ်စေသည့် ပုန်ကန်မှုမတိုင်မီ အာရပ်နွေဦး အစောပိုင်းနေ့ရက်များကို ပြန်လည် အမှတ်ရစေသည်။

အလျင်အမြန် ပြောင်းလဲနေသော ဖြစ်ရပ်များကြောင့် နိုင်ငံနှင့် ကျယ်ပြန့်သောဒေသ၏ အနာဂတ်အတွက် မေးခွန်းများ ဖြစ်ပေါ်နေသည်။

“ကျနော်တို့ရဲ့ ချဉ်းကပ်ပုံနည်းလမ်းက အရှေ့အလယ်ပိုင်း အာဏာချိန်ခွင်လျှာကို ပြောင်းလဲသွားစေတယ်” ဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပြီး ဆီးရီးယားကို ထောက်ခံသည့် ရုရှား၊ အီရန်နှင့် ဟစ်ဇဘိုလာများ အင်အားချိနဲ့သွားစေရန် အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များ၏ လုပ်ဆောင်မှုကို အသိအမှတ်ပြုသည်။

အာဆတ် ကျဆုံးခြင်းသည် တရားမျှတမှု၏ အခြေခံလုပ်ရပ်ဖြစ်သည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောသော်လည်း အန္တရာယ်နှင့် မရေရာမှုများ ဖြစ်နိုင်သောကာလဟု ပြောသည်။ တော်လှန်ရေး သူပုန်အုပ်စုများသည် လတ်တလောတွင် ပြောဆိုမှုများ မှန်ကန်သော်လည်း ၎င်းတို့၏လုပ်ရပ်များကို အမေရိကန် ပြည်ထောင်စုက အကဲဖြတ်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

ရုရှားက ဆီးရီးယားအရေး ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပရန် တောင်းဆိုသည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုသံအမတ် ဒီမီထရီ ပိုလီယန်စကီးက တယ်လီဂရမ်ပို့စ် တခုတွင် ဖော်ပြသည်။

ရုရှားက ဆီးရီးယားအရေး ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပရန် တောင်းဆိုသည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုသံအမတ် ဒီမီထရီ ပိုလီယန်စကီးက တယ်လီဂရမ်ပို့စ် တခုတွင် ဖော်ပြသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185
၂၀၂၄ ခုနှစ်, ဒီဇင်ဘာလ ၈ ရက်နေ့က ကွယ်လွန်သူ ဆီးရီးယား သမ္မတ ဟာဖက် အာဆတ်ရုပ်တုကို ခြေထောက်ဖြင့်နင်းနေသည့် တော်လှန်ရေး တိုက်ခိုက်ရေးသမားတဦး / AP

အာဆတ်နှင့် သူ့မိသားစု မော်စကိုသို့ ရောက်ရှိခြင်းကို Tass နှင့် RIA ရုရှားသတင်းဌာနများက ကရင်မလင်မှ အမည်မဖော်လိုသည့် ရင်းမြစ်တခုကို ကိုးကားဖော်ပြသည်။ ကရင်မလင်မှ ပြောခွင့်ရသူတဦးက မေးခွန်းများကို လတ်တလော ဖြေဆိုခြင်း မရှိသေးပေ။ တော်လှန်ရေး သူပုန်များက ဆီးရီးယားရှိ ရုရှားစစ်စခန်းများနှင့် သံတမန်စခန်းများ လုံခြုံရေးကို အာမခံကြောင်းလည်း RIA သတင်းက ဖော်ပြသည်။

သူပုန်များနှင့် ညှိနှိုင်းပြီး အာဆတ် ဆီးရီးယားမှ ထွက်ခွာကြောင်းနှင့် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးရန် သူညွှန်ကြားခဲ့ကြောင်း ရုရှားက အစောပိုင်းတွင် ပြောသည်။

အကြီးမားဆုံး သူပုန်အုပ်စုခေါင်းဆောင် အဘူ မိုဟာမက် အယ်လ် ဂိုလာနီသည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်မည်ဖြစ်သည်။ ယခင် အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဖြစ်သော ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထိုအဖွဲ့နှင့် အဆက်အသွယ်ဖြတ်ပြီး ဗဟုဝါဒနှင့် ဘာသာရေးသဘောထားကြီးမှုကို ယုံကြည်ကြောင်း ပြောသည်။ သူ၏ ဟယက် တာရီယာ အယ်လ်-ရှမ် အုပ်စု (HTS) ကို အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

တိုက်ခိုက်ရေးသမားများ ဒမတ်စကတ်မြို့စွန်သို့ ဝင်ရောက်လာပြီးနောက် အများပြည်သူရှေ့သို့ ပထမဆုံး ရောက်လာသောအခါ အယ်လ်ဂိုလာနီသည် ယူမေယက်ဗလီသို့ သွားရောက်ပြီး အာဆတ် ကျဆုံးခြင်းသည် “အစ္စလမ်မစ်နိုင်ငံ၏ အောင်မြင်မှု” ဖြစ်ကြောင်း ပြောသည်။ သူ၏ အမည်ဝှက်ကို မသုံးဘဲ မွေးအမည်ဖြစ်သည့် အာမက် အယ်လ်-ရှာရား အမည်ကိုသုံးပြီး အာဆတ်သည် ဆီးရီးယားကို “အီရန်အတွက် လောဘဇောနယ်မြေ” လုပ်ခဲ့ကြောင်း ပြောသည်။

သူပုန်များသည် ပြည်တွင်းစစ်ကြောင့် ပျက်စီးနေသည့် နိုင်ငံ၏ ခါးသီးသော သဘောထားကွဲလွဲမှုများနှင့် လက်နက်ကိုင်အုပ်စုများအကြား အကွဲအပြဲများကို ကုစားရမည့် ကြီးမားသောတာဝန်ကို ရင်ဆိုင်နေရသည်။ တူရကီ ကျောထောက်နောက်ခံပြု သူပုန်များသည် အမေရိကန်မဟာမိတ် ကာ့ဒ်တပ်များကို မြောက်ပိုင်းတွင် တိုက်ခိုက်နေပြီး အစ္စလမ်မစ်နိုင်ငံတော်အုပ်စုသည် ဝေးကွာသောဒေသများတွင် လှုပ်ရှားနေဆဲဖြစ်သည်။

အာဆတ်ကို ဖြုတ်ချလိုက်ပြီး အကျဉ်းသားအားလုံးကို လွှတ်ပေးလိုက်ကြောင်း ဖော်ပြသည့် သူပုန်ကြေညာချက်တခုကို ဆီးရီးယားနိုင်ငံရုပ်သံက ထုတ်လွှင့်သည်။ “လွတ်လပ်သော ဆီးရီးယားနိုင်ငံတော်” ၏ အင်စတီကျူးရှင်းများကို ဆက်လက် ထိန်းသိမ်းရန် ၎င်းတို့က ပြည်သူများကို တိုက်တွန်းပြီး ဒမတ်စကတ်တွင် ညနေ ၄ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ကြေညာသည်။

အမည်ဆိုးကျော်ကြားသည့် ဆက်နာယာထောင်မှ အမျိုးသမီး ဒါဇင်ပေါင်းများစွာကို လွှတ်ပေးသည်ဟု အွန်လိုင်းဗီဒီယိုတခုက ဖော်ပြသည်။ ထိုထောင်တွင် လူထောင်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။ လွှတ်ပေးခံရသူများအကြားတွင် ကလေးငယ်တဦးကိုလည်း မြင်ရသည်။

“ဒီပျော်ရွှင်မှုဟာ ကျမသား ထောင်ကထွက်လာတာကို မတွေ့ရမချင်း၊ သူဘယ်ရောက်နေတာကို မသိရမချင်း ပြီးပြည့်စုံမှာ မဟုတ်ဘူး” ဟု ဘက်ဆမ် မာဆာက ပြောသည်။ “ကျမ သူ့ကိုရှာနေတာ နှစ်နာရီလောက်ရှိပြီ။ သူအဖမ်းခံနေရတာ ၁၃ နှစ်ရှိပြီ” ဟု ၎င်းကပြောသည်။

တော်လှန်ရေး သူပုန်တပ်မှူး အနက်စ် ဆယ်ခါဒီသည် နိုင်ငံတော်ရုပ်သံတွင် ပေါ်လာပြီး “ဆီးရီးယားဟာ လူတိုင်းအတွက် ဖြစ်တယ်၊ ခြွင်းချက်မရှိဘူး။ ဆီးရီးယားဟာ ဒရုဇ်တွေ၊ ဆွန်နီတွေ၊ အယ်လာဝိုက်စ်တွေနဲ့ အုပ်စုအားလုံးအတွက် ဖြစ်တယ်” ဟုပြောကာ ဘာသာရေးနှင့် လူမျိုးစုများကို အာမခံသည်။

တော်လှန်ရေး သူပုန်တပ်မှူး အနက်စ် ဆယ်ခါဒီသည် နိုင်ငံတော်ရုပ်သံတွင် ပေါ်လာပြီး “ဆီးရီးယားဟာ လူတိုင်းအတွက် ဖြစ်တယ်၊ ခြွင်းချက်မရှိဘူး။ ဆီးရီးယားဟာ ဒရုဇ်တွေ၊ ဆွန်နီတွေ၊ အယ်လာဝိုက်စ်တွေနဲ့ အုပ်စုအားလုံးအတွက် ဖြစ်တယ်” ဟုပြောကာ ဘာသာရေးနှင့် လူမျိုးစုများကို အာမခံသည်။

“အာဆတ်မိသားစု လုပ်သလိုမျိုး ပြည်သူတွေကို ကျနော်တို့ မဆက်ဆံဘူး” ဟုလည်း ၎င်းကပြောသည်။

၇ ရက်ကြာ ထိုးစစ်အပြီး ဆီးရီးယားတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် သူပုန်များက သိမ်းပိုက်ထားသည့် နယ်မြေများ / Source: LiveUA • *Ahrar al-Sham, Jaish al-Islam etc.

မြို့တော်မှ အောင်ပွဲခံမှုများ

ဒမတ်စကတ်ဒေသခံများသည် ဗလီများတွင် ဝတ်ပြုပြီး ရင်ပြင်များတွင် အောင်ပွဲခံကာ “ဘုရားသခင်သည် ကြီးမြတ်သည်” ဟု အော်ဟစ်ကြသည်။ ပြည်သူများသည် အာဆတ် ဆန့်ကျင်ရေးကြွေးကြော်သံများ အော်ဟစ်ကြပြီး ကားဟွန်းများတီးကြသည်။ ဆယ်ကျော်သက်ရွယ် ယောက်ျားလေးများသည် လုံခြုံရေးတပ်များ စွန့်ပစ်ခဲ့သည့် လက်နက်များကို ကောက်ကိုင်ကာ လေထဲသို့ ပစ်ဖောက်ကြသည်။

စစ်သားများနှင့်ရဲများသည် စခန်းများမှ ထွက်ပြေးကြပြီး လုယက်သူများသည် ကာကွယ်ရေးဝန်ကြီးဌာနကို ချိုးဖောက်ဝင်ရောက်သည်။ သမ္မတနန်းတော်တွင် ပြည်သူများ လှည့်ပတ်သွားလာနေပြီး ပျက်ဆီးနေသည့် အာဆတ်ဓာတ်ပုံများကို နင်းဖြတ်ကြသည်။ မြို့တော်၏ အခြားအစိတ်အပိုင်းများတွင် လူသူကင်းမဲ့ပြီး ဈေးဆိုင်များ ပိတ်ထားကြသည်။

“အိပ်မက်လိုဖြစ်နေတယ်။ တယောက်ယောက် လာနှိုးပါ” ဟု အတိုက်အခံ တိုက်ခိုက်ရေးသမား အဘူလိုက်သ်က ပြောပြီး ဒမတ်စကတ်တွင် သူပုန်များကို “မေတ္တာဖြင့်” ကြိုဆိုကြောင်း ပြောသည်။

သူပုန်များသည် တရားရေးဌာနကို စောင့်ကြပ်နေပြီး ထိုနေရာတွင် သူနှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် စာရွက်စာတမ်းများကို ကာကွယ်နေကြောင်း တရားသူကြီး ခီတမ် ဟက်ဒက်က ပြောသည်။ ပြင်ပတွင် ဒေသခံများသည် အာဆတ် လက်အောက်တွင် ပျောက်ဆုံးနေသူများ၏ သတင်းအချက်အလက်များကို ဆွေမျိုးများက လာရောက်တောင်းခံနေသည်။

သူပုန်များသည် “ပြည်သူများ၏ နာကျင်မှုများကို နားလည်ကြောင်း” သူ၏အမည် ပထမ စာလုံးဖြစ်သည့် ဟီဘာဟု ဖော်ပြသည့် အမျိုးသမီးတဦးက ပြောသည်။ အများအားဖြင့် အသက်မပြည့်သေးသူများ ပါဝင်သော သူပုန်များက လက်စားချေ သတ်ဖြတ်မည်ကို စိုးရိမ်ကြောင်း ၎င်းကပြောသည်။

ဆီးရီးယားနိုင်ငံ၊ ဟာမာမြို့ရှိ သမ္မတ ဘာရှားအာဆတ် ဆိုင်းဘုတ်အနီး တော်လှန်ရေးသမားတဦးကို ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ် / AFP

သမိုင်းအရ ဆီရီးယားအစိုးရ လိုလားသော သတင်းစာ အယ်လ်-ဝါတန်က ဆီးရီးယား၏ စာမျက်နှာသစ်ဟု ရေးသားပြီး “ထပ်မံသွေးမြေမကျလို့ ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်တယ်” ဟုဖော်ပြသည်။ အထက်မှ အမိန့်ပေးသော အစိုးရကြေညာချက်များကို ထုတ်ဝေခြင်းအတွက် မီဒီယာလုပ်သားများကို အပြစ်မတင်သင့်ကြောင်းလည်း ဆက်လက် ဖော်ပြသည်။

အာဆတ်ထောက်ခံမှု အခြေခံဖြစ်သော အယ်လဝိုက်အုပ်စုမှ ကြေညာချက်တခုတွင် လူငယ်များ စိတ်တည်ငြိမ်ရန်၊ ဆင်ခြင်တုံတရားရှိရန်နှင့် အသိတရားရှိရှိလုပ်ရန် တိုက်တွန်းပြီး နိုင်ငံညီညွတ်ရေးကို ပြဲကွဲအောင်မလုပ်ရန် တိုက်တွန်းသည်။

သူပုန်များသည် အဓိကအားဖြင့် ဆီးရီးယားမှ ဆွန်နီမွတ်ဆလင်လူများစုမှ ဖြစ်ကြသည်။ ဆီးရီးယားတွင် ကြီးမားသော ဒရုဇ်များ၊ ခရစ်ယာန်များနှင့် ကာ့ဒ်လူမှုအသိုက်အဝန်းများလည်း ရှိသည်။ အရှေ့မြောက်ပိုင်းမှ ကာမီရှလီတွင် ကာ့ဒ်တဦးသည် ကွယ်လွန်သူခေါင်းဆောင် ဟာဖက် အာဆတ်၏ ရုပ်တုကို သူ၏ဖိနပ်နှင့် ရိုက်နေသည်။

စနစ်တကျ အသွင်ကူးပြောင်းရေး တောင်းဆိုမှုများ

နိုဝင်ဘာလ ၂၇ ရက်နေ့နောက်ပိုင်း သူပုန်များ ချီတက်လာခြင်းသည် မကြာသေးမီ နှစ်များအတွင်း အကြီးမားဆုံးဖြစ်ပြီး ဆီးရီးယားစစ်တပ် ပြိုကွဲခြင်းကြောင့် အလက်ပို၊ ဟာမာနှင့် ဟွမ်မြို့များသည် ရက်ပိုင်းအတွင်း ကျဆုံးသည်။ လက်ဘနွန်နယ်စပ်မှ ဒမတ်စကတ်သို့လမ်းတွင် စစ်ဝတ်စုံများနှင့် မီးလောင်ထားသည့် သံချပ်ကာယာဉ်များ ပြန့်ကျဲနေသည်။

အာဆတ်ကို အရေးပါသည့် ထောက်ခံမှုပေးသော ရုရှား၊ အီရန်နှင့် ဟစ်ဇဘိုလာများသည် အခြားပဋိပက္ခများတွင် အကျပ်အတည်းတွေ့ပြီး အာဆတ်ကို စွန့်ပစ်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က ဆီးရီးယားနှင့် အစ္စရေးနယ်စပ် ဂိုလန်ကုန်းမြင့်အနီးတွင် တပ်စွဲထားသည့် အစ္စရေး တင့်ကားများ / AFP

အာဆတ်အုပ်ချုပ်ရေး အဆုံးသတ်ခြင်းသည် အစ္စရေးနှင့် ပဋိပက္ခကြောင့် အင်အားချိနဲ့နေသည့် အီရန်နှင့် လက်ဝေခံများအတွက် အဓိက ထိုးနှက်ချက်ဖြစ်သည်။ ဆီးရီးယားများသည် “အဖျက်သဘော အတင်းအကျပ် ပြည်ပစွက်ဖက်မှု မပါဘဲ” ၎င်းတို့ အနာဂတ်ကို ကိုယ်တိုင် ဆုံးဖြတ်သင့်သည်ဟု အီရန်က ပြောသည်။ ဒမတ်စကတ်ရှိ အီရန်သံရုံးသည် စွန့်ပစ်ထားပြီးနောက် ဖျက်ဆီးခံရသည်။

သူပုန်များ၏ စစ်ရေး အပေါ်စီးရမှုကို ဆီးရီးယားအစိုးရက ဝန်ခံလိုက်ပြီးနောက် ဆီးရီးယား အစိုးရကို ကူညီရန် မဖြစ်နိုင်တော့ကြောင်း ဆီရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ် ဟိုစိန် အက်ဘာရီက ပြောသည်။ အတိအကျ မဖော်ပြသည်နေရာမှ အီရန်နိုင်ငံပိုင် မီဒီယာကို ပြောကြားရာတွင် ဆီးရီးယားအစိုးရသည် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းရန် ဒီဇင်ဘာလ ၇ ရက်နေ့ညတွင် ဆုံးဖြတ်လိုက်ကြောင်း ပြောသည်။

သူပုန်များ၏ စစ်ရေး အပေါ်စီးရမှုကို ဆီးရီးယားအစိုးရက ဝန်ခံလိုက်ပြီးနောက် ဆီးရီးယား အစိုးရကို ကူညီရန် မဖြစ်နိုင်တော့ကြောင်း ဆီရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ် ဟိုစိန် အက်ဘာရီက ပြောသည်။ အတိအကျ မဖော်ပြသည်နေရာမှ အီရန်နိုင်ငံပိုင် မီဒီယာကို ပြောကြားရာတွင် ဆီးရီးယားအစိုးရသည် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းရန် ဒီဇင်ဘာလ ၇ ရက်နေ့ညတွင် ဆုံးဖြတ်လိုက်ကြောင်း ပြောသည်။

“စစ်တပ်နဲ့ ပြည်သူများက မခုခံနိုင်တော့တဲ့အခါ သွေးချောင်းစီးမှုနဲ့ ဖျက်ဆီးမှုကို တားဆီးဖို့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်” ဟု အက်ဘာရီက ပြောပြီး သူနှင့်လုပ်ဖော်ကိုင်ဖက် အချို့သည် နေမထွက်မီ ဆီးရီးယားမှ ထွက်ခွာမည်ဟု ပြောသည်။

အလားအလာရှိသော ပြည်တွင်းစစ်၊ ဆီရီးယားပြိုကွဲခြင်း၊ လုံးဝပြိုလဲခြင်းနှင့် ဆီးရီးယားကို အကြမ်းဖက်သမားများ ခိုအောင်းရာနေရာဖြစ်စေခြင်းတို့အတွက် စိုးရိမ်စရာများ ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဘက်ဘတ်စ် အရတ်ချီက နိုင်ငံပိုင်ရုပ်သံမှတဆင့် ပြောသည်။

အစိုးရသည် အတိုက်အခံများကို လက်ကမ်းရန်နှင့် လုပ်ငန်းတာဝန်များကို အသွင်းကူးပြောင်းရေးအစိုးရထံ လွှဲပေးရန် အသင့်ရှိကြောင်း ဆီးရီးယားဝန်ကြီးချုပ် မိုဟာမက် ဂါဇီ ဂျလာလီက ပြောသည်။ အတိုက်အခံမီဒီယာမှ ဗီဒီယိုတခုတွင် လက်နက်ကိုင်များက သူ့ကို သူ့ရုံးမှ ဟိုတယ်တခုသို့ စောင့်ကြပ်ပို့ဆောင်သည်ကို ပြသထားသည်။

ဆီးရီယားဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဂျီအာ ပီဒါဆန်က “စနစ်တကျနိုင်ငံရေး အသွင်ကူးပြောင်းရေး” အတွက် ဂျနီဗာတွင် အရေးပေါ်ဆွေးနွေးပွဲများ ကျင်းပရန် တောင်းဆိုသည်။

ဒေသတွင်း အဓိက ကြားဝင်စေ့စပ်သည့် ကာတာပင်လယ်ကွေ့နိုင်ငံသည် အီရန်၊ ဆော်ဒီအာရေးဘီးယား၊ ရုရှားနှင့် တူရကီအပါအဝင် ဆီးရီးယားတွင် အကျိုးစီးပွားရှိသော နိုင်ငံ ရှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ထိပ်တန်းအရာရှိများ အရေးပေါ်အစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက်နေ့ နှောင်းပိုင်းတွင် လက်ခံကျင်းပသည်။

HTS အပါအဝင် မြေပြင်မှ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ချက်နှင့် အဓိက စိုးရိမ်စရာမှာ “တည်ငြိမ်ရေးနှင့် ဘေးကင်းလုံခြုံစွာ အသွင်ကူးပြောင်းရေး” ဖြစ်ကြောင်းကို ၎င်းတို့ သဘောတူသည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာဂျက် အယ်လ်-အန်ဆာရီက ပြောသည်။

တချိန်တည်းတွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက အစ္စရေးတပ်များသည် ၁၉၇၄ ခုနှစ်က ထူထောင်ထားသည့် ဂိုလန်ကုန်းမြင့်မှ ကြားခံဇုန်တခုကို သိမ်းပိုက်လိုက်ကြောင်း ကြေညာပြီး ထိုစခန်းများကို ဆီးရီးယားတပ်များ စွန့်ခွာသွားသောကြောင့် အစ္စရေးဒေသခံများကို ကာကွယ်ရန် ထိုသို့ လုပ်ခြင်းဖြစ်ကြောင်း ပြောသည်။

ဆီးရီးယားတောင်ပိုင်းမှ လူမှုအသိုက်အဝန်း ငါးခုအနေဖြင့် ၎င်းတို့လုံခြုံရေးအတွက် အိမ်အတွင်းတွင်သာ နေထိုင်ရန် အစ္စရေးစစ်တပ်က နောင်တွင် သတိပေးသော်လည်း မေးခွန်းများကို ဖြေဆိုခြင်းမရှိပေ။

အစ္စရေးသည် ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်တွင် ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ပြီးနောက် နယ်ချဲ့လိုက်သည်။ အမေရိကန် ပြည်ထောင်စုမှအပ နိုင်ငံတကာအသိုက်အဝန်းက ထိုကိစ္စသည် နယ်မြေသိမ်းပိုက်ခြင်း ဖြစ်သည်ဟုသာ မြင်ပြီး အာဆတ်ကျဆုံးခြင်းကို အခွင့်ကောင်းယူကာ နယ်မြေထပ်မံသိမ်းပိုက်ရန် အစ္စရေး၏ အားထုတ်မှုကို အာရပ်အဖွဲ့ချုပ်က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရှုတ်ချသည်။

(AP ပါ Abdulrahman Shaheen, Abby Sewell နှင့် Sarah El Deeb တို့၏ Ousted Syrian leader Assad flees to Moscow after fall of Damascus, Russian state media say ကို ဘာသာပြန်သည်။)

You may also like these stories:

ရုရှား-အီရန်-အာဆတ် မဟာမိတ် ဆီးရီးယားမှာ ပြိုကွဲ

ဆီးရီးယားကို ကျော်တက်ပြီး မြန်မာက မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာ

ရုရှား ဒု ဗိုလ်ချုပ်ကြီးတဦး ဆီးရီးယားစစ်မြေပြင်တွင် ကျဆုံး

မြန်မာ့ပြည်တွင်းစစ်သည် ဆီးရီးယားနှင့် မတူ

ဆီးရီးယားတွင် FBR မြန်မာဆေးဝန်ထမ်း သေဆုံး

Your Thoughts …
Tags: ကုလသမဂ္ဂဆီးရီးယားပြည်တွင်းစစ်ဘာရှားအာဆတ်ရုရှားအစ္စရေးအမေရိကန်အယ်လ်ကိုင်းဒါးအသွင်ကူးပြောင်းရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

by Bertil Lintner
6 December 2023
20k

မြန်မာစစ်တပ်ပြိုကွဲကာ ခုခံတော်လှန်ရေး၏ နောက်ဆုံးပန်းတိုင် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်စေမည့် လမ်းကြောင်းသို့ နိုင်ငံကို ပို့ဆောင်နိုင်စေမည်လား။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

Next Post
အာဏာရှင်နဲ့ ပေါင်းတဲ့သူတွေကတော့ ရှက်ဖို့အလွန်ကောင်းတယ် (ရုပ်/သံ)

အာဏာရှင်နဲ့ ပေါင်းတဲ့သူတွေကတော့ ရှက်ဖို့အလွန်ကောင်းတယ် (ရုပ်/သံ)

ကျနော် နောင်တမရဘူး (ရုပ်/သံ)

ကျနော် နောင်တမရဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved