• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်းက ပြည်နှင်ဒဏ်ပေးခြင်းဖြင့် မြန်မာစစ်ကောင်စီကို အင်အားဖြည့်တင်းပေးနေ

by နေ့သစ်
22 February 2025
in ဆောင်းပါး
A A
ထိုင်းက ပြည်နှင်ဒဏ်ပေးခြင်းဖြင့် မြန်မာစစ်ကောင်စီကို အင်အားဖြည့်တင်းပေးနေ

မြန်မာနိုင်ငံသားများကို မြန်မာဘက်ဆိပ်ကမ်းသို့ ပြန်ပို့ရန် ထိုင်းနိုင်ငံ၊ ရနောင်း အာဏာပိုင်များက ကြီးကြပ်စီမံနေစဉ် / Ranong Immigration Office Facebook

2.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းခံရပြီးနောက် ကိုစိုးသည် စစ်ကောင်စီတပ်တွင် ထမ်းဆောင်မည့်အစား ဘဝကို စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

အသက် ၂၉ နှစ်ရှိပြီဖြစ်သော ကိုစိုးသည် တနင်္သာရီတိုင်း၊ ပုလောမှ အတင်းအကျပ်စစ်သား စုဆောင်းခံရသူ ၂၇၀ ခန့်အနက် ရဲရင့်စွာ ထွက်ပြေးလာသော လူငယ် ၃၀ တွင် ပါဝင်သည်။ မြိတ်မှ ပုလောရှိ စစ်သင်တန်းစခန်းသို့ ၎င်းတို့ကို ရွှေ့ပြောင်းစဉ် စစ်ကောင်စီစစ်သား အစောင့်နှစ်ဦးကို လူအင်အားဖြင့် တိုက်ခိုက် ထွက်ပြေးလာခြင်း ဖြစ်သည်။

ထိုသို့ ထွက်ပြေးလာစဉ် အတင်းအကျပ် စစ်သားစုဆောင်းခံရသူတဦး ပစ်သတ်ခံရသည်။ ဧရာဝတီ သတင်းဌာနသည် ထိုရှင်ကျန်လွတ်မြောက်လာသူ ၂၉ ဦးအနက် သုံးဦးကို တွေ့ဆုံမေးမြန်းခွင့်ရပြီး စစ်ကောင်စီ၏လက်မှ လွတ်မြောက်အောင် မလုပ်နိုင်မီ ၎င်းတို့ကို မည်သို့ အတင်းအကျပ် စစ်သားစုဆောင်းသည်ဆိုသည့် အသေးစိတ်များကို ဖော်ထုတ်နိုင်ခဲ့သည်။

မူလက တနင်္သာရီတိုင်း၊ ထားဝယ်တွင်နေသော ကိုစိုးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းတွင် ဖြစ်ပွားသည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သည်။ စစ်တပ်ဆန့်ကျင်မှုကို ဖြိုခွဲမှု မြင့်မားလာခြင်းနှင့် နောက်ဆက်တွဲ စီးပွားရေး အကျပ်အတည်းကြောင့် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့ရပြီး တရားဝင် စာရွက်စာတမ်း မရှိဘဲ ရနောင်းတွင် လေးနှစ်နီးပါး အလုပ်လုပ်သည်။

သို့သော် ပြည်ပတွင် နေထိုင်ရသောဘဝသည် အန္တရာယ်များသည်။ ၂၀၂၃ ခုနှစ် ရောက်လာသောအခါ ထိုင်းအာဏာပိုင်များသည် စာရွက်စာတမ်းမဲ့ ရွှေ့ပြောင်းလာသူများကို ဖမ်းဆီးမှု အရှိန်မြှင့်တင်ပြီး ကိုစိုးကဲ့သို့သော အလုပ်သမားများကို ပစ်မှတ်ထားသည်။ နောက်ဆုံးတွင် သူ ကံမကောင်းပေ။ ၂၀၂၄ ခုနှစ်တွင် သူ့ကို ဖမ်းဆီးပြီး ထောင် နှစ်လချကာ ရနောင်းမှ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းပေးလိုက်သည်။

ထိုထိန်းသိမ်းရေးစခန်းမှတဆင့် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများနှင့် အခြား ပြစ်မှုကျူးလွန်သူ မြန်မာများကို ပြန်ပို့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရဥပဒေကို အသက်မသွင်းမီက ထိုသို့ ဖမ်းဆီးထားသူများ ပြန်လည် ပို့ဆောင်ခြင်းကို စစ်ကောင်စီက အများအားဖြင့် လျစ်လျူရှုထားသည်။

ရနောင်း ထိန်းသိမ်းရေးစခန်းတွင် တလခန့်ကြာပြီးနောက် လွန်ခဲ့သောနှစ် သြဂုတ်လတွင် ကိုစိုးသည် တနင်္သာရီတိုင်း၊ ကော့သောင်းသို့ ပြည်နှင်ခံရသူ ၁၀၀ ကျော်တွင် ပါဝင်သွားသည်။

ကော့သောင်းသို့ ရောက်သောအခါ ကိုစိုးကို စစ်ကောင်စီက ‌ရွေးချယ်ထားသည့် အသက် ၁၈ နှစ်မှ ၃၈ နှစ်ကြား အခြားလူ ၃၆ ယောက်နှင့်အတူ အမှတ် ၂၆၂ ခြေလျင်တပ်ရင်းဌာနချုပ်သို့ ခေါ်ဆောင်သွားသည်။

စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းခံရသူများ / စစ်ကောင်စီ ပြည်သူ့စစ် Telegram

အာဏာပိုင်များက ထိုသို့ ထိန်းသိမ်းထားခြင်းသည် “ယာယီ ကျန်းမာရေးစစ်ဆေးရန်သာ” ဖြစ်ပြီး ၎င်းတို့ကို တပတ်အတွင်း ပြန်လွှတ်ပေးမည်ဟု အာမခံသည်။ သို့သော် စစ်ကောင်စီအရာရှိများ၏ ရည်ရွယ်ချက်မှန် မကြာမီ ပေါ်လာသည်။ စစ်တပ်သို့ နှစ်နှစ်နှင့် လေးလ အတင်းအကျပ် စစ်သားစုဆောင်းခြင်း ဖြစ်သည်။

“ကျနော် ပြန်လွတ်ဖို့ မိသားစုက အရာရာ ကြိုးစားခဲ့တယ်” ဟု ကိုစိုးက ပြန်ပြောပြသည်။

“ကျနော့်မိသားစုက ငွေကျပ် သိန်း ၈၀ အထိ လာဘ်ထိုးဖို့ စီစဉ်ခဲ့ပေမယ့် စစ်အရာရှိတွေက စစ်မှုထမ်းဖို့ဟာ နိုင်ငံသားတယောက်ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် တချို့လူတွေ အခြေအနေအမျိုးမျိုနဲ့ လွတ်သွားတာ ကျနော်တွေ့တယ်။ ကျနော်တို့ အများစုကတော့ ငွေသုံးပြီး ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ကြဘူး” ဟု ကိုစိုးက ပြောသည်။

“ကျနော့်မိသားစုက ငွေကျပ် သိန်း ၈၀ အထိ လာဘ်ထိုးဖို့ စီစဉ်ခဲ့ပေမယ့် စစ်အရာရှိတွေက စစ်မှုထမ်းဖို့ဟာ နိုင်ငံသားတယောက်ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် တချို့လူတွေ အခြေအနေအမျိုးမျိုနဲ့ လွတ်သွားတာ ကျနော်တွေ့တယ်။ ကျနော်တို့ အများစုကတော့ ငွေသုံးပြီး ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ကြဘူး” ဟု ကိုစိုးက ပြောသည်။

စစ်တပ်တွင် ထမ်းဆောင်သောကြောင့် လစာရပြီး စစ်မှုထမ်းကာလ ကုန်ဆုံးသောအခါ လွတ်လပ်ခွင့်ရမည်ဟု စစ်ကောင်စီအရာရှိများက ၎င်းတို့ကို ပြောကြောင်းလည်း ကိုစိုးက ပြန်ပြောပြသည်။

အခြား ထွက်ပြေးလွတ်မြောက်လာသူ တဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ကိုသန့်ဇင်သည် ရနောင်းတွင် ၂၈ နှစ် နေထိုင်ခဲ့ပြီး အလုပ်လုပ်ကာ ဇနီး၊ ကလေးတို့ရှိသည်။ သူကလည်း အလားတူဇာတ်လမ်းကိုပင် ပြန်ပြောပြသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ရန် လိုအပ်သော တရားဝင် စာရွက်စာတမ်းများ ရှိသော်လည်း သူသည် အခြား မြန်မာအိမ်နီးချင်း လေးဦးနှင့်အတူ ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရသည်။ မူးယစ်ဆေးဝါး နှိမ်နင်းမှု လုပ်ငန်းစဉ်အရ ဆီးစစ်ခြင်းကို လိုက်နာရန် ပျက်ကွက်သောကြောင့် သူ့ကိုဖမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အမိန့်ပေးခြင်း ဖြစ်သည်။

ရနောင်း လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ၄၅ ရက်နေရပြီး သူ၏ သက်သေခံ လက်မှတ် (CI) ကို လူဝင်မှုကြီးကြပ်ရေး အရာရှိများက သိမ်းလိုက်သည်။

အမျိုးသား ၇၀ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်နှင့်အတူ ကော့သောင်းသို့ သြဂုတ်လတွင် အပို့မခံရမီ စစ်ကောင်စီ အရာရှိတဦးက ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေးစခန်းသို့လာပြီး သူအပါအဝင် အမျိုးသားများကို စစ်သားစုဆောင်းရန် ကြိုတင် ရွေးချယ်ခဲ့သည်ကို သူကိုယ်တိုင် တွေ့ခဲ့သည်။

ပုလောမြို့နယ်တွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၃၀ ကျော်ကို သယ်ဆောင်လာသော လှေပေါ်တွင် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားမှု သရုပ်ဖော်ပုံ / ဧရာဝတီ

ကော့သောင်းသို့ ရောက်သောအခါ အမျိုးသားအများစုကို စစ်ကောင်စီ၏ အမှတ် (၂၆၂) ခြေလျင်တပ်ရင်း ဌာနချုပ်သို့ ပို့ပြီး အမျိုးသမီးများနှင့် ကလေးများကို ပြန်လွှတ်သည်။ ထိုစစ်တပ်ဌာနချုပ်တွင် စစ်သားစုဆောင်းခံရသူများကို ထားသည့်အခန်း နှစ်ခန်း၊ သုံးခန်း သူတွေ့ခဲ့သည်။ ကိုသန့်ဇင်သည် အခြား စစ်သားစုဆောင်ခံရသူ ၄၂ ဦးနှင့်အတူ ထိုအခန်းများအနက် တခန်းတွင် နေထိုင်ခဲ့ရသည်။ ဆေးစစ်ဆေးမှု လုပ်သော်လည်း ရလဒ်ကို စစ်ကောင်စီ အရာရှိများက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“အဲဒီအချိန်အတွင်းမှာ ကျနော့်ဇနီးကို ဆက်သွယ်နိုင်ခဲ့ပေမယ့် ကျနော် ပြန်လွတ်အောင်လုပ်ဖို့ နည်းလမ်း မရှိတော့ဘူး” ဟု ၎င်းကပြောသည်။

“လွတ်မြောက်ဖို့နည်းလမ်း မရှိတော့ဘူး။ စစ်တပ်မှာ ကျနော်တို့ အမှုထမ်းရမယ်။ လစာပေးမယ်လို့ သူတို့က ကျနော်တို့ကို ပြောတယ်။ ငြင်းပယ်လို့ မရဘူး။ စစ်မှုထမ်းကာလ သိပ်မကြာဘူးလို့ ပြောပေမယ့် အချိန်ကာလကို ရှင်းရှင်းလင်းလင်း မပြောဘူး” ဟု ကိုသန့်ဇင်က ပြောသည်။

သူ၏ကံကြမ္မာနှင့်တူသည့် အခြားသူတဦးမှာ ထိုင်းတွင်မွေးပြီး ထိုင်းတွင်ပင် လူလားမြောက်ကာ ကိုသန့်ဇင်နှင့်အတူ အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ကိုကျော်ထွေး ဖြစ်သည်။

နောက်ရက်အနည်းငယ် ကြာသောအခါ ကိုစိုး၊ ကိုသန့်ဇင်နှင့် ကိုကျော်ထွေး အပါအဝင် အမျိုးသား ၆၀ နီးပါးကို မြိတ်မြို့နယ်တွင် စစ်တပ်က စီမံသည့် သင်တန်းဌာနတခုသို့ ကုန်သင်္ဘောဖြင့် ပို့လိုက်သည်။ ထိုနေရာတွင် ထိုင်းမှ ပြန်ပို့ခံရသူ အများအပြား၊ ဘတ်စ်ကားများမှ ဖမ်းထားသူအချို့ အပါအဝင် လူ ၂၀၀ ခန့်ကို စစ်သားစုဆောင်းရန် ဖမ်းထားသည်။ ၎င်းတို့၏ ဖုန်းများ အားလုံးကို စစ်အရာရှိများက သိမ်းယူထားသည်။

စစ်ကောင်စီထံမှ လွတ်မြောက်ခြင်း၊ တော်လှန်ရေးနှင့် ပူးပေါင်းခြင်း

ထိုစစ်စခန်းတွင် ရက်သတ္တပတ်အနည်းငယ် နေထိုင်ပြီးနောက် စက်တင်ဘာလ အစောပိုင်းတွင် ကိုစိုး၊ ကိုသန့်ဇင်နှင့် ကိုကျော်ထွေးတို့သည် ပုလောမြို့နယ်မှ စစ်သင်တန်းကျောင်းသို့ မြိတ်မှ ရေတပ်သင်္ဘော နှစ်စီးဖြင့် ပို့ခံရသူ ၂၇၀ တွင် ပါဝင်လာသည်။

ပုလောကမ်းခြေသို့ ရောက်သောအခါ ၎င်းတို့ကို ထပ်မံ လွှဲပြောင်းပြီး ယခုအကြိမ်တွင်မူ ကျဉ်းမြောင်းသော မြစ်ကြောင်းအတိုင်း ဆက်လက်သွားရန် စစ်ကောင်စီစစ်သားများ ချောဆွဲထားသည့် ဒေသခံ ငါးဖမ်းလှေများသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။

ငါးဖမ်းလှေတစီးလျှင် လူ ၃၀ မှ ၅၀ အထိနှင့် စစ်သားအစောင့် သုံးဦးကို တင်ဆောင်သည်။ ကိုစိုး၊ ကိုသန့်ဇင်နှင့် ကိုကျော်ထွေး အပါအဝင် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၃၀ ကျော်ကို သယ်ဆောင်လာသော လှေကို စစ်သား နှစ်ဦးသာ စောင့်ကြပ်သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းတွင် ပုလောမြို့နယ်၌ လှေပေါ်တွင် အစောင့်လိုက်ပါလာသော စစ်သား နှစ်ဦးကို တိုက်ခိုက်ပြီးနောက် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၂၉ ဦးသည် သေနတ် နှစ်လက်ဖြင့် KNDO တွင် ခိုလှုံခွင့်တောင်းခံသည်။

၎င်းတို့မုန်းတီးသော စစ်တပ်တွင် တာဝန်ထမ်းဆောင်ရမည့် အလားအလာကြောင့် ကိုစိုးနှင့် ဘဝတူ စစ်သားစုဆောင်းခံရသူ ခြောက်ဦးခန့်သည် စွန့်စားလွတ်မြောက်စေရန် လျှို့ဝှက်စီစဉ်ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီစစ်သား နှစ်ဦးကို လက်နက်မဲ့အောင်လုပ်ပြီး ဖမ်းဆီးကာ စစ်ကောင်စီကို တိုက်နေသည့် ပုလောအခြေစိုက် တော်လှန်ရေးအင်အားစုများထံ လွှဲပြောင်းပေးရန် ဖြစ်သည်။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
110
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.1k
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299

“ကျနော်တို့ သူတို့ကိုသတ်ဖို့ မရည်ရွယ်ဘူး။ ကျနော်တို့က လူငယ်တွေ။ လူသတ်သမားတွေ မဟုတ်ဘူး” ဟု ကိုစိုးက ရှင်းပြသည်။

“ဒါပေမယ့် လွတ်မြောက်ဖို့ ရုန်းကန်တဲ့အခါ အခြေအနေ တင်းမာလာတယ်။ ကျနော်တို့ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတဦး ပစ်သတ်ခံရတယ်။ စစ်သား နှစ်ယောက်လည်း မတော်တဆ သေဆုံးတယ်။ ကျနော်တို့က အဲဒီလို ဖြစ်ချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်သွားပြီ” ဟု ကိုစိုးက ပြောသည်။

“ဒါပေမယ့် လွတ်မြောက်ဖို့ ရုန်းကန်တဲ့အခါ အခြေအနေ တင်းမာလာတယ်။ ကျနော်တို့ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတဦး ပစ်သတ်ခံရတယ်။ စစ်သား နှစ်ယောက်လည်း မတော်တဆ သေဆုံးတယ်။ ကျနော်တို့က အဲဒီလို ဖြစ်ချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်သွားပြီ” ဟု ကိုစိုးက ပြောသည်။

သတ်ဖြတ်ခံရသူမှာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းဇာတိ အသက် ၁၉ နှစ်အရွယ် ကိုထက်နေမျိုး ဖြစ်သည်။ သူသည်လည်း ရနောင်း လူဝင်မှုကြီးကြပ်ရေးစခန်းမှ ပြန်ပို့ခံရပြီးနောက် အတင်းအကျပ် စစ်သာစုဆောင်းခံရသူ ဖြစ်သည်။

“ကျနော်တို့က လက်နက်မဲ့တွေဖြစ်ပြီး သူတို့မှာ သေနတ်တွေပါတယ်။ သေနိုင်တဲ့အန္တရာယ် တကယ်ရှိတယ်။ ဒါပေမယ့် စစ်ကောင်စီစစ်တပ်မှာ လုပ်တာထက် ခုခံရင်းသေမယ်လို့ပဲ ကျနော် ဆုံးဖြတ်ထားပြီးပြီ” ဟု ကိုစိုးက ပြောသည်။

လွတ်မြောက်လာသူများတွင်ပါသည့် ကိုသန့်ဇင်သည် ကိုစိုးကဲ့သို့ပင် အလားတူခံစားမှုရှိပြီး အတင်းအကျပ် စစ်သားစုဆောင်းထားသူများကို သင်တန်းမပေးဘဲ ရှေ့တန်းသို့လွှတ်ကာ တော်လှန်ရေးအင်အားစုများနှင့် စစ်ပွဲများတွင် သေဆုံးကုန်သည့်သတင်းများကို သူဖတ်ရကြောင်း ပြောသည်။

“အဲဒီလို ကံကြမ္မာမျိုးကို ကျနော်တို့ ကြောက်တယ်၊ ကျနော်တို့အားလုံး ရှေ့တန်းမှာ သေသွားနိုင်တယ်” ဟု ၎င်းကပြောသည်။

“ကျနော် စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ စစ်တပ်မှာ လုပ်ဖို့ငြင်းဆန်တယ်။ ကျနော်နဲ့ ဘဝတူ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေလည်း ဒုက္ခလည်း မရောက်စေချင်ဘူး။ တယောက်ယောက် သေရမယ်ဆိုရင် ကျနော်တို့ထဲက တယောက်၊ နှစ်ယောက်ပဲ သေရမယ်။ လူတိုင်း မသေစေရဘူး။ အခွင့်အရေးရရင် လှေပေါ်ကလူတွေ အားလုံး လွတ်မြောက်စေမယ်။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ ပြန်ချပြီး လှေပေါ်ကလူတိုင်း လွတ်မြောက်စေဖို့ ဆုံးဖြတ်ထားကြတယ်” ဟု ကိုသန့်ဇင်က ပြန်ပြောပြသည်။

စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရသည့် တပ်သားသစ်များကို စစ်ကောင်စီ အရာရှိများ စစ်ဆေးနေစဉ် / စစ်ကောင်စီ ပြည်သူ့စစ် Telegram

ထိုစစ်သား နှစ်ယောက်ကို လူအင်အားဖြင့် အနိုင်ယူကာ ၎င်းတို့၏လက်နက်များကို သိမ်းပိုက်ပြီးနောက် ငါးဖမ်းသမားများက ထိုအတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၂၉ ဦးကို အနီးဆုံးကျေးရွာသို့ ပို့ဆောင်ခဲ့ပြီး ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်မဟာ ၅ တွင် ခိုလှုံခွင့်တောင်းခံသည်။ KNDO သည် နိုင်ငံတွင် သက်တမ်းအရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် ဖြစ်သည်။

အခွင့်အရေးရပါက ရနောင်းရှိ သူ၏ဇနီး၊ ကလေးတို့နှင့် ပြန်လည် ပေါင်းစည်းလိုသည်ဟု ကိုသန့်ဇင်က ပြောသည်။

“ဒါပေမယ့် အခုအချိန်မှာ မိသားစုဆီ ပြန်ဖို့ဆိုတာ မလွယ်ဘူး။ ကျနော်က ဆက်လက် ခုခံပြီး တော်လှန်ရေးမှာ ပါဝင်ရမယ်” ဟု ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်ဖြစ်နေသည့် ကိုသန့်ဇင်က ပြောသည်။ ပုလော PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်တပ် ဖြစ်သည်။

စစ်ကောင်စီစစ်သား နှစ်ဦးကို တိုက်ခိုက်စဉ် မသေဘဲ လွတ်မြောက်လာသူ ကိုကျော်ထွေးကလည်း သူသည် စစ်ကောင်စီဆန့်ကျင်သည့် တော်လှန်ရေးတွင် ပါဝင်ရန် စီစဉ်ထားကြောင်း ပြောသည်။

အတင်းအကျပ် စစ်သားစုဆောင်းရေးကို အားကိုးနေ

၂၀၂၃ ခုနှစ်က စတင်သည့် စစ်ကောင်စီဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးအတွင်း အဆင့်မြင့်အရာရှိများနှင့် စစ်ကောင်စီစစ်သား၊ စစ်တပ်မိသားစုများ အပါအဝင်၊ သေဆုံး၊ ဖမ်းဆီးခံရ၊ လက်နက်ချသည့် ခန့်မှန်းခြေ ၇,၀၀၀ ကျော်ရှိသည့် စစ်မြေပြင်ဆုံးရှုံးမှုများ ခံစားရပြီးနောက် စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သည်။

ထိုစဉ်က စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းသည် အတင်းအကျပ် စစ်သားစုဆောင်းရေး ကြီးကြပ်သည့် အမျိုးသားကော်မတီကို ဦးဆောင်သည်။

နောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီသည် အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး စစ်သားဟောင်းများကို ပြန်ခေါ်ကာ ရပ်ကွက်နှင့် ကျေးရွာများကို ကာကွယ်ရန် အသက် ၃၅ နှစ်အထက် အမျိုးသားများကို လူသစ်စုဆောင်း လက်နက်တပ်ဆင်ပေးရန် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းသည်။

အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် စစ်တပ်တွင် နှစ်နှစ်မှ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရန် လိုအပ်သည်။ ထိုဥပဒေသည် လူငယ်များ နိုင်ငံမှ အလုံးအရင်း ထွက်ပြေးအောင်လုပ်ပြီး စစ်ကောင်စီကလည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်ကြား လူငယ်များ ပြည်ပတွင် အလုပ်လုပ်ခြင်းကို တားမြစ်ခိုင်းကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပြည်သူများကို နိုင်ငံလေဆိပ်မှ ထွက်ခွာခွင့် မပြုတော့ပေ။

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း

စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းမှု ကိုးကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လတွင် အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်ချိန်နောက်ပိုင်း လူအင်အား ၃၀,၀၀၀ ကျော် စုဆောင်းထားသည်။

လူအင်အား အပြင်းအထန် ပြုန်းတီးခြင်းကို ရုန်းကန်နေရပြီး စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးပြကြီးရှိ နေအိမ်များ၊ လမ်းသွားလမ်းလာများနှင့် ဘတ်စ်ကားများပေါ်မှပါမကျန် ကျန်းမာသန်စွမ်းသူများကို ဖမ်းဆီးကာ စစ်မှုမထမ်းမနေရ ဥပဒေတွင် ဖော်ပြထားသည့် တရားဝင် လုပ်ထုံးလုပ်နည်းများကို စည်းကျော်သည်။

ပြည်တွင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းရာ၌ အခက်အခဲများ ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီသည် ထိုင်းနိုင်ငံ၊ ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို အားကိုးရပြီး ဖမ်းဆီးထားသော မြန်မာ အမျိုးသားများကို စစ်သားစုဆောင်းရန် အချက်အချာနေရာအဖြစ် သုံးရသည်။

ပြည်တွင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းရာ၌ အခက်အခဲများ ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီသည် ထိုင်းနိုင်ငံ၊ ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို အားကိုးရပြီး ဖမ်းဆီးထားသော မြန်မာ အမျိုးသားများကို စစ်သားစုဆောင်းရန် အချက်အချာနေရာအဖြစ် သုံးရသည်။

ရင်ကွဲရသော ဖခင်

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တွင် ဆယ်စုနှစ်တခုနီးပါး လုပ်ကိုင်ခဲ့သူ ဦးမဟာကျော်သည် ကော့သောင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် အသက် ၂၆ နှစ်အရွယ် သားကြီး ကိုငြိမ်းချမ်း လွတ်မြောက်ရေးအတွက် မစွမ်းဆောင်နိုင်ခဲ့ပေ။

IOM အတွက် အလုပ်လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ၎င်းတို့နေအိမ်နှင့် လယ်ယာမြေများကို သိမ်းယူလိုက်ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သူနှင့် သူ့မိသားစု သုံးဦးသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည်။

ထိုင်းနိုင်ငံတွင် မွေးဖွား လူလားမြောက်ခဲ့သည့် သူ၏ သားကြီးသည် နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးသွားသောကြောင့် စက်တင်ဘာလတွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုခံရသည်။ သူ့ကို ကော့သောင်းသို့ မပို့မီ ရနောင်းမှ လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းထားသည်။ ကော့သောင်းတွင် သူ့ကို စစ်ကောင်စီ၏ ၂၆၂ ခြေလျင်တပ်သို့ ပို့ဆောင်ကာ စစ်သားစုဆောင်းရေးထဲ ထည့်သည်။

ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် မြန်မာဘက် ကော့သောင်းသို့ ပြန်ပို့ခံရမည့်သူများကို တွေ့ရစဉ် / Ranong Immigration Office Facebook

ရနောင်းတွင် ဖမ်းဆီးခံရစဉ်အတွင်း သူနှင့်သူ့သားကို တွေ့ခွင့်မပေးကြောင်း ဦးမဟာကျော်က ပြောသည်။ အချို့မိသားစုများသည် ရနောင်းမှ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် လာဘ်ပေးပြီး ၎င်းတို့ဆွေမျိုးများကို လွတ်မြောက်အောင် လုပ်ပေးနိုင်သော်လည်း သူ့ကိစ္စတွင် ထိုသို့ ရွေးချယ်ခွင့်မရကြောင်း ပြောသည်။

ကော့သောင်းသို့ ကိုယ်တိုင် ပြန်မသွားနိုင်သောကြောင့် ကော့သောင်းမှ ဆွေမျိုးများကို အကူအညီတောင်းကာ သားဖြစ်သူ လွတ်မြောက်ရေးအတွက် စစ်အရာရှိတဦးကို လာဘ်ငွေ သိန်း ၁၄၀ ပေးသော်လည်း သူ၏ကြိုးစားမှု အရာမထင်ပေ။

ဘုတ်ပြင်းမြို့နယ်တွင် စစ်သင်တန်း သုံးလ အပေးခံရပြီးနောက် သူ၏သားကို စစ်ကောင်စီ အကြီးအကျယ် စစ်ရှုံးနေသည့် ရခိုင်ပြည်နယ်မှ ရှေ့တန်းစစ်မျက်နှာသို့ ပို့သည်။ ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည်။

“ဒီဇင်ဘာလ နောက်ဆုံး အပတ်တုန်းက ကျနော့်သားက (မွန်ပြည်နယ်) မော်လမြိုင်မှာ ရောက်နေပြီး သူ့ကို ရခိုင်ပြည်နယ်က ရှေ့တန်းပို့ဖို့ အမိန့်ချထားတယ်လို့ ဖုန်းဆက်တယ်” ဟု ဦးမဟာကျော်က ပြောသည်။

“သားအကြောင်း စဉ်းစားမိရင် စိတ်နှလုံးကြေကွဲရတယ်။ ငိုမိတယ်” ဟု ၎င်းကပြောသည်။

သားကို ကယ်တင်ရေး မိခင်တဦး၏ တိုက်ပွဲ

အခြား မြန်မာရွှေ့ပြောင်းအခြေချ သားသမီး ခြောက်ဦး မိခင် ဒေါ်မိုးမိုးသည် သူ၏သားကို စစ်ကောင်စီက ဖမ်းဆီးသွားသောအခါ မတူညီသည့် ကံကြမ္မာကို ရင်ဆိုင်ရသည်။ မူလက ကော့သောင်းမှ သူ၏မိသားစု ရှစ်ဦးသည် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ရနောင်းသို့ ထွက်ပြေးရွှေ့ပြောင်းရသည်။ ကော့သောင်းမှ ၎င်းတို့နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်း သိမ်းဆည်းလိုက်သည်။

သူ၏ အသက် ၂၂ နှစ်အရွယ် သားသည် ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်မှုဖြင့် ဇွန်လတွင် ဖမ်းဆီးခံရပြီး ဇူလိုင်လတွင် အခြားမြန်မာနိုင်ငံသား ၁၀၀ ကျော်နှင့်အတူ ကော့သောင်းသို့ ပြည်နှင်ဒဏ်ပေးခံရသည်။ သို့သော် ကံကောင်းသည်မှာ သူ၏သားသည် ဆိုင်ကယ် မတော်တဆမှုတခုတွင် ဒဏ်ရာရပြီး မသန်စွမ်းသောကြောင့် စစ်မှုထမ်း ကင်းလွတ်ခွင့်ရသည်။ သို့သော် သူ၏အဖွဲ့မှ လူငယ် ၂၈ ဦးကို စစ်ကောင်စီ ခြေလျင်တပ် ၂၆၂ သို့ စစ်မှုထမ်းရန် ပို့ဆောင်သည်။

စစ်မှုထမ်းရန် မသင့်လျော်ဟု ကြေညာထားသော်လည်း သားဖြစ်သူ ကော့သောင်းရှိ စစ်ကောင်စီထံမှ လွတ်မြောက်ရေးအတွက် ဒေါ်မိုးမိုးသည် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် ဘတ် ၆,၀၀၀ (ထိုစဉ်က ပေါက်ဈေး ဒေါ်လာ ၁၇၀ ခန့်) လာဘ်ထိုးရသည်။ သူ၏အိမ်နီးချင်းများအနက် တဦးသည် ကော့သောင်းတွင် စစ်သားစုဆောင်းခံရသည့် မိသားစုဝင် နှစ်ဦး လွတ်မြောက်ရေးအတွက် တဦးလျှင် ဘတ် ၁၇,၀၀၀ အထိ ၂၆၂ ခြေလျင်တပ်သို့ ပေးရသည်။

ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားများကို သတ်ဖြတ်သည့် စစ်ကောင်စီတပ်တွင် သူ၏သားများကို အမှုမထမ်းစေလိုကြောင်း ဒေါ်မိုးမိုးက ပြောသည်။

“သူတို့ကို စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းရင် သေမယ်ဆိုရင်တောင် လွတ်အောင်ပြေးဖို့ ကြိုးစားလို့ ကျမ သားတွေကို မှာထားတယ်။ စစ်သားစုဆောင်းခံရရင် ပြန်လမ်းမရှိဘူး။ ဒါပေမယ့် နိုင်ငံနဲ့ PDF အတွက်ဆိုရင် သူတို့က တိုက်ခိုက်ချင်ကြတယ်” ဟု ဒေါ်မိုးမိုးက ပြောသည်။

“သူတို့ကို စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းရင် သေမယ်ဆိုရင်တောင် လွတ်အောင်ပြေးဖို့ ကြိုးစားလို့ ကျမ သားတွေကို မှာထားတယ်။ စစ်သားစုဆောင်းခံရရင် ပြန်လမ်းမရှိဘူး။ ဒါပေမယ့် နိုင်ငံနဲ့ PDF အတွက်ဆိုရင် သူတို့က တိုက်ခိုက်ချင်ကြတယ်” ဟု ဒေါ်မိုးမိုးက ပြောသည်။

ထိုင်းမှမြန်မာသို့ ပြည်နှင်ဒဏ်ပေးခံရသူများကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းအတွက် စစ်ကောင်စီခန့် တနင်္သာရီတိုင်း စစ်သားစုဆောင်းမှု ကြီးကြပ်ရေးကော်မတီကို ဧရာဝတီက ဆက်သွယ်သော်လည်း မည်သူမှ ဖုန်းမကိုင်ပေ။

စစ်လေ့ကျင့်ရေးကျောင်း၌ တပ်သားသစ် စုဆောင်းခံရသူများကို စစ်အသုံးအဆောင်ပစ္စည်း ပေးနေစဉ် / စစ်ကောင်စီ ပြည်သူ့စစ် Telegram

ပြည်နှင်ဒဏ်ပေးခံရသူများကို ကော့သောင်းတွင် မည်သို့ စစ်သားစုဆောင်းသနည်း

ရနောင်းမှ ကော့သောင်းဆိပ်ကမ်းသို့ ရောက်သောအခါ ပြည်နှင်ဒဏ်ပေးခံရသူများကို မိုးလုံလေလုံ အားကစားကွင်းသို့ ခေါ်သွားသည်။ ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သော သတင်းရင်းမြစ်များအဆိုအရ အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ သန်စွမ်းသူ အားလုံးကို စစ်မှုထမ်းရန် ခြေလျင်တပ်ရင်း ၂၆၂ သို့ ပို့ဆောင်သည်။

ယခင်က စစ်သားစုဆောင်းခံရသူများသည် လာဘ်ငွေ အကြီးအကျယ်ပေးပြီး လွတ်မြောက်ကြသော်လည်း ထိုကိစ္စသည် အများစုအတွက် ရွေးချယ်စရာ လွတ်လမ်း မဟုတ်တော့ပေ။ အချို့သူများသည် အဆက်အသွယ်၊ သြဇာ သို့မဟုတ် လာဘ်အကြီးအကျယ် ပေးနိုင်လျှင် စစ်မှုထမ်းခြင်းမှ လွတ်မြောက်နိုင်ကြသည်။ စစ်တပ်အတွက် အသုံးမဝင်သည့် အသက်ကြီးသူများနှင့် မသန်စွမ်းသူများသည်လည်း လွတ်မြောက်ရေးအတွက် လာဘ်ပေးကြရသည်။

စစ်ကောင်စီသည် ရနောင်းမှ ပြည်နှင်ဒဏ်ပေးခံရသူများကို ဇူလိုင်လမှ စတင်ပြီး ပေါ်ပေါ်တင်တင် စစ်သားစုဆောင်းနေကြောင်းနှင့် စစ်ကောင်စီအရာရှိများသည် စစ်သင်တန်း တပတ်စီအတွက် လျာထားသည့် အရေအတွက်ရရန် ရုန်းကန်နေရသောကြောင့် စစ်တပ်နှင့် အဆက်အသွယ်ရှိသူများသည်ပင်လျှင် ကင်းလွတ်ခွင့် မရတော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပြောခွင့်ရသူ ကိုကျားက ဧရာဝတီသို့ ပြောသည်။

ထိုင်း ထိန်းသိမ်းရေးစခန်းက စစ်ကောင်စီ စစ်သားစုဆောင်းမှုကို မည်သို့ကူညီသနည်း

မြန်မာရွှေ့ပြောင်းအခြေချများ ပြည်နှင်ဒဏ်ပေးခံရပြီး အတင်းအကျပ် စစ်သားစုဆောင်းခံရကာ ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်စေသည့် ရနောင်းမှ ကော့သောင်းသို့ ပြန်လည် ပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရန် လျှို့ဝှက်စနစ်တခု တိတ်တဆိတ် ပေါ်ပေါက်လာနေသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ထိခိုက်သည့် မိသားစုများကို တွေ့ဆုံမေးမြန်းမှုများအရ အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖုံးလွှမ်းနေသည့် စနစ်တကျ လုပ်ဆောင်မှုတခုကို ဖော်ပြနေသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကာင်စီသည် ပြည်နှင်ဒဏ်ပေးခံရသူများကို ပြန်လည်လက်ခံမှု နှေးကွေးသဖြင့် ကာလကြာရှည် နေရသောကြောင့် ရနောင်းမှ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ဆန္ဒပြမှုများ ပုံမှန်ဖြစ်ပေါ်လာသည်ဟု ဧရာဝတီနှင့် စကားပြောခဲ့သည့် ရွှေ့ပြောင်းအခြေချသူများအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုသားကျော်က ပြောသည်။

သူ၏ အဖွဲ့အစည်း မိတ္တသဟာယ ကိုယ့်အားကိုယ်ကိုး နာရေးကူညီမှုအသင်းသည် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို စစ်အာဏာမသိမ်းမီက ကူညီခွင့်ရသည်။ စစ်အာဏာသိမ်းပြီးနောက် ကာလအနည်းငယ်အထိ ကိုသားကျော်သည် ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ တောင်းဆိုမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ ဆန္ဒပြပွဲများတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။

သို့သော် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ၌ အတင်းအကျပ် စစ်သားစုဆောင်းမှု အကောင်အထည် ဖော်ပြီးနောက် အခြေအနေ ပြောင်းလဲသွားသည်။ စစ်ကောင်စီသည် စစ်သားစုဆောင်းရေးအတွက် အဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို ဇူလိုင်လမှစတင်ပြီး ပစ်မှတ်ထားလာသည်။ ထို့ကြောင့် ပြည်နှင်ဒဏ်ပေးခြင်း အရှိန်မြင့်လာပြီး ယခုအခါ တလလျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အထိ ပြည်နှင်ဒဏ်ပေးလာသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းမှတဆင့် စစ်ကောင်စီထံသို့ လွှဲပြောင်းပေးနေစဉ် / Ranong Immigration Office Facebook

ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံး၏ Facebook စာမျက်နှာမှ သတင်းများကို ဧရာဝတီက လေ့လာချက်အရ ၂၀၂၄ ခုနှစ်၊ ဇွန်လမှစတင်ပြီး ပြည်နှင်ဒဏ်ပေးခြင်း တလလျှင် သုံးကြိမ်အထိ များလာကြောင်း သိရသည်။ ယမန်နှစ် ဇွန်လနှင့် ဒီဇင်ဘာလအတွင်း အမျိုးသားအများစု ပါဝင်သော မြန်မာနိုင်ငံသား ၁,၅၅၆ ဦးကို ကော့သောင်းရှိ မြန်မာစစ်ကောင်စီ အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။

နှိုင်းယှဉ်ချက်အားဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း လူ ၈၉၀ ဦးသာ ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။

ထိုင်းအာဏာပိုင်များသို့ လာဘ်ပေးပြီး ရနောင်း လူဝင်မှုကြီးကြပ်ရေးစခန်းမှ လွတ်မြောက်ရန် ယခင်က ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ သို့သော် မြန်မာတွင် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေ အသက်သွင်းပြီးနောက် ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။

ဧရာဝတီက တွေ့ဆုံမေးမြန်းထားသည့် နောက်ထပ် သတင်းရင်းမြစ်များအဆိုအရ မြန်မာစစ်ကောင်စီ အာဏာပိုင်များသည် ယခုအခါ ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ မကြာခဏ လာရောက်ပြီး မြန်မာအကျဉ်းသား မည်မျှရှိသည်ကို ကြည့်ကာ ကျန်းမာသူများကို စစ်သားစုဆောင်းရန် လုပ်ဆောင်ကြောင်း သိရသည်။

ဧရာဝတီက တွေ့ဆုံမေးမြန်းထားသည့် နောက်ထပ် သတင်းရင်းမြစ်များအဆိုအရ မြန်မာစစ်ကောင်စီ အာဏာပိုင်များသည် ယခုအခါ ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ မကြာခဏ လာရောက်ပြီး မြန်မာအကျဉ်းသား မည်မျှရှိသည်ကို ကြည့်ကာ ကျန်းမာသူများကို စစ်သားစုဆောင်းရန် လုပ်ဆောင်ကြောင်း သိရသည်။

ဇူလိုင်လနောက်ပိုင်းတွင် ရနောင်းမှ ပြည်နှင်ဒဏ်ပေးခံရသူ လူငယ် ၃၀၀ ကျော်ကို စစ်တပ်က စစ်သားစုဆောင်းသည်ဟု အချို့က ခန့်မှန်းသည်။ ဧရာဝတီအနေဖြင့် ထိုအရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ပြည်နှင်ဒဏ်ပေးခြင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းလုပ်ငန်းကို ရနောင်းမှ လူဝင်မှုကြီးကြပ်ရေးစခန်း အရာရှိများနှင့် မြန်မာစစ်ကောင်စီ အာဏာပိုင်များ ညှိနှိုင်းဆောင်ရွက်နေပုံရကြောင်း ကိုသားကျော် အပါအဝင် မြန်မာရွှေ့ပြောင်းအခြေချအရေး တက်ကြွလှုပ်ရှားသူများနှင့် အတင်းအကျပ် စစ်သားစုဆောင်းခံရသူများ၏ မိသားစုဝင်များက ပြောသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် မြန်မာအလုပ်သမားများကို စစ်ကောင်စီက တပ်သားသစ်အဖြစ် စုဆောင်းပြီး တနင်္သာရီတိုင်းရှိ စစ်လေ့ကျင့်ရေးစခန်းသို့ ပို့ဆောင်သည့် လမ်းကြောင်းပြ မြေပုံ / ဧရာဝတီ

ထိုင်းနိုင်ငံသည် ပြည်နှင်ဒဏ်ပေးခံရသူများ မြန်မာသို့ရောက်လျှင် အတင်းအကျပ် စစ်သားစုဆောင်းခံရမည်ကို သေချာသိလျက်နှင့် မြန်မာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးနေကြောင်း ၎င်းတို့က ပြောသည်။

“ဒီလို ပြည်နှင်ဒဏ်ပေးတာကို ဘာကြောင့် မဟန့်တားနိုင်ရတာလဲလို့ ထိုင်းအာဏာပိုင်တချို့ကို ကျနော်မေးတော့ ဒါဟာ အစိုးရ နှစ်ခုအကြား ဥပဒေတာဝန်ကြောင့်လို့ပဲ ဖြေတယ်” ဟု ကိုသားကျော်က ပြောသည်။

“စစ်ကောင်စီက တရားဥပဒေစိုးမိုးရေး ဒါမှမဟုတ် လူ့အခွင့်အရေးကို လေးစားမှုမရှိလို့ စစ်ကောင်စီကို မေးစရာအကြောင်း မရှိဘူး။ ဒါဟာ ကျနော်တို့အားလုံး နားလည်ထားတဲ့ ပကတိအခြေအနေပဲ” ဟု ၎င်းကပြောသည်။

“ဒါပေမယ့် ထိုင်းနိုင်ငံက တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို အလေးထားတယ်လို့ ပြောတယ်။ ဒါဆို ဖမ်းဆီးထားသူတွေကို ဘာကြောင့် သိသိကြီးနဲ့ စစ်ကောင်စီလက်ကို အပ်နေတာလဲ။ အဲဒီလို ပြည်နှင်ဒဏ်ပေးတာကို ရပ်အောင်လုပ်နိုင်ရင် ကျနော်တို့ နိုင်ငံသားတွေ ကြီးမားတဲ့ ဒုက္ခတွေ မခံစားရတော့ဘူး” ဟုလည်း ကိုသားကျော်က ပြောသည်။

ထိုပြဿနာနှင့်ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးသို့ ၎င်း၏ Facebook စာမျက်နှာမှတဆင့် ဆက်သွယ်ခဲ့သော်လည်း ယခု ဆောင်းပါးရေးသားချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိပေ။

ထိုင်းနိုင်ငံတွင် ဖမ်းမိသော ရွှေ့ပြောင်းလုပ်သားများကို ကိုင်တွယ်ရာတွင် ထိုင်းအစိုးရအနေဖြင့် လူသားဆန်မှု အဆင့်တခု အရေးတကြီး လိုအပ်ကြောင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ဦးစားပေးနေသော မြန်မာအာဏာပိုင်များကြောင့် ပြည်နှင်ဒဏ်ပေးခံရသူများ ရင်ဆိုင်ရသည့် ပြင်းထန်သော အန္တရာယ်ကို အသိအမှတ်ပြုသင့်ကြောင်း အာရှလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့ ဒါရိုက်တာနှင့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) အာရှဌာနခွဲ ဒုတိယ ဒါရိုက်တာဟောင်း ဖီးလ် ရောဘတ်ဆန်က ပြောသည်။

“ထိုင်းလူဝင်မှုကြီးကြပ်ရေး အထူးသဖြင့် ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးအနေနဲ့ ပြည်နှင်ဒဏ်ပေးခံရသူတွေကို စစ်ကောင်စီ စစ်တပ်နဲ့ရဲ စောင့်နေတဲ့ ကော့သောင်းဆိပ်ကမ်းကို သင်္ဘောနဲ့ပို့တာ ချက်ချင်းရပ်သင့်တယ်” ဟု ရောဘတ်ဆန်က ပြောသည်။

ထိုင်းအာဏာပိုင်များနှင့် မြန်မာစစ်ကောင်စီ အရာရှိများက ရနောင်းတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြည်နှင်ဒဏ်ပေးရေး ဆွေးနွေးနေစဉ် / Ranong Immigration Office Facebook

ပြည်နှင်ဒဏ်ပေးခံရသူများကို စစ်ကောင်စီလက်သို့အပ်ခြင်းအားဖြင့် ထိုင်းနိုင်ငံသည် ပြည်နှင်ဒဏ်ပေးခံရသူများကို ငွေအမြောက်အများ ခြိမ်းခြောက်တောင်းခြင်းနှင့် မပေးနိုင်သူများကို စစ်သားစုဆောင်းရေးစခန်းများသို့ ပို့ဆောင်ခြင်း အပါအဝင် မြန်မာအာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ကြံရာပါဖြစ်နေကြောင်း ၎င်းကပြောသည်။ ပြည်နှင်ဒဏ်ပေးခံရသူများသည် စစ်သားစုဆောင်းရေး စခန်းများတွင် “အရှေ့တောင်အာရှမှ လူ့အခွင့်အရေး အချိုးဖောက်ဆုံး စစ်တပ်” သို့ သွတ်သွင်းခံကြရသည်။

ဧရာဝတီသတင်းဌာနသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အာရှရေးရာဌာနနှင့် ပြန်ကြားရေးဌာနသို့ မှတ်ချက်တောင်းခဲ့ပြီး ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာများလုံခြုံရေးအတွက် မည်သည်တို့ လုပ်ဆောင်နေသနည်းဟု မေးခဲ့သော်လည်း ယခု ဆောင်းပါးဖော်ပြသည့် အချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိပေ။

ပြည်နှင်ဒဏ်ပေးခံရသူများကို စစ်သားစုဆောင်းခြင်းမှ တားဆီးရေး

စာရွက်စာတမ်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီလက်သို့ ပြည်နှင်ဒဏ်ပေးခြင်းနှင့် ပတ်သက်ပြီး အမျိုသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က စက်တင်ဘာလ နှောင်းပိုင်းတွင် ကြေညာချက်တစောင်ထုတ်ပြန်ကာ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှ ထွက်ပြေးလာသော မြန်မာပြည်သူများကို စာနာရန် ထိုင်းအစိုးရကို တိုက်တွန်းသည်။ NUCC သည် စစ်ကောင်စီကို ဆန့်ကျင်သည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှ ထွက်ပြေးလာသော ပြည်သူများကို ကူညီကယ်ဆယ်ရန်နှင့် ထိုင်းပိုင်နက်မှ အထောက်အထားမဲ့ မြန်မာပြည်သူများကို ယာယီနေထိုင်ခွင့်ပေးသည့် အစီအစဉ်များ ချမှတ်ရန် အထက်ပါအဖွဲ့က ထိုင်းအစိုးရကို တိုက်တွန်းသည်။

“စစ်ကောင်စီက စစ်တပ်အတွင်းသို့ လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းကြောင့် ထိုလူငယ်များကို ပြန်ပို့ခြင်းသည် သေဒဏ်ပေးခြင်းနှင့်တူသည်” ဟုလည်း NUCC က ဖော်ပြသည်။

ထိုင်းနိုင်ငံ၊ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ပြည်နှင်ဒဏ်ပေးသည့် မြန်မာနိုင်ငံသားများ အရေအတွက် အချိန်လိုက်ပြ ဇယား / အချက်အလက် – Ranong Immigration Office Facebook

NUG သည် သံတမန်လမ်းကြောင်းမှ ထိုင်းနိုင်ငံကို ဆက်သွယ်ပြီး စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းမှုမှ ထွက်ပြေးလာသည့် လူငယ်များ၏ လုံခြုံရေးကို အာမခံပေးရန် ပြောခဲ့ကြောင်း NUG အစိုးရ ပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။

“စာရွက်စာတမ်း အထောက်အထားမဲ့သူတွေကို ပြည်နှင်ဒဏ်ပေးတာ သူတို့ဥပဒေမူဘောင်နဲ့ ကိုက်ညီကောင်း ကိုက်ညီနိုင်ပေမယ့် လူသားချင်းစာနာမှု ရှုထောင့်ကနေကြည့်ရင် အဲဒီလိုလုပ်ရပ်ဟာ အပြစ်မဲ့လူငယ်တွေကို စစ်ကောင်စီလက်ကိုအပ်တဲ့ အန္တရာယ်ရှိတယ်။ စစ်ကောင်စီလက်မှာ လူငယ်တွေရဲ့ ဘဝတွေအတွက် ပြင်းထန်တဲ့အန္တရာယ် ရှိတယ်” ဟု ဦးကျော်ဇော်ကပြောသည်။

“စာရွက်စာတမ်း အထောက်အထားမဲ့သူတွေကို ပြည်နှင်ဒဏ်ပေးတာ သူတို့ဥပဒေမူဘောင်နဲ့ ကိုက်ညီကောင်း ကိုက်ညီနိုင်ပေမယ့် လူသားချင်းစာနာမှု ရှုထောင့်ကနေကြည့်ရင် အဲဒီလိုလုပ်ရပ်ဟာ အပြစ်မဲ့လူငယ်တွေကို စစ်ကောင်စီလက်ကိုအပ်တဲ့ အန္တရာယ်ရှိတယ်။ စစ်ကောင်စီလက်မှာ လူငယ်တွေရဲ့ ဘဝတွေအတွက် ပြင်းထန်တဲ့အန္တရာယ် ရှိတယ်” ဟု ဦးကျော်ဇော်ကပြောသည်။

သက်ဆိုင်သူ အားလုံးအနေဖြင့် နိုင်ငံတကာ စံနှုန်းနှင့်အညီ လုပ်ကိုင်ရန်နှင့် လူငယ်များကို အသက်အန္တရာယ်ရှိသည့် ပြည်နှင်ဒဏ် မပေးရန်လည်း ဦးကျော်ဇော်က တိုက်တွန်းသည်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိများအနေဖြင့် မြန်မာများကို နယ်စပ်မှ ဝေးကွာသော နေရာများသို့ ပို့ဆောင်ပြီး စစ်ကောင်စီဖမ်းဆီးမှု မခံရစေရန် “သိမ်မွေ့သော ပြည်နှင်ဒဏ်ပေးခြင်း” နည်းလမ်းကို သုံးသင့်ကြောင်း မစ္စတာ ရောဘတ်ဆန်က အကြံပြုသည်။

တပ်သားသစ် စုဆောင်းခံရသူများကို စစ်သင်တန်းပေးနေစဉ် / စစ်ကောင်စီ ပြည်သူ့စစ် Telegram

ကန်ချနာဘူရီ ပြည်နယ်၊ ဆန်ခလဘူရီခရိုင်မှ ထိုင်းလူဝင်မှုကြီးကြပ်ရေးစခန်းသည် ထိုသို့သော အလေ့အထကို ကျင့်သုံးပြီး ဖမ်းဆီးထားသည့် မြန်မာများကို စစ်ကောင်စီအာဏာပိုင်များ မရှိသည့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူအနီး နယ်စပ်ဒေသသို့ ပြန်ပို့သည်ဟု ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သည့် သတင်းရင်းမြစ်တခုက ပြောသည်။

မြန်မာသို့ ပြန်ပို့ခံရသူ အများစုသည် စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကဲ့သို့ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ရကြောင်း ထိုင်းအစိုးရ အသိအမှတ်ပြုရမည်ဟု မစ္စတာ ရောဘတ်ဆန်က ဧရာဝတီသို့ ပြောသည်။ ဘန်ကောက်မှ ခေါင်းဆောင်များ စစ်ကောင်စီနှင့် ကြံရာပါလုပ်မှု အဆုံးမသတ်မီ ပြည်နှင်ဒဏ်ပေးခံရသူ ထောင်ပေါင်းမည်မျှ အတင်းအကျပ် စစ်သားစုဆောင်းခံရဦးမည်နည်း။

ထိုင်းနိုင်ငံ၏ ပြည်နှင်ဒဏ်ပေးသည့် အလေ့အထများကို ဘန်ကောက်အခြေစိုက် သံရုံးများက “လူသိရှင်ကြား အပြင်းအထန် ကန့်ကွက်ရှုတ်ချရန်” နှင့် သိမ်မွေ့သော ပြည်နှင်ဒဏ်ပေးရေးအတွက် ထိုင်းအရာရှိများကို ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်က ညွှန်ကြားရန်လည်း ၎င်းကတိုက်တွန်းသည်။

“မြန်မာက စစ်ကောင်စီကို လူတိုင်းနီးပါး မုန်းတီးတယ်။ ကျနော် သေမယ်ဆိုရင် စစ်ကောင်စီ ဖိနှိပ်မှုကို ခုခံရင်း သေချင်တယ်။ စစ်ကောင်စီစစ်တပ်မှာ လုပ်ရင်း မသေချင်ဘူး။ ကျနော့်အမေက ဝမ်းနည်းရင် ဝမ်းနည်းမယ်။ ဒါပေမယ့် ကျနော့်နာမည် မပျက်စီးဘူး။ နောက်ဆုံးတနေ့မှာ လူတိုင်းသေတာပဲ။ ဒါပေမယ့် ဂုဏ်သိက္ခာနဲ့ သေချင်တယ်” ဟု အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် အခြားသူ ၂၉ နှင့် စစ်ကောင်စီလက်မှ ရဲရင့်စွာ စွန့်စားလွတ်မြောက်လာသူ ကိုစိုးက ပြောသည်။

မှတ်ချက် ။ ။ အတင်းအကျပ် စစ်သားစုဆောင်းခံရသူများ၏ အမည်များကို လုံခြုံရေးအတွက် ယခုဆောင်းပါးတွင် ပြောင်းလဲ အသုံးပြုထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ Thai Immigration Officials Feed Myanmar Deportees Into Junta’s War Machine ကို ဘာသာပြန်သည်။)

You may also like these stories:

Editorial Talk: မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၁)

Editorial Talk: မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၂)

အလုပ်ပေးမယ်ဆိုပြီး စစ်မှုထမ်းဖို့ ပို့လိုက်ကြတယ် (ရုပ်/သံ)

စစ်မှုထမ်း အပတ်စဉ် ၁၀ အထိ လူငယ် ၁ သောင်းကျော် ဖမ်းဆီး

လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ စစ်မှုထမ်းဥပဒေ (ရုပ်/သံ)

စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရသည့် မြန်မာကျောင်းသားများဘဝ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးIOMKNDOKNUNUCCNUGPDFစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုထိုင်းပြည်နှင်ဒဏ်ရွှေ့ပြောင်းလုပ်သားလူဝင်မှုကြီးကြပ်ရေးလူ့အခွင့်အရေးချိုးဖောက်မှုအဂတိလိုက်စားမှုအတင်းအကျပ် စစ်သားစုဆောင်းမှု
နေ့သစ်

နေ့သစ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
Apple က တရုတ် နဲ့ အိန္ဒိယ ဈေးကွက် ပစ်မှတ်ထားတဲ့ iPhone 16e ကို ထုတ်လာပြန်

Apple က တရုတ် နဲ့ အိန္ဒိယ ဈေးကွက် ပစ်မှတ်ထားတဲ့ iPhone 16e ကို ထုတ်လာပြန်

အလက်ထရစ် ခေတ်မှ မြင်းခေတ်၊ နွားခေတ်သို့…

အလက်ထရစ် ခေတ်မှ မြင်းခေတ်၊ နွားခေတ်သို့…

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved