• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အညာက ‘ငလျင်’ ပေးစာ

by သာဦး
5 April 2025
in ဆောင်းပါး
A A
အညာက ‘ငလျင်’ ပေးစာ

ရိက္ခာဝေငှရာတွင် တန်းစီနေကြသော ငလျင်ဘေးဒဏ်ခံရသူများ/AFP

855
VIEWS
Share on FacebookShare on Twitter

ခရီးစထွက်လာတုန်းက ထန်ကုန် သုံးလလောက်ပါဆိုပြီး ရန်ကုန်-မန္တလေး-စစ်ကိုင်း-မြင်းမူ-ချောင်းဦး-မုံရွာကနေ ခြေထောက်ဗွေပေါက်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီး အလုံမြို့အထိပါ ရောက်သွားပါတယ်။

ဒါပေမယ့် ပြန်မထွက်နိုင်ဖြစ်ပြီး သောင်တင်နေပါတယ်။ သောင်တင်ရတဲ့အကြောင်းရင်းက ပထမကတော့ တိုက်ပွဲတွေကြောင့်ဖြစ်ပြီး လက်ရှိကတော့ ငလျင်ကြောင့်ပါ။

မုံရွာနဲ့ စစ်ကိုင်းကြား နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ၊ စစ်ကောင်စီ လေတပ်က အကြောင်းမဲ့ ဗုံးကြဲတာတွေ၊ လမ်းက စစ်ဆေးရေးဂိတ်တွေမှာ ပေါ်တာဆွဲတာတွေကြောင့် မုံရွာကနေ အပြင်ထွက်လိုသူတွေဟာ မုံရွာလေဆိပ်ကနေ လေကြောင်းနဲ့ မန္တလေးကို ကူးပြီး လိုရာ ခရီး ဆက်ကြတာ လုံခြုံပါတယ်။ အဲဒီလမ်းကြောင်းကို ရွေးတာ များပါတယ်။

အဲဒီ လမ်းကြောင်းဟာလည်း ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး နွားထိုးကြီး မိုင်တိုင်နားမှာ တိုက်ပွဲတွေကြောင့် ရန်ကုန်ကူးဖို့ ခက်ကုန်ပါတယ်။ မဖြစ်မနေ သွားရမယ့်သူတွေကလွဲလို့ တော်ရုံ မသွားကြတော့ပါဘူး။

ဒါနဲ့ မုံရွာကနေ မန္တလေးကို လေကြောင်းနဲ့သွား၊ မန္တလေးကနေ ရန်ကုန် ကားနဲ့ သွားမယ်ဆိုပြီး အစီအစဉ် ဆွဲထားတာ မတ်လ ၂၈ ရက်နေ့မှာ ပျက်ပါတယ်။ ငလျင်ကြောင့်ပါ။

ဒါနဲ့ မုံရွာကနေ မန္တလေးကို လေကြောင်းနဲ့သွား၊ မန္တလေးကနေ ရန်ကုန် ကားနဲ့ သွားမယ်ဆိုပြီး အစီအစဉ် ဆွဲထားတာ မတ်လ ၂၈ ရက်နေ့မှာ ပျက်ပါတယ်။ ငလျင်ကြောင့်ပါ။

အသိမိတ်ဆွေတွေထဲကဆို ငလျင်ကြောင့် မန္တလေးလေဆိပ် ပျက်စီးလို့ ခရီးစဉ်ဖျက်သိမ်းတယ်ဆိုပြီး မုံရွာလေဆိပ်ကနေ ပြန်လာရတယ်။ တယောက်ကလည်း လမ်းတဝက်မှာ ငလျင်လှုပ်လို့ အိမ်လှည့်ပြန်လာရတာ ရှိပါတယ်။ တယောက်ကတော့ နေ့ချင်းပေါက်ခရီးကို ငလျင်ကြောင့် လမ်းခုလတ်မှာ တည အိပ်လိုက်ရပါတယ်။

မန္တလေး၊ နေပြည်တော်နဲ့ စစ်ကိုင်းထက် စာရင် မုံရွာက သိပ်မဆိုးတဲ့ အဆင့်လောက်လို့ (ပညာရှင် မဟုတ်ပေမယ့်) အဲဒီလိုပဲ ယူဆပါတယ်။ တိုက်တွေ အက်ကွဲကုန်တာတွေ ရှိသလို ငလျင် လှုပ်ရှားမှုကိုလည်း သိသိသာသာကြီး သိရှိရတာ ကိုယ်တွေ့ပါ။ နောက်ဆက်တွဲ ငလျင် အပျော့စားတွေလည်း လှုပ်နေဆဲပါ။

ငလျင် စလှုပ်ပြီဆိုတာနဲ့ လျှပ်စစ်မီး ပြတ်တောက်သွားပါတယ်။ လှုပ်တာ ၅ မိနစ်ခန့် ကြာပါတယ်။ စိတ်ပူပြီး ဖုန်းတွေခေါ်တော့ ဖုန်းလိုင်းတွေလည်း ပြတ်တောက်ကုန်ပါပြီ။ အင်တာနက် မရတော့တဲ့အတွက် ငလျင် ဗဟိုချက်ကိုလည်း မသိ၊ ထိခိုက်ပျက်စီးမှု ဘယ်လိုဆိုတာတွေလည်း မသိ၊ သတင်းအချက်အလက်တွေ လုံးဝမရဘဲ ဖြစ်နေခဲ့ပါတယ်။

ယာယီအမိုးအကာများနှင့် ငလျင်ဘေးဒဏ်ခံရသူတဦး/AFP

MPT ဆင်းမ်ကတ်တွေက လုံးဝ အလုပ်မလုပ်တော့ဘဲ အော်ရီဒူး ဖုန်းကတ်ကတော့ ရတချက်၊ မရတချက် ဖြစ်နေပါတယ်။ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာ သူမကြား၊ စကား ၁၀ ခွန်းမှာ နှစ်ခွန်းလောက်ပဲ ဟိုဘက်ဒီဘက် ကြားရပါတယ်။

ကိုယ်နေတဲ့အိမ် အခြေအနေ လှည့်ပတ်ကြည့်ရှုတော့ နံရံတွေ၊ ဒေါက်တန်းတွေ တော်တော် အက်ကွဲကုန်ပါတယ်။ ငလျင်နောက်ဆက်တွဲတွေ လာလို့ လမ်းမပေါ် ပြေးထွက်ရတာကလည်း ည ၇ နာရီလောက်အထိပါပဲ။

ပထမဆုံး ရန်ကုန်က မိတ်ဆွေနဲ့ အဆက်အသွယ်ရပြီး သူတို့ဆီမှာတော့ အခြေအနေ မဆိုးကြောင်း ပြောပါတယ်။ ညဘက်ကျတော့ မိုဘိုင်းဒေတာကတဆင့် အင်တာနက်လိုင်း မိလာပေမယ့် ဖတ်ချင်တာ ရှာဖတ်လို့ မရပါဘူး။ လှုပ်ပြီး နှစ်ရက်ကြာတဲ့အထိ ငလျင် ဗဟိုချက်ကို မသိပါဘူး။

ရန်ကုန်က မိတ်ဆွေကို သတင်းအချက်အလက်တွေ ဗိုက်ဘာကနေ ပို့ပေးထားဖို့ ပြောလို့ အချက်အလက်တွေ စသိရပါတယ်။ စာလောက်ပဲ ဖတ်လို့ရပြီး ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကြည့်လို့မရပါဘူး။ အင်တာနက် ရတဲ့အချိန် ဗိုက်ဘာနဲ့ တယ်လီဂရမ် နှစ်ခုသာ လိုင်းပွင့်ပါတယ်။

လျှပ်စစ်မီး လုံးလုံး ပြတ်တောက်နေပြီး မိုဘိုင်းဖုန်းတွေကို အားသွင်းတဲ့ ပါဝါဘဏ့်ကလည်း အားကုန်ပါပြီ။ လက်ပ်တော့ကတော့ ဘက်ထရီ လုံးလုံး မရှိတော့ပါ။ သုံးရေလည်း ပြတ်တောက်ပြီမို့ မီးစက်ငှားပြီး ရေတင်ခိုင်းရပါတယ်။

ငလျင်စလှုပ်ကတည်းက ပြတ်တောက်သွားတဲ့ လျှပ်စစ်မီးဟာ ဧပြီလ ၁ ရက် ညရောက်မှ ပြန်ရပါတယ်။ ဒါတောင် အကုန်ဝိုင်းပြီး အားသွင်းကြ၊ ရေတင်ကြ၊ ဖွင့်ကြလို့လားမသိ၊ ထရန်စဖော်မာ နှစ်လုံး ရှေ့ဆင့်နောက်ဆင့် ထပေါက်ကွဲတာနဲ့ မီးပြန်ပျက်နေပြန်ပါတယ်။

ငလျင်စလှုပ်ကတည်းက ပြတ်တောက်သွားတဲ့ လျှပ်စစ်မီးဟာ ဧပြီလ ၁ ရက် ညရောက်မှ ပြန်ရပါတယ်။ ဒါတောင် အကုန်ဝိုင်းပြီး အားသွင်းကြ၊ ရေတင်ကြ၊ ဖွင့်ကြလို့လားမသိ၊ ထရန်စဖော်မာ နှစ်လုံး ရှေ့ဆင့်နောက်ဆင့် ထပေါက်ကွဲတာနဲ့ မီးပြန်ပျက်နေပြန်ပါတယ်။

မိဘ ဆွေမျိုးသားချင်း မိတ်ဆွေများနဲ့ ဖုန်းအဆက်အသွယ် မရပါ။ Atom တဖြစ်လဲ တယ်လီနောက လိုင်းမိတယ်ဆိုလို့ ဆင်းမ်ကတ်တွေ ရှာဝယ်ပြီး ပြောင်းထည့်ရပါတယ်။ Mytel လည်း လိုင်းမိပေမယ့် စစ်တပ်ပိုင်မို့ မသုံးကြသလောက်ပါပဲ။

အဆက်အသွယ် နည်းနည်းရတော့ တချို့ကလည်း အခြေအနေ ကောင်းတယ်ဆိုလို့ ဝမ်းသာရပါတယ်။ တချို့ကလည်း ဆိုးဆိုးဝါးဝါး ကြုံကြတယ်ဆိုတော့ စိတ်မကောင်းပြန်ပါဘူး။ ဖုန်းလိုင်း ပြန်မိတယ်ဆိုပေမယ့် ရှင်းရှင်းလင်းလင်း မဟုတ်ပါဘူး၊ ပြတ်တောင်းပြတ်တောင်းပါ။ ဒါကြောင့် တချို့ကိစ္စတွေ လိပ်ပတ်လည်အောင် မသိရ ဖြစ်နေပါတယ်။

နေပြည်တော်မှာ ဆွေမျိုးထဲက တယောက်ကတော့ မူကြိုဆရာမဖြစ်ပြီး ကလေးတွေကို ကာကွယ်ရင်း မျက်နှာကြက်က မီးဆိုင်း ပြုတ်ကျလို့ ခေါင်းကွဲသွားပါသတဲ့။ တယောက်ကတော့ ဆေးရုံမှာ ဆရာဝန်နဲ့ ချိန်းထားလို့ သွားပြတာ ဆရာဝန် ပေါ်မလာတာနဲ့ အိမ်ပြန်လာခဲ့တာ ကံကောင်းသွားပါသတဲ့။ သူပြမယ့် ဆေးရုံအောက်ထပ် ပြိုသွားတာပါ။

ငလျင်လှုပ်အပြီး အပျက်အဆီးပုံကြား အသက်ရှင်ကျန်သူ မိသားစုဝင်များအား လိုက်ရှာနေကြသူများ/AFP

စစ်ကိုင်းက အသိတယောက်ကတော့ သူအပြင်သွားနေတုန်း ငလျင်လှုပ်တာမှာ သူဖွင့်ထားတဲ့ဆိုင် ပြိုကျပါတယ်။ သူ့အမ၊ ဝန်ထမ်းတဦးနဲ့ ဆိုင်ကိုလာတဲ့ ဖောက်သည် သုံးဦး သေဆုံးသွားပါတယ်။ သူ့တူမကတော့ ဒဏ်ရာရပြီး အာရုံကြောထိခိုက်သွားလို့ လက်တဖက် မလှုပ်နိုင်တော့ပါဘူးတဲ့။ ဘာအကူအညီမှလည်း ရောက်မလာပါဘူး။

သူ့ဆီ ဖုန်းတွေ တောက်လျှောက် ဆက်နေပေမယ့် ဧပြီလ ၂ ရက်နေ့မှ အဆက်အသွယ်ရပြီး အဲဒီအခြေအနေတွေကို သိရတာပါ။

အိမ်အပေါ်ထပ်မှာ ငွေနဲ့ တန်ဖိုးရှိပစ္စည်းတွေ ရှိနေတော့ တခြားနေရာမသွားနိုင်ဘဲ ပြိုနေတဲ့ အိမ်ရှေ့မှာပဲ ကားကိုအိမ်လုပ်ပြီး နေရကြောင်း၊ နောက်ဆက်တွဲ ငလျင်တွေ လှုပ်နေတာကြောင့် ပြိုလက်စ တိုက်ပေါ်လည်း တက်မရှာရဲကြောင်း၊ အိမ်မှာ သိုလှောင်ထားတဲ့ ဆန်အိတ်တွေ လာယူကြတာလည်း မတားဝံ့လို့ ပေးလိုက်ရကြောင်း ပြောပါတယ်။

ပြိုလက်စတိုက်ရှေ့မှာပဲ ကားပေါ်အိပ်၊ ကားပေါ်စား နေကြရပါတယ်။ စားစရာကိုတော့ အခြေအနေကောင်းတဲ့ အိမ်တွေက လာပေးတာကို စားကြရပါတယ်။ အဝတ်အစားကတော့ လဲစရာကို မရှိတော့ဘူး ပြောလို့ အားချင်း အဝတ်အထည်တွေ ဝယ်ခြမ်း ထုပ်ပိုးပြီး ပို့လိုက်ပါတယ်။ မဝေးတဲ့ခရီးပေမယ့် လမ်းအခြေအနေအရ ဒီနေ့ရောက်ချင်ရောက်မယ်၊ မနက်ဖြန်မှ ရောက်ချင်ရောက်မယ်လို့ ကားလိုင်းကလည်း ပြောပါတယ်။

ပြိုလက်စတိုက်ရှေ့မှာပဲ ကားပေါ်အိပ်၊ ကားပေါ်စား နေကြရပါတယ်။ စားစရာကိုတော့ အခြေအနေကောင်းတဲ့ အိမ်တွေက လာပေးတာကို စားကြရပါတယ်။ အဝတ်အစားကတော့ လဲစရာကို မရှိတော့ဘူး ပြောလို့ အားချင်း အဝတ်အထည်တွေ ဝယ်ခြမ်း ထုပ်ပိုးပြီး ပို့လိုက်ပါတယ်။ မဝေးတဲ့ခရီးပေမယ့် လမ်းအခြေအနေအရ ဒီနေ့ရောက်ချင်ရောက်မယ်၊ မနက်ဖြန်မှ ရောက်ချင်ရောက်မယ်လို့ ကားလိုင်းကလည်း ပြောပါတယ်။

သူဟာ ကိုယ်ပိုင်ကား ကိုယ်တိုင်မောင်းပြီး ကြော့ကြော့လေး နေတဲ့သူပါ။ စစ်ကိုင်းကို သွားလည်ရင် အလွန်ဧည့်ဝတ်ကြေသူပါ။ “ကျမ အခုတော့ လမ်းဘေးရောက်နေပြီ” လို့ သူက ပြောပါတယ်။

ဒီဘက်က အဆိုးကြီး မဟုတ်လို့ ခေါ်ထားမယ်ဆိုပြန်တော့လည်း သူ့အိမ်အပေါ်ထပ်က တန်ဖိုးရှိ ပစ္စည်းနဲ့ငွေတွေက ထားပစ်ခဲ့လို့ စိတ်မချရ။ အဲဒီတော့ တိုက်ပြိုရှေ့ ကားထဲနေပြီး သူ့အိမ်သူ ပြန်ပြီး ကင်းစောင့်နေရတယ်လို့ ပြောရတော့မှာပါပဲ။

ပြိုလက်စ သူ့အိမ်ကို ယန္တရားနဲ့ ဖော်ဖို့ ဆက်သွယ်တော့ ငွေကျပ် သိန်း ၁၀၀ ပေးရမယ်ဆိုတာနဲ့ လက်မှိုင်ချနေရပါတယ်။ အင်တာနက် ရတုန်း ဖေ့စ်ဘုတ်တခွင် လှည့်ပတ်ကြည့်တော့ တချို့ တိုက်တွေကို ပြန်ဖော်ဖို့ သိန်း ၄၀၀ အထိ တောင်းတာ တွေ့ရပါတယ်။

အခု ဖော်ပြတာက မုံရွာကနေဆင့် ကိုယ့်မိတ်ဆွေ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ် ရသလောက် ရေးပြတာဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့မှာ ပြောစရာ စကားမရှိအောင် ထိခိုက် ပျက်စီး ဆုံးရှုံးမှုတွေ အများကြီးပါ။

ငလျင်ဘေးဒဏ်ခံရသော မိသားစုများ/AFP

ငလျင်လှုပ်ပြီး နောက်တနေ့ မနက်အစောကြီးမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်က စက်တပ်လေထီး တစင်း တက်လာပါတယ်။ ကင်းထောက်ဖို့ဆိုရင် ဒရုန်းလောက်ဆိုရတယ်ဆိုတာ အတွေ့အကြုံအရသိပေမယ့် စက်တပ်လေထီးဆိုတော့ စိတ်ထင့်ပါတယ်။ ညဘက် အင်တာနက် လိုင်းမိချိန် ရှာဖတ်တော့ ချောင်းဦးက ရွာတချို့ကို ဗုံးသွားကြဲတယ်လို့ သိရပါတယ်။ ချောင်းဦးလည်း ငလျင်ဒဏ် ထိထားပါတယ်။

လျှပ်စစ်မီး နည်းနည်းပြန်ရလာ၊ ဖုန်းဆင်းမ်ကတ်တွေ လဲထည့်ပြီး သတင်းအချက်အလက်တွေ ပိုသိလာရတော့ တော်တော်တုန်လှုပ်မိပါတယ်။ လတ်တလော နေထိုင်တဲ့ တိုက်ကလည်း တော်တော်ကြီးကို အက်ကြောင်းထနေပါပြီ။ အင်တာနက် လိုင်းမိတိုင်း ငလျင်သတင်းတွေကိုလည်း မပြတ် ဖတ်နေရပါတယ်။

လှုပ်ချက်ပြင်းရင် ထပြေးဖို့ အထုပ်ကလည်း ပြင်ထားရပါတယ်။ အင်တာနက် လိုင်းမိတဲ့အချိန် ဖတ်မိ၊ ကြည့်မိသမျှကြောင့် အိပ်လို့လည်း မပျော်နိုင်ပါဘူး။ အိပ်မပျော်လို့ ခုံပေါ်ထိုင်နေရင်လည်း နောက်ဆက်တွဲ ငလျင် အသေးစားတွေကို သိနေရပါတယ်။ ငလျင် စိတ္တဇများ ဖြစ်နေသလားဆိုပြီး အနီးအနားလူတွေ မေးပြီး အတည်ပြုရပါတယ်။

လှုပ်ချက်ပြင်းရင် ထပြေးဖို့ အထုပ်ကလည်း ပြင်ထားရပါတယ်။ အင်တာနက် လိုင်းမိတဲ့အချိန် ဖတ်မိ၊ ကြည့်မိသမျှကြောင့် အိပ်လို့လည်း မပျော်နိုင်ပါဘူး။ အိပ်မပျော်လို့ ခုံပေါ်ထိုင်နေရင်လည်း နောက်ဆက်တွဲ ငလျင် အသေးစားတွေကို သိနေရပါတယ်။ ငလျင် စိတ္တဇများ ဖြစ်နေသလားဆိုပြီး အနီးအနားလူတွေ မေးပြီး အတည်ပြုရပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
737
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
198
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
613

စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်နေကြရသည့်အထဲ မြွေပူရာ ကင်းမှောင့်ဆိုသလို ငလျင်ကြောင့်ပါ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အများကြီး ပြန်လည်ထူထောင်ရတော့မှာ ဖြစ်ပါတယ်။ အကုန် တစ်က ပြန်စရမယ့် အခြေအနေပါ။ ခုနက မိတ်ဆွေပြောသလို “ကျမ အခုတော့ လမ်းဘေးရောက်နေပြီ” ဆိုတာလိုမျိုး ဖေ့စ်ဘုတ်တယောက်ရေးသလို ‘ဘဝမှာ သူများဆီက တောင်းစား၊ ပလက်ဖောင်း ခေါင်းအုံး၊ ဓာတ်တိုင် သေးပန်းရတဲ့ဘဝ ရောက်လိမ့်မယ်လို့ မထင်ခဲ့မိဘူး’ ဆိုသူတွေ အများကြီးပါ။

အကူအညီရဖို့ကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကလည်း ဟန်ပြပဲဖြစ်ပြီး သူတို့ နေပြည်တော်မှာကိုက အတော်ထိထားတော့ သူတို့ဟာသူတို့နဲ့တင် လက်လည်မယ် မထင်ပါဘူး။

နောက်ဆုံးတော့ “ပြည်သူမှာ ပြည်သူပဲရှိတယ်” ဆိုပြီး ငလျင်ဘေးကနေ ကူညီညာ ရုန်းထရဖို့ပဲ ရှိပါတယ်။

(သာဦးသည် ပြည်တွင်းအခြေစိုက် ဂျာနယ်လစ်တဦး ဖြစ်သည်။)

You may also like these stories:

သူမပါရင် မပြီး ပွဲမစည်ဘူးရယ်လို့

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ

ငလျင်ဒဏ်သင့် မန္တလေး အခြေအနေ (ရုပ်/သံ)

နေပြည်တော် စစ်ဘက်အဆောက်အဦများ ပြိုကျမှု သတင်းအမှောင်ချထား

လေကြောင်းတိုက်ခိုက်မှုများ ရပ်ပါ၊ ငလျင်ကယ်ဆယ်ရေး စစ်အင်အားကို သုံးပါ

Your Thoughts …
Tags: ငလျင်စစ်ကောင်စီစစ်အာဏာသိမ်းမှုလူသားချင်းစာနာမှုအကူအညီလေကြောင်းတိုက်ခိုက်မှုသဘာဝဘေးအန္တရာယ်အရပ်သားပစ်မှတ်
သာဦး

သာဦး

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အပစ်အခတ်အပြီးရပ်၍ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ အိန္ဒိယဝန်ကြီးချုပ် ပြော

အပစ်အခတ်အပြီးရပ်၍ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ အိန္ဒိယဝန်ကြီးချုပ် ပြော

“ကမ္ဘာ့လူသားချင်းစာနာမှု အကူအညီ အများစု အမေရိကန် မထောက်ပံ့နိုင်တော့” ဟု ရူဘီယို ပြော

"ကမ္ဘာ့လူသားချင်းစာနာမှု အကူအညီ အများစု အမေရိကန် မထောက်ပံ့နိုင်တော့" ဟု ရူဘီယို ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved