• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မော်လမြိုင်မြို့

by ဧရာဝတီ
8 June 2025
in ဆောင်းပါး
A A
မော်လမြိုင်မြို့
879
VIEWS
Share on FacebookShare on Twitter

မော်လမြိုင်မြို့ဟာ မွန်ပြည်နယ်ရဲ့ မြို့တော် ဖြစ်ပါတယ်။

နေပြည်တော် မတည်ခင် ၂၀၀၆ ခုနှစ်ထိ မြန်မာနိုင်ငံရဲ့ တတိယ အကြီးဆုံးမြို့လည်း ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့ကနေ ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်) ကွာဝေးပြီး သထုံမြို့ကနေ ကီလိုမီတာ ၇၀ ကွာဝေးတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၂၂၉ ၅၂၀ ရှိကြောင်း သိရပါတယ်။

၁၉၆၂ ခုနှစ်က ခန့်မှန်း သန်းခေါင်စာရင်း အရတော့ လူဦးရေ ၁⁠၁၅၉၃၁ ယောက် ရှိတယ်လို့ ဆိုပါတယ်။

မော်လမြိုင်ဟာ သံလွင်မြစ်ဝရဲ့ ဝဲဖက်ကမ်းပေါ်မှာ တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းကို ရောင်းဝယ် ဖောက်ကားဖို့ အဓိက နေရာလည်း ဖြစ်ပါသေးတယ်။

မော်လမြိုင်မြို့ဟာ ရှေးမွန်မြို့ဟောင်းကြီး တမြို့ဖြစ်ခဲ့ပြီး ကိုလိုနီခေတ် မြန်မာနိုင်ငံရဲ့ ပထမဆုံး မြို့တော်လည်း ဖြစ်ခဲ့ပါတယ်။

ရှေးယခင်က မော်လမြိုင်မြို့နေရာကို မွန်ဘာသာနဲ့ မတ်မွဲလို လို့ ခေါ်ဆိုကြကြောင်း သိရပါတယ်။ မတ် ဆိုတာ မျက်လုံးဖြစ်ပြီး မွဲ ဆိုတာက တစ်၊ လို ဆိုတာက ပျက်စီးခြင်း အဓိပ္ပာယ် ရတယ်လို့ ဆိုပါတယ်။

မတ်မွဲလို ရဲ့ မွန်လို အသံထွက်က မွတ်မော်လုံမ် ဖြစ်ကြောင်း သိရပါတယ်။

နောက်ပိုင်းမှာ မတ်မွဲလို ကနေ မော်လမြိုင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရမ္မာပူရ၊ ရမ္မာဝတီ တို့မှ မွတ်မယ်လိန်း လို့ ခေါ်ဆိုကြကြောင်း၊ မွတ်မယ်လိန်း ခေါ်တွင်ရာမှ ကာလရွေ့လျော လာတဲ့ အခါ မော်လမိန်း၊ အဲဒီကမှ မော်လမြိုင် အခေါ်ကို ပြောင်းလဲလာခဲ့ကြောင်းလည်း သိရပါတယ်။

ရှေးမွန်တွေက မုဘီလိန်း ဆိုပြီးခေါ်ရာ အဓိပ္ပာယ်က မြစ်ဝအစွန်းတွေ ပျက်စီးနေတဲ့ နေရာလို့ ဆိုပါတယ်။

အေဒီ ၁၃ ကနေ ၁၈ ရာစု မွန်တို့ရဲ့ မဂဒူးမင်းဆက် ခေါ် ဝါရီရူးမင်းဆက်မှာ ၁၅ ဆက်မြောက် မင်းဖြစ်တဲ့ ဘုရင်မကြီး ရှင်စောပု ပြီးနောက် နန်းတက် တဲ့ ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီ မင်းကြီး သာသနာ သက္ကရာဇ် ၂၀၂၃၊ ကောဇာသက္ကရာဇ် ၈၄၀၊ ခရစ်နှစ် ၁၄၇၉ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ ကလျာဏီ ကျောက်စာ အရ မော်လမြိုင်မြို့ဟာ မုတ္တမ တိုင်းဒေသအတွင်း မွန် ၃၂ မြို့မှာ ပါဝင် ခဲ့ကြောင်း သိရပါတယ်။

ကျိုက်သံလန် စေတီ / Wikipedia

အေဒီ ၁၈ ကနေ ၁၉ ရာစု ကုန်းဘောင်မင်းဆက် ထူထောင်တဲ့ အလောင်းမင်းတရားဟာ ယိုးဒယား (ထိုင်း) ကို ချီတက် တိုက်ခိုက်ပြီးနောက် ပြန်လည် ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တမ ကျေးကင်းရွာမှာ ခရစ်နှစ် ၁၇၆၀ မေ ၁၁ ရက်မှာ နတ်ပြည်စံတော်မူလို့ ရွှေဘိုနေပြည်တော်ကို တပ်ဖွဲ့များ ပြန်လာခဲ့ကြတယ်တဲ့။

အဲဒီအချိန် စစ်သူကြီး ဗိုလ်ချုပ် မင်းခေါင်နော်ရထာ ခေါ် မုဆိုးချုံ ဗိုလ်တွန်ဟာ ရသမျှ သုံ့ပန်းလူစုများနဲ့ မော်လမြိုင်ကို ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းမင်းတရားရဲ့ အရိုက်အရာကို ဆက်ခံတဲ့ နောင်တော်ကြီးမင်းက မင်းခေါင်နော်ရထာကိုပင် မြို့ပြ တည်ထောင် ခြားနားကာ ပုန်ကန်တယ် အထင်မှားခြင်းကို ခံခဲ့ရဖူးကြောင်း၊ တဖန် ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲမှာ စကြာဝန်ကြီးကို မော်လမြိုင်မြို့ကို ပြုပြင်ခိုင်းပြန်ပေမယ့် တိုင်းပြည် မအေးချမ်းလို့ ပြန်လည်ပျက်စီး ယိုယွင်းခဲ့ရပြန်ကြောင်း သိရပါတယ်။

၁၈၂၄ ကနေ ၁၉၄၈ ကိုလိုနီခေတ် မော်လမြိုင်မြို့မှာ ခရစ်နှစ် ၁၈၂၄ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီး ခရစ် ၁၈၂၆ ခုနှစ်မှာ ဗြိတိသျှ လက်အောင်သို့ ရန္တပိုစာချုပ်အရ အောက်မြန်မာနိုင်ငံကို ပေးလိုက်ရပါတယ်။

အဲဒီအခါက မော်လမြိုင်မြို့ဟာ ဗြိတိသျှပိုင် အောက် မြန်မာပြည်ရဲ့ မြို့တော် ဖြစ်လာခဲ့သေးတယ်။

ခရစ်နှစ် ၁၈၃၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သတင်းစာ ဖြစ်တဲ့ “မော်လမြိုင် ခရော်နီကယ် သတင်းစာ (The Maulmain Chronicle)” ကို ဗြိတိသျှတို့က မော်လမြိုင်မှာ စတင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

မော်လမြိုင်ခရော်နီကယ် သတင်းစာ ဟာ အင်ဒိုချိုင်းနား ဒေသ (အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ) ရဲ့ ပထမဆုံး သတင်းစာလည်း ဖြစ်ပါတယ်။

အမေရိကန် နှစ်ခြင်းကို စတင် တည်ထောင်သူ အဒိုနီရမ် ဂျပ်ဆင် (ယုဒသန်) ဟာ သူပြန်ဆိုတဲ့ မြန်မာ့ ပထမဆုံး ဓမ္မသစ် ကျမ်းကို ၁၈၃၂ ခုနှစ်မှာ မော်လမြိုင်မှာ ပထမဆုံး အကြိမ် ရိုက်နှိပ်ခဲ့ပါတယ်။

၁၈၅၂ ခုနှစ်မှာ ယုဒသန် ပြုစုတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အင်္ဂလိပ် – မြန်မာ အဘိဓာန်ကိုလည်း ဆရာအီး၊ အေး၊ စတီဗင်က မော်လမြိုင်မြို့ အမေရိကန် သာသနာ ပုံနှိပ်တိုက်မှာ ပထမအကြိမ် စက်တင် ပုံနှိပ်နိုင်ခဲ့ပါတယ်။

ခရစ်နှစ် ၁၈၂၆ ကနေ ၁၈၆၂ ကြားကာလမှာ ကိုလိုနီခေတ် မော်လမြိုင်မြို့ဟာ ဗြိတိသျှ မြန်မာနိုင်ငံ ရဲ့ ဗဟို ဖြစ်လာခဲ့ပါတယ်။

ဒုတိယ အင်္ဂလိပ် – မြန်မာ စစ် ပြီးနောက် ၁၈၆၂ ခုနှစ်မှာတော့ ဗြိတိသျှ တို့ဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး မြို့တော်ကို မော်လမြိုင် ကနေ ရန်ကုန်ကို တရားဝင် ပြောင်းရွှေ့လိုက်ပါတယ်။

ခရစ်နှစ် ၁၈၇၈ ပြည့်နှစ်မှာ မင်းတုန်းမင်း နတ်ရွာ စံပြီးနောက် “သီရိပုဗ္ဗာရတနာဒေဝီ” ဘွဲ့ခံ စိန်တုံးမိဖုရားဟာ စုဖုရားလတ် ရဲ့ မယ်တော်ဖြစ်တဲ့ ဆင်ဖြူမရှင်ရဲ့ နန်းတွင်း လူသတ်ပွဲ အန္တရာယ်ကို ရှောင်တိမ်းတဲ့ အနေနဲ့ သီပေါမင်းပိုင် အထက် မြန်မာပြည် ကနေ ဗြိတိသျှပိုင် အောက်မြန်မာပြည်ကို စုန်ဆင်းကာ မော်လမြိုင်မြို့ သာယာကုန်း ရပ်ရှိ အိမ်တလုံးမှာ ဗြိတိသျှ အစိုးရက ပေးတဲ့ ပင်စင်လစာ စားရင်း နေထိုင်ခဲ့ဖူးပါတယ်။

စာပေ နိုဘဲလ်ဆုရ အင်္ဂလိပ် ဂန္ထဝင် ကဗျာဆရာ ရုဒ်ယတ် ကစ်ပလင်း (Rudyard Kipling) ဟာလည်း ၁၈၉ဝ ခုနှစ်မှာ မော်လမြိုင်မြို့ကို ခေတ္တ ရောက်ရှိခဲ့ပြီး ၁၈၉၂ ခုနှစ်မှာ သူရဲ့ “မန္တလေး” အမည်ရှိ ကဗျာအဖွင့်မှာ မော်လမြိုင်မြို့ကို ရေးသား ဖော်ပြခဲ့ဖူးပါတယ်။

ဒါ့အပြင် ကမ္ဘာ့ စာပေလောကမှာ လျှမ်း⁠လျှမ်းတောက် ကျော်ကြားခဲ့တဲ့ အင်္ဂလိပ် စာရေးဆရာ ဂျော့ အော်ဝဲလ် (George Orwell) ရဲ့ ဘိုးဘွားမိဘများ မျိုးရိုးစဉ်ဆက် အခြေချ နေထိုင်ခဲ့ရာမြို့ ဖြစ်ခဲ့ပြီး ဂျော့ အော်ဝဲလ် ကိုယ်တိုင်လည်း ၁၉၂၆ ခုနှစ်မှာ နေထိုင်ခဲ့တဲ့မြို့ ဖြစ်ခဲ့ပါတယ်။

ဂျော့ အော်ဝဲလ်က သူ့ စာအုပ် Shooting an Elephant (၁၉၃၆ ခုနှစ်) မှာ မော်လမြိုင်ကို ထည့်သွင်း ရေးသား ခဲ့ပါသေးတယ်။

သံလွင်မြစ်ဝပေါ်မှာ တည်ရှိနေတဲ့ မော်လမြိုင်မြို့ကို ၁၉၀⁠ဝ ပြည့်နှစ် အစောပိုင်းကာလက တွေ့မြင်ရစဉ် / Wikipedia

ဗြိတိသျှ ကိုလိုနီခေတ်မှာ ဂျာမနီ၊ စီယမ် (ထိုင်းနိုင်ငံ)၊ ပါးရှား (အီရန်နိုင်ငံ)၊ ဒိန်းမတ်၊ နော်ဝေး နဲ့ ဆွီဒင်နိုင်ငံ တို့ဟာ မော်လမြိုင်မှာ ကောင်စစ်ဝန် ရုံးများကို ဖွင့်လှစ်ထားရှိခဲ့ပြီး အီတလီ နဲ့ အမေရိကန် တို့ဟာ မော်လမြိုင်မှာ ကောင်စစ်ဝန် အေဂျင်စီများ ထားရှိခဲ့ပါတယ်။

ကိုလိုနီခေတ် မော်လမြိုင်မြို့မှာ အင်္ဂလိပ်-မြန်မာ လူမျိုးစပ်များနဲ့ ပြည့်နှက်နေပြီး အင်္ဂလိပ်နွယ်ဖွား မြန်မာ အသိုင်းအဝိုင်း အများအပြား ရှိနေမှုကြောင့် အင်္ဂလန် အသေးစားလေး (Little-England) လို့ပင် ခေါ်တွင်ခဲ့ပါတယ်။

သူတို့ဟာ ရာဘာ စိုက်ပျိုးရေးများ လုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။

ဒီနေ့ခေတ်မှာတော့ အဲဒီလို လူတွေ မရှိသလောက်ပင် ရှားပါးသွားပြီ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ဟာ မြူနီစီပယ် နယ်နမိတ် နဲ့ ရေဝန်ဆိပ်ကမ်း အပါအဝင် ၂၁ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ မြူနီစီပယ်အဖွဲ့ ကို ခရစ်နှစ် ၁၈၇၄ ခုနှစ်က စတင် တည်ထောင်ကာ မြို့ရဲ့ စည်ပင်သာယာမှုကို စီမံ အုပ်ချုပ်တယ်လို့ ဆိုပါတယ်။

မြို့ရဲ့ အရှေ့တောင်တန်း တလျှောက်မှာ ကျိုက်သလ္လံ စေတီတော်၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင် စေတီတော်တို့ ရှိကြပါတယ်။ မြို့လယ်မှာတော့ ကျိုက်သုတ်စေတီ ရှိပါတယ်။

အဲဒီ တောင်တန်း တလျှောက်နဲ့ မြို့တွင်းမြို့ပြင်မှာ ဘုန်းကြီးကျောင်း အများအပြား ရှိတဲ့အပြင် ပရိယတ္တိ စာသင်တိုက်ကြီး များလည်း ရှိပါသေးတယ်။

မော်လမြိုင်မြို့ တောင်ဘက် ၄ မိုင်အကွာရှိ တောင်ဝိုင်း တောင်နဲ့ ရွှေနတ်တောင် ကြားမှာ မြို့ကို ရေပေးဝေတဲ့ ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ် အဖွဲ့က ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ ပြုလုပ်ခဲ့ရာ ခရစ်နှစ် ၁၉၁ဝ ပြည့်နှစ်မှာ ပြီးစီး ခဲ့ကြောင်း သိရပါတယ်။

ဗြိတိသျှအစိုးရပိုင် အထက်တန်းကျောင်း ၂ ကျောင်း ရှိတဲ့ပြင် ရှင်မဟာ ဗုဒ္ဓဃောသ အမျိုးသား အထက်တန်းကျောင်း၊ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်း နဲ့ နိုင်ငံခြား သာသနာပြု အထက်တန်းကျောင်း များစွာလည်း ရှိပါတယ်။ မူလတန်း နဲ့ အလယ်တန်း ကျောင်းများလည်း ရှိပါတယ်။

တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ မြူနီစီပယ်ရုံးကြီး၊ နာရီစင်၊ အကျဉ်းထောင်၊ အမေရိကန်သာသနာပြု ဆေးရုံ (Ellen Mitchell Hospital)၊ ဗြိတိသျှအစိုးရပိုင် ဆေးရုံကြီး၊ ဗဟိုစာတိုက်ကြီး နဲ့ စာတိုက် ငယ်များ၊ မော်တင်လိန်းဆရာဖြစ် သင်တန်း ကျောင်း၊ မျက်မမြင်ကျောင်း၊ Wellesley Bailey တည်ထောင်တဲ့ အခမဲ့ ကုဋ္ဌနူနာဆေးရုံ တို့လည်း ရှိခဲ့ကြပါတယ်။

ဒုတိယ ကမာ္ဘစစ် မတိုင်ခင်က မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီး ဒေါ်ခင်ကြည်ဟာ စကော့တလန် လူမျိုး အမျိုးသမီးများ အုပ်ချုပ်တဲ့ မော်တင်လိန်း ဆရာဖြစ် သင်တန်းကျောင်း (ABM ကျောင်း) မှာ ပညာသင်ခဲ့ဖူးပါတယ်။

လက်ရှိ မော်လမြိုင်မြို့ကတော့ ၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မြန်မာ့အရှေ့တောင်ရဲ့ ယဉ်ကျေးမှု၊ ပညာရေး နဲ့ စီးပွားရေး ဗဟိုချက်အဖြစ် ဆက်လက် တည်ရှိခဲ့ပါတယ်။

၁၉၅၃ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သော မော်လမြိုင် ဥပစာ ကောလိပ်ကို ၁၉၆၃ ခုနှစ်က စပြီး ဒီဂရီကောလိပ် အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါတယ်။

မော်လမြိုင်ရှိ ရှေးဘာသာရေး အမွေအနှစ် အဆောက်အအုံများ၊ ကိုလိုနီခေတ် ဗိသုကာလက်ရာ အမွေအနှစ်များကလည်း ထူးခြားမှုတခု ဖြစ်ပါတယ်။ တချို့တွေက ပျက်စီးလုနီးပါး ရှိနေကြောင်း သိရပါတယ်။

မော်လမြိုင်မြို့ဟာ သံလွင် မြစ်ဝကျွန်းပေါ်မှာ တည်ရှိပါတယ်။ မြစ်ပါးစပ်မှာ ဘီလူးကျွန်းဟာ သံလွင်မြစ်ကို ခွပိတ်ထားပြီး မုတ္တမ ပင်လယ်ကွေ့ အတွင်းကို စီးဝင်စေပါတယ်။ ဘီလူးကျွန်းရဲ့ အရှေ့မြောက်ဘက်မှာ ထင်ရှားတဲ့ ခေါင်းဆေးကျွန်း ရှိပါတယ်။

အနောက်ဘက် နဲ့ မြောက်ဘက်ရှိ သံလွင်မြစ် နဲ့ အတ္ထရံမြစ် ကမ်းရိုး တလျှောက်နဲ့ အရှေ့ဘက် တောင်တန်းကြားမှာ တည်ထားတဲ့ မြို့ဖြစ်လို့ အလျားရှည်ပြီး အနံတိုပါတယ်။ မြို့ ရဲ့ အလျားမှာ ၇ မိုင်ခန့်ရှိပြီး တတောင်ဆစ်ကွေး သဏ္ဌာန် ရှိနေပါတယ်။

လမ်းပန်း ဆက်သွယ်ရေးမှာတော့ မော်လမြိုင်ဟာ မြန်မာနိုင်ငံ အရှေ့တောင်ဘက် သွားရာမှာ အဓိက မုခ်ဝ လမ်းမကြီးပင် ဖြစ်ပါတယ်။

သံလွင်တံတားကြီးဟာ မော်လမြိုင်မြို့နဲ့ မုတ္တမမြို့တို့ကို ဆက်သွယ်ပေးထားတဲ့ ရထား၊ ကား သွားနိုင်တဲ့ တံတားကြီး တစ်ခု ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ရထားလမ်း နဲ့ ကားလမ်း ပါဝင်တဲ့ တံတားများထဲ အရှည်ဆုံးတံတား တခုလည်း ဖြစ်ပါတယ်။

တံတားအရှည်က ပေ ၁၁, ဝ⁠၀၀⁠ ကျော် ရှိပြီး နိုင်ငံရဲ့ အရှေ့တောင်ပိုင်းနဲ့ ရန်ကုန်မြို့ကို ဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီ သံလွင်တံတားကြီးကို ၂၀⁠၀၆ ခုနှစ် ဧပြီလမှာ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဘီလူးကျွန်းကို မော်လမြိုင်မြို့ နဲ့ ဆက်သွယ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်း (ချောင်းဆုံ) တံတား (ဘီလူးကျွန်း) ကို ၂၀၁၇ မေ ၉ ရက်မှာ ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရပါတယ်။

မြို့တွင်းမှာ ဆိုင်ကယ်နဲ့ သုံးဘီးကားများကို တက္ကစီအဖြစ် အသုံးပြုပါတယ်။ မြို့တွင်း မြောက်ကနေ တောင်ကို ဘတ်စ်ကား ကွန်ရက်များနဲ့ လည်း ဝန်ဆောင်မှု ပေးထားကြောင်း သိရပါတယ်။

မော်လမြိုင်ဟာ အရှေ့တောင်အာရှ အရှေ့အနောက် စီးပွားရေးစင်္ကြံ (East–West Economic Corridor) ရဲ့ အရေးကြီး သော အစိတ်အပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အရှေ့-အနောက် ကီလိုမီတာ ၁၄၅၀ ရှည်လျားတဲ့ အဲဒီ စီးပွားရေးစင်္ကြံဟာ တောင် တရုတ် ပင်လယ်ရှိ ဗီယက်နမ်နိုင်ငံ ဒါနန်မြို့ကနေ မော်လမြိုင်ကို လာအို နဲ့ ထိုင်းနိုင်ငံတို့ကို ဖြတ်ပြီး ဆက်သွယ်ထားကြောင်း သိရပါတယ်။

အရှေ့-အနောက် စီးပွားရေးစင်္ကြံကို အသုံးပြုခြင်းကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ရန်ကုန်ကြား ခရီးသွားလာချိန်ဟာ သုံးရက်ခန့်သာ ရှိပြီး မလက္ကာ ရေလက်ကြားကတဆင့် သမားရိုးကျ ရေကြောင်း ကုန်စည်ပို့ဆောင်ရေး အတွက် နှစ်ပတ်က သုံးပတ်အထိ အချိန်ကြာနိုင်တဲ့ ခရီးဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန် Nippon Express ပို့ဆောင်ရေး ကုမ္ပဏီဟာ အဲဒီလမ်းကို သုံးပြီး ထိုင်းနဲ့ မြန်မာကြား ကုန်းလမ်း ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ကြောင်း သိရပါတယ်။

ယုဒသန် ရဲ့ ပထမနှစ်ခြင်း ဘုရားရှိခိုးကျောင်း / ဧရာဝတီ

ဗြိတိသျှ ကိုလိုနီခေတ်ကတော့ မော်လမြိုင်ဆိပ်ကမ်းကို စကော့တလန်ပိုင် British-India Steam Navigation ကုမ္ပဏီနဲ့ Irrawaddy Flotilla (ဧရာဝတီ ဖလော်တီလာ) ကုမ္ပဏီတို့ အပါအဝင် ဥရောပ သင်္ဘောကုမ္ပဏီများက ဝန်ဆောင်မှု ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ အချိန်က မော်လမြိုင် ဆိပ်ကမ်းဟာ ပြည်တွင်း ရေကြောင်း သွားလာရေးသာမက နိုင်ငံတကာ သင်္ဘောများ အတွက်လည်း အရေးပါခဲ့ပါတယ်။

မော်လမြိုင် ဆန်စက်နဲ့ လွှစက်များကနေ ဆန် နဲ့ ကျွန်းသစ်များကို အဆိုပါ သင်္ဘော ကုမ္ပဏီများက ကမာ္ဘတဝန်းကို တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

British-India Steam Navigation Company ရဲ့ ခရစ်နှစ် ၁၈၈၀ ပြည့်နှစ်ထုတ် လမ်းညွှန်စာအုပ်မှာ ကာလကတ္တား – ရန်ကုန်- မော်လမြိုင် ခရစ်နှစ် ၁၈၅၇ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့သည်၊ မော်လမြိုင်-ပီနန်-မလက္ကာ-စင်္ကာပူ ခရစ်နှစ် ၁၈၆၂ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့သည်၊ မော်လမြိုင်-ပီနန်-ကိုလံဘို-ဘုံဘေလိုင်းများ ပြေးဆွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
480
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
593

သံလွင်မြစ်မှာ သဲသောင် ထူထပ်သောကြောင့် ပင်လယ်ဝ ကနေ ၂၈ မိုင်ခန့်အကွာရှိ မော်လမြိုင်မြို့အထိသာ ပင်လယ်ကူး သင်္ဘောကြီးများ ဆန်တက် သွားလာနိုင်တယ်လို့ ဆိုပါတယ်။

လေကြောင်းအနေနဲ့ မော်လမြိုင်လေဆိပ်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှ တော်ဝင် လေတပ်ကွင်း ဖြစ်ခဲ့ပြီး ဗြိတိသျှ တို့သာမက မဟာမိတ် အမေရိကန် လေသရဲအဖွဲ့ ဖြစ်တဲ့ ကျားပျံ လေသရဲ အဖွဲ့ (Flying Tigers) တို့လည်း အသုံးပြုခဲ့ကြောင်း သိရပါတယ်။

ခရစ်နှစ် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် မြန်မာ့လေကြောင်းလိုင်း (Union of Burma Airways) ကို တည်ထောင်ခဲ့ပြီး မော်လမြိုင် လေဆိပ်ကို ဝန်ဆောင်မှုများ စတင်ပေးပါတယ်။

ထူးခြား ထင်ရှားတဲ့ နေရာများမှာ ကျိုက်သံလန်စေတီ၊ ဦးဇိနစေတီ၊ သီပေါဘုရင်နရဲ့ စတုတ္တသမီးတော်ရဲ့ ပြာသာဒ်ဂူ၊ ယုဒသန်ရဲ့ ပထမ နှစ်ခြင်း ဘုရားရှိခိုးကျောင်း၊ ရှင်မဿဲ အင်္ဂလိကန် ဘုရားရှိခိုးကျောင်း၊ ပုလိပ်မင်းကြီးရုံး၊ မော်လမြိုင် ထောင်ဟောင်း၊ စိန့်ပက်ထရစ် ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်း၊ စိန်တုံးမိဖုရားကျောင်း၊ ဝိတိုရိယခေတ်ပုံစံ နာရီစင်၊ ဘီလူးကျွန်း၊ ခေါင်းဆေးကျွန်း၊ မွန်ယဉ်ကျေးမှုပြတိုက်၊ ဖားအောက်တောရ (ပင်မ)၊၊ ဇိနမာရ်အောင်စေတီ၊ မဟာမြတ်မုနိ ဘုရား (မော်လမြိုင်မြို့)၊ ဦးခန္တီဘုရားတို့ စြဖ်ပါတယ်။

စီးပွားရေး လုပ်ငန်းများ အနေနဲ့ မော်လမြိုင်မြို့မှာ သစ်စက်အချို့နဲ့ စပါးကြိတ်စက် လုပ်ငန်းများ၊ ကျွန်းသစ်နဲ့ ဆန်စပါးများကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ကြပါတယ်။

ကျွန်းသစ်၊ ဆန်စပါးနဲ့ ကော်ဖတ် အမြောက်အမြား ထွက်လို့ မြို့ရဲ့ ကမ်းရိုးတန်း တလျှောက်မှာ သစ်စက်နဲ့ ဆန်စက် အများအပြားရှိပါတယ်။

ဒူးရင်းသီး၊ မင်းကွတ်သီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ သရက်သီး တို့လည်း အမြောက်အမြား ထွက်ရာ ရန်ကုန်မြို့နဲ့ အခြားမြို့များသို့ တင်ပို့ရောင်းချရကြောင်း သိရပါတယ်။

ဒါ့အပြင် စက်မှုဇုန် စက်မှုဇုန် နှစ်ခုလည်း ရှိပါတယ်။

ဒေါင်းမင်းရပ်ဟာ မော်လမြိုင်မြို့ရဲ့ အစည်ကားဆုံး နေရာ ဖြစ်ပြီး အောက်လမ်းမကြီးရှိ အမှတ် (၁) ဈေးကြီးနဲ့ အထက် လမ်းမကြီးရှိ အမှတ်(၂) ဈေးကြီးကို ဆက်သွယ်ပေးထားပါတယ်။

ရောင်းဝယ် ဖောက်ကားကြသူများဖြင့် အထူးစည်ကားပြီး ကုန်စည်ဒိုင်နဲ့ အဝေးပြေးကားဂိတ်၊ ရထား ဘူတာရုံ၊ သင်္ဘောဆိပ် တည်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြပါတယ်။

သံလွင်တံတား (မော်လမြိုင်) / Wikipedia

ဗုဒ္ဓဘာသာ မွန်လူမျိုးများ အဓိက နေထိုင်ရာ ဒေသ ဖြစ်ပေမယ့် အမျိုးမျိုးသော ယဉ်ကျေးမှုများကို တွေ့မြင်ရပါတယ်။ အလွန်ရှေးကျတဲ့ ဗုဒ္ဓဘာသာ နေရာဌာန တခုဖြစ်ပေမယ့်လည်း ၁၉ ရာစု နောက်ပိုင်းတွင် ဗြိတိသျှ နဲ့ အမေရိကန် ခရစ်ယာန် သာသနာပြုများ ရောက်ရှိလာပြီး ခရစ်ယာန်ဘာသာလည်း စတင်ဝင်ရောက်လာခဲ့ပါတယ်။

၂၀ ရာစု အစောပိုင်း ကာလများမှာတော့ စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုများနဲ့ အိန္ဒိယနိုင်ငံက ဟိန္ဒူလူမျိုးများလည်း ဝင်ရောက် လာခဲ့ကြတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ သင်္ကြန်ရေသဘင်ပွဲဟာ မြန်မာနိုင်ငံတွင် ကျော်ကြားပါတယ်။

ခရစ်သက္ကရာဇ် ၁၈၄၄ (မြန်မာသက္ကရာဇ် ၁၂ဝ၄) ခုနှစ်မှ စပြီး မောင်ငံရပ်ကို အုပ်ချုပ်တဲ့ မင်းမောင်ငံက ဦးစီး ပြုလုပ်ခဲ့ရာ ဒီနေ့တိုင် မပျက်မကွက် တည်တံ့လျက် ရှိပါတယ်။ မောင်ငံဟာ မွန်လူမျိုး စစ်ကဲကြီး မောင်ထော်လေးရဲ့ တပည့် ကင်းဝန် ဖြစ်တယ်လို့ ဆိုပါတယ်။

မော်လမြိုင် ရွှေရင်အေး၊ မွန်ရိုးရာ မော်လမြိုင် သင်္ကြန်ထမင်း၊ မွန်ရိုးရာ ရွဲယိုရွက် ငါးပေါင်းထုပ်၊ မွန်ရိုးရာ ရွှေကြည်မုန့်၊ မော်လမြိုင် မုန့်ဟင်းခါး ခေါ် မွန်ရိုးရာ ရေစိမ်မုန့်ဟင်းခါး (မုန့်ဟင်းခါးအစို)၊ ဒူးရင်းယို၊ မော်လမြိုင် ကြက်ကလယ်ချက်၊ မွန်ရိုးရာ ကောက်လှိုင်းတီမုန့် အစရှိတာတွေဟာလည်း ကျော်ကြားပါတယ်။

ပညာရေးမှာလည်း အခြေခံပညာ အနေနဲ့ အစိုးရ အထက်တန်းကျောင်း ၁၃ ကျောင်း ရှိပြီး ၁၈၆၀ ခုနှစ်က စတင် တည်ထောင်တဲ့ စိန့်ပက်ထရစ်ကျောင်း (အခု အမှတ်(၅) အထက်တန်းကျောင်း)၊ ၁၈၉၉ ခုနှစ်က စတင် တည်ထောင်တဲ့ ရှင်မဟာ ဗုဒ္ဓဃောသ အမျိုးသား အထက်တန်းကျောင်း (အခု အမှတ်(၉) အထက်တန်းကျောင်း) များ ရှိပါတယ်။

အဆင့်မြင့်ပညာ အနေနဲ့လည်း မော်လမြိုင် တက္ကသိုလ်၊ မော်လမြိုင် ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၊ အစိုးရ စက်မှုလက်မှု သိပ္ပံ(မော်လမြိုင်)၊ သူနာပြု နဲ့ သားဖွား သင်တန်းကျောင်း (မော်လမြိုင်)၊ အားကစားနဲ့ ကာယပညာ သိပ္ပံ (မော်လမြိုင်) တို့ ရှိပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း အတွက် အဓိက တက္ကသိုလ် တခုဖြစ်တဲ့ မော်လမြိုင် တက္ကသိုလ်ဟာ မြန်မာနိုင်ငံမှာ တတိယမြောက် တည်ထောင်တဲ့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ဖြစ်ပြီး ဝိဇ္ဇာဘွဲ့နဲ့ သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့် နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်တဲ့ တက္ကသိုလ်တချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်ဟာ တခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

ကျန်းမာရေး ကဏ္ဍအနေနဲ့ မော်လမြိုင် မိခင်နဲ့ ကလေး ဆေးရုံကြီး (ခေါ်) အမေရိကန် ဆေးရုံကြီး (ယခင် ကိုလိုနီခေတ် Ellen Mitchell Memorial ဆေးရုံ)၊ မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး၊ မော်လမြိုင် ခရစ်ယာန် အထူးအရေပြား ဆေးရုံ၊ မော်လမြိုင် တက္ကသိုလ်ဆေးရုံ နဲ့ မော်လမြိုင် တိုင်းရင်းဆေး ဆေးရုံတို့ ရှိပါတယ်။

မော်လမြိုင်မြို့ကို အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ်ရှိ ဖို့တ်ဝိန်းမြို့ နဲ့ ချစ်ကြည်ရေး ညီအစ်မ မြို့တော် အဖြစ် သဘောတူညီချက် ထူထောင် ထားရှိကြောင်းလည်း သိရပါတယ်။ ။

ကိုးကား-
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ-၉၊ ၁၉၆၄ ခုနှစ်၊ ပထမ အကြိမ်၊ စာပေဗိမာန်။
၂။ Wikipedia

Your Thoughts …
Tags: ထိုင်းဗြိတိသျှမော်လမြိုင်မြို့မွန်ယုဒသန်သံလွင်မြစ်သီပေါအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

Next Post
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

တရုတ်ဖိအားကြောင့် KIA အပစ်ရပ်နိုင်သလား (ရုပ်/သံ)

တရုတ်ဖိအားကြောင့် KIA အပစ်ရပ်နိုင်သလား (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved