• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖားကန့်မြို့

by ဧရာဝတီ
20 July 2025
in ဆောင်းပါး
A A
ဖားကန့်မြို့
629
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်မြို့ကို မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းသိုက် အဖြစ် လူသိများကြပါတယ်။

ဖားကန့် ဆိုတဲ့ စကားကတော့ ရှမ်း ဘာသာစကားပဲ ဖြစ်ပါတယ်။

ဖာ− ကျောက်ဖျာ၊ ကန့်− ပြိုကျခြင်း ကနေ ဆင်းသက်လာခြင်း ဖြစ်ပြီး ကျောက်ဖျာ ပြိုကျတဲ့ နေရာလို့ ဆိုလိုကြောင်း သိရပါတယ်။

ဖားကန့် လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ၃၁၂,၅၂၈ ဦး ရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် နဲ့ နတ်ကိုးကွယ်သူတို့ ရှိတယ်လို့ ဆိုပါတယ်။

ဖားကန့် တမြို့နယ်လုံး လူဦးရေ ကတော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ၃၁၂,၂၇၈ ဦး ရှိကြောင်း သိရပါတယ်။

ဖားကန့်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ၁၀၀၇ ပေ အထက်မှာ တည်ရှိပါတယ်။

ဖားကန့်မြို့နယ်ဟာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မိုးညှင်း ခရိုင်ရှိ မြို့နယ်တခု ဖြစ်ပြီး ဖားကန့်မြို့၊ တာမခံမြို့သစ် နဲ့ ကာမိုင်းမြို့တို့ ပါဝင်ပါတယ်။

ဖားကန့် ပထမဆုံး တည်နေရာကတော့ အောင်မင်္ဂလာရွာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့ ဆိုင်းဘုတ် / Wikipedia

၁၈၃၂ ခုနှစ်မှာ ဦးပူလွယ်ဟိန်း နဲ့ အဖွဲ့သား ၆ ဦးတို့က မျောက်ဖြူ ချောင်းပေါက်ဝ အထက်မှာ ရွာတည်သတဲ့။ အဲဒီ ချောင်းပေါက်ဝ အနီးမှာ ကျောက်ဖျာတောင် ရှိတယ် လို့လည်း ဆိုပါတယ်။

ရွာတည်တဲ့ အဆိုအမိန့်က-

“ကိုးကေနဝစတု၊ လူထွေစု၊ တည်ပြု အောင်မင်္ဂလာ ဖားကန့် ပထမရွာ” လို့ မှတ်တမ်း အဆို ရှိပါတယ်။

ရွာတည်ပြီး မကြာမီပင် ကျောက်ဖျာတောင် ပြိုကျတာကို အကြောင်းပြုပြီး ဖာကန့် လို့ တွင်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။

တောင်ပြို အပြီးမှာ ဖားကန့် ကို ၁၈၃၆ ခုနှစ်မှာ ဒုတိယအကြိမ် တည်ထောင်ကြပါတယ်။

ရွာတည် အဆိုအမိန့် ကတော့-

“ဥဩနဝ၊ အငှာပြ၊ တောင်ကို လာကြည့်ကြ၊ ဖာကန့် အမည်ရ” လို့ ဆိုပါတယ်။

အဲဒီ ကျောက်စိမ်းသိုက် ဖားကန့် ရတနာမြေဟာ ၁၃ ရာစု ကတည်းက စတင် ထင်ရှားနေခဲ့ပြီး ဖားကန့်မြို့ကို ဗဟိုပြုကာ ဥရုချောင်း ဝဲယာဘက် ကမ်းတို့မှာ တည်ရှိကြောင်း သိရပါတယ်။

ကျောက်စိမ်း ရတနာမှာ ဂျေဒိုက် ကျောက်စိမ်း နဲ့ နက်ဖရိုက် ကျောက်စိမ်း ဆိုပြီး နှစ်မျိုး ရှိရာက ဂျေဒိုက် အမျိုးအစား ဟာ အဖိုးတန်မျိုး၊ အရည်အသွေး ထိပ်တန်းကျတဲ့ ကျောက်စိမ်းမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်ရှိ တခုတည်းသော ဂျေဒိုက် ကျောက်စိမ်း ထွက်ရှိရာ နိုင်ငံ၊ ကျောက်စိမ်း ဈေးကွက်ကြီး တည်ရှိရာ နိုင်ငံ ဖြစ်လို့ ကျောက်စိမ်း နဲ့ ပတ်သက်လာရင် ဂုဏ်ယူစရာပါ။

ဖားကန့်မြို့ မြင်ကွင်း / ဧရာဝတီ

ဖားကန့် မြို့၊ ဆိပ်မူ ကျေးရွာ အုပ်စု၊ နတ်မှော် ကျေးရွာ နတ်မှော် ချောင်း နဲ့ ရေကြည် ချောင်းတို့ ဆုံရာ မြေပုံ အညွှန်း ၉၂– စီ ၂ဘီ ၈၅၅၆၂၂ မှာ အလျား ပေ၇၀ x အမြင့်ပေ ၂၀ x အနံ ၁၆ ပေ ရှိတဲ့ ကမ္ဘာ့ အံ့ဖွယ် ကျောက်စိမ်း ရတနာ တုံးကြီး ရှိပြီး အဲဒီ ကျောက်စိမ်း တုံးကြီးကို မူလ နေရာက မရွှေ့ဘဲ မဟာ ကျောက်စိမ်း ပြတိုက်ကို တည်ဆောက်ပြီး ထားရှိကြောင်း သိရပါတယ်။

တန် ၁၁၀ ကျော်၊ ပိဿာချိန် ၆၆,ဝဝဝ ကျော်ရှိ အရည်အသွေး ကောင်းမွန်တဲ့ ကျောက်စိမ်း ရတနာကြီးကိုလည်း တွေ့ရှိ ထားပြီလို့ ဆိုပါတယ်။

ဖားကန့် ကျောက်စိမ်း ထွက်ရှိရာ နဲ့ တူးဖော်ရာ နေရာကို မှော်လို့ ခေါ်တွင်ပါတယ်။

ဖားကန့်မှော်ဟာ ကျောက်အပြိုင် ရှာကြတဲ့ ဒေသဖြစ်ပြီး မှော်ထဲမှာ စက်ယန္တရားကြီးများ သုံးကာ တောင်များ ဖြိုချတဲ့ မြေစာများကို မိုးထိအောင်ဖို့ပြီး နေ့မအား၊ ညမနား လောဘစိတ်ကို အရင်းတည် လုပ်ကိုင် နေကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

စည်းကမ်းစနစ် မကျတဲ့ လုပ်ကိုင်မှုတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

အဲဒီ ဖားကန့် မှော်တွေမှာ ဆင်းရဲခြင်း လွတ်ကင်းပြီး ဘဝ အပြောင်းအလဲ မျှော်လင့်ချက်တွေနဲ့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ကနေ စွန့်စွန့်စားစား လာရောက် ကျောက်စိမ်း ရှာဖွေ ကြတွေသူတွေ များစွာ ရှိပါတယ်။

အထူးသဖြင့် တူးဆွထားတဲ့ မြေစာပုံတွေထဲက ကျောက်ရှာဖွေတဲ့ ရေမဆေးကျောက် ရှာဖွေသူက အများစု ဖြစ်ကြ ပါတယ်။

အဲဒီ ကျောက်တူးထားတဲ့ နေရာတွေမှာ ဧရာမ ချိုင့်ကြီးတွေဟာ ရေကန်ကြီးတွေလို ဖြစ်ပေါ်နေပြီး ရေမဆေးကျောက် ရှာဖွေသူများစွာ အသက် ဆုံးရှုံးနေကြတာလည်း ရှိနေပါတယ်။

မူးယစ်ဆေးဝါး အပါအဝင် ရာဇဝတ်မှုများစွာလည်း ရှိနေကြာင်း သိရပါတယ်။

ကျောက်လုပ်ကွက် အများစုကတော့ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီ၊ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေ နဲ့ တရုတ် ကုမ္ပဏီတွေက အများစု ဖြစ်ကြပါတယ်။

ဆိုင်ခန်းပေါင်း ၆၀၀ ကျော် ပါဝင်တဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စင်တာ တခုလည်း ဆောက်လုပ် ထားပါတယ်။

ဖားကန့်မြို့ရှိ ကျောက်မျက် အရောင်းအဝယ် စင်တာ / MOI

ဖားကန့်မှာ ဖားကန့်မြို့ပေါ်ရှိ ကျောက်ဝိုင်း၊ ဆိပ်မူကျေးရွာရှိ ကျောက်ဝိုင်း၊ မှော်စီစာ ကျောက်ဝိုင်း နဲ့ လုံးခင်း ကျောက်ဝိုင်းတို့ ဆိုပြီး ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်တဲ့ ကျောက်ဝိုင်းများလည်း ရှိပါတယ်။

နိုင်ငံ့ အာဏာပိုင်တွေက ကျောက်မြက် ပြပွဲများ ကျင်းပပြီး ကျောက်စိမ်း ရောင်းချမှုများ ပြုလုပ်ရာ နိုင်ငံခြားငွေ ဒေါ်လာ ဘီလီယချီ ရရှိမှုများ ရှိကြောင်းလည်း သိရပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် အခြေစိုက် Harvard Ash Center ရဲ့ အစီအရင်ခံစာမှာ ၂၀၁၁ ခုနှစ် အတွင်း မြန်မာ့ ကျောက်စိမ်း အရောင်းပမာဏဟာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ရှိတယ်လို့ ဆိုထားပါတယ်။

ကျောက်စိမ်း ဈေးကွက် အများစုကိုတော့ တရုတ်နိုင်ငံက လွှမ်းမိုးထားပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
567
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
243

စီးပွားရေး အရ ကျောက်မျက်လုပ်ငန်း အဓိက ဖြစ်ပြီး စိုက်ပျိုးရေး လုပ်ကိုင်မှုများလည်း ရှိပါတယ်။

ဖားကန့်မှာ ပညာရေး ကဏ္ဍအနေနဲ့ ၂၀၂၃-၂၄ ပညာ သင်နှစ် အတွက် အခြေခံပညာ ကျောင်းပေါင်း ၆၈ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့တယ် ဆိုပြီး လက်ရှိ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေး ကဏ္ဍမှာတော့ အစိုးရ ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာန တို့အပြင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း များလည်း ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရပါတယ်။

အဲဒီ ဖားကန့်မှော် ဒေသမှာ လူမျိုးပေါင်းစုံ ရှိနေပြီး ဒေသခံ ခရစ်ယာန် ဘာသာဝင် အများစုနဲ့ ဗုဒ္ဓ ဘာသာဝင် များလည်း နေထိုင်လျက်ရှိကာ စစ်တပ်အပြင် ကချင်တိုင်းရင်းသား လက်နက်ကိုင်များလည်း ရှိနေပါတယ်။ ။

ကိုးကား-
၁။ Wikipedia
၂။ MOI
၃။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ (gad.gov.mm)
၄။ ကချင် ဒေသ ဆိုင်ရာ ဆောင်းပါးတချို့

Your Thoughts …
Tags: ကချင်ကျောက်စိမ်းဂျေဒိုက်စစ်တပ်တရုတ်ဖားကန့်မှော်ရေမဆေးကျောက်လက်နက်ကိုင်ဦးပိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved