• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲအခြေအနေ ၁

by မိုးစက်ငြိမ်းချမ်း
31 July 2025
in ဆောင်းပါး
A A
စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲအခြေအနေ  ၁

စစ်တပ်၏ ဝါဒဖြန့်ချိရေး ကြွေးကြော်သံ ဆိုင်းပုတ်တခု

3.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကရင်နီပြည်နယ်မှ မိုးဗြဲ၊ ရှမ်းမြောက်မှ နောင်ချို၊ မန္တလေးတိုင်းမှ သပိတ်ကျင်း မြို့သုံးမြို့ကို တော်လှန်ရေးအင်အားစုများထံမှ စစ်ကောင်စီက သိမ်းပိုက်နိုင်ခဲ့၏။ ဤရလဒ်ကို အခြေပြု၍ စစ်တပ်က ဆိုက်ဝါး အကြီးအကျယ်ပြုလုပ်သည်။

ကျောက်မဲ၊ သီပေါ၊ မိုးကုတ်တို့ကဲ့သို့ သိမ်းပိုက်ထားသော မြို့များနှင့် ဆက်စပ်ထားသော မြို့များကို ဆက်တိုက် သိမ်းပိုက်ပြီး စစ်ရေးအလှည့်အပြောင်း ဖြစ်တော့မလို ဆိုက်ဝါးတွေ လွှင့်သည်။ နိုင်ငံရေးဇာတ်ပျက်များ၊ တန်ပြန် တော်လှန်ရေးအုပ်စုများကလည်း ဝင်ဖွသည်။ သို့နှင့် ပွဲဆူလာသည်။

တော်လှန်ရေးထောက်ခံသူ အချို့ကလည်း ဆုံးရှုံးမှုတခုတလေ တွေ့သည်နှင့် စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။ အချို့ကလည်း တခုချင်းသာ မြင်သည်။ တခုလုံးကို မမြင်နိုင်ကြပေ။ အချို့ကလည်း အောင်မြင်မှုကို မြင်လိုကြသော်လည်း ဆုံးရှုံးမှုဒဏ်ကို မခံနိုင်ကြပေ။

တော်လှန်ရေးထောက်ခံသူ အချို့ကလည်း ဆုံးရှုံးမှုတခုတလေ တွေ့သည်နှင့် စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။ အချို့ကလည်း တခုချင်းသာ မြင်သည်။ တခုလုံးကို မမြင်နိုင်ကြပေ။ အချို့ကလည်း အောင်မြင်မှုကို မြင်လိုကြသော်လည်း ဆုံးရှုံးမှုဒဏ်ကို မခံနိုင်ကြပေ။

မြို့သိမ်းတိုက်ပွဲ

၂၀၂၅ ခုနှစ် လက်တွေ့ စစ်မြေပြင်ရလဒ်များကို ကြည့်ပါက တော်လှန်ရေးအင်အားစုများက ကချင်ပြည်နယ် မံစီမြို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ကလည်းကောင်း၊ အင်းတော်မြို့အား၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်ကလည်းကောင်း၊ ချင်းပြည်နယ် ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ကလည်းကောင်း အသီးသီး သိမ်းပိုက်ခဲ့သည်။

ထို့ပြင် ဗန်းမော်၊ ဖားဆောင်း၊ ဝေါလေ မြို့သုံးမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်၏။ ကျောက်ဖြူနှင့် စစ်တွေကို နီးနီးကပ်ကပ် ခြိမ်းခြောက်သည့် စစ်ပွဲဆင်နွှဲနေ၏။ ထို့ပြင် ရန်ကုန်မြို့အပါအဝင် တပြည်လုံးရှိ မြို့အများအပြားအား ဝင်ရောက်၍ ပြောက်ကျားတိုက်ခိုက်နိုင်သည်။

သို့ဖြစ်ရာ မြို့သိမ်းတိုက်ပွဲသက်သက်ပြောလျှင်ပင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်က မြို့သုံးမြို့ သိမ်းနိုင်သည်ဆိုသော်လည်း လက်ရှိတိုက်နေဆဲ မြို့သိမ်းတိုက်ပွဲ မရှိပါ။ နီးနီးကပ်ကပ် ခြိမ်းခြောက်နိုင်သည့် တိုက်ပွဲများ မရှိသေးပါ။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို ပြောက်ကျားတိုက်ခိုက်ခြင်း၊ ထိုးဖောက်တိုက်ခိုက်ခြင်း လုံးဝ မပြုနိုင်ပါ။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၉၀ ကျော်အနက် အစွန်းထွက်ကိုသာ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ထို့ပြင် မြို့သိမ်းတိုက်ပွဲ လူထုထောက်ခံမှုအရပြောလျှင် တော်လှန်ရေးတပ်ဖွဲ့များ မြို့သိမ်းစဉ်က ပန်းစည်းနှင့်ကြိုကြ၊ အိုးစည် ဗုံမောင်းနှင့် ကြိုကြသော်လည်း စစ်ကောင်စီတပ် မြို့ပြန်သိမ်းသည့်အချိန်တွင် ကြိုမည့်သူပင် မရှိပါ။ ဒံပေါက်ထုပ်ဝေ၍ အတင်းခေါ်၊ အမိန့်ထုတ်ခေါ်နေရသည်ကို တွေ့ရသည်။

ထို့ပြင် မြို့သိမ်းတိုက်ပွဲ လူထုထောက်ခံမှုအရပြောလျှင် တော်လှန်ရေးတပ်ဖွဲ့များ မြို့သိမ်းစဉ်က ပန်းစည်းနှင့်ကြိုကြ၊ အိုးစည် ဗုံမောင်းနှင့် ကြိုကြသော်လည်း စစ်ကောင်စီတပ် မြို့ပြန်သိမ်းသည့်အချိန်တွင် ကြိုမည့်သူပင် မရှိပါ။ ဒံပေါက်ထုပ်ဝေ၍ အတင်းခေါ်၊ အမိန့်ထုတ်ခေါ်နေရသည်ကို တွေ့ရသည်။

တပြည်လုံးစစ်ပွဲ အခြေအနေ

လက်ရှိ တပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီ ထိုးစစ်ဆင်နေသည်မှာ ကချင်ပြည်နယ် ဖားကန့်၊ အင်းတော်ကြီး၊ ရှမ်းမြောက် နောင်ချို၊ ရှမ်းတောင်နှင့် ကရင်နီအစပ် မိုးဗြဲ၊ ချင်းပြည်နယ် သိုင်းငင်း၊ တီးတိန်၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ နတ်ရေကန်၊ ပဲခူးတိုင်း ဥသျှစ်ပင်၊ ညောင်ကျိုး၊ ပဲခူးရိုးမ အရှေ့ခြမ်းနှင့် အနောက်ခြမ်း၊ ဧရာဝတီတိုင်း ရေကြည်၊ အင်္ဂပူမြို့နယ်များ၊ မန္တလေးတိုင်း သပိတ်ကျင်းနှင့် ကရင်ပြည်နယ် ဒေါနတောင်ကြောတို့တွင် အလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည်ကို တွေ့မြင်နိုင်၏။ ထို့ပြင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ တနင်္သာရီစသည့် ကျန်ဒေသများတွင်လည်း အကန့်အသတ်နှင့် စစ်ဆင်ရေးပြုလုပ်နေသည်ကို တွေ့မြင်ရသည်။

ဗန်းမော်လေဆိပ်အတွင်း အောင်ပွဲခံ မှတ်တမ်းဓာတ်ပုံရိုက်သည့် KIA အဖွဲ့ဝင်များ

တပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီက ထိုးစစ်ဆင်ရာတွင် နေရာအများစုကို အားထည့်နိုင်ခြင်း မရှိပေ။ ဦးစားပေးရွေးချယ်သည့် နေရာအချို့ကိုသာ အားစိုက်နိုင်သည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ်၊ ဧပြီလကတည်းက စတင်သည့် ကရင်ပြည်နယ်မှ အောင်ဇေယျစစ်ဆင်ရေးသည် ဒေါနတောင်ကို မကျော်နိုင်သော်လည်း အင်အားဖြည့်တင်းနိုင်ခြင်း မရှိပေ။ ထို့ပြင် ဧပြီလမှစ၍ ကော့ကရိတ်နှင့် ကျုံဒိုးကြား ကားလမ်းကိုပင် တော်လှန်ရေးတပ်ဖွဲ့များ ဖြတ်တောက်ထားသဖြင့် ဇူလိုင်လကုန်မှ စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်သည်ကို တွေ့ရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

သို့ဖြစ်ရာ လက်ရှိ စစ်ကောင်စီတပ်၏ ထိုးစစ်များကို ကြည့်ပါက မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်း မြို့သုံးမြို့ကို ထိုးစစ်ဆင် သိမ်းပိုက်ထားနိုင်သော်လည်း ကရင်၊ ချင်း၊ ရခိုင်၊ မကွေး နတ်ရေကန်၊ ပဲခူးတိုင်း ညောင်ကျိုး၊ ဧရာဝတီတို့တွင် ပြန်လန်‌ကျနေ၏။ ကချင် ဖားကန့်တွင် တပ်မနှစ်ခုဖြင့် ထိုးစစ်ဆင်နေသော်လည်း အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ အင်းတော်ကြီးဒေသကိုသာ ရှမ်းနီနှင့် ကချင်ကြား လူမျိုးရေးမှိုင်းတိုက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို အသုံးချ၍ ပြန်လည် ထိန်းချုပ်သွားနိုင်သည်ကို တွေ့ရ၏။

သို့ဖြစ်ရာ စစ်တပ်က တနိုင်ငံလုံးတွင် စစ်ရေးအရ အသာစီးယူပြီး ထိုးစစ်ဆင်နိုင်သည့် အခြေအနေ မတွေ့ရသေးပေ။ အင်အားပြန်ဖြည့်လာနိုင်သည့် စစ်တပ်က နေရာအချို့ကို ပြန်လည် ထိုးစစ်ဆင်လာနိုင်သည်မှာ မထူးဆန်းသကဲ့သို့ ဆက်လက်လည်း နေရာအချို့အား ထိုးစစ်ဆင်နိုင်သည်။ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း ခံစစ်သာမက လက်ဦးမှုယူသည့် တိုက်ပွဲများ ရှိလာနိုင်သည်သာဖြစ်သည်။

သို့ဖြစ်ရာ စစ်တပ်က တနိုင်ငံလုံးတွင် စစ်ရေးအရ အသာစီးယူပြီး ထိုးစစ်ဆင်နိုင်သည့် အခြေအနေ မတွေ့ရသေးပေ။ အင်အားပြန်ဖြည့်လာနိုင်သည့် စစ်တပ်က နေရာအချို့ကို ပြန်လည် ထိုးစစ်ဆင်လာနိုင်သည်မှာ မထူးဆန်းသကဲ့သို့ ဆက်လက်လည်း နေရာအချို့အား ထိုးစစ်ဆင်နိုင်သည်။ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း ခံစစ်သာမက လက်ဦးမှုယူသည့် တိုက်ပွဲများ ရှိလာနိုင်သည်သာဖြစ်သည်။

မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်လာခြင်း

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တပြည်လုံးအနှံ့ ပုန်ကန်တိုက်ခိုက်ခဲ့ကြစဉ်က လက်နက်လူသူ စည်းရုံးဖွဲ့စည်းပုံအသင့်ရှိသည့် စစ်တပ်က ထိုးစစ်အနေအထားတွင် ရှိခဲ့သည်သာဖြစ်၏။ နွေဦးတော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ၏ ထိုးစစ်ကို ပြောက်ကျားစစ်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြ၏။

နွေဦးအင်အားစုများက စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်နိုင်ရန် ကြိုးပမ်းနေချိန်တွင် လက်နက်ကိုင်တော်လှန်ရေး သဘာရှိသည့် တိုင်းရင်းသားတပ်ဖွဲ့များသည် အင်အားဖြည့်တင်းပြီး အခွင့်အခါကောင်း စောင့်ဆိုင်းနိုင်ခဲ့ကြ၏။ နွေဦးတော်လှန်ရေးတွင် တပြည်လုံးအနှံ့ ပုန်ကန်ကြသည်ဖြစ်ရာ စစ်တပ်သည် တပြည်လုံးအနှံ့ မထိန်းသိမ်းနိုင်တော့ဘဲ စစ်ဆင်ရေးအရ၊ စစ်အင်အားအရ ဟာကွက်များစွာပေါ်လာ၏။

ထိုဟာကွက်များကို အခြေပြု၍ နွေဦးအင်အားစုများသည် ဟာကွက်ပေါ်သည့်နေရာများကို တိုက်ခိုက်ခဲ့သဖြင့် မြို့သိမ်းတိုက်ပွဲဆိုသည်များ စတင်ပေါ်ပေါက်လာခဲ့၏။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ မကွီအိမ်နူးမြို့ငယ်အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် တော်လှန်ရေးအင်အားစုများက စတင်သိမ်းပိုက်ခဲ့၏။ မြို့နယ်အဆင့်ရှိ မြို့အဖြစ် ကရင်နီပြည်နယ် မယ်စဲ့မြို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် အစောဆုံးသိမ်းပိုက်ခဲ့သည်။ ဤမြို့သိမ်းတိုက်ပွဲများသည် တပြည်လုံးအနေအထားအရ အရူးမီးဝိုင်းဖြစ်နေသည့် စစ်ကောင်စီ၏ အားနည်းချက်အပေါ် တော်လှန်ရေးတပ်ဖွဲ့များက အခွင့်ကောင်းရယူလိုက်ခြင်းသာဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ခမရ ၃၀၄ ကိုသိမ်းပိုက်ပြီးနောက်တွေ့ရသည့်ချင်းညီနောင်တပ်ဖွဲ့ဝင်များ / ချင်းညီနောင်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ရှမ်းမြောက်နှင့် ရခိုင်၌ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထိုးစစ်ဆင်လာသည်။ အဆိုပါ တိုင်းရင်းသားတပ်ဖွဲ့များသည် အချိန်ယူပြီး တပ်အင်အားနှင့် လက်နက်ခဲယမ်းများကို စုဆောင်းကာ စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်သကဲ့သို့ တပြည်လုံးအနှံ့ ပုန်ကန်တိုက်ခိုက်နေချိန်တွင် တွေ့မြင်နေရသည့် စစ်ကောင်စီ၏ အားနည်းချက်ကို အခွင့်အခါကောင်းယူပြီး နယ်မြေတခုချင်းအရ ပိတ်ဆို့ ထိုးစစ်ဆင်နိုင်ခြင်းဖြစ်သည်။

တပြည်လုံးအရ အင်အားမလုံလောက်သည့် စစ်ကောင်စီတပ်သည် ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်အင်အား ဖြည့်တင်းနိုင်ခြင်းမရှိဘဲ ခံစစ်သေဖြင့် ခုခံရ၏။ လှုပ်ရှားခံစစ်ပင် တွဲဖက်၍ ပြုလုပ်နိုင်ခြင်းမရှိ။ ထို့ပြင် ပြန်လှန်ထိုးစစ် ဆင်နိုင်ခြင်းမရှိပေ။

တပြည်လုံးအရ အင်အားမလုံလောက်သည့် စစ်ကောင်စီတပ်သည် ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်အင်အား ဖြည့်တင်းနိုင်ခြင်းမရှိဘဲ ခံစစ်သေဖြင့် ခုခံရ၏။ လှုပ်ရှားခံစစ်ပင် တွဲဖက်၍ ပြုလုပ်နိုင်ခြင်းမရှိ။ ထို့ပြင် ပြန်လှန်ထိုးစစ် ဆင်နိုင်ခြင်းမရှိပေ။

သို့နှင့် ရှမ်းမြောက်နှင့် ရခိုင်တွင် စခန်းတခုပြီးတခု ကျသွားသည်ကို တွေ့ရ၏။ မြို့သိမ်းတိုက်ပွဲများ တိုက်နိုင်ပြီး လွတ်မြောက်ဒေသ၊ ထိန်းချုပ်ဒေသတခုရအောင် ထိုးစစ်ဆင်နိုင်သည်ကို တွေ့မြင်ခဲ့ရသည်။

၁၀၂၇ စစ်ဆင်ရေး၏ အကျိုးဆက်သည် တပြည်လုံးအတိုင်းအတာအရပါ စစ်ကောင်စီအား ထိခိုက်သည်။ ကျန်တပြည်လုံးအနှံ့တွင် စစ်ရေးအရ စစ်ကောင်စီတွင် ဟာကွက်များစွာ ပေါ်လာသည်။ ထိုအခါ ကောင်းစွာလေ့ကျင့်ပြင်ဆင်မှုရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ဧရာဝတီမြစ်အရှေ့ခြမ်းအား ထိုးစစ်ဆင်သိမ်းပိုက်၏။

အတွေ့အကြုံရှိသော်လည်း လက်နက်ခဲယမ်း စုဆောင်းရန် အချိန်လိုအပ်ပြီး ညီညွတ်ရေးတည်ဆောက်ရန် လိုအပ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း တတိတိဖြင့် ထိုးစစ်ဆင်ပြီး သူ့အတွက် မြို့များထက် အရေးပါသော စခန်းများ၊ နယ်မြေများကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်သိမ်းပိုက်သည်။

စစ်ကောင်စီ၏ဟာကွက်၊ အားနည်းချက် ကြီးမားသည့်အတွက် ‌လက်နက်ကိုင်သက်တမ်း သုံးနှစ်သာရှိသေးသည့် အင်အားအများစုဖြစ်သည့် ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မန္တလေးတို့တွင်လည်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။

သို့ဖြစ်ရာ တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်သည်ကို ၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း ရှမ်းမြောက်၊ ရခိုင်၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မန္တလေး စသည့်ဒေသများတွင် များစွာတွေ့ခဲ့ရ၏။ ရှမ်းမြောက်၊ ကချင်နှင့်ရခိုင်တို့တွင် ထိုးစစ်ဆင်မှုများ၊ မြို့သိမ်းတိုက်ပွဲများသည် တစုံတရာ ပြင်ဆင်မှု ပြည့်ဝခဲ့သည်ဟု ဆိုနိုင်သော်လည်း ကျန်ဒေသများတွင် ထိုးစစ်ဆင်နိုင်ခဲ့ခြင်း၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ခြင်းမှာ မိမိက အပြည့်အဝ ပြင်ဆင်နိုင်မှု ကောင်းသည်ထက် ရန်သူ၏ အားနည်းချက်က ပိုများ၍ အခွင့်ကောင်းယူနိုင်ခြင်း ဖြစ်၏။

အဓိကအားဖြင့် ရန်သူအင်အား မလုံလောက်ခြင်း၊ စခန်းများ၊ မြို့များတွင် အင်အားနည်းပါးခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေခြင်း၊ စစ်ကူမပို့နိုင်ခြင်း၊ လေကြောင်းထောက်ပို့နှင့် လေကြောင်းပစ်ကူမှအပ စစ်ကူပစ်ကူ မပေးနိုင်သည့်အခြေအနေတွင် ထိုးစစ်ဆင်နိုင်ခြင်းဖြစ်သည်။ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ခြင်းဖြစ်သည်။

အဓိကအားဖြင့် ရန်သူအင်အား မလုံလောက်ခြင်း၊ စခန်းများ၊ မြို့များတွင် အင်အားနည်းပါးခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေခြင်း၊ စစ်ကူမပို့နိုင်ခြင်း၊ လေကြောင်းထောက်ပို့နှင့် လေကြောင်းပစ်ကူမှအပ စစ်ကူပစ်ကူ မပေးနိုင်သည့်အခြေအနေတွင် ထိုးစစ်ဆင်နိုင်ခြင်းဖြစ်သည်။ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ခြင်းဖြစ်သည်။

စစ်ကောင်စီ တပ်သားသစ်ဖြည့်တင်းခြင်း

ဤသို့သော အခြေအနေတွင် စစ်တပ်သည် ၂၀၂၄ ခုနှစ်၊ ဧပြီလမှစ၍ တပ်သားသစ် စတင်စုဆောင်းသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပထမပတ် သင်တန်းဆင်းပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အပတ်စဉ် ၁၂ သင်တန်းဆင်းပြီး တပ်သားသစ် ၆၀,၀၀၀ ခန့် ဖြည့်တင်းနိုင်၏။ အဆိုပါ တပ်သားသစ်များကို ခြေလျင်၊ ခြေမြန်တပ်ရင်း ၅၀၀ ကျော်တွင် တရင်းလျှင် တပ်သားသစ် ၁၀၀ ခန့်စီ ဖြည့်တင်းသည်ဟု သုံးသပ်ရ၏။

စစ်မျက်နှာကျယ်ပြန့်၍ တပ်ရင်းများကို ယခင်ကဲ့သို့ စစ်ဆင်ရေးနယ်မြေတခုတည်းသာ မသုံးဘဲ နှစ်ခြမ်းခွဲသည်။ ရှေ့တန်းထွက် တပ်ရင်းများအား အင်အား ၁၀၀ မှ ၁၅၀ ဖြင့် ထွက်စေပြီး နောက်တန်းဌာနချုပ်တပ်ရင်းကို အင်အား ၇၀၊ ၈၀ ခန့်ဖြင့် နောက်တန်းဌာနချုပ်နယ်မြေတွင် အသုံးပြုသည်ကို တွေ့ရသည်။

ဥပမာ တပ်မ ၃၃ အား ရှေ့တန်းတပ်ရင်းများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးအဖြစ် ဖားကန့်တွင် သုံးသကဲ့သို့ နောက်တန်းတပ်ရင်းများအားလည်း အခြေစိုက်ရာ စစ်ကိုင်းတိုင်းအတွင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးတွင်လည်း အသုံးပြုသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စစ်တပ်သည် စစ်အင်အားဖြည့်တင်းနိုင်ပြီး ပြန်လှန်ထိုးစစ်များ ပြုလုပ်နိုင်ခဲ့၏။ သို့သော် စစ်တပ်၏ စစ်အင်အားဖြည့်တင်းခြင်းသည် အကန့်အသတ်ရှိသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် အပတ်စဉ် ၂၄ သင်တန်းဆင်းပြီး ပထမ သင်တန်းဆင်းများ စစ်မှုထမ်းသက် နှစ်နှစ်ပြည့်မည်ဖြစ်ရာ အနားပေးရမည်ဖြစ်၏။ အနားမပေးပါကလည်း တပ်တွင်းတွင် မငြိမ်မသက်ဖြစ်မည်။

၂၀၂၃ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့က အလံလွှင့်အောင်ပွဲခံနေစဉ် / The Kokang

ယခုအခါ တပ်မှ ထွက်မည့် ပြည်သူ့စစ်မှုထမ်းများကို အလုပ်အကိုင်ရှာပေးပြီး စစ်တပ်၏ အရန်အင်အား၊ သတင်းပေး ပြည်သူ့စစ်အဖြစ် ထားရန် ရည်ရွယ်ပုံရ၏။ စစ်မှုထမ်းတာဝန်ကျေပြွန်သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီကို ကာကွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌတာဝန်ယူပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က ဖွဲ့စည်းသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စစ်တပ်၏ တပ်သားသစ်ဖြည့်တင်းခြင်းမှာ နှစ်နှစ်စာ အင်အား ၁၂၀,၀၀၀ အထိ ရည်မှန်းထားပြီး ဒရုန်း၊ ပါရာမော်တာ၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတို့ဖြင့် အားဖြည့်ရန် ရည်ရွယ်ပုံရ၏။

စစ်တပ်၏ တပ်သားသစ်ဖြည့်တင်းမှု အကန့်အသတ်ရှိခြင်း အကြောင်းအချက်တခုမှာ ဘတ်ဂျက်ကြောင့်ဖြစ်၏။ တပြည်လုံးအတိုင်းအတာအရ စစ်စားရိတ်ကုန်ကျမှု များပြားနေသည်။ လေကြောင်းပစ်ကူနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကို အများအပြား အသုံးပြုနေရ၍ စစ်စရိတ်ပိုထောင်းသည်။ ယခု တပ်သားသစ် ဖြည့်တင်းနိုင်ခြင်းသည်ပင် တရုတ်တို့ ငွေကြေးအကူအညီရ၍ ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် တပ်သားသစ် ဖြည့်တင်းခြင်းကို အလွန်အမင်း ပိုမိုတွက်ဆကြရန် မလိုပေ။

စစ်တပ်၏ တပ်သားသစ်ဖြည့်တင်းမှု အကန့်အသတ်ရှိခြင်း အကြောင်းအချက်တခုမှာ ဘတ်ဂျက်ကြောင့်ဖြစ်၏။ တပြည်လုံးအတိုင်းအတာအရ စစ်စားရိတ်ကုန်ကျမှု များပြားနေသည်။ လေကြောင်းပစ်ကူနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကို အများအပြား အသုံးပြုနေရ၍ စစ်စရိတ်ပိုထောင်းသည်။ ယခု တပ်သားသစ် ဖြည့်တင်းနိုင်ခြင်းသည်ပင် တရုတ်တို့ ငွေကြေးအကူအညီရ၍ ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် တပ်သားသစ် ဖြည့်တင်းခြင်းကို အလွန်အမင်း ပိုမိုတွက်ဆကြရန် မလိုပေ။

ထို့ပြင် တပ်သားသစ်ပြဿနာမှာ တွေ့ရသည့်အတိုင်း အဓမ္မသိမ်းသွင်းထားရသည်ဖြစ်ရာ တိုက်စိတ်ခိုက်စိတ် မရှိခြင်း၊ ထွက်ပြေးခြင်းတို့ကြောင့် စစ်တပ်အတွက် အပြည့်အဝ စိတ်ချလက်ချ အသုံးပြုရသည့် အင်အားများ မဟုတ်ပေ။ တနှစ်လျှင် အင်အားထောင်ဂဏန်း တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချပြီး လက်နက်ခဲယမ်းပင် ထောက်ပံ့နေသည်ကို တွေ့မြင်ရ၏။

လက်ရှိ တနှစ်စာ တပ်သားသစ်အင်အားသည် တပြည်လုံးအတိုင်းအတာအရ ထိုးစစ်ဆင်ရာတွင် ဟာကွက်များရှိသေးသကဲ့သို့ ခံစစ်စခန်းအတော်များများကိုလည်း အင်အားဖြည့်တင်းနိုင်ခြင်း မရှိသေးရာ ကရင်ပြည်နယ်နှင့်တနင်္သာရီတွင် ဗျူဟာမြောက် ခံစစ်စခန်းအများအပြား လက်လွှတ်ရသည်ကို တွေ့နိုင်၏။

သို့ဖြစ်ရာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းခြင်းမှာ အကန့်အသတ်ရှိ၏။ တနှစ်စာ စစ်အင်အား ဖြည့်တင်းခြင်းသည် စစ်မြေ ပြင်ရလဒ်တွင် သိသာသည့် ရလဒ်မရသကဲ့သို့ နှစ်နှစ်စာ ဖြည့်တင်းခြင်းသည် အင်အားအချိုးအစားအရ လုံးဝ အသာစီးရသည့် အခြေအနေတွင် ရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း တပ်သားသစ် ဖြည့်တင်းခြင်းနှင့် စစ်လက်နက်နည်းပညာကို အသုံးပြုပြီး နေရာအတော်များများသို့ ပြန်လည် ထိုးစစ်ဆင်လာမည်ကတော့ သေချာသည်။ သို့သော်လည်း ဤအခြေအနေသည် ရှောင်လွှဲ၍ မရသကဲ့သို့ စိုးရွံ့စရာ စိုးရမ်စရာလည်း မလိုအပ်ပေ။

အဘယ်ကြောင့်ဆိုသော် အခြေခံအားဖြင့် တိုင်းရင်းသားတပ်ဖွဲ့များနှင့် နွေဦးအင်အားစုများသည် ယခင်ကထက် ပိုမို၍ လက်နက်တပ်ဆင်လာနိုင်သကဲ့သို့ ယခင်ကထက် စစ်ရေးအတွေ့အကြုံ ကြွယ်ဝလာ၍ ဖြစ်၏။ မည်သို့ စစ်ရေးအရ ပြန်လည်တုံ့ပြန်မည်ဆိုသည်ကို စနစ်တကျ ပြင်ဆင်ရန်သာလိုသည်။

(ဆက်လက်ဖော်ပြပါမည်။)

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

ပုလဲမြို့သိမ်းတိုက်ပွဲကို နှိုင်းယှဉ်သုံးသပ်ခြင်း

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်

မိုးဗြဲ-နောင်ချိုကို စစ်ကောင်စီ ပြန်သိမ်းနိုင်တာ ဘာကြောင့်လဲ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးKIAKNUစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးပြည်သူ့စစ်ပြောက်ကျားစစ်မြို့သိမ်းတိုက်ပွဲအတင်းအကျပ်စစ်သားစုဆောင်းမှုအောင်ဇေယျစစ်ဆင်ရေး
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ ရွေးကောက်ပွဲ ထောင်ချောက် ပိုဆင်

စစ်ကောင်စီ ရွေးကောက်ပွဲ ထောင်ချောက် ပိုဆင်

“၈၈” နဲ့ “၂၁” ဘာကွာလဲ

"၈၈" နဲ့ "၂၁" ဘာကွာလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved