• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဝ ပြည်၏ သံဖြူ၊ နယ်မြေပိုင်နက်နှင့် နောက်ကွယ်မှ အာဏာ

by Athena Awn Naw
6 August 2025
in ဆောင်းပါး
A A
ဝ ပြည်၏ သံဖြူ၊ နယ်မြေပိုင်နက်နှင့် နောက်ကွယ်မှ အာဏာ

၂၀၁၉ ခုနှစ်၊ ဧပြီလက ပန်ဆန်းတွင် ကျင်းပသည့် အခမ်းအနားတခုတွင် တွေ့ရသည့် UWSA တပ်ဖွဲ့ဝင်တဦး / AFP

2.4k
VIEWS
Share on FacebookShare on Twitter

မြန်မာမှ အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ကမ္ဘာ့အရေးအပါဆုံး သံဖြူထုတ်လုပ်ရေးဇုန်တခုကို ထိန်းချုပ်ထားပြီး ထိုဇုန်သည် ကမ္ဘာ့သံဖြူသတ္တု ထုတ်လုပ်မှု အနည်းဆုံး ၁၀ ရာခိုင်နှုန်းရှိသောနေရာ ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းမှ မိုင်းမော်သတ္တုမိုင်းသည် ထိုစီးပွားရေး၏ ကျောရိုးဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး သံဖြူလိုအပ်နေသည့် တရုတ်စက်မှုလုပ်ငန်းများကို ပံ့ပိုးပေးသည်။ တရုတ်စက်မှုလုပ်ငန်းများသည် မြန်မာမှ သံဖြူသတ္တုအများစုကို မှီခိုနေရသည်။

၂ နှစ်မျှ ရပ်ဆိုင်းထားပြီးနောက် သတိထားပြီး ပြန်လည်ဖွင့်လှစ်သည့် လက္ခဏာများကို တွေ့နေရသည်။ သတ္တုတူးဖော်ရေးကုမ္ပဏီများသည် UWSA အုပ်ချုပ်မှုအောက်တွင် လိုင်စင်ကြေး မြင့်မားစွာ ပေးရပြီး ပြန်လည် ရွေးချယ် စတင်သည့် သဘောဖြစ်သည်။

ခွင့်ပြုချက်များ ပေးပြီးဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ပျက်စီးသွားသော အခြေခံအဆောက်အအုံနှင့် လုပ်သားအင်အားစု ပြန်လည်ဖွဲ့စည်းခြင်း လိုအပ်ချက်များကြောင့် ထုတ်လုပ်မှုသည် တဖြည်းဖြည်းသာဖြစ်လာပြီး ညတွင်းချင်းဖြစ်လာမည် မဟုတ်ပေ။

ခွင့်ပြုချက်များ ပေးပြီးဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ပျက်စီးသွားသော အခြေခံအဆောက်အအုံနှင့် လုပ်သားအင်အားစု ပြန်လည်ဖွဲ့စည်းခြင်း လိုအပ်ချက်များကြောင့် ထုတ်လုပ်မှုသည် တဖြည်းဖြည်းသာဖြစ်လာပြီး ညတွင်းချင်းဖြစ်လာမည် မဟုတ်ပေ။

ပြန်လည်လုပ်ကိုင်ခွင့်အတွက် ပိုမိုမြင့်မားသည့် ကုန်ကျစရိတ်သည်လည်း သေနင်္ဂဗျူဟာအရ အရေးပါသည်။ လိုင်စင်ကြေး တိုးမြှင့်ခြင်းဖြင့် အသေးစားလုပ်ကိုင်သူများကို စစ်ထုတ်ပြီး ထိုကဏ္ဍအပေါ် ထိန်းချုပ်မှုတင်းကျပ်လိုက်ကာ ပိုမိုကြီးမားသော လုပ်ငန်းများလက်တွင် စုစည်းထားသည်။

ထိုလုပ်ငန်းကြီးများသည် တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ကျောထောက်နောက်ခံ သို့မဟုတ် ဝဒေသ၏ ရှုပ်ထွေးပြီး မတည်ငြိမ်သည့် နိုင်ငံရေးအခင်းအကျင်းကို နားလည်သည့် အာဏာပွဲစားများနှင့် အဆက်အသွယ် ရှိသူများဖြစ်သည်။

နိုင်ငံတကာသံဖြူအသင်း (ITA) က မျှော်လင့်ချက် ကြီးမားကြောင်းပြောပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် ကမ္ဘာ့သံဖြူထုတ်လုပ်ရောင်းချရေး ကွင်းဆက်များကို တည်ငြိမ်စေမည့် အရေးပါသော ခြေလှမ်းဖြစ်သည်ဟု ဖော်ပြသည်။

အပြည့်အဝ ပြန်လည်စတင်နိုင်မည်ဟု အာမ မခံနိုင်သော်လည်း ဈေးကွက် စိုးရိမ်ပူပန်မှုကာလတွင် ထိုအပြောင်းအလဲသည် ခိုင်မာသော တိုးတက်မှုဖြစ်သည်ဟု မြင်ကြသည်။ ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် မြန်မာမှ တရုတ်သို့ သတ္တုရိုင်းတင်ပို့မှု ပြန်လည်မြင့်မားလာမည်ဟု သတ္တုဈေးကွက်ကို လေ့လာသူများက မျှော်လင့်သည်။

UWSA သည် ရှမ်းပြည်မြောက်ပိုင်းမှ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို လက်တွေ့ထိန်းချုပ်ထားသည်။ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှတဆင့် စစ်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက်နေသည့် ထိုအဖွဲ့သည် မြန်မာဗဟိုအစိုးရထံမှ အမှီအခိုကင်းပြီး လွတ်လပ်သည့် ၎င်း၏ သီခြားကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ လုံခြုံရေးတပ်ဖွဲ့များနှင့် စီးပွားရေးစနစ်များရှိသည်။

UWSA သည် ရှမ်းပြည်မြောက်ပိုင်းမှ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို လက်တွေ့ထိန်းချုပ်ထားသည်။ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှတဆင့် စစ်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက်နေသည့် ထိုအဖွဲ့သည် မြန်မာဗဟိုအစိုးရထံမှ အမှီအခိုကင်းပြီး လွတ်လပ်သည့် ၎င်း၏ သီခြားကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ လုံခြုံရေးတပ်ဖွဲ့များနှင့် စီးပွားရေးစနစ်များရှိသည်။

UWSA သည် တရုတ်နိုင်ငံနှင့် ခိုင်မာသော နိုင်ငံရေးနှင့် စီးပွားရေး အဆက်အဆံရှိပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သေနင်္ဂဗျူဟာထောက်ခံမှုမှ အကျိုးရရှိကာ ဒေသတွင် သြဇာနှင့် စီမံအုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေသည်။

မြန်မာမှ တရုတ်သို့ နှစ်အလိုက် သံဖြူတင်ပို့မှု (အမေရိကန် ဒေါ်လာဖြင့်) / ဧရာဝတီ

ကမ္ဘာ့သံဖြူအပေါ် UWSA ထိန်းချုပ်မှု

သံဖြူသည် သတင်းခေါင်းစဉ်များကို ဖမ်းစားမှုနည်းသော်လည်း မရှိမဖြစ် လိုအပ်သောသတ္တု ဖြစ်သည်။ သံဖြူသည် အီလက်ထရွန်းနစ်ပစ္စည်းများ၊ တပိုင်းလျှပ်ကူးဆီမီးကွန်ဒတ်တာများ၊ ဆိုလာပြားများနှင့် လျှပ်စစ်မော်တော်ယာဉ်များအတွက် အဓိကကျပြီး ကမ္ဘာ့နည်းပညာ စီးပွားရေးတွင် အချိတ်အဆက်ဖြစ်သည်။

သို့သော် သံဖြူ၏ သေနင်္ဂဗျူဟာအရ အရေးပါမှုသည် ပထဝီနိုင်ငံရေးနှင့် ဒေသဆိုင်ရာ ပြတ်တောက်မှုများကြောင့် ထိခိုက်လွယ်သည်။

ကမ္ဘာ့ သံဖြူကြိုချက်မှုစွမ်းရည် ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော တရုတ်နိုင်ငံသည် သံဖြူတန်ဖိုးကွင်းဆက်တွင် အရေးပါသည်။ တရုတ်နိုင်ငံသည် ဝပြည်နယ်မှ သံဖြူ အဓိကတင်ပို့သည့် နိုင်ငံအဖြစ်သာမက ကမ္ဘာ့သံဖြူသန့်စင်မှုတွင်လည်း အရေးပါသည်။

အကန့်အသတ်ရှိသည့် ပြည်တွင်း သံဖြူသိုက်များကြောင့် တရုတ်နိုင်ငံသည် ယူနန်ပြည်နယ်ရှိ သတ္တုအရည်ကြိုလုပ်ငန်း အများအပြားအတွက် သွင်းကုန်အပေါ် အထူးသဖြင့် မြန်မာနိုင်ငံမှ ဝ ထိန်းချုပ်ထားသည့် သတ္တုမိုင်းများမှ သံဖြူကို အကြီးအကျယ်မှီခိုသည်။ တရုတ်ကုမ္ပဏီများသည် သတ္တုတူးခွင့်ရရှိရေးနှင့် နယ်စပ်မှ သတ္တုရိုင်း ပုံမှန်တင်သွင်းရေးအတွက် UWSA ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့ဆက်ဆံသည်။

၂၀၂၂ ခုနှစ် တရုတ်က တင်သွင်းသည့် သံဖြူသတ္တုရိုင်းတန်ချိန် ၄၈,၀၀၀ ၏ ၃ ပုံ ၂ ပုံ နီးပါးသည် မြန်မာမှဖြစ်သည်ဟု တရုတ်အကောက်ခွန်ဌာန (GACC) ၏ စာရင်းအရ သိရသည်။ ခန့်မှန်းခြေ တန်ချိန် ၄၀,၀၀၀ ခန့်သည် မြန်မာမှဖြစ်ပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ဝပြည်နယ်မှ ဖြစ်သည်။ ထို့ပြင် ၂၀၂၂ ခုနှစ်အစောပိုင်းက သံဖြူဈေး စံချိန်တင် မြင့်တက်နေစဉ် ဝဒေသမှ သံဖြူတန် ၈,၀၀၀ ကို တင်သွင်းသည်ဟု သံဖြူတူးဖော်ရေးအသင်း၏ စာရင်းအရသိရသည်။

သို့သော် ၂၀၂၃ ခုနှစ်တွင် UWSA သည် သံဖြူတူးဖော်သည့် လုပ်ငန်းများကို ဆိုင်းငံ့လိုက်ပြီး လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်ဟု အကြောင်းပြသောကြောင့် ကမ္ဘာ့သံဖြူထုတ်လုပ်ရောင်းချမှု လှုပ်ခါသွားစေသည်။

သို့သော် ၂၀၂၃ ခုနှစ်တွင် UWSA သည် သံဖြူတူးဖော်သည့် လုပ်ငန်းများကို ဆိုင်းငံ့လိုက်ပြီး လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်ဟု အကြောင်းပြသောကြောင့် ကမ္ဘာ့သံဖြူထုတ်လုပ်ရောင်းချမှု လှုပ်ခါသွားစေသည်။

ထိုသို့ ဆိုင်းငံ့ခြင်း မတိုင်မီက မြန်မာသည် ကမ္ဘာ့ သံဖြူထုတ်လုပ်မှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး ထိုထုတ်လုပ်မှုအများစုသည့် မိုင်းမော်ဒေသမှဖြစ်ကြောင်း ကမ္ဘာ့သတ္တုတူးဖော်ရေးကွန်ဂရက် (WMC) က ဖော်ပြသည်။ ထိုသို့ ဆိုင်းငံ့ပြီးနောက် လန်ဒန်သတ္တုအိတ်ချိန်းမှ သံဖြူဈေးများ တတန်လျှင် ဒေါ်လာ ၃၆,၀၀၀ ကျော်အထိ မြင့်တက်ပြီး သံဖြူကြိုချက်သည့် လုပ်ငန်းများသည် အခြားရင်းမြစ်များရရန် အလုအယက်လုပ်ရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
165
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
519

သို့သော် ယခုနှစ် ဖေဖော်ဝါရီလက UWSA/UWSP ဗဟိုလုပ်ငန်းအစည်းအဝေးအတွင်း မိုင်းမော်သတ္တုမိုင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် ဘေဂျင်း၏ တရုတ်-မြန်မာစီးပွားရေးစင်္ကြံမှတဆင့် စီးပွားတိုးတက်ရေးကို အားပေးရေး အပါအဝင် အဓိကကျသည့် နောက်ဆက်တွဲ လုပ်ငန်းစီမံချက် ကိုးခုကို ချမှတ်သည်။ ထိုကိစ္စသည် သတ္တုတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန် UWSA ၏ ရှင်းလင်းသော ရည်ရွယ်ချက်ကို ပြသနေသည်။

ဝဒေသရှိ သံဖြူအဓိက တူးဖော်သော သတ္တုတွင်းများ / ဧရာဝတီ

၂၀၂၅ ခုနှစ် နှစ်လယ်သို့ ရောက်သောအခါ သုံးနှစ်လုပ်ကိုင်ခွင့်များ ထုတ်ပေးခြင်းက UWSA သည် သံဖြူပြန်လည် တူးဖော်မှုပြုလုပ်ရန် အသင့်ရှိကြောင်း ပြသသော်လည်း သီးခြားပြဋ္ဌာန်းချက်များနှင့် ပြန်လည် စတင်ခြင်းဖြစ်သည်။

နိုင်ငံတကာသံဖြူအသင်း၏ အဆိုအရ ထိုသို့ ပြန်လည်စတင်ခြင်းသည် တရုတ် သတ္တုကြိုချက်သည့် လုပ်ငန်းများကို ဖိအားလျော့ကျစေပြီး နိုင်ငံတကာသံဖြူဈေးကွက် တည်ငြိမ်စေရန် အထောက်အကူပြုကြောင်း သိရသည်။ သို့သော် လုပ်အားအပေါ် ဆက်လက်ကန့်သတ်မှုများ၊ ကိရိယာများရွှေ့ပြောင်းမှုနှင့် သယ်ယူပို့ဆောင်ရေးကြောင့် အလျင်အမြန် နာလန်ထရေးအတွက် အတားအဆီးများ ရှိနေသည်။

ထိုအခြေအနေက မီးမောင်းထိုးပြနေသည်မှာ အရေးပါသော ကုန်စည်ဖြန့်ချိရေးကွင်းဆက်များအပေါ် ဗဟိုအစိုးရ မဟုတ်သူများ၏သြဇာ ကြီးထွားလာခြင်းဖြစ်သည်။ နိုင်ငံအဆင့်မဟုတ်သည့် UWSA သည် သေနင်္ဂဗျူဟာကျသည့် တွင်းထွက်များကို ထိန်းချုပ်ထားခြင်းမှတဆင့် ကမ္ဘာ့သြဇာထူထောင်သည်။ သံဖြူသည် ၎င်းတို့ခွင့်ပြုချက်မရဘဲ မဖြန့်ချိနိုင်ပေ။ ယနေ့ တကမ္ဘာလုံးဆက်စပ်နေသည့်လောကတွင် အချုပ်အခြာ အာဏာနှင့် ကုန်စည်ဖြန့်ချိရေးကို အမျိုးသားအစိုးရများက မချုပ်ကိုင်နိုင်ကြောင်း အပြင်းအထန် သတိပေးလိုက်ခြင်းဖြစ်သည်။

သေနင်္ဂဗျူဟာမှီခိုမှု

ဝပြည်နယ်မှ သံဖြူကို တရုတ်ကမှီခိုမှု ကြီးထွားလာခြင်းသည် UWSA နှင့် ရှုပ်ထွေးပြီး မရေရာသော ဆက်ဆံရေးကို ပြသနေသည်။ ထိုစီးပွားရေးအရ အပြန်အလှန်မှီခိုမှုသည် တရုတ်အတွက် ထိခိုက်လွယ်စေသည်။ တရုတ်နိုင်ငံသည် အရေးပါသော စက်မှုရင်းမြစ်တခုရရှိရန် မြန်မာဗဟိုအစိုးရ လက်လှမ်းမမီသည့် နိုင်ငံတော်အဆင့် မဟုတ်သော အဖွဲ့အစည်းကို မှီခိုနေရသည်။

ဝဒေသတွင် သတ္တုတူးဖော်သည့်လုပ်ငန်း ကာလကြာမြင့်စွာ ရပ်ဆိုင်းထားခြင်းနှင့် ပြန်လည်စတင်မှု နှေးကွေးခြင်းက ထိုဒေသအတွင်း တရုတ်၏သြဇာ အကန့်အသတ်များကို ပြသနေသည်။ နီးကပ်သည့် စီးပွားရေးဆက်ဆံရေး ရှိသော်လည်း တရုတ်လုပ်ငန်းများသည် လုပ်ငန်းလည်ပတ်ရန်၊ ကိရိယာများ တင်သွင်းရန်နှင့် အလုပ်သမားများကို ဖြန့်ကြက်ရန် UWSA ထံမှ ခွင့်ပြုချက်တောင်းရသည်။

ဝဒေသတွင် သတ္တုတူးဖော်သည့်လုပ်ငန်း ကာလကြာမြင့်စွာ ရပ်ဆိုင်းထားခြင်းနှင့် ပြန်လည်စတင်မှု နှေးကွေးခြင်းက ထိုဒေသအတွင်း တရုတ်၏သြဇာ အကန့်အသတ်များကို ပြသနေသည်။ နီးကပ်သည့် စီးပွားရေးဆက်ဆံရေး ရှိသော်လည်း တရုတ်လုပ်ငန်းများသည် လုပ်ငန်းလည်ပတ်ရန်၊ ကိရိယာများ တင်သွင်းရန်နှင့် အလုပ်သမားများကို ဖြန့်ကြက်ရန် UWSA ထံမှ ခွင့်ပြုချက်တောင်းရသည်။

၂၀၂၃ ခုနှစ်က သတ္တုတူးဖော်မှု ဆိုင်းငံ့ခြင်းသည် တရုတ် သတ္တုကြိုချက်သည့်လုပ်ငန်းများကို ဂယက်ရိုက်စေပြီး ယူနန်ပြည်နယ်မှ စက်ရုံများသည် အခြားရင်းမြစ်များကို အလုအယက်ရှာရသည်။ သတ္တုတူးဖော်သည့် လုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်စတင်နေသော်လည်း တရုတ်နိုင်ငံသည် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များနှင့် ကမ္ဘာ့ဈေးကွက်မှတဆင့် ရိုက်ခတ်နိုင်သည့် အနှောင့်အယှက်များကြောင့် ဆက်လက် ထိခိုက်လွယ်နေသည်။

သို့သော် ထိုမှီခိုမှုသည် ဆက်လက် အန္တရာယ်များနေပြီး တရုတ်က လျစ်လျူရှုမထားနိုင်သည့် သေနင်္ဂဗျူဟာ ထိခိုက်လွယ်မှုဖြစ်သည်။ နှောင့်နှေးမှုတိုင်း၊ ဈေးနှုန်းမြင့်တက်မှုတိုင်းက ထိုသယံဇာတသည် အမှန်တကယ် မည်မျှထိခိုက်လွယ်သည်ကို သတိပေးနေခြင်းဖြစ်သည်။

UWSA ထိန်းချုပ် ထိန်းချုပ်ထားသည့် သံဖြူသတ္တုတွင်း ဧရိယာတခု / International Tin Association

နိုင်ငံရေးအရ တရုတ်၏ UWSA နှင့် ထိတွေ့ဆက်ဆံမှုသည် မြန်မာဗဟိုအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သတိထားနေသော ဒေသတွင်း သက်ဆိုင်သူများ ဆက်ဆံရေးကို ရှုပ်ထွေးစေသည်။ သတ္တုတူးဖော်ခွင့်များ ထုတ်ပေးခြင်းမှသည် ကုန်သွယ်ရေးကို ထိန်းချုပ်သည်အထိ UWSA ၏ ကြီးထွားလာသော ကိုယ်ပိုင်အုပ်ချုပ်ရေးက မြန်မာနယ်စပ်ဒေသများတွင် အချုပ်အခြာအာဏာ အက်ကြောင်းရှိနေခြင်းကို ဖော်ပြသည်။

စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအပြင် ဝဒေသ တွင်းထွက်ကုန်သွယ်ရေးသည် ပွင့်လင်းမြင်သာမှုနှင့် ကျင့်ဝတ်ဆိုင်ရာ ပိုမိုနက်ရှိုင်းသည့် စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေသည်။ သံဖြူကိုတင်ပို့ပြီး ယူနန်တွင် ကြိုချက်ကာ တပိုင်းလျှပ်ကူးဆီမီးကွန်ဒတ်တာများ၊ ဆိုလာပြားများနှင့် စမတ်ဖုန်းများ ထုတ်လုပ်ရာတွင် သုံးသည်။ မည်သူ အကျိုးခံစားရသည်ကို မေးသည့် ဝယ်ယူသူ မရှိသလောက်ပင်ဖြစ်သည်။

လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မှုအောက်တွင် ထုတ်လုပ်သည့် တွင်းထွက်များသည် ကမ္ဘာ့ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များတွင် ကြီးကြပ်မှုမရှိဘဲ လည်ပတ်နေကာ “သန့်ရှင်း” ပြီး “တာဝန်သိသော” ကုန်စည်ရယူမှုဖြစ်စေရန် အားထုတ်မှုများကို စိန်ခေါ်နေသည်။

သို့သော် UWSA ၏ သတ္တုတူးဖော်မှု ဆိုင်းငံ့ခြင်းက ကမ္ဘာ့စက်မှုလုပ်ငန်းတွင် အရေးပါသော ဆက်ထုံးတခုကို ၎င်းတို့ ထိန်းချုပ်ထားကြောင်း ကမ္ဘာကို သတိပေးနေသည်။ သတ္တုမိုင်းများ ပြန်လည်စတင်ခြင်းသည် ပုံမှန်အခြေအနေဖြစ်စေမည့် ခြေလှမ်းတခု မဟုတ်ပေ။ အရှေ့တောင်အာရှတွင် စစ်လက်နက်တပ်ဆင်မှုနှင့် လျှို့ဝှက်မှုအများဆုံးအဖွဲ့များအနက် တခု၏ လက်တွင် တာဝန်ခံမှုမရှိသော အာဏာရှိနေသည်ကို ထပ်မံ အတည်ပြုလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် UWSA ၏ သတ္တုတူးဖော်မှု ဆိုင်းငံ့ခြင်းက ကမ္ဘာ့စက်မှုလုပ်ငန်းတွင် အရေးပါသော ဆက်ထုံးတခုကို ၎င်းတို့ ထိန်းချုပ်ထားကြောင်း ကမ္ဘာကို သတိပေးနေသည်။ သတ္တုမိုင်းများ ပြန်လည်စတင်ခြင်းသည် ပုံမှန်အခြေအနေဖြစ်စေမည့် ခြေလှမ်းတခု မဟုတ်ပေ။ အရှေ့တောင်အာရှတွင် စစ်လက်နက်တပ်ဆင်မှုနှင့် လျှို့ဝှက်မှုအများဆုံးအဖွဲ့များအနက် တခု၏ လက်တွင် တာဝန်ခံမှုမရှိသော အာဏာရှိနေသည်ကို ထပ်မံ အတည်ပြုလိုက်ခြင်းသာ ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိမ်းလန်းသော ဒစ်ဂျစ်တယ်အနာဂတ်ကို အားပေးရန် အရေးပါသော တွင်းထွက်များအတွက် ကမ္ဘာက အလုအယက် လုပ်နေချိန်တွင် အဓိကအကျဆုံး သတ္တုများအနက် တခုဖြစ်သည့် သံဖြူသည် တရုတ်က လွှမ်းမိုးသည့် နားလည်ရန် ခက်ခဲသော ကုန်စည်ဖြန့်ချိရေးကွင်းဆက်တွင် ပိတ်မိနေပြီး မြန်မာ၏ စစ်ဖြစ်နေသောနယ်စပ်မှ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့၏ လက်မှ ထုတ်ယူနေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ Tin, Territory and the Shadow Power of Myanmar’s Autonomous Wa State ကို ဘာသာပြန်သည်။)

You may also like these stories:

Apple နှင့် အခြားကုမ္ပဏီများ သံဖြူကုန်ကြမ်း UWSA ထိန်းချုပ် သတ္ထုတွင်းမှ ရယူနေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

ဝ ဒေသထုတ် သံဖြူ အခွန်တိုးမြှင့်မှု တရုတ် ထိခိုက်

ဈေးကောင်းပြန်ရနိုင်သော သံဖြူကို ဝ ပြန်ထုတ်

တရုတ်စီမံကိန်းများဖြင့် စီးပွားရေးမြှင့်တင်ရန် ဝပြည် မျှော်မှန်း

တရုတ် ဗျူဟာကြောင့် တွင်းထွက်ကို မှီခိုသည့် EAO များ ဩဇာကျဆင်းနိုင်

Your Thoughts …
Tags: UWSAUWSPစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရင်းနှီးမြှုပ်နှံမှုသတ္တုတူးဖော်ရေးသဘာဝပတ်ဝန်းကျင်
Athena Awn Naw

Athena Awn Naw

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စာစစ်ဌာနတခုလုံး မှားတယ်ဆိုတာမျိုး တခါမှမကြုံဖူးဘူး (ရုပ်/သံ)

စာစစ်ဌာနတခုလုံး မှားတယ်ဆိုတာမျိုး တခါမှမကြုံဖူးဘူး (ရုပ်/သံ)

တိုက်ပွဲမှာ နောက်ပြန်ဆုတ်တဲ့ ပြည်သူ့စစ်တွေကို စစ်တပ်က ပစ်သတ် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved