• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အညာက တက္ကသိုလ်၊ ကောလိပ်တွေ ဘာကြောင့် စည်ကားနေသလဲ

by သာဦး
18 October 2025
in ဆောင်းပါး
A A
အညာက တက္ကသိုလ်၊ ကောလိပ်တွေ ဘာကြောင့် စည်ကားနေသလဲ

စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

2.3k
VIEWS
Share on FacebookShare on Twitter

‘ပညာရေး ဝေးသည်မရှိ’ ဆောင်ပုဒ်ဖြင့် စတင်ခဲ့သော တက္ကသိုလ်အဝေးသင်များ စဖွင့်သည့်ကာလဖြစ်သည်။ ကျနော်တို့ အဖေခေတ်ကတော့ ‘စာပေးစာယူ’ ဟု ခေါ်ကြကြောင်း မှတ်သားရသည်။

ရန်ကုန်မြို့၊ လှည်းတန်းတွင် တွေ့ရနိုင်သည့် ခေတ်ရေစီး ဖက်ရှင်များဖြင့် ကျောင်းသား ကျောင်းသူများကို အညာတွင်လည်း တွေ့ရပေမည်။ မိုဘိုင်းဖုန်း ကိုယ်စီ၊ အင်တာနက်နှင့် မစိမ်းသည့် မျိုးဆက်မို့ ဖက်ရှင်ကတော့ မြို့ကြီးပြကြီးအတိုင်းပင် ဖြစ်သည်။

စစ်ကျွန်ပညာရေးလား

ဆိုရှယ်မီဒီယာများပေါ်တွင် ကျောင်းတက်သင့်၊ မတက်သင့်ကို ငြင်းခုန်နေကြသည်မှာ ကြာပေပြီ။ အချို့ကလည်း ‘စစ်ကျွန်ပညာရေး’ ဖြစ်သဖြင့် မတက်သင့်ဟု ဆိုကြသည်။

အချို့ကလည်း ‘တော်လှန်ရေး လုပ်ခဲ့ကြသည့် မျိုးဆက်များလည်း ထိုပညာရေးကပဲ ပေါက်ဖွားလာကြသည်’ ဟု ချေပကြသည်။ ‘ကလေးတွေ ပညာသင်ရမည့်အချိန် ပညာသင်သင့်သည်၊ ကလေးတွေ သူတို့ ကျင်လည်သင့်သည့် ပတ်ဝန်းကျင်တွင် လူလားမြောက်သင့်သည်’ ဟု ထောက်ပြသူများလည်း ရှိသည်။

ကျနော် ပါမောက္ခတဦးကို သင်ရိုးညွှန်းတမ်းတွေမှာ စစ်တပ် ဝါဒ၊ အာဘော်၊ ဝါဒဖြန့်ချိရေးတွေ ထည့်သလား၊ သင်ရိုးညွှန်းတမ်း ပြောင်းသလားဟု မေးကြည့်သည်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ရေးဆွဲထားသည့် အတိုင်းပါပဲဟု ဖြေသည်။

ကိုယ့်ပတ်ဝန်းကျင်ကို လေ့လာသောအခါ ပထမ တစုက အစိုးရကျောင်းမှာ မထား၊ ပုဂ္ဂလိကကျောင်း သို့မဟုတ် ထို့ထက် တတ်နိုင်သူများက အင်တာနေရှင်နယ်ကျောင်းမှာ ဈေးကြီးကြီးနှင့် ထားကြသည်။ ထို့ထက် တတ်နိုင်သော မိဘများက နိုင်ငံခြားကျောင်းများသို့ ပို့ကြသည်။

ကိုယ့်ပတ်ဝန်းကျင်ကို လေ့လာသောအခါ ပထမ တစုက အစိုးရကျောင်းမှာ မထား၊ ပုဂ္ဂလိကကျောင်း သို့မဟုတ် ထို့ထက် တတ်နိုင်သူများက အင်တာနေရှင်နယ်ကျောင်းမှာ ဈေးကြီးကြီးနှင့် ထားကြသည်။ ထို့ထက် တတ်နိုင်သော မိဘများက နိုင်ငံခြားကျောင်းများသို့ ပို့ကြသည်။

ဒုတိယ တစုက ဒီမိုကရေစီရမှ ကလေးကို ကျောင်းပြန်ထားမည် ဆိုတာလည်း တွေ့ရသည်။ အတန်းရပ်ထားသော်လည်း ကလေးအသက်က မရပ်။

တတိယ တစုကမူ စစ်အာဏာသိမ်းမှုကို မကြိုက်သော်လည်း ပညာတော့ တတ်မှဖြစ်မည်ဟုဆိုကာ ကျောင်းထားကြသည်။ မချစ်သော်လည်း အောင့်ကာနမ်း ဖြစ်သည်။

ဖက်ရှင်အောက်မှ ဝေဒနာ

အထက်တွင် ပြောခဲ့သည့် အဝေးသင်ကျောင်းများ ဖွင့်ချိန်နှင့် ခေတ်ရေစီးဖက်ရှင် အညာ ကျောင်းသား ကျောင်းသူများအကြောင်း ပြန်ဆက်ပါမည်။

ခရီးလမ်းသင့်တုန်း အညာရောက်ခိုက် သွား၍ ရသလောက် သွားခဲ့သည်။ ကျောင်းဖွင့်ချိန်နှင့် တိုးနေသည်။ ဖက်ရှင်တွေက မြို့ကြီးပြကြီးတွေနှင့် အမီပဲဟု တွေးမိသည်။ ကွမ်းယာဆိုင်ပြီးလျှင် ခေတ်ရေစီးအတိုင်း ဆွဲဆောင်နေသည့် အဝတ်အထည်ဆိုင်များက အများဆုံးဖြစ်ကြောင်း သတိထားမိသည်။

ရင်းနှီးအောင် ပေါင်းသင်းမိသည့် ကျောင်းသား ကျောင်းသူများကို မေးကြည့်မိသည်။ သူတို့ ဘယ်လို ရင်ဖွင့်ကြသနည်း။

“အမေက ရွာမှာ မနေစေချင်လို့ ဒီပို့ထားတာပါ။ ကျောင်းပိတ်လည်း အဆောင်မှာပဲ နေတာပါ။ ရွာကို ပြန်မလာနဲ့လို့ အမေက မှာပါတယ်။ ဖုန်းနဲ့တော့ အဆက်အသွယ်ရတယ်”။

“အဖေက စစ်တပ်မှာ အငြိမ်းစားယူတော့မှာ။ ရှေ့တန်း မလိုက်နိုင်လို့ အဖေ့ကိုယ်စား ကျနော်က ပြည်သူ့စစ်အနေနဲ့ လိုက်ရတယ်။ တခါတော့ သေနတ် ရှပ်မှန်တာရယ်၊ ကျောင်းသားဖြစ်တာရယ်ကြောင့် အနားရတာပါ”။

“ရွာမှာ အဖေရယ်၊ ကျနော်ရယ်၊ ကျနော့်ညီလေးရယ် ရှိတယ်။ ကျနော်တို့ရွာက ပြည်သူ့စစ် ကြီးစိုးတဲ့ရွာပါ။ အဖေကို စစ်မှုထမ်းခိုင်းလို့ အဖေ့ကိုယ်စား ကျနော် လိုက်ရပါတယ်။ တအိမ်တယောက် အလှည့်ကျ ညကင်းလည်း စောင့်ရပါတယ်။ ရှေ့တန်းလည်း ထွက်ရပါတယ်။ ဒါနဲ့ ရန်ကုန်သွား အလုပ်ရှာတာလည်း အဆင်မပြေပါဘူး။ အခု ကျောင်းလာပြန်တက်တာပါ”။

“ရွာပြန်လို့ မဖြစ်ဘူးရယ်။ မင်းကင်း ဟိုးဘက် အစွန်နားကရွာ။ တိုက်ပွဲတွေက ဖြစ်နေတယ်။ ကျောင်းသားဆိုတော့ စစ်မှုထမ်းထဲ မပါတော့ဘူးလေ”။

“သမီးက ကျောင်းတက်နေတာ ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က သိသွားလို့ လာခေါ်သွားပြီး သူတို့ဖွင့်တဲ့ကျောင်းမှာ ကလေးတွေကို တနှစ် စာသင်ခိုင်းပါတယ်။ ဒါကြောင့် ခုမှ ကျောင်းလာတက်နိုင်တာပါ”။

“ကျနော်က နောက်ဆုံးနှစ် အဝေးသင်တက်ဖို့ ဆိုင်ကယ်နဲ့ လာတာပါ။ လမ်းမှာ PDF နဲ့တိုးတော့ ကျောင်းသားမှန်း သိသွားပြီး ခေါ်သွားပါတယ်။ နှိပ်စက်တာ မရှိပါဘူး။ သူတို့ဖွင့်ထားတဲ့ စာသင်ကျောင်းမှာ ဆရာလုပ်ပေးရပါတယ်။ ခုမှ ပြန်လွှတ်လိုက်လို့ ကျောင်းလာတက်တာပါ။”

“ရွာမှာလည်း လယ်ယာအလုပ်က လုပ်မရ။ ရန်ကုန်မပြောနဲ့ မန္တလေးတောင် မရောက်ဖူးဘူး။ အဲဒါနဲ့ အမေ၊ အဖေတို့က မင်းတော့ ဒီမှာ ဘာမှလုပ်စားလို့ရမှာ မဟုတ်ဘူး၊ ငါတို့ မျက်စိမမှိတ်ခင် ပညာသာ တတ်အောင်သင်ဆိုပြီး လွှတ်လိုက်တာပါ”။

“ရွာမှာလည်း လယ်ယာအလုပ်က လုပ်မရ။ ရန်ကုန်မပြောနဲ့ မန္တလေးတောင် မရောက်ဖူးဘူး။ အဲဒါနဲ့ အမေ၊ အဖေတို့က မင်းတော့ ဒီမှာ ဘာမှလုပ်စားလို့ရမှာ မဟုတ်ဘူး၊ ငါတို့ မျက်စိမမှိတ်ခင် ပညာသာ တတ်အောင်သင်ဆိုပြီး လွှတ်လိုက်တာပါ”။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်က မန္တလေးမြို့ရှိ စာသင်ကျောင်းတချို့သို့ စစ်ခေါင်းဆောင် သွားရောက်ခဲ့စဉ်/CINCDS

အညာ တက္ကသိုလ်များ သို့မဟုတ် စစ်ဘေးရှောင်စခန်း

ကျနော် အလည်အပတ်သွားသည့် တက္ကသိုလ်များတွင် သက်ကြီးရွယ်အိုတွေရော ကလေးငယ်တွေပါ များနေသည်ကို သတိပြုမိသည်။ ဝန်ထမ်းမိသားစုများရှိသောကြောင့် ထိုသို့ ရှိကြသည်ကို သိသော်လည်း သိသိသာသာ များနေပါသည်။ ထို့ကြောင့် ကျနော် မေးစမ်းကြည့်မိသည်။

ရွာကအိမ်ကို စစ်သားတွေ မီးရှို့သွားလို့ နေစရာမရှိလို့ လာနေတာဟု တယောက်က ပြောသည်။ တချို့ကလည်း သူတို့ ရွာဘက်တွင် တိုက်ပွဲများဖြစ်နေ၍ နေမဖြစ်သောကြောင့် မိသားစုခေါ်ခွင့်ကို တက္ကသိုလ်တာဝန်ရှိသူများက နားလည်မှုဖြင့် ခွင့်ပြုပေးထားကြသည်။

တက္ကသိုလ်များတွင် ကြုံရာကျပမ်း မြက်ရှင်း၊ သစ်ပင်ခုတ်၊ မြောင်းဖော် နေ့စားဝင်လုပ်ကြရသည်။ ရွာတော့ မပြန်ရဲသေးဘူး၊ နှစ်ဖက် ညပ်နေတယ်ဟု ဆိုကြသည်။ နှစ်ဖက်ဆိုသည်မှာ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြားဟု ဆိုလိုသည်။

အညာတွင် ပြည်တွင်းစစ်နှင့် ပတ်သက်၍ အသုံးအနှုန်း နှစ်ခုသာ ရှိသည်။ “ပြည်သူ့စစ် ကြီးစိုးသည့်ရွာ” နှင့် “PDF ရွာ” သာ ဖြစ်သည်။ တရွာလုံး တညီတညွတ် စစ်တပ်ထောက်ခံသလားဟု မေးသောအခါ ထောက်ခံသူများလျှင် များသလို နှုတ်ပိတ်ပြီး နေကြရတာပဲဟု ဆိုသည်။ ကြားနေအဖြစ်လည်းကောင်း၊ မည်သည့်ဘက်ကို ထောက်ခံပါသည်ဟုလည်းကောင်း မပြောဝံ့ကြပေ။

လေ့လာမိသလောက် စစ်မှုထမ်းဥပဒေလည်းကြောက်၊ မြို့သွားပြီး ကျောင်းတက်လျှင် ရွာတွင် ကျန်ခဲ့သည့် မိသားစုကို PDF နှင့် ပကဖ က ရန်ရှာမည်ကိုလည်း ကြောက်သဖြင့် ဇာတ်မြှုပ်ပြီး အနာဂတ်ပျောက်နေသော အညာလူငယ်များကို တွေ့နေရသည်။

အညာ တက္ကသိုလ်များမှ တာဝန်ရှိသူများလည်း ကျောင်းပိတ်သည့်တိုင် အဆောင်နေခွင့်ပြုကြောင်း၊ သို့သော် တာဝန်ရှိသည့်အလျောက် ကျောင်းပြင်ထွက်ခွင့်ကိုမူ တင်းကျပ်စွာ ကန့်သတ်ထားကြောင်း သိရသည်။

ဘာလို့ကျောင်းတက်နေကြသလဲ၊ ပျော်နေကြတာလား

ထိုမေးခွန်းအတွက် အဖြေကို အထက်တွင် ကျနော် မေးမြန်း လေ့လာကြည့်မိသမျှ၌ သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည်။

သူတို့မှာ ရွေးချယ်စရာ သိပ်မရှိပါ။ ပြည်သူ့စစ်နှင့်နီးလျှင် ပြည်သူ့စစ်ထဲဝင်၊ PDF နှင့် နီးစပ်လျှင် PDF ထဲဝင်၊ ဘယ်ဘက်မှ မဝင်လိုလျှင် စစ်မှုထမ်းဥပ‌ဒေကို ရှောင်ရှားရန် ကျောင်းပြန်တက်၊ ကျောင်းမတက်ချင်လျှင် မြို့ပေါ်တွင် မဖြစ်စလောက် လစာလေးဖြင့် အဆက်အစပ်ရှိရာ အလုပ်တခုခု ဝင်ရန်သာ ရှိတော့သည်။

သူတို့ အချင်းချင်း စကားပြောပြီး ရယ်နေကြပါလိမ့်မည်။ ပျော်သည်ဟု မထင်ပါ။

“ရွာကို ဗုံးကြဲပြန်ပြီ၊ ရွာကို မီးရှို့ပြန်ပြီ၊ ဖုန်းက ခေါ်မရတာ ကြာပြီ၊ နင် မင်္ဂလာဆောင်တော့မယ်ဆို ဟိုဘက်မိဘ မလာဘူးလားဆိုတော့ မလာနိုင်ဘူး၊ တိုက်ပွဲတွေ ဖြစ်နေလို့ အဆင်ပြေတဲ့နေရာ ဆောင်လိုက်ရတယ်၊ လက်နက်ကြီးနဲ့ ပစ်တာ အိမ်ရှေ့ သစ်ပင်ကြီး ထက်ပိုင်းကို ကျိုးရော၊ ငါတို့ ဗုံးခိုကျင်းထဲမှာ” ဆိုသည်က ဆိုရှယ်မီဒီယာများပေါ်တွင် ဖြစ်သင့်၊ မဖြစ်သင့် ဝေဖန်သူများ မမြင်နိုင်သည့်၊ သူတို့ကလည်း ထုတ်ဖော်ပြော၍ အခွင့်မသာသည့် ပကတိ မြေပြင်အခြေအနေမှ သူတို့ မျက်ရည်များ ဖြစ်ပါလိမ့်မည်။

“ရွာကို ဗုံးကြဲပြန်ပြီ၊ ရွာကို မီးရှို့ပြန်ပြီ၊ ဖုန်းက ခေါ်မရတာ ကြာပြီ၊ နင် မင်္ဂလာဆောင်တော့မယ်ဆို ဟိုဘက်မိဘ မလာဘူးလားဆိုတော့ မလာနိုင်ဘူး၊ တိုက်ပွဲတွေ ဖြစ်နေလို့ အဆင်ပြေတဲ့နေရာ ဆောင်လိုက်ရတယ်၊ လက်နက်ကြီးနဲ့ ပစ်တာ အိမ်ရှေ့ သစ်ပင်ကြီး ထက်ပိုင်းကို ကျိုးရော၊ ငါတို့ ဗုံးခိုကျင်းထဲမှာ” ဆိုသည်က ဆိုရှယ်မီဒီယာများပေါ်တွင် ဖြစ်သင့်၊ မဖြစ်သင့် ဝေဖန်သူများ မမြင်နိုင်သည့်၊ သူတို့ကလည်း ထုတ်ဖော်ပြော၍ အခွင့်မသာသည့် ပကတိ မြေပြင်အခြေအနေမှ သူတို့ မျက်ရည်များ ဖြစ်ပါလိမ့်မည်။

စာအုပ်မပါ လက်ဗလာဖြင့် ရွာမှ ရအောင်ထွက်ပြီး အန္တရာယ် အဖုံဖုံမှ လွတ်ရာလွတ်ကြောင်း သင့်သလို ရွေးကြရသည့် အညာလူငယ်များ ဘဝကို နားလည်မိပါသည်။

ကျောင်းတက်သင့်သည်၊ မတက်သင့် ဆိုသည်ကို ကျနော် မှတ်ချက်မပေးလိုပါ။ မြို့ကြီးပြကြီး အခြေအနေ မဆိုလို။ အညာဒေသတွင် တွေ့ကြုံခဲ့သမျှကို မျှဝေခြင်းသာ ဖြစ်ပါသည်။

(သာဦးသည် ရန်ကုန်အခြေစိုက် ဂျာနယ်လစ်တဦး ဖြစ်သည်။)

You may also like these stories:

ကသောင်းကနင်း မြန်မာ့ပညာရေး ဘယ်လိုခရီးဆက်မလဲ

ကလေးတွေပညာရေးက WFP ရဲ့ ရိက္ခာနဲ့ ဆက်စပ်နေတယ်

မြန်မာ ကလေးငယ်မျိုးဆက်တခု ပညာရေး အဆက်ပြတ်နိုင်

စာသင်ကျောင်းများ ဖရိုဖရဲဖြစ်နေသောကြောင့် ပညာရေးတွင် စစ်ကောင်စီ ကျရှုံး

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

Your Thoughts …
Tags: PDFSliderစစ်ကော်မရှင်စစ်မှုထမ်းဥပဒေတော်လှန်ရေးအင်အားစုပကဖပညာရေးပြည်တွင်းစစ်ပြည်သူ့စစ်လေကြောင်းတိုက်ခိုက်မှုအညာဒေသ
သာဦး

သာဦး

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲပြီးဆုံးရန် အလှမ်းဝေးနေဆဲ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲပြီးဆုံးရန် အလှမ်းဝေးနေဆဲ

မြန်မာစစ်ပွဲမှာ ၂ ဖက်လုံး ဝင်ပါသည့် တရုတ်က ကြားဝင်မစွက်ဖက်ရေး ပြော

မြန်မာစစ်ပွဲမှာ ၂ ဖက်လုံး ဝင်ပါသည့် တရုတ်က ကြားဝင်မစွက်ဖက်ရေး ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved