• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဘဏ်များရှိ သံသယဖြစ်ဖွယ် ငွေအပ် ငွေလွှဲပြောင်းမှုများ စတင် စုံစမ်းနေ

by သစ်နေမိုး
22 August 2014
in စီးပွားရေး
A A
ငွေကြေး ခဝါချမှု, ပြည်တွင်း ဘဏ်များ

ပုဂ္ဂလိက ဘဏ်လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

5.8k
VIEWS
Share on FacebookShare on Twitter

ငွေမည်းမှ ငွေဖြူသို့ ပြောင်းလဲသည့် ငွေကြေး ခဝါချမှုများ တိုက်ဖျက်ရန် ဘဏ်များသို့ ရောက်ရှိလာသော သံသယဖြစ်ဖွယ် ငွေအပ် မှု၊ ငွေလွှဲပြောင်းမှုများကို စောင့်ကြည့် စုံစမ်းနေပြီ ဖြစ်ကြောင်း သိရသည်။

“ပုံမှန်အားဖြင့် သတ်မှတ်တဲ့ ပမာဏလည်း မကြာခင်မှာ ထုတ်ပြန်တော့မှာပါ။ သိန်းငါးထောင်လောက် ဆိုရင် သတင်းပို့ နေကြတာ။ ဒါက ဗဟို အဖွဲ့အစည်းအဝေး ခေါ်ပြီးရင် သတ်မှတ်ပါမယ်။ အရင်က သိန်း ၁ထောင် သတ်မှတ်ထားတယ်”ဟု ငွေကြေးစုံစမ်း ထောက်လှမ်းရေး ဌာန ဒု တပ်ဖွဲ့မှူး ဦးကျော်ဝင်းသိန်းက ဆိုသည်။

ယင်းသို့ လုပ်ဆောင်ရန် အတွက် ပြည်တွင်းဘဏ်များနှင့် ငွေကြေးစုံစမ်း ထောက်လှမ်းရေးဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်လျက် ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

သြဂုတ် ၂၁ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်းရုံးတွင် ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး ဆွေးနွေးပွဲ၌ ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

လက်ရှိတွင် ထူခြားသည့် ငွေအပ်ငွေလွှဲပြောင်းမှု အခြေအနေများကို ဘဏ်များဘက်မှ သတင်းပေးပို့သည်မှာ တလလျှင် အစောင် ရေ တထောင် ဝန်းကျင်ခန့် ရရှိသည်ဟု ဒု တပ်ဖွဲ့မှူး ဦးကျော်ဝင်းသိန်းက ပြောသည်။

“အကြမ်းဖျင်း ဆိုရင် တလကို အစောင်ရေ ၁၀၀၀ နီးပါးလောက် ရှိတယ်ပေါ့။ သတင်းပို့ရမယ့် ငွေပမာဏထက် ကျော်တဲ့ဟာပေါ့။ နောက် တပတ်မှာ ၃စောင် ၄စောင် လောက် ပါတာ။ ပိုက်ဆံတွေ အများကြီး လာထည့်တယ်။ ပြီးရင် တခါတည်း ထုတ်ပေါ့။ သံသယ ဖြစ်ဖွယ်ပေါ့။ ဒါကို ကျနော်တို့ စ စစ်ဆေးနေပြီ။ သိပ်မကြာသေးဘူး။ ပြီးခဲ့တဲ့ ၂ လလောက်ကပဲ သွားပြီး ဘဏ်တွေနဲ့ ဆက်သွယ် တယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ငွေကြေး ခဝါချသည့် အမှုပေါင်းမှာ အရေအတွက် ၇၀ ကျော်ရှိပြီး ငွေပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်ရှိသည်ဟု ငွေကြေးစုံးစမ်း ထောက်လှမ်းရေးဌာန ဒုရဲမှုး ဦးမြင့်စိုးက ပြောသည်။

“မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တာနဲ့ ပတ်သက်ပြီး အရေးယူတဲ့ ငွေကြေး ခဝါချမှုတွေ များပါတယ်။ နောက် လူကုန်ကူးပေါ့။ အချို့ဟာတွေက ရှေးဟောင်းပစ္စည်းတွေ ဘာတွေ ရောင်းတာ ပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။

ယခုပြန်လည်ရေးဆွဲ ပြဌာန်းထားသည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွင် ငွေကြေး အဖွဲ့အစည်းများဘက်မှ သတင်းပို့ရမည့် အကြောင်းအရာ အပြင် သတင်း မပေးပို့ပါက အရေးယူမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၀၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြောင်းလဲ ရေးဆွဲလိုက်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေသစ်ကို ၂၀၁၄ ခုနှစ် မတ်လအတွင်း ပြဌာန်းခဲ့သည်။

နည်းဥပဒေမှာ လက်ရှိအချိန်တွင် ထွက်ပေါ်ခြင်း မရှိသေးသော်လည်း လာမည့် သြဂုတ်လ အတွင်း ရှေ့နေချုပ်ရုံးသို့ ရောက်ရှိပြီး ပြင် ဆင်ဖြည့်စွက် ထွက်ပေါ်လာမည်ဟုလည်း ဆိုသည်။

လက်ရှိ ပြဌာန်းထားသော ၂၀၁၄ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေသစ် အရေးယူမှု အပိုင်းတွင် ယခင် ဥပဒေ အဟောင်းထက် ပိုမိုထိရောက်မှုရှိကြောင်း၊ ယခင်က လူကိုသာ အရေးယူမှု လုပ်ဆောင်သော်လည်း ယခုဥပဒေမှာ လူနှင့် အဖွဲ့အစည်းကိုပါ အရေးယူ မည် ဖြစ်ကြောင်း၊ အဖွဲ့အစည်းနှင့် ကုမ္ပဏီများကို လုပ်ပိုင်ခွင့် ၅ နှစ်၊ ၁၀ နှစ်နှင့် ရာသက်ပန် ပိတ်ပင်မှုမျိုးအထိ ရှိမည် ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: Economy
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.3k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
189

ကာတွန်း

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

ရန်ကုန်မြို့သစ် စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်ခံနေရ

ရန်ကုန်မြို့သစ် စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်ခံနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved