• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဝေဖန်မှုများရှိနေသော်လည်း မှော်ဘီ ဓာတ်မြေသြဇာ စက်ရုံ ဆက်တည်ဆောက်မည်

by ကျော်ဆုမွန်
21 December 2016
in စီးပွားရေး
A A
မှော်ဘီ စိုက်ပျိူးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ သွင်းအားစုများထုတ်မည့် စက်ရုံတည်ဆောက်ရေး မြင်ကွင်း / ကျော်ဆုမွန် / ဧရာဝတီ

မှော်ဘီ စိုက်ပျိူးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ သွင်းအားစုများထုတ်မည့် စက်ရုံတည်ဆောက်ရေး မြင်ကွင်း / ကျော်ဆုမွန် / ဧရာဝတီ

11.8k
VIEWS
Share on FacebookShare on Twitter

စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေသော်လည်း Myanmar Awba Group က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် အငြင်းပွားဖွယ်ရာ စိုက်ပျိူးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ သွင်းအားစုများထုတ်မည့် စက်ရုံတည်ဆောက်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ကိုယ်စားလှယ်များက ထုတ်ဖော်ပြောသည်။

Hmawbi Agricultural Input complex အမည်ရှိသည့် စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) မှ ငွေကြေးထောက်ပံ့ခြင်း ဖြစ်သည်။ စက်တင်ဘာလအတွင်းတွင် IFC က Myanmar Awba Group ကို ချေးငွေ အမေရိကန် ဒေါ်လာ ၁၀ သန်း ထုတ်ချေးခဲ့ပြီး Myanmar Awba Group ကလည်း ထိုစက်ရုံအတွက် ငွေကြေး ထပ်မံစိုက်ထုတ်မည် ဖြစ်သည်။

စီမံကိန်း ပြီးဆုံးခဲ့လျှင် စိုက်ပျိုးသီးနှံများအတွက် မြေသြဇာ အရည်နှင့် အမှုန့်များ ထုတ်လုပ်ပေးမည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၅ သန်း ရင်းနှီးမြှပ်နှံမည်ဟု ခန့်မှန်းထားသည်။ စီမံကိန်း တည်ဆောက်မည့် နေရာမှာ ရန်ကုန်မြို့၏ မြောက်ဘက် ကီလိုမီတာ ၃၀ အကွာရှိ မှော်ဘီမြို့နယ် အတွင်း တည်ရှိသည် ဟုသိရသည်။

IFC ထံမှ ချေးငွေ ရရှိသည့် အချိန်မှစ၍ Myanmar Awba Group က မှော်ဘီမြို့နယ် ဝါးနက်ချောင်း ကျေးရွာအနီးမှ ၈ ဧက ကျယ်ဝန်းသည့် မြေနေရာကို ရှင်းလင်းမှုများ စတင်ပြုလုပ်ခဲ့သည်ဟု Myanmar Awba Group ၏ ကုမ္ပဏီခွဲဖြစ် သည့် ပီတိပြည့်စုံ ကုမ္ပဏီမှ လုပ်ငန်းအရာရှိချုပ်(chief operations officer) ဦးဉာဏ်လင်းဖြိုးက ပြောသည်။

သို့သော် ဝါးနက်ချောင်း ကျေးရွာမှ ဒေသခံ အချို့ပါဝင်သည့် အဖွဲ့တစ်ခုက စီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့သည်။ ကျေးရွာပြည်သူများ၏ ဆန္ဒပြပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအေးလွင်လည်း ပါဝင်ခဲ့သည်။ မြေသြဇာစက်ရုံသည် ဒေသ၏ အနီးတဝိုက်မှ သဘာဝ ပတ်ဝန်းကျင်နှင့် ကျေးရွာကို ထိခိုက်ပျက်စီး စေလိမ့်မည်ဟု ကျေးရွာနေပြည်သူများကပြောကြောင်း Kamayut Media ၏ သတင်းတွင် ဖော်ပြထားခဲ့သည်။

ကျေးရွာနေပြည်သူများက သူတို့အနေဖြင့် Myanmar Awba Group ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေလိုခြင်း မရှိ ကြောင်း၊ သို့သော်လည်း မြေသြဇာစက်ရုံကြောင့် ဆိုးကျိုးသက်ရောက်မှုများ ရှိလာမည်ကို စိုးရိမ်ကြောင်း ပြောကြသည်။

သို့ရာတွင် Myanmar Awba Group က တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ တွင် အပြီးသတ်နိုင်ရန် ကုမ္ပဏီက စီစဉ်ထားသည်။ ပထမ အဆင့်မှာ ၂၀၁၇ ခုနှစ် မတ်လတွင် ပြီးစီးမည် ဖြစ်သည်။

“စက်ရုံတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချရထားပြီးပါတယ်။ သဘာဝပတ်ဝန်းကျင် သက်ရောက်မှု ဆိုင်ရာ အစီရင်ခံစာ တစောင်လည်း ကျနော်တို့ တင်သွင်းခဲ့ပါတယ်။ သူတို့ရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ကျေးရွာနေပြည်သူတွေနဲ့လည်း ကျနော်တို့ ဆွေးနွေးသွားမှာပါ။” ဟု ဦးဉာဏ်လင်းဖြိုးက ပြောသည်။

ပြီးစီးသည့် အချိန်တွင် Hmawbi Agricultural Input complex က တနှစ်လျှင် မြေသြဇာ (အရည်) ဂါလန် ၈၀၀၀၀၀ နှင့် မြေသြဇာ (အမှုန့်) ပေါင် ၄ ဒသမ ၄ သန်း ထုတ်လုပ်နိုင်မည် ဖြစ်သည်။ အဆိုပါ ပမာဏက နိုင်ငံတခုလုံးအတွက် စိုက်ပျိုးရေးသွင်း အားစုများ၏ ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု Myanmar Awba Group မှ စက်ရုံမန်နေဂျာ တဦးဖြစ်သည့် ဒေါက်တာ မောင်မောင်ပိုင်စိုး ကပြောသည်။

“စွန့်ပစ်ရေတွေကိုလည်း ကျနော်တို့က စနစ်တကျ စီမံခန့်ခွဲသွားမှာပါ။” ဟု သူကပြောသည်။

စီမံကိန်းက အလုပ်အကိုင်နေရာသစ် ၅၀၀ ကျော် နှင့် နိုင်ငံအတွင်းမှ တောင်သူလယ်သမား မိသားစု ၃ သန်းကျော် အတွက် ဓာတ်မြေသြဇာ များထောက်ပံ့ပေးနိုင်လိမ့်မည်ဟု Myanma Awba Group က မျှော်လင့်ထားသည်။

အစိုးရက မြေသြဇာစက်ရုံကို နှစ် ၅၀ BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် ကန်ထရိုက်ချထားပေးခဲ့ခြင်း ဖြစ်သည်။ အနီးတွင် Myanmar Awba Group နှင့် Malar Myaing က လုပ်ကိုင်နေသည့် ပိုးသတ်ဆေးစက်ရုံတခုရှိသည်။ ပိုးသတ်ဆေးစက်ရုံမှာ ယခင်က အစိုးရပိုင် ဖြစ်သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
181
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

“အစိုးရက ဒီနေရာကို စိုက်ပျိုးရေး သွင်းအားစုတွေ ထုတ်လုပ်ပေးတဲ့ နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် တို့က ကျေးရွာနေပြည်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့နဲ့ သူတို့ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးဖို့ ကော်မတီတခု ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။” ဟု ဦးဉာဏ်လင်းဖြိုးကပြောသည်။

၂၀၂၀ ခုနှစ် စက်ရုံအပြည့်အဝ လည်ပတ်သည့် အချိန်တွင် ကမ္ဘာ့ဘဏ်၏ ချေးငွေများက ကုမ္ပဏီတွင် ကမ္ဘာ့ဘဏ်က ပိုင် ဆိုင်သည့် ရှယ်ယာများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်ဟု Myanmar Awba Group ၏ အမှုဆောင်ချုပ် ဦးသတိုး ဟိန်းက ပြောခဲ့သည်။

၂၀၁၆ ခုနှစ် ဇွန်လ တွင်ပြီးဆုံးခဲ့သော ဘဏ္ဍာရေးနှစ် အတွင်းတွင် IFC က မြန်မာနိုင်ငံတွင် သီးနှံထုတ်လုပ်မှု တိုးမြှင့်နိုင်ရန်၊ ထောက်ပံ့ရေး နှင့် ဖြန့်ချိရေးများ တိုးတက်လာစေရန် နှင့် တောင်သူလယ်သမားများ ချေးငွေ ပိုမိုရရှိနိုင်ရန် အတွက် စိုက်ပျိုးစီးပွားကဏ္ဍအတွင်းတွင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ရင်းနှီး မြှုပ်နှံခဲ့သည်။ IFC က မြန်မာနိုင်ငံ မှ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး ဖြစ်သည်။

Your Thoughts …
Tags: Business
ကျော်ဆုမွန်

ကျော်ဆုမွန်

Contributor

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

Next Post
ဗိုလ်အောင်ကျော်

အာဇာနည် ကိုအောင်ကျော်

ယမန်နေ့က တပ်မတော်စစ်ကြောင်းပစ်ချလိုက်သည်ဆိုသော KIA၏ မောင်းသူမဲ့လေယာဉ်

KIAက မောင်းသူမဲ့လေယာဉ်ဖြင့် သတင်းထောက်လှမ်းဟုဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved