• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့ FDI ထိုးကျခြင်း

by Motokazu Matsui
25 January 2017
in စီးပွားရေး
A A
ဒေါ်အောင်ဆန်းစုကြည်ထံတွင် အခွင့်အာဏာများ စုပြုံနေခြင်းကလည်း ဆုံးဖြတ်ချက်ချမှတ်ရာတွင် နှေးကွေးစေသည့် အကြောင်းတခု ဖြစ်သည် / Reuters

ဒေါ်အောင်ဆန်းစုကြည်ထံတွင် အခွင့်အာဏာများ စုပြုံနေခြင်းကလည်း ဆုံးဖြတ်ချက်ချမှတ်ရာတွင် နှေးကွေးစေသည့် အကြောင်းတခု ဖြစ်သည် / Reuters

21.4k
VIEWS
Share on FacebookShare on Twitter

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တိုးတက်မှုများကြောင့် အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ယမန် နှစ်က ပယ်ဖျက်ပေးလိုက်သည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးက အရှိန်ရလာသည့် အသွင်ရှိသော်လည်း ထိုသို့ တိုးတက်လာမှုက သတိပေးသည့် အသွင်လည်း ဆောင်နေသည်။

၂၀၁၆ ခုနှစ် မတ်လတွင် အာဏာလွှဲပြောင်းယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အစိုးရက ယခုအချိန် အထိ စီးပွားရေးဆိုင်ရာ မူဝါဒ အနည်းငယ်သာ ချမှတ်နိုင်ခဲ့သည်။ နိုင်ငံခြားစီးပွားရေး လုပ်ငန်းများက မြန်မာနိုင်ငံကို အခြေခံ အဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်ထုတ်လုပ်ရေး အတွက် အလားအလာကောင်းသည့် နေရာ တခုအဖြစ် ထင်မြင်ထားကြဆဲ ဖြစ်သော်လည်း စီးပွားရေးဆိုင်ရာ မူဝါဒများ မရေရာခြင်းကြောင့် စီမံကိန်း အသစ်များ ဆောင်ရွက်ရန် အများစုက စောင့်ကြည့်နေကြဆဲဖြစ်ပါသည်။

ကျပ်ငွေတန်ဘိုးကလည်း ကျဆင်းနေသည့်အတွက် ၂၀၁၆ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ၅ နှစ်တာ ကာလအတွင်းတွင် ဖွံ့ဖြိုးမှု အနှေးဆုံးနှစ် ဖြစ်မည်။ အပေါင်းလက္ခဏာ ဆောင်သည့် အရိပ်အယောင်တခုမှာ လာမည့်လများ အတွင်းတွင် ကော်ပိုရေးရှင်း ဥပဒေ (corporate law) ကို ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်မည်ဟု မျှော်လင့်ရပြီး နိုင်ငံခြား စီးပွားရေးလုပ်ငန်းများကို ပြည်တွင်း ကုမ္ပဏီများတွင် ရှယ်ယာပိုင်ဆိုင်ခွင့် ပေးဖွယ်ရာ ရှိနေသည်။ အကယ်၍ ပြန်လည်ပြင်ဆင်ခြင်းက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကျိုးအမြတ် စုဆောင်းခြင်းကို ဖြစ်စေခဲ့လျှင်  တိုင်းပြည်၏ စီးပွားရေးကို ပြန်လည် လန်းဆန်း စေမည့် အခွင့်အရေးတရပ် ဖြစ်လာနိုင်ပါသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ “Global Economic Prospects,” အစီရင်ခံစာတွင် မြန်မာ့ စီး ပွားရေး နှေးကွေးမှုကို မီးမောင်းထိုးပြထားသည်။ ၂၀၁၆ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းက ၆.၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းခဲ့ရာ ပြီးခဲ့သည့် နှစ် ဇွန်လက ခန့်မှန်းထားခဲ့သည့် နှုန်းထက် ၁.၃ ရာခိုင်နှုန်း လျော့ကျသွားသည်။ ဖွံဖြိုးမှုနှုန်းက ၃ နှစ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ၅ နှစ်အတွင်းတွင် ၇ ရာခိုင်နှုန်းအောက်သို့ ပထမဆုံး ရောက် ရှိသွားသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စီးပွားရေးတိုးတက်မှု အမြန်ဆုံးနှုန်းကို ရခဲ့သော်လည်း ပြီးခဲ့သည့် နှစ်တွင် ဖိလစ်ပိုင်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့၏ နောက်တွင်ကျန်နေခဲ့သည်။ ၂၀၁၇ ခုနှစ် တွင် မြန်မာနိုင်ငံ၏ တိုးတက်မှုနှုန်း မျှော်မှန်းချက်ကို ပြန်လည်ပြင်ဆင်တည်းဖြတ်ကာ ၆.၉ ရာခိုင်နှုန်း အထိ ၁.၅ ရာခိုင်နှုန်း လျှော့ချ၍ ခန့်မှန်းထားသည်။

ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းသွားခြင်းမှာ အိမ်ခြံမြေဈေးကွက်နှင့် ပို့ကုန်တိုးချဲ့နိုင်မှု နှေးကွေးသွားခြင်းကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ သို့သော်လည်း Daiwa Institute of Research Holdings ၏ မြန်မာနိုင်ငံမှ ကုမ္ပဏီ ဖြစ်သည့် DMS မှ စီးပွားရေးပညာရှင် Seiichiro Sato က အဓိက အကြောင်းရင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းသွား ခြင်း ဖြစ်သည်ဟု ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ယခင် အစိုးရလက်ထက် တွင် စီးပွားရေးကို မောင်းနှင်ခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ အဆိုအရ ၂၀၁၆ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလ အတွင်း ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ဝန်းကျင်ရှိပြီး ယခင်နှစ်က အလားတူ ကာလနှင့် နှိုင်းစာလျှင် ၂၈ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်ဟု သိရသည်။ ၂၀၁၇ မတ် လ အထိပါဝင်သော ဘဏ္ဍာရေးနှစ် တခုလုံး အတွက်ဆိုလျှင် ပထမဆုံး အနေဖြင့် ၄ နှစ်ဆက်တိုက် ကျဆင်းခြင်း ဖြစ်သည်။

အာဏာအလွှဲအပြောင်း

စီးပွားရေး ဖွံ့ဖြိုးမှု ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းများထဲတွင် အာဏာအလွှဲအပြောင်းနှင့် ပတ်သက်သည့် မရေရာ မှုများကလည်း တချက်အဖြစ်ပါဝင်နေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျှောက်ထားလာခြင်းများကို အတည်ပြုပေးရသည့် အာဏာပိုင် အဖွဲ့အစည်း ဖြစ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ပြီးခဲ့သည့် မတ်လအတွင်းတွင် အစိုးရ အပြောင်းအလဲနှင့် တိုက်ဆိုင်စွာ ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း အစိုးရသစ် တာဝန်ယူပြီး ပထမ ၃လ ပတ်အတွင်းတွင် ကော်မရှင်သစ်တခု ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိသည့်အတွက် လျှောက်လွှာများ အစုအပုံလိုက် ကျန်နေစေခဲ့သည်။ ယခုအခါ တွင် ကော်မရှင်သစ်ကို ဖွဲ့စည်း၍ အလုပ်လုပ်နေပြီ ဖြစ်သော်လည်း အစပိုင်းတွင် နှေးကွေးခဲ့သည်ကို ပြန်လည်၍ အမီ မ လိုက်နိုင်ခဲ့ပါ။
အမေရိကန် စီးပွားရေး လုပ်ငန်းများ ကလည်း တွန့်ဆုတ်နေခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်စဉ်တွင် လုံလောက် သောတိုးတက်မှုများ ရှိခဲ့သည်ဟု သုံးသပ်၍ အမေရိကန်က ဆယ်စုနှစ် ၂ ခုနီးပါး ချမှတ်ထားခဲ့သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ပယ်ဖျက်ပေးခဲ့သော်လည်း မြန်မာနိုင်ငံတွင် ထိုအချိန်မှစ၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့ အထိ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် အမေရိကန် ကုမ္ပဏီ မရှိခဲ့ပါ။

အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများကလည်း သတိထားနေကြဆဲ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလ အတွင်းတွင် အတည်ပြုခဲ့သော တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့် ၂၀၁၅ ဘဏ္ဍာရေး တ နှစ်လုံးတွင် ၎င်းတို့ ရင်းနှီးမြှုပ်နှံခဲ့သည်နှင့် နှိုင်းစာလျှင် ၁၃ ရာခိုင်နှုန်း နှင့် ၂၃ ရာခိုင်နှုန်းစီသာ ရှိနေခဲ့သည်။ ၎င်းတို့ ထက် စာလျှင် ထိုင်းနိုင်ငံနှင့် စင်ကာပူ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများက တရုတ်နှင့် ဂျပန်ထက်ပို၍ များနေသည်ဟု ဆိုနိုင်သော် လည်း ၂၀၁၅ ဘဏ္ဍာရေး တနှစ်လုံးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နှိုင်းယှဉ်လျှင် ထိုင်းနှင့် စင်ကာပူ တို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏက ၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ၉ လပိုင်းတွင် ၄၅ ရာခိုင်နှုန်းနှင့် ၆၂ ရာခိုင်နှုန်းစီသာ အသီးသီး ရှိခဲ့သည်။ “နိုင်ငံခြား ကုမ္ပဏီတွေ အပါအဝင် ရင်းနှီးမြှုပ်နှံသူ အများအပြားက စောင့်ကြည့်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရရဲ့ စီးပွားရေး မူဝါဒ က မရေရာသေးလို့ ဖြစ်ပါတယ်” ဟု Sumitomo Corporation Global Research မှ အကြီးတန်း လေ့လာသုံးသပ်သူ Junya Ishii က ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက စစ်မှန်သော ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။ NLD ၏ စီးပွားရေး မူဝါ ဒ တွင် အခြေခံ အဆောက်အဦးများတည်ဆောင်ရန် နှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ပြန်လည်မြှင့်တင်ရန် ကတိများ များလည်းပါဝင်သည်။ NLD က စီးပွားရေး မူဝါဒသစ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့သော်လည်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေးအတွက် ဥပဒေများ ဖန်တီးပေးရေးကဲ့သို့သော အဓိက အချက် ၁၂ ချက်ကိုသာ ဖော်ပြ ခဲ့သည်။ အစိုးရက မူဝါဒကို အခြေပြု၍ အခြေခံ အဆောက်အဦးများ တည်ဆောက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေးနှင့် လျှပ်စစ် ဓာတ်အား အရင်းအမြစ်များ ဖန်တီးရေး အတွက် ခိုင်မာသော လုပ်ဆောင်ချက်များ ဖော်ဆောင်ပေးရန် တာဝန် ရှိသော် လည်း ယခုအချိန်အထိ ထိုသို့ ပြုလုပ်နိုင်ခြင်း မရှိသေးပါ။

ဒေါ်အောင်ဆန်းစုကြည်ထံတွင် အခွင့်အာဏာများ စုပြုံနေခြင်းကလည်း ဆုံးဖြတ်ချက်ချမှတ်ရာတွင် နှေးကွေးစေသည့် အကြောင်းတခု ဖြစ်သည်ဟု ယေဘုယျ အားဖြင့် လက်ခံထားကြသည်။ အခြေခံဥပဒေအရ သမ္မတ ဦးထင်ကျော်က နိုင်ငံ တော်၏ အကြီးအကဲဖြစ်သည်။ သို့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနှင့် နိုင်ငံခြားရေး ဝန်ကြီးရာထူးတို့ကို ရယူထားသည့် ဒေါ်အောင်ဆန်းစုကြည်ကသာ တိုင်းပြည်၏ ခေါင်းဆောင် အစစ်အမှန်ဖြစ်သည်။

သူ၏ လုပ်ပိုင်ခွင့် က ကျယ်ပြန့်သည်။ အစိုးရက ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံခြား အကူအညီကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ရန် အတွက် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit -ACU) ကို ဖွဲ့စည်းခဲ့သည်။ နောက်လ ရောက်သည့် အခါ တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ပြု လုပ်ရာတွင် ပြည်တွင်း၊ ပြည်ပမှ အကူအညီများကို လက်ခံရန် အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရံပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ (Joint Coordinating Body for Peace Process Funding -JCB) ကို တည်ထောင်ခဲ့သည်။ အဆိုပါ အဖွဲ့ ၂ ခုလုံးသည် ရှိနှင့်ပြီး အစိုးရ ဌာနများနှင့် သီးခြားရပ်တည်ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သည်။

အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်သည့် အကြောင်းကိစ္စအမျိုးမျိုးတွင် သူ၏ အတည်ပြုချက်မရှိဘဲ ဆုံးဖြတ်ချက် ချမှတ် ခြင်း မပြုနိုင်ဟု သံတမန် သတင်းရင်းမြစ်များက ပြောကြသည်။ လုပ်ပိုင်ခွင့် အာဏာများ စုပြုံနေခြင်းက ရုတ်တရက် ကြည့် လိုက်လျှင် ထိရောက်မှုရှိသည်ဟု ယူဆနိုင်သော်လည်း လူတယောက်လုပ်နိုင်သည့် အလုပ်ပမာဏက အကန့်အသတ် ရှိ ပါသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်ချမှတ် သည့် လုပ်ငန်းစဉ်ကို အမှန်တကယ် ထိခိုက်စေပါသည်။ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဖွဲ့စည်းရေး နှောင့်နှေးနေခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလွန်အလုပ်များနေခဲ့သောကြောင့် ကော်မရှင် အဖွဲ့ဝင်များ ရွေးချယ်ရန် ကြာမြင့်ခဲ့ခြင်း ဖြစ်သည်မှာ သိသာနေပါသည်။

ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍတွင်လည်း ကျဆင်းမှုများ ရှိခဲ့သည်။ အဆိုပါ ကဏ္ဍအတွင်းမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ခွင့်ပြုပေးမှုမှာ ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်းသာရှိခဲ့ပြီး ယခု ဘဏ္ဍာရေး နှစ် အတွင်း တွင် ခွင့်ပြုသည့် စီမံကိန်း မရှိခဲ့ပါ။ ရေနံချက်စက်ရုံ သို့မဟုတ် ဓာတ်ငွေ့ရည်စက်ရုံ တည်ဆောက်မည့် စီမံကိန်းများမှာ ဒေါ် အောင်ဆန်းစုကြည် အာဏာရရှိလာပြီး နောက်ပိုင်းတွင် ဆိုင်းငံ့ခြင်းခံခဲ့ရသည်။ ယခင် အစိုးရလက်ထက်က ကျောက်မီး သွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံများကို အခြေပြုသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတခုကို ရေး ဆွဲခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်းများက သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိ မရှိကို ပြန်လည်သုံးသပ်မည်ဟု ပြောဆိုခဲ့သည့် သည့် အတွက် ရေနံချက်စက်ရုံ သို့မဟုတ် ဓာတ်ငွေ့ရည် စက်ရုံ လုပ်ကိုင် မည့် သူများမှာလည်း ရှေ့ဆက်လုပ်ကိုင်ရန် ဖြစ်နိုင်ဘဲ ရှိနေခဲ့သည်။

ကျပ်ငွေကိစ္စ

နိုင်ငံခြား ငွေကြေး စီးဆင်းဝင်ရောက်မှု နည်းပါးခြင်းက မြန်မာနိုင်ငံ၏ မက်ခရို စီးပွားရေး ဝန်းကျင်ကို ခက်ခဲ ကျပ်တည်း စေခဲ့သည်။ အထူးသဖြင့် ကျပ်ငွေတန်ဘိုး ကျဆင်းခြင်း ဖြစ်သည်။ လက်ရှိအစိုးရ အာဏာရယူခဲ့သည့်နောက်ပိုင်းတွင် ကျပ်ငွေတန်ဘိုး ခိုင်မာခဲ့သော်လည်း မကြာမီမှာပင် စတင်ကျဆင်းလာခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ ကုန်ပိုင်းတွင် ငွေလဲလှယ်နှုန်းက အမေရိကန် တဒေါ်လာလျှင် ၁၂၁၀ ကျပ်ရှိသည်ဟု ဗဟို ဘဏ်က ပြောကြားခဲ့သော်လည်း ဒီဇင် ဘာလကုန်ပိုင်းတွင် တဒေါ်လာလျှင် ၁၃၆၅ ကျပ်အထိဖြစ်သွားခဲ့သည်။ လက်ရှိအချိန်တွင် ဒေါ်လာဈေးနှုန်းမြင့်မားလာ ခြင်းကြောင့် အရှေ့တောင် အာရှ ငွေကြေး အများအပြားတန်ဘိုး ကျဆင်းခဲ့ရသော်လည်း မြန်မာကျပ်ငွေက အထိအနာ ဆုံး ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ငွေ့မှာလည်း ဈေးကွက် အခြေအနေဆိုးရွားမှုများကြောင့် ထိခိုက်ခဲ့ သည်။ ကျောက်စိမ်းကုန်သွယ်ရေးမှာလည်း အကြီးဆုံး ဈေးကွက်ဖြစ်သည့် တရုတ်ဘက်မှ ကျဆင်းမှုများကြောင့် နှေးကွေး နေခဲ့သည်။ အခြားတဘက်တွင်မူ တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုနှင့် အတူ ရေနံထွက်ကုန်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများတင်သွင်းရန် လိုအပ်ချက်မြင့်မားလာခြင်းကြောင့် ကုန်သွယ်ရေး လိုငွေပြမှုကို ပိုမိုကျယ်ပြန့်လာ စေခဲ့သည်။ ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ဗဟိုဘဏ်မှ ငွေကြေးဆိုင်ရာ တာဝန်ရှိသူများကို သွင်းကုန်ဆိုင်ရာ ကန့်သတ်မှု များအတွက် ဆွေးနွေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း စတင်အကြံပြုလာခဲ့သည်။ ကျပ်ငွေတန်ဘိုး ကျဆင်းခြင်းကြောင့် သွင်း ကုန်များကို ပို၍ ဈေးနှုန်းမြင့်တက်စေခဲ့သည်။ လက်ရှိအချိန်တွင် ၁၀ ရာခိုင်နှုန်းခန့် ရှိသော ငွေကြေးဖောင်းပွမှု နှုန်းကိုလည်း မြင့်တက်စေခဲ့ပြီး စီးပွားရေးအတွက် ဆိုးကျိုး သက်ရောက်မှုတခု ဖြစ်လာသည်။

နောက်ထပ် စွန့်စားရမှုများသည့် အကြောင်းတချက်မှာ မြန်မာနိုင်ငံ အနောက်ဖက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်များ အရေးဖြစ်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန်မှုများကတိုးလာနေသည်။ အကယ်၍သာ အဓိက ပြဿနာတခု ဖြစ်လာခဲ့လျှင် လူများစု၏ ထင်မြင်ယူဆချက်နှင့် ပတ်သက်လျှင် အကဲဆတ်သည့် ဥရောပနှင့် အမေရိကန် ကုမ္ပဏီများက စွန့်စားရနိုင်မှုကို အကြောင်းပြု၍ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြနိုင်ပါသည်။

မြန်မာအစိုးရက အလျှင်အမြန် ပြန်လည် ကုစားနိုင်မည့် ဖြစ်နိုင်ချေတခုမှာ ၎င်း၏ စီးပွားရေး မူဝါဒကို ရှင်းလင်းသေချာ အောင်ပြုလုပ်ရန် နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးအတွက် ဆွဲဆောင်ရန် ဖြစ်သည်။ ထိုသို့ ဖြစ်လာရန် အတွက် အပေါင်းလက္ခဏာဆောင်သော အကြောင်းအချက် အများအပြားလည်း ရှိနေပါသည်။

အဓိက အချက်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ဆိုင်သော ဥပဒေပြုရေးတွင် တိုးတက်မှု ၂ ခု ရှိနေခြင်း ဖြစ်ပါသည်။ ပြည်တွင်း ကုမ္ပဏီများနှင့် သက်ဆိုင်သော ဥပေဒတခု နှင့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သော ဥပဒေတို့ကို ပူးပေါင်း ထားသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တခုကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြဌာန်းနိုင်ခဲ့သည်။ အဆိုပါ ဥပဒေ ၂ ခု သီးခြားစီ တည်ရှိနေခဲ့စဉ်က နိုင်ငံခြား ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု လျှောက်ထားခြင်းကို အတည်ပြုရာ၌ ရှုပ်ထွေးမှုများ ရှိခဲ့ ပြီး ဥပေဒများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ထိထိရောက်ရောက် ကန့်သတ်ထားသည်။ ဥပဒေသစ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီခွန်ကို လျှော့ချပေးထားပြီး အိမ်ခြံမြေများ ကာလရှည် ငှားရမ်းနိုင်ရန်လည်း ဖြေလျှော့ပေးထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.7k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ရင်းနှီးမြှုပ်နှံမှုဥပဒေ အောက်မှ အသေးစိတ် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဇန်နဝါရီလ အတွင်းတွင် ကြေညာရန် ရှိနေပါသည်။ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍအချို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကို ကန့့်သတ်ထားသည်။ နည်းဥပဒေများ တွင် ထိုကဲ့သို့သော ကဏ္ဍများ အရေအတွက်ကို လျှော့ချပေးမည်ဟု မျှော်လင့်ရပါသည်။

၂၀၁၇ ခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် ပေါ်ပေါက်လာနိုင်သည့် ကုမ္ပဏီများ ဥပဒေ စိစစ်ပြင်ဆင်ခြင်းကလည်း အာရုံစိုက်ချင် စရာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှိနှင့်ပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၌ နိုင်ငံခြားကုမ္ပဏီများ အစုရှယ်ယာ ထည့်ဝင် ခြင်းကို တားမြစ်ထားသော်လည်း ပြန်လည်ပြင်ဆင်ချက်တွင်မူ အချို့ ကုမ္ပဏီများတွင် နိုင်ငံခြားပိုင်ဆိုင်မှုကို ခွင့်ပြုမည်ဟု မျှော်လင့်ရပါသည်။ နိုင်ငံခြားရှယ်ယာပိုင်ဆိုင်မှုကို အများဆုံး ၃၅ ရာခိုင်နှုန်း သတ်မှတ်ရန် အစိုးရက စဉ်းစားနေပါသည်။ ဥပဒေကို စီစဉ်ထားသည့် အတိုင်းပြင်ဆင်ခဲ့လျှင် ယခုနှစ်အတွင်းတွင်  ကုမ္ပဏီများ ပေါင်းစည်းခြင်း နှင့် ရှယ်ယာ ဝယ်ယူ ခြင်းများ အလျှင်အမြန် တိုးလာမည်ဟု ရန်ကုန် အခြေစိုက် ဥပဒေ အကျိုးဆောင် ကုမ္ပဏီတခုက ခန့်မှန်းထားသည်။

ပြင်ဆင်သုံးသပ်မှုများနှင့် အတူ အစိုးရက ၂၀၁၆ ခုနှစ် မတ်လတွင် စတင်ခဲ့သော ရန်ကုန်စတော့ အိတ်ချိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အရောင်းအဝယ်ပြုလုပ်ခွင့် ပေးရန်လည်း စဉ်းစားနေသည်။ စတော့အိတ်ချိန်းက မြန်မာနိုင်ငံမှ ရင်းနှီး မြှုပ်နှံသူ အချို့ကို ဆွဲဆောင်နိုင်ခဲ့သော်လည်း အရောင်းအဝယ်ပြုလုပ်နေသည့် ပမာဏက ၎င်း၏ အမြင့်ဆုံး အချိန် ကနှင့် စာလျှင် ဆယ်ဆခန့် ကျဆင်းသွားခဲ့ရသည်။ စီစဉ်ထားသည့် ပြင်ဆင်မှုက အနာဂါတ်တွင် သူတို့၏ ရှယ်ယာများကို စတော့အိတ်ချိန်းတွင် စာရင်းသွင်းနိုင်မည့် ကုမ္ပဏီအရေအတွက် ပိုမိုတိုးပွားလာပြီး ရှယ်ယာဈေးကွက် ပိုမို ဆွဲဆောင်မှု ရှိလာစေမည့် အခွင့်အလမ်းတခု အဖြစ် ရှုမြင် ထားကြပါသည်။

(Nikkei Asian Review ပါ Myanmar’s FDI rush recedes ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: FDI
Motokazu Matsui

Motokazu Matsui

Similar Picks:

ဒလတံတားစီမံကိန်းကဲ့သို့ နိုင်ငံတကာအကူအညီများလည်း စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားကုန်သည် / ဧရာဝတီ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဘီလီယံ ကျော် ပြန်ထွက်

by ဧရာဝတီ
18 February 2022
24.1k

စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံ ထွက်ခွာ နိုင်ငံခြားကုမ္ပဏီများနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကို လက်တွဲဖြုတ်လာသည့် နိုင်ငံခြားကုမ္ပဏီ ပေါင်း ၂၅ အထိ ရှိလာသည်။

ရန်ကုန်မြို့သည် မြန်မာ့စီးပွားရေး၏ အချက်အချာ ဖြစ်ဆဲပင် / ထက်ဝေ / ဧရာဝတီ

တနှစ်တာမြန်မာ့စီးပွားရေးကို ပြန်လည်သုံးသပ်ခြင်း

by နန်းလွင်
28 December 2020
4.9k

၂၀၂၀ စီးပွားရေးကို မြန်မာအစိုးရက ဘယ်လိုပဲ့ကိုင်မောင်းနှင်ခဲ့သလဲ ဧရာဝတီက ပြန်လည် အနီးကပ် ကြည့်ရှုထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း / CNN

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

by ဧရာဝတီ
7 April 2021
9.7k

နိုင်ငံတကာအနေဖြင့် ရွေးကောက်ခံအစိုးရကို ပြန်လည်ပေါ်ပေါက်လာသည်အထိ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းထားသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်တွင် ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်းတဝင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကို နှာခေါင်းစည်းတပ်ခြင်းဖြင့် ကျန်းမာရေးအသိပညာပေးသည် / Thai PBS

ကိုဗစ်လှိုင်းများကြားက အာဆီယံ စီးပွားရေး

by ဧရာဝတီ
29 August 2020
8.6k

ကူးစက်ရောဂါလွန်ကာလက မည်သည့်အရာများ ဆောင်ကျဉ်းပေးမည်ကို အတိအကျ မသိရသေးပါ။

ဆက်သွယ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုက စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၀ ရာခိုင်နှုန်းသို့ ရောက်လာသည် / Reuters

အဆင်းရဲဆုံးနိုင်ငံများကြား မြန်မာ FDI အဝင်ဆုံးဖြစ်

by ဧရာဝတီ
23 November 2018
16.4k

မြန်မာနိုင်ငံသည် ဒုတိယနေရာမှ အီသီရိုပီးယားကို ကျော်တက်ပြီး အာရှအိမ်နီးချင်း ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို တတိယနှင့် ပဉ္စမနေရာများတွင် ချန်ထားခဲ့သည်။

ရန်ကုန်မြို့လယ် ညမြင်ကွင်း / ဧရာဝတီ

မြန်မာနိုင်ငံရှိ ပြည်ပကုမ္ပဏီများက ဆုံးရှုံးမှုများအတွက် တရားစွဲနိုင်

by Harish Mehta
11 August 2021
26k

မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ဆိုခဲ့သောနိုင်ငံများသည် ၎င်းတို့အတွက် လျှော်ကြေးများကို တောင်းခံရန် အနုညာတ ခုံရုံးတွင် စတင် တင်သွင်းနိုင်သည်။

Next Post
ဧရာဝတီတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်သမားတဦး / ဧရာဝတီ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဆန်တင်ပို့မှု ကျဆင်း

အာဏာရှင်ဆို သိပ်မုန်းတယ်

အာဏာရှင်ဆို သိပ်မုန်းတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved