• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ညကားများ သီးသန့်ပြေးဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

by မေစိုးစံ
25 January 2017
in စီးပွားရေး
A A
မြေနီကုန်း ခုံးကျော်တံတား အနုပညာစီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း /  ချမ်းစွန်း /  ဧရာဝတီ

မြေနီကုန်း ခုံးကျော်တံတား အနုပညာစီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ချမ်းစွန်း / ဧရာဝတီ

11.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ်လိုင်း အချို့မှာ ညဘက်တွင် ပြေးဆွဲခြင်းမရှိသဖြင့် ညဘက်ပိုင်းတွင် သွားလာသည့် ခရီးသွား ပြည်သူများ အဆင်ပြေစေရန် ညကြီးပိုင်း ပြေးဆွဲပေးမည့် ကားများကို သီးသန့် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ညပိုင်းပြေးဆွဲဖို့ ယာဉ်လိုင်းအသစ် သီးခြားကား စီစဉ်ထားတယ်။ အခုဟာက ပိုက်ဆံရတဲ့နေရာကိုပဲ ကားသမားက ပြေးချင်တာ။ ပိုက်ဆံ မရဘူးဆိုရင် အဲဒီနေရာကို မပြေးချင်ကြဘူး။ ကျတော်တို့က မျှခြေတခုမှာ ဖြစ်စေချင်ပါတယ်။ မြတ်တဲ့နေရာလည်း မြတ်မယ်။ အသင့်အတင့်လောက်ပဲ ရှိလည်းရှိမယ်။ မျှခြေတခုမှာ အားလုံးမြတ်တယ်ဆိုတာမျိုးကို လုပ်ချင်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်ကျင်းပသော မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းဖွင့်ပွဲတွင် ညပိုင်းကား အခက်အခဲနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ်တွင် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “စနစ်တော့ ပြောင်းလိုက်နိုင်ပြီ။ အဆင့်မြှင့်တင်မှုတွေကို ဆောင်ရွက် သွားဖို့ ရှိပါတယ်။ အစိုးရဘက်က ကားတွေ လမ်းမဘေးမှာ ရပ်ထားတဲ့ အခြေအနေကို ပြင်နိုင်ဖို့အတွက် ဂိတ်ရင်းတွေ၊ ဂိတ်ဖျားတွေမှာ အဆင့်မြှင့်တင်ဖို့အတွက် ငွေကျပ် ၁၀ ဘီလီယံ သုံးစွဲဖို့ လျာထားပါတယ်။ ဘတ်စ်ကားအသစ်တွေကို အဆင့်မြှင့်တင်ဖို့ အတွက်လည်း ငွေကျပ် ၆၀ ဘီလီယံ တန်ဖိုး ကားသစ်တွေ ဝယ်ယူပြီး ဖြည့်ဆွဲမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဖြည်းဖြည်း လုပ်ပါမယ်”ဟု ပြောသည်။

ဆက်လက်၍ “သူတို့ကလည်း အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ပါတယ်။ သူတို့ဘဝပျက်အောင် အစိုးရက အင်အားရှိတယ်၊ အစိုးရက ၆၀ ဘီလီယံဖိုး ဝယ်လိုက်မယ်၊ အားလုံးကို ဖယ်ထုတ်လိုက်မယ် ဆိုတာမျိုး မလုပ်ဘဲ တဖြည်းဖြည်း ပူးပေါင်းဆောင်ရွက်ရင်းနဲ့  အားလုံး ဖွံ့ဖြိုးတိုးတက်မယ့် အခြေအနေမျိုး ဖြစ်အောင် အစိုးရဘက်က စီစဉ် ဆောင်ရွက်နေတယ်”ဟု ဆိုသည်။

ရန်ကုန်မြို့ပြ သယ်ယူ ပို့ဆောင်ရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ရန်ကုန်မြို့ပတ်ရထားလိုင်းများကို အဆင့်မြှင့်တင်နိုင်ရန်၊ ရေကြောင်း သွားလာရေးတွင်လည်း Water Taxi ပြေးဆွဲနိုင်ရန် ကြိုးစားနေပြီး၊ အများပြည်သူ လုံခြုံစိတ်ချ ရပြီး ကောင်းမွန်သည့် စနစ် ဖြစ်လာစေရန် ဆောင်ရွက်နေကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

“ဘတ်စ်ကားနဲ့ ပတ်သက်ပြီး မကြာခင် ဘတ်စ်ကားတွေမှာ GPS စနစ်နဲ့ ဘတ်စ်ကား အားလုံးကို ထိန်းချုပ်ဖို့ ရှိပါတယ်။ ဒီနေ့ကစပြီး တပ်ဆင်နေတယ်။ ဘတ်စ်ကားတွေ အားလုံး အချိန်နဲ့ တပြေးညီသွားဖို့၊ မှတ်တိုင်မှာ ကြာမြင့်စွာ ရပ်တာတို့ ဒီအခြေအနေတွေကို ပြည်သူ့ရင်ပြင်မှာ စင်တာဖွင့်ထားတယ်။ မီးပွိုင့်စနစ်တွေ၊ ရေကြောင်းသွားလာရေးစနစ်ကိုလည်း ထိန်းချုပ်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မော်တော်ယာဉ်လိုင်း ပေါင်းစုံ ကြီးကြပ်မှု ကော်မတီကို ဖျက်သိမ်းကာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စနစ်သစ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းစနစ်သစ် စတင်ချိန်မှ ယနေ့အချိန်ထိ ခရီးသွားပြည်သူများအတွက် အဆင်ပြေမှုအားနည်းပြီး ညနေပိုင်းတွင် ခရီးသည်ယာဉ် ရှားပါးခြင်းတို့ကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

Your Thoughts …
Tags: YBS
မေစိုးစံ

မေစိုးစံ

Similar Picks:

ရန်ကုန် လေဆိပ်မှ မြို့တွင်းသို့ ပြေးဆွဲနေသော YBS ယာဉ်တစီးကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်

by အောင်သီဟ
17 May 2019
18.9k

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ ယာဉ်စီးခ ၁ ထောင်ကျပ် ကျသင့်မည့် YBS လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း

ယခုနှစ် ဇွန်လ အတွင်းက ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် YBS ကားများ  / ထက်ဝေ / ဧရာဝတီ

YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား

by အောင်သီဟ
8 June 2020
28.8k

အမှု အများစုသည် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ထူထောင်ထားသော အများပိုင် ကုမ္ပ ဏီများ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ မရှိသော တဦးတည်းပိုင် ပုဂ္ဂလိက (အုံနာစနစ်)ဖြင့် ပြေးဆွဲနေ သော YBS ယာဉ်များ ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း  / ဧရာဝတီ

ဦးနေဝင်း မိသားစု နှင့် စစ်တပ်ပိုင်ကုမ္ပဏီတို့ လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန် စီစဉ်

by ဧရာဝတီ
29 January 2023
4.9k

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးတော်စပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နေဝင်းပိုင် Omni Focus ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့က ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဘတ်စ်ကား (EV) များ ပြေးဆွဲရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင် / ဧရာဝတီ

ဒီဇင်ဘာမှ ခရီးသည်တွေ YPS ကတ် သုံးလို့ ရအောင် စီစဉ်ထားတယ်

by မျိုးပပစန်း
11 October 2019
11k

ယာဉ်လိုင်းများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင်ကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်များ ပြေးဆွဲနေမှုများ / ဧရာဝတီ

စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ

by ဧရာဝတီ
20 May 2021
33.5k

ကားစီးရတာက အဆင်မပြေဘူး။ အဲယားကွန်းလည်း မဖွင့်တော့ဘူး။ အရင်ကဆိုရင် ဘတ်စ်ကားခကို ပုံးထဲ ထည့်ရပေမယ့် အခုတော့ ဒရိုင်ဘာကို ပဲပေးရတယ်။ ကားပေါ်က ဆင်းရင်လည်း ကားအနောက်ဘက်က တံခါးကို မဖွင့် ပေးဘူး။ အရှေ့က ပြန်ဆင်းခိုင်းတာတွေလည်း ရှိတယ်

ဒီဇိုင်း- ကျော်မျိုးထိုက်/ဧရာဝတီ

ခရမ်းပြာ ဝေဒနာ၊ YBS ညည်းချင်း

by မောင်ကေ
29 April 2017
35.9k

ကွီးလို့အများခေါ်ကြတဲ့ ရွှေကိုယ်တော် ဝန်ကြီးချုပ်ရဲ့မဟာစီမံကိန်း ဝိုင်ဘီအက်စနစ်ကို ရန်ကုန်မြို့နေ သဟာ ဆွေ (MPTဆွေသဟာနဲ့ဘာမျှ မဆိုင်) တို့ မေးခွန်းထုတ်နေချိန် ရွှေကိုယ်တော် ခွင့်တော်တင်ပြီး နှုတ်တော်ဆွံ့နေလို့ပဲ ဖြစ် ပါတယ်။

Next Post
ထားဝယ်မြေ သတ္တု တူးဖော်ရေး လုပ်ငန်းခွင်ရှိ ယမ်းပေါက်ကွဲမှု ဖြစ်ပွားသောနေရာ / ထားဝယ်ပရိုဘိုနို ရှေ့နေများ ကွန်ရက်

ထားဝယ်မြေ သတ္တုလုပ်ငန်း ယမ်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရမှု အတွက် တရားစွဲမည်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး / ဧရာဝတီ

သဘာဝဘေး အတွက် ရဟတ်ယာဉ် ဝယ်ယူရန် အစိုးရ စီစဉ်နေဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved