• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဘီလီယံ အထိ မျှော်မှန်း

by ထက်နိုင်ဇော်
12 September 2017
in စီးပွားရေး
A A
နေပြည်တော်တွင် ကျင်းပသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၇ / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်တွင် ကျင်းပသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၇ / ထက်နိုင်ဇော် / ဧရာဝတီ

5.9k
VIEWS
Share on FacebookShare on Twitter

အစိုးရ အပြောင်းအလဲကြောင့် ယမန်နှစ်က နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု (FDI) မှာ နည်းပါးခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် FDI တိုးတက်လာပြီးနောက် အမေရိကန် ဒေါ်လာ ၆ ဘီလီယံအထိ မျှော်မှန်းထားကြောင်း သတင်းရရှိသည်။

“နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ဒေါ်လာ ၆ ဘီလီယံလောက် မှန်းတာပေါ့။ သို့သော်လည်း အမေရိကန် ဒေါ်လာ သန်း ၃၅၀၀ ကျော်လောက်တော့ ဝင်သွားပြီလို့ သိရတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက ဒီတနှစ်အတွင်းမှာ တိုးလာတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟို စာရင်းအင်း အဖွဲ့ ညွှန်ချုပ် ဒေါက်တာ ဝါဝါမောင်က ပြောသည်။

ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ MICC – 2 တွင် မြန်မာနိုင်ငံ ရင်းနှှီးမြုပ်နှံမှုကော်မရှင်နှင့် ဟောင်ကောင် အခြေစိုက် Euro Money Institutional Investor (Asia) တို့ ပူးပေါင်း၍ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ဖိုရမ် ၂၀၁၇ ကို ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင် ၁၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ဒေါက်တာ ဝါဝါမောင်က “စိန်ခေါ်မှုတွေလည်း ရှိတယ်ဆိုတာ သူတို့ သိတယ်။ တဖက်ကကြည့်ရင် အခွင့်အလမ်းတွေလည်း အများကြီးရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို သူတို့ စိတ်ဝင်စားတယ်။ အစိုးရကိုလည်း နိုင်ငံတကာက အကူအညီတွေ ပေးချင်ကြတယ်။ အစိုးရသစ်က ဘာတွေ လုပ်ပေးမှာလဲ။ စီးပွားရေး မူဝါဒတွေက ဘာတွေလဲဆိုတာ စိတ်ဝင်စားနေကြတာပေါ့”ဟု ဖိုရမ်တွင် သတင်းထောက်များကို ပြောသည်။

ရင်းနှီးမြုပ်နှံမှုတွင် ရန်ကုန်တိုင်းတွင် အများဆုံး ဖြစ်ပြီး၊ ၎င်းနောက်မှ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့ လိုက်နေကြောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စင်ကာပူက အများဆုံး ရင်းနှီးမြုပ်နှံနေကြောင်း၊ ဒုတိယ ရင်းနှီးမြုပ်နှံမှု အများဆုံးမှာ ဝန်ဆောင်မှုကဏ္ဍ နှင့် တတိယမှာ တယ်လီကွန် ကဏ္ဍတွင် ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ဦးအောင်နိုင်ဦးက “ရင်းနှီးမြုပ်နှံတဲ့နေရာမှာ ကုန်ထုတ်လုပ်မှုကဏ္ဍက အများဆုံးပါပဲ။ ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံတွေထဲမှာဆို လတ်တလော စင်ကာပူက အများဆုံးပဲ။ တရုတ်က ဒုတိယ လိုက်တယ်၊ အဲဒီနောက်မှာ ဟောင်ကောင်နဲ့ ထိုင်းရှိတယ်”ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ရင်းနှီးမြုပ်နှံမှုများ ဝင်လာသည့်အခါ အထူးသဖြင့် ၎င်းတို့ ရင်းနှီးမြုပ်နှံချင်သည့် ကဏ္ဍနှင့် မြန်မာဘက်က ရင်းနှီးမြုပ်နှံစေလိုသည့် ကဏ္ဍများကို ချိန်ညှိရသည့် အနေအထားမျိုးရှိကြောင်း၊ ယင်းသို့ ချိန်ညှိနိုင်ရန်အတွက် ယခုကဲ့သို့ ဖိုရမ်များကို တနှစ်လျှင် အနည်းဆုံး တကြိမ် ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာ အစိုးရ အရာရှိများက ပြောသည်။

လက်ရှိအစိုးရသစ် လက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုမှာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၁၇၂ ဒသမ ၂၂၇ သန်း ရှိပြီး လုပ်ငန်း ၁၃၈ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့သည်။

“ဆောင်ရွက်ဆဲ လုပ်ငန်း ၇၁ ခုကို ရင်းနှီးမြှပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၇၇ ဒသမ ၅၈၅ သန်း ထပ်မံ တိုးမြင့် ခွင့်ပြုပေးခဲ့ လို့ ရင်းနှီးမြှပ်နှံမှု တိုးမြင့်တာတွေအပါအဝင် စုစုပေါင်း ရင်းနှီးမြှပ်နံှမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်းခန့် ဖြစ်ပါတယ်”ဟု ဦးဆက်အောင်က ဆိုသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် မတ်လထိ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှပ်နံှမှုတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍက ၄၆ ဒသမ ၃၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၁၇ ဒသမ ၇၄ ရာခိုင်နှုန်းနှင့် လျှပ်စစ်ဓါတ်အားကဏ္ဍတွင် ၁၃ ဒသမ ၆၈ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း၊ ဗီယက်နမ် နိုင်ငံသည် တနှစ်ကာလအတွင်း ရင်းနှီးမြုပ်နှံမှု အတိုးတက်ဆုံး နိုင်ငံဖြစ်လာကြောင်း သိရသည်။

ကနေဒါ၊ ထိုင်း၊ ဆာမိုရာ၊ မာရှယ်ကျွန်း၊ ပြင်သစ်၊ လက်ဘနွန်၊ ကမ္ဘောဒီးယားနှင့် အိုင်ယာလန် နိုင်ငံတို့သည် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နေကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ် မတ်လထိ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ၁၂၄၆ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၀၃၅၀ ဒသမ ၈၉၅ သန်း ရှိကြောင်း၊ လက်ရှိတွင် လုပ်ငန်း ၉၆၆ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၉၆၁၁ ဒသမ ၅၂၂ သန်း ရှိနေကြောင်း စီးမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

Your Thoughts …
Tags: စင်ကာပူတရုတ်ရင်းနှီးမြုပ်နှံမှု
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
မသန်စွမ်းများအတွက် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာပါ ကန့်သတ်ချက်အချို့ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။ / ဧရာဝတီ

မသန်စွမ်းများအတွက် ဆရာအတတ်သင် ဝင်ခွင့်သတ်မှတ်ချက် ပြောင်းလဲ

မကွေးမှာ တမိနစ် ဖုန်းပြောတိုင်း အူရီဒူးမှ တကျပ် လှူဒါန်းပေး

မကွေးမှာ တမိနစ် ဖုန်းပြောတိုင်း အူရီဒူးမှ တကျပ် လှူဒါန်းပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved