• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

Myanmar Distillery ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ထိုင်းသူေဋ္ဌး ပိုင်ဆိုင်ပြီ

by ဧရာဝတီ
14 October 2017
in စီးပွားရေး
A A
Grand Royal ထုတ်ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို ဇွန်လ ၂၇ရက်နေ့က မန္တလေးတွင် ပြုလုပ်ခဲ့စဉ် / မျိုးမင်းစိုး / ဧရာဝတီ

Grand Royal ထုတ်ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို ဇွန်လ ၂၇ရက်နေ့က မန္တလေးတွင် ပြုလုပ်ခဲ့စဉ် / မျိုးမင်းစိုး / ဧရာဝတီ

9.9k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း TPG Capital သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အရက်ချက်လုပ်ငန်းမှ ၎င်း၏ရှယ်ယာ များ အားလုံးကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးဖြင့် ထိုင်းနိုင်ငံမှ အချမ်းသာဆုံးသူတဦးထံသို့ ရောင်းချရန် သဘော တူလိုက်သည်ဟု သိရသည်။

၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွဲဖြစ်သော Alliance Asia Investment Pvt. Ltd မှတဆင့် Myanmar Distillery Company Group တွင် ရင်းနှီးမြှုပ်နှံထားသော ၅၀ ရာခိုင်နှုန်း ရှယ်ယာများကို ဒေါ်လာသန်းထောင်ချီ ကြွယ်ဝချမ်းသာသော ချာရွန်စီရီ ဗန်ဒါနာကစ် ပိုင်ဆိုင်သည့် Thai Beverage PCL ကို ရောင်းချမည်ဟု TPG က သောကြာနေ့တွင် ကြေညာသည်။

Forbes မဂ္ဂဇင်း၏အဆိုအရ ချာရွန်သည် ထိုင်းနိုင်ငံတွင် ဒုတိယအချမ်းသာဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံ ကြွယ်ဝချမ်းသာသည်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် TPG ရန်ကုန်အခြေစိုက် Myanmar Distillery Co ၏ရှယ်ယာများကို နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူများထံမှ ဒေါ်လာ သန်း ၁၀၀ နှင့် ၂၀၀ ကြားဖြင့် ဝယ်ယူထားခဲ့သည်။ Myanmar Distillery Co က ထုတ်လုပ်သော ထုတ်ကုန်များတွင် Grand Royal နှင့် Hero ဝီစကီများပါဝင်သည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရက်ချက်စက်ရုံများရှိသော Myanmar Distillery သည် ဝီစကီ၊ ရမ်၊ ဂျင်နှင့် သစ်သီးဝိုင် များ ထုတ်လုပ်ပြီး တနိုင်ငံလုံးရှိ လက်ကားရောင်းချသူ ၁၃၀၀ နှင့် လက်လီရောင်းချသူ ၂၀၀၀၀ မှ တဆင့် ဖြန့်ချိသည်။

ThaiBev က Myanmar Distillery တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ထိုလုပ်ငန်း၏ ကျယ်ပြန်သောအခြေခံနှင့် ခိုင်မာသောစီမံ ခန့်ခွဲမှုကို သက်သေပြလိုက်ခြင်းဖြစ်သည်ဟု TPG ၏ကြေညာချက်တွင် ဖော်ပြထားသည်။

စင်္ကာပူစတော့အိတ်ချိန်းသို့ သီးခြားတင်ပြချက်အရ ThaiBev သည် Myanmar Distillery ၏ရှယ်ယာများကို အခြားသော ရှယ်ယာပိုင်ရှင်များထံမှလည်း ဝယ်ယူထားသည်ဟု သိရသည်။ ထိုရှယ်ယာများ အားလုံးကို ပေါင်းလိုက်ပါက ThaiBev သည် Myanmar Distillery ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၈၀၀ ဖိုးခန့်ရှိ သည်။

ယခု ဝယ်ယူမှုကြောင့် အထက်ပါ ထိုင်းလုပ်ငန်းသည် Myanmar Supply Chain & Service Co.တွင်လည်း ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်သွားမည်ဟု ThaiBev က ကြေညာသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.9k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ယခုရင်းနှီးမြှုပ်နှံမှုသည် ချာရွန်၏ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး သူ၏လုပ်ငန်းများတွင် အရက်မဟုတ်သော အချိုရည်၊ အိမ် ခြံမြေနှင့် ဟိုက်ပါမားကတ်လုပ်ငန်းများလည်း ပါဝင်သည်။
လွန်ခဲ့သောနှစ်က သူသည် သူ၏ TCC Assets လုပ်ငန်းမှတဆင့် ပြင်သစ် လက်လီအရောင်းဆိုင်လုပ်ငန်း Groupe Casino SA ၏ ထိုင်းဟိုက်ပါမားကတ်လုပ်ငန်းကို ဒေါ်လာ ၃.၄၆ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

ThaiBev သည် Chang ဘီယာ၊ အိုအိရှိ လက်ဖက်ကုန်အမှတ်တံဆိပ်များကိုလည်း ပိုင်ဆိုင်ပြီး အရှေ့တောင်အာရှတွင် လုပ်ငန်းတိုးချဲ့ရန် ကြိုးစားနေသည်။ ThaiBev သည် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံပိုင် အရက်ချက်လုပ်ငန်း Saigon Beer Alcohol Beverage Corp ကို ဝယ်ယူရန် စိတ်ဝင်စားသူများတွင် ပါဝင်သည်ဟု ထိုအကြောင်းကို လေ့လာ နေသူများက ဆိုသည်။

Myanmar Distillery ၏ ရှယ်ယာများကို ဝယ်ယူရန် ၎င်းလုပ်ငန်းပိုင်ငွေများနှင့် ဘဏ်ချေးငွေများကို သုံးစွဲမည်ဟု ThaiBev က သောကြောနေ့တွင် ကြေညာသည်။

Your Thoughts …
Tags: ရင်းနှီးမြှုပ်နှံမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

by ဧရာဝတီ
21 December 2023
18.5k

နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

by Zachary Abuza
18 January 2024
11.5k

စီးပွားရေးသည် ဆက်လက်ကျဆင်းနေပြီး စစ်မြေပြင်ဆုံးရှုံးမှု မြင့်မားလာသောကြောင့် စစ်ကောင်စီသည် ဓားစာခံရှာနေသည်။

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

by ဇေယျ (အညာ)
1 August 2024
11k

တကောင်းအနီးရှိ ကြာညှပ်ရွာ အပါအဝင် တချို့စခန်းများ ဆုတ်ခွာသွားကြသည်။ PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် ဖြစ်လာသည်။

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

Next Post
၂၀၁၇ အတွက် အကောင်းဆုံး Android ဖုန်း ဖြစ်လာနိုင်တဲ့ LG V30

၂၀၁၇ အတွက် အကောင်းဆုံး Android ဖုန်း ဖြစ်လာနိုင်တဲ့ LG V30

ဇေယျာဖြိုး နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဆက်စပ်မှုရှိ (ရုပ်/သံ)

ဇေယျာဖြိုး နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဆက်စပ်မှုရှိ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved