• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဒေါ်လာဈေး တန့်သွားသော်လည်း သွင်းကုန်သမားများ စိုးရိမ်ဆဲ

by ဧရာဝတီ
17 August 2018
in စီးပွားရေး
A A
ဗဟိုဘဏ်၏ ယနေ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားမှာ ၁ ဒေါ်လာလျှင် ကျပ်ငွေ ၁၄၉၈ ဖြစ်ကာ ပုဂ္ဂလိက ဘဏ်များကမူ ၁၅၂၀ ကျပ် အထက်ဖြင့် ရောင်းချလျက် ရှိသည် / Reuters

ဗဟိုဘဏ်၏ ယနေ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားမှာ ၁ ဒေါ်လာလျှင် ကျပ်ငွေ ၁၄၉၈ ဖြစ်ကာ ပုဂ္ဂလိက ဘဏ်များကမူ ၁၅၂၀ ကျပ် အထက်ဖြင့် ရောင်းချလျက် ရှိသည် / Reuters

5.6k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက အတက်ကြမ်းခဲ့တဲ့ ဒေါ်လာဈေးမှာ လက်ရှိ အချိန်၌ တန့်သွားခဲ့ပြီ ဖြစ်သော်လည်း ပြည်တွင်းရှိ သွင်းကုန် လုပ်ငန်းရှင်များ အတွက် စိုးရိမ်မှုများ ရှိနေကြဆဲပင် ဖြစ်ကြောင်း သိရသည်။

ယခု တပတ်အတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ဝယ်/ရောင်းရာ၌ အတိုးအလျော့ သတ်မှတ်ချက်အား ဖျက်သိမ်းပစ်လိုက်ပြီးသည့် အချိန်က စ၍ ပြင်ပဒေါ်လာ ပေါက်ဈေးမှာ နှုန်းထား အမျိုးမျိုးနှင့် ရောင်းချနေကြပြီး ယနေ့ (သြဂုတ် ၁၇) ပေါက်ဈေးမှာ ငွေကျပ် ၁၅၀၀ ကျော် ဝန်းကျင်နှင့် တန့်သွားကြောင်း သိရသည်။

ဗဟိုဘဏ်၏ ယနေ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားမှာ ၁ ဒေါ်လာလျှင် ကျပ်ငွေ ၁၄၉၈ ဖြစ်ကာ ပုဂ္ဂလိက ဘဏ်များ ကမူ ၁၅၂၀ ကျပ် အထက်ဖြင့် ရောင်းချလျက် ရှိသည်။ ပြင်ပပေါက်ဈေးမှာ ၁၅၂၀ ကျပ်အောက် ဖြစ်သည်။

လက်ရှိ အချိန်၌ အမေရိကန် ဒေါ်လာ ဈေးနှုန်း အတက်ကြမ်းနေမှုမှာ မြန်မာနိုင်ငံအနေနှင့် ငွေကြေး ဖောင်းပွမှု၊ ကုန် ဈေးနှုန်းမြင့်တက်မှု သာမက သွင်းကုန် လုပ်ငန်းရှင်များ အတွက် အကြပ်ရိုက်စရာ အခြေအနေ တခု ကြုံတွေ့ နေရ ကြောင်း သိရသည်။

မန္တလေးမြို့ ကြံနှင့် သကြားလုပ်ငန်းရှင် ဦးဝင်းဌေးက “ဒီအချိန်မှာ ဒီငွေဈေးနဲ့ သွင်းကုန်လည်း တွက်ခြေကိုက်မှု နည်း တော့ ရပ်ကြည့် အခြေအနေ ဖြစ်နေတယ်။ အတက်ကြမ်းသလို အကျ ကြမ်းနိုင်တဲ့အတွက် ကုန်သည်တွေ သတိ ထားပြီး လုပ်ကိုင်သင့်တယ်။ အခု အချိန်က Risk အရမ်း များတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံသည် လူသုံးကုန်များ သွင်းကုန်များသည့် အတွက် ဒေါ်လာ ဈေးတက်သည့်အခါ နိုင်ငံခြားငွေဖြင့် နိုင်ငံ အတွင်းသို့ တင်သွင်းရသည့် ကုန်စည်များပါ ဈေးတက်လာမည် ဖြစ်ကြောင်း သွင်းကုန် လုပ်ငန်းရှင်များက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

လက်ရှိ အခြေအနေမှာ ပြည်တွင်းသို့ တင်သွင်းရသည့် စက်သုံးဆီ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ စားသုံးဆီ၊ ဆေးဝါး၊ လူသုံးကုန် ပစ္စည်း၊ စားသုံးကုန်ပစ္စည်း အစရှိသည့် ဈေးနှုန်းများပါ ဈေးအနည်းငယ် မြင့်တက်လာကြောင်း ဈေးကွက် အတွင်းက သိရသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက “သွင်းကုန်ကို အကျီၤက အစ အကုန်လုံး သွင်းနေရတာ။ အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့် ဒေါ်လာ သုံးစွဲမှုများနေတယ်။ ဒါက နှစ်ပေါင်းများစွာ ရှိလာ ပြီ။ ဒေါ်လာဈေး မြင့်တက်တဲ့ ပြဿနာက ကျနော်တို့ အနေနဲ့ ထိရောက်မှု ရှိလာနိုင်တယ်။ ငွေကြေး အကျပ် အ တည်း အဆင့်တော့ မဟုတ်သေးဘူး။ ကျနော်တို့က ကြိုတင် ကာကွယ်ဖို့ လိုတာ။ သေသွားပြီးမှ ပြန်ရှင်အောင် လုပ်ဖို့ က မလွယ်ဘူးပေါ့။ စောစောစီးစီး လုပ်သင့်တယ်။ အားလုံးကတော့ သတိထားပြီး ဆောင်ရွက်ဖို့ လိုမယ်။ ထိုင်ကြည့် နေရုံ မရဘူးလို့ မြင်တယ်” ဟု သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI )၏ ဒု ဥက္ကဋ္ဌဖြစ်သည့် အပြင် ဆေးဝါး တင်သွင်းသည့် လုပ်ငန်းလည်း လုပ်ကိုင်သူ ဒေါက်တာ မောင်မောင်လေးက ဒေါ်လာဈေး အတက်ကြမ်းနေမှုမှာ ကုန်သွယ်မှု အတွက် အခက်အခဲများ ဖြစ်နေကြောင်း ဧရာဝတီကို ပြောသည်။

“မြန်မာနိုင်ငံရဲ့ ဆေးဝါး ၈၀ ရာခိုင်နှုန်း အထက်က ပြည်ပက တင်သွင်းရတယ်။ အခုလို ဒေါ်လာဈေးတက်တော့ ဆေးတွေကို ရောင်းဈေး သတ်မှတ်ရတာ သိပ်ခက်တယ်။ ဈေးတက် ရောင်းတာတော့ ကုမ္ပဏီတွေ အပေါ် မူတည်ပါတယ်။ ဆေးရောင်းတဲ့ ကုမ္ပဏီ တော်တော်များများကလည်း အရောင်းကို ရပ်လိုက်တာတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ ဈေးနှုန်းကို ဘယ်ဈေးနဲ့ သတ်မှတ်ရမလဲဆိုတာ မရေရာဘူး ဖြစ်နေတယ်။ ဒါက လူနာတွေ အတွက်လည်း မကောင်းဘူး။ နိုင်ငံတော်မှာ မူဝါဒတွေက တော်တော်ကို ဒုက္ခရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

ဒေါက်တာ မောင်မောင်လေးက ဆက်လက်၍ “အဓိကတော့ ဆေးဝါးတင် မဟုတ်ဘူး။ အသေးစား အလတ်စား ကုမ္ပဏီတွေ အားလုံး ဒုက္ခရောက်နေကြတာ” ဟု ပြောဆိုသည်။

ဒေါ်လာဈေးမှာ ယခုနှစ် ဇွန်လ ၁ ရက်၌ ၁၃၄၄ ကျပ် ရှိခဲ့ရာမှ သြဂုတ်လ အထိ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ၃ လ အတွင်း ၁၅၀၀ ကျော်အထိ စံချိန်တင် တက်လာခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၇ နှစ်ခန့်က စံချိန်တင် မြင့်တက်ခဲ့ဖူးသည့် ဈေးနှုန်းဖြစ်သော ၁ ဒေါ်လာလျှင် ၁၄၅၀ ကျပ်ကို ကျော်လွန်၍ လက်ရှိဈေးနှုန်းမှာ စံချိန်ချိုးခဲ့ခြင်း ဖြစ်သည်။

ဒေါ်လာဈေး တက်ခြင်းနှင့်အတူ ကုန်ဈေးနှုန်းများပါ မြင့်တက်လာမည့် ဒဏ်ကို ပြည်သူများ ခံစားရမည် ဖြစ်ကြောင်း ဒေါက်တာ စိုးထွန်းက ဆိုသည်။

“ဒေါ်လာဈေးတက်လာတဲ့အတွက် လုပ်ငန်းရှင်ထက် စာရင် ပြည်သူတွေပေါ့။ ပြည်သူတွေက ကုန်ဈေးနှုန်း တက် တယ်ဆိုရင် ဝယ်လိုအား လျော့တာပေါ့နော်။ အရင်တုန်းက ၁၀၀ ကျပ်ဖိုး ဝယ်ရင် ၅၀ ကျပ်ဖိုး လျှော့ဝယ်မယ်။ လျှော့ ဝယ်ရင် ဝယ်လိုအားကျမယ်။ ကျရင် အရောင်းအဝယ်တန့်မယ်။ အရောင်းအဝယ် တန့်ကုန်ရင် လုပ်ငန်းရှင်တွေ ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းမယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းတဲ့ အခါ အလုပ်လက်မဲ့တွေ များမယ်။ ကျနော်တို့က အခု လောလောဆယ် သွင်းကုန် လျှော့ချဖို့တော့ သိပ်မလွယ်ဘူး။ ဘာလို့လည်း ဆိုတော့ မ.ဆ.လ ခေတ်မှာ ပိတ်လို့ရတာ ဒီခေတ်မှာတော့ လျှော့လို့မရဘူး” ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။

ယခု ကုန်ဈေးနှုန်းမြင့်နေသည့် အကြောင်းအရာများ၌ ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများ အပြင် ပြည်တွင်းမှ ထွက်ရှိသည့် စားသောက်ကုန်စည် ဈေးနှုန်းများမှာ တက်နေခြင်းမှာ မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေမှု များကြောင့်လည်း ပါဝင်သည်ဟု ဈေးကွက်အတွင်းက သိရသည်။

ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က“ဒေါ်လာဈေးမြင့်လို့ အခု အခြေခံ စားသောက်ကုန် အချို့ကတော့ မြင့်တက်လာနိုင်စရာ သိပ်မရှိဘူး။ သိပ်တော့ မပတ်သက်ဘူး။ ဒါပေမယ့် ဒီဇယ်တို့ ဓာတ်ဆီတို့နဲ့တော့ ပတ်သက်တယ်။ အခု သကြား၊ ဒီဇယ်တို့ရဲ့ re-export တို့ကို ပိတ်လိုက်ပြီ။ လောလောဆယ်တော့ ဒေါ်လာ အသုံး နည်းနည်းရပ်သွားတယ်” ဟု ဦးခင်ဟန်က ပြောဆိုသည်။

ရန်ကုန်မြို့၌ ရောင်းချနေသော စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ် ၁ လီတာ ၉၅၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၉၆၀ ကျပ်၊ အောက်တိန်း 92 ၁ လီတာ ၉၂၀ ကျပ်နှင့် အောက်တိန်း 95 ၁ လီတာ ၉၇၀ ကျပ် အသီးသီး ရောင်းချလျက် ရှိသည်။

ယခု တပတ်အတွင်း မန္တလေးတိုင်းရှိ စက်သုံးဆီ အရောင်းဆိုင်များမှ ရောင်းချရန် သတ်မှတ် စက်သုံးဆီ ဈေးနှုန်း များမှာ ဒီဇယ် ၁ လီတာလျှင် ၉၈၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၉၉၀ ကျပ်၊ အောက်တိန်း 92 ၉၇၅ ကျပ်၊ အောက်တိန်း 95 ၁၀၃၀ ကျပ်တို့ ဖြစ်သော်လည်း အချို့ဆိုင်များက သတ်မှတ်နှုန်းထက် ဈေး အနည်းငယ် တက်၍ ရောင်းချကြပြီး ဈေးမတက်သေးသည့် ဆိုင်တချို့ကမူ ဆီအရောအနှော ကိစ္စများ ပြုလုပ်လာကြောင်း မန္တလေးတိုင်း စက်သုံးဆီ တင် သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်း ဥက္ကဋ္ဌ ဦးသက်ဝေက ပြောသည်။

ဦးသက်ဝေက “အခု အခြေအနေက များများ လုပ်ရင် များများရှုံးနေတယ်။ မရောင်းရင် မရှုံးဘူး။ ရောင်းရင် အကြွေးနဲ့ ရောင်းရှုံးဖြစ်နေတော့ ကျနော်တို့ ဘယ်လောက် အထိ တောင့်ခံနိုင်မလဲ ဆိုတာ ခေါင်းကိုက်နေရပြီ” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ ဒေါ်လာဈေး အခြေအနေကို ထိန်းနိုင်ရန် ဗဟိုဘဏ်က ပြည်တွင်း ပုဂ္ဂလိကဘဏ်များအား အမေရိ ကန်ဒေါ်လာ ရောင်းချပေးရာ၌ ပြည်တွင်း စီးဆင်း လည်ပတ်နေသည့် နိုင်ငံခြား ငွေပမာဏ အချက်အလက်ပေါ် အခြေခံ၍ လုပ်ဆောင်နိုင်မှသာ အမှန်တကယ် နိုင်ငံ စီးပွားရေး အကြပ်အတည်း အပေါ် အကျိုး သက်ရောက်မှု ရှိမည် ဟု သွင်းကုန် လုပ်ငန်းရှင်များက ထောက်ပြကြသည်။

မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးမိုးကျော်ကျော်က “မြန်မာငွေ တန်ဖိုးကျလာခြင်းနဲ့အတူ ကျနော်တို့ တဦးချင်းစီ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေ ထိုနည်းတူ ကျသွားတယ် ဆိုတာ ပြည်သူလူထု သိဖို့ လိုပါတယ်။ လူတိုင်းက ကိုယ်ကျိုးစီးပွားကို ကာကွယ်ကြဖို့ လုပ်ရမယ့် အလုပ်တွေ ရပ်ထား ရမယ် ဆိုရင် အောက်ခြေမှာ အလုပ်လက်မဲ့ လူတန်းစား ဦးရေ အရမ်းတိုးလာပြီး တိုင်းပြည် မတည်မငြိမ် ဖြစ်မှုကို ဦးတည်စေပါမယ်။ ဒါကို ကျနော်တို့ စိုးရိမ်ပါတယ်” ဟု သုံးသပ်ပြောသည်။

(ဧရာဝတီ သတင်းထောက် မျိုးပပစန်းနှင့် မြတ်ပြည့်ဖြိုး ပူးပေါင်းရေးသားသည်။)

Your Thoughts …
Tags: ဒေါ်လာဈေးသွင်းကုန်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

by ဧရာဝတီ
1 June 2024
12.6k

မေလ နောက်ဆုံးပတ်က စတင်ပြီး မြန်မာငွေကျပ်တန်ဖိုးတွေ တရှိန်ထိုးကျဆင်းလာပြီးတဲ့နောက် ဈေးကွက်ထဲမှာ ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းထားတွေဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

by ဧရာဝတီ
10 September 2024
9.9k

ယနေ့တွင် ၁ ဒေါ်လာလျှင် ၅၂၀၀ ကျပ်အထိ ပြန်တက်ခဲ့သလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ၆၆ သိန်းကျော်သို့ ပြန်လည် မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

by ဧရာဝတီ
23 August 2023
3.4k

ပို့ကုန်ရငွေမှတ်တမ်း မပြနိုင်သည့် ကုမ္ပဏီ ၇၈ ခုကို တရားစွဲထားပြီး ထိုကုမ္ပဏီ တည်ထောင်သူများအနက် နှစ်ဦးကို ထောင်ချထားပြီးဖြစ်သည်။

ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း

ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း

by ဧရာဝတီ
6 June 2024
3.1k

မြန်မာမှ ဝယ်ယူမှုများသောကြောင့် ထိုင်း အိမ်ခြံမြေဈေးကွက် တက်လာသည့် သတင်းများ ထွက်လာပြီးနောက် ထိုင်းကွန်ဒိုမီနီယံများကို မြန်မာနိုင်ငံအတွင်း ရောင်းဝယ်ခြင်းအား ဖြိုခွဲရန် စစ်ကောင်စီ ကြိုးစားနေသည်။

ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ

ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ

by ဧရာဝတီ
16 January 2025
2.3k

တရက်လျှင် ၈ နာရီသာပေးနိုင်မည်ဟု စစ်ကောင်စီကြေညာထားသော်လည်း မီးလာရမည့် အချိန်မှာ ပင် မီးမမှန်သောကြောင့် အများစုမှာ မီးစက်၊ ဆိုလာနှင့် အားသွင်းအသုံးပြုရသည့် လျှပ်စစ်ပစ္စည်းတို့ကိုသုံးစွဲလာရပြီး ယင်းပစ္စည်းများလည်း ပြည်ပမှသွင်းရ၍ ဒေါ်လာငွေလိုအပ်ချက်ရှိလာ

Next Post
Bingo အချိုရည်အကြောင်း ရှင်းပြနေတဲ့ ကုမ္ပဏီတာဝန်ရှိသူ တဦး / ထက်ဝေ / ဧရာဝတီ

မြန်မာနိုင်ငံ အထက်ပိုင်းကို ခြေဆန့်လိုက်တဲ့ Bingo အချိုရည်

ငွေကြေး အကျပ်အတည်း (Currency Crisis) တကယ် စ နေပြီလား (ရုပ်/သံ)

ငွေကြေး အကျပ်အတည်း (Currency Crisis) တကယ် စ နေပြီလား (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved