• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စပါးဈေးတွေ ကျနေတယ်

by အောင်သီဟ
15 June 2019
in စီးပွားရေး
A A
စပါးဈေးကျနေသောကြောင့် လယ်သမားများအပေါ် ဝန်ပိလာနေသည် / Reuters

စပါးဈေးကျနေသောကြောင့် လယ်သမားများအပေါ် ဝန်ပိလာနေသည် / Reuters

12.5k
VIEWS
Share on FacebookShare on Twitter

ယခု ၂၀၁၉ နှစ် နှစ်စပိုင်းမှ စတင်ကာ တရုတ်နိုင်ငံ၏ တရားမဝင် ကုန်စည်ထိန်းချုပ်မှု မူဝါဒကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာမှုကြောင့် မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်ဂိတ်မှ တဆင့် တင်ပို့နေသော ဆန်များ အားလုံး ရပ်တန့်ခဲ့ရသည်။

ယင်းသို့ ဆန်တင်ပို့မှု ရပ်တန့်ခြင်းသည် ယခု ဇွန်လပိုင်းအထိ အချိန်ကြာမြင့်လာပြီဖြစ်ကြောင့် ဝယ်ထားသော ဆန်များကို ပြန်မရောင်းနိုင်သေးသည့် ကုန်သည်များအပြင် စပါးစိုက်ပျိုးထုတ်လုပ်သည့် လယ်သမားများအထိပါ ရိုက်ခတ်လာခဲ့သည်။

မြန်မာ့ဆန်များ၏ အဓိက ပြည်ပဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသည့်အတွက် ပြည်တွင်း၌ ဆန်ပိုလျှံနေပြီး ယခု နွေစပါးပေါ်ချိန်တွင် ရောင်းလိုအားများပြီး ဝယ်လိုအားနည်းသွားသည့်အတွက် စပါးဈေးနှုန်းသည် အခြေခံဈေးနှုန်းအောက် ရောက်ရှိသွားခဲ့သည်။

ယင်းကြောင့် ပြည်တွင်း၌ စပါးအဓိက စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတခုဖြစ်သည့် ပဲခူးတိုင်းဒေသကြီးရှိ စပါးစိုက် တောင်သူများသည် အခြေခံ စပါးဈေးနှုန်းအတိုင်း ဝယ်ယူပေးရန် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့်နှစ်မှ စတင်ကာ စပါးအခြေခံဈေးနှုန်းကို စပါးတင်း ၁၀၀ လျှပ် ကျပ် ၅ သိန်းနှုန်းသတ်မှတ်ပေးခဲ့ပြီး ယခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးဈေးသည် အခြေခံဈေးနှုန်း သတ်မှတ်နိုင်ခြင်းမရှိဘဲ ပြီးခဲ့သည့်နှစ်က ဈေးနှုန်းအောက် ကျဆင်းခဲ့ပြီး တင်း ၁၀၀ လျှင် ကျပ် ၄ သိန်းကျော်မှ ၄ သိန်း ၇ သောင်းဝန်းကျင်သို့ ဈေးဆင်းခဲ့သည်။

ဧရာဝတီတိုင်း မအူပင်မြို့နယ်မှ စပါး ဧက ၁၀၀ ကျော် စိုက်ပျိုးသော လယ်သမား ဦးလှဌေးက “စိုက်ပျိုးတဲ့ ကုန်ကျစရိတ်နဲ့ ချေးငွေ ပြန်ဆပ်ရမှာနဲ့ လယ်သမားက ငါးသိန်းအောက် ဆင်းသွားပြီဆိုရင် စ အရှုံးပြပြီလေ။ ငါးသိန်းလောက်မှ မရရင် နောက်ထပ် စိုက်ပျိုးမှုတွေမှာ အခက်အခဲတွေရှိလာမှာလေ” ဟု ဆိုသည်။

လယ်သမားများအနေဖြင့် စပါးပေါ်ချိန်တွင် အချိန် ၆ လသာ ရရှိသော စိုက်ပျိုးစရိတ်ချေးငွေများကို အစိုးရကို ပြန်ဆပ်ရန် ရှိနေခြင်းကြောင့် ကုန်သည်များ၏ ဈေးနှိမ်ဝယ်ယူများကို မဖြစ်မနေ ရောင်းချနေရကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်ပြီး “တချို့ကုန်သည်တွေဆိုရင် ဒီနှစ်တောင် ဆန်ရောင်းရပါ့မလားဆိုပြီး ငြီးနေတော့ လယ်သမားကလည်း သူတို့ပေးတဲ့ ဈေးနဲ့ တွန်းထိုးရောင်းနေရတာ။ ဝယ်တဲ့ ကုန်သည်ကလည်း အခုဆို တယောက်လောက်ပဲရှိတော့တာ” ဟု ဆိုသည်။

ကျပ်ငါးသိန်းအောက်ဖြင့် စပါးရောင်းချလိုက်ရသော တောင်သူများအနေဖြင့် ယခုလို ဈေးကွက်မကောင်းပါက စပါးအစား တခြားသီးနှံများကိုသာ ပြောင်းလဲစိုက်ပျိုးရန် ပြင်ဆင်နေကြတဲ့ တောင်သူများလည်း ရှိနေသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ မေလကုန်အထိ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှု ၁ ဒသမ ၆ သန်းကျော်သာ ရှိသောကြောင့် ယခင်နှစ်ကထက် ၁ သန်းနီးပါးခန့် လျော့ကျခဲ့ပြီး အများစု နယ်စပ်ဂိတ်မှ တင်ပို့မှု လျော့ကျခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနထံမှ သိရသည်။

ကုန်သည်များအနေဖြင့်လည်း တရုတ်ဈေးကွက် တင်ပို့မှု မရှိခြင်းကြောင့် ရင်းနှီးမြှုုပ်နှံထားသော ငွေပြန်မပေါ်ခြင်းနှင့် ကုန်စည်များ လက်ဝယ်တွင် အများအပြားရှိနေခြင်းသည့် အခက်အခဲများရှိနေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “ အခုက မူဆယ်က သွားတဲ့ နယ်စပ်ကုန်သွယ်မှုက လုံး၀ ပိတ်သွားတဲ့အတွက် ဒီဘက် ပင်လယ်ရေကြောင်းကို အဓိက အားစိုက်ပြီး ပြန်လုပ်လာကြတဲ့အခါကြတော့ ဈေးကွက်မှာ တနိုင်ငံလုံးမှာရှိနေတဲ့ ဆန်တွေက ပင်လယ်ရေကြောင်းက သွားတဲ့ ရန်ကုန်ကို ပြန်ဝင်လာတယ်။ အရင် ၅၀ ရာခိုင်နှုန်း တာဝန်ယူနေရတာကနေ ၁၀၀ ရာခိုင်နှုန်းဆိုတော့ ဒီမှာလည်း ဂိုထောင်တွေ အခြောက်ခံစက်တွေက မလုံလောက်တဲ့ ပြဿနာတွေ ထပ်ဖြစ်ကုန်တယ်” ဟု ဆိုသည်။

ယခုနှစ်တွင် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့သူများအတွက် စီးပွားရေးကောင်းမွန်သည့် နှစ်ဖြစ်သော်လည်း လုပ်နိုင်သည့်ထက် နှစ်ဆ တာဝန်ယူနေရသည့်အတွက် ဝန်ထုတ်ဝန်ပိုးရှိနေကြောင်း ၎င်းက ဆိုသည်။

၎င်းက “ ဒီကို ဆန်တွေက အလုံးအရင်းနဲ့ ဝင်လာတော့ ဝယ်သူကြိုက်တဲ့ ဈေးကွက်ဖြစ်သွားတာပေါ့။ ဒါပေမဲ့လည်း ဒီက ကုန်သည်တွေကလည်း ဟိုဘက်က ဝယ်လက်ရှိမှ ဝယ်နိုင်မှာဆိုတော့ နိုင်ငံခြားဝယ်သူကို အပြိုင်အဆိုင်ရောင်းရင်းနဲ့ ပြည်ပပို့တဲ့ ဆန်ဈေးတွေလည်း ကျကုန်တာပေါ့” ဟု ဆိုသည်။

ဦးသန်းဦးက ဆက်လက်ပြီး “ ဒီနှစ်က ပင်လယ်ရေကြောင်းက ဆန်တင်ပို့တဲ့ ပို့ကုန်သမားတွေအတွက်တော့ ကောင်း တယ်။ ဒါပေမယ့် ဈေးကျတဲ့ အခါကျတော့ နောက်ဆုံး တောင်သူမှာ အကျိုးစီးပွား ပျက်စီးတာပေါ့ ” ဟု ပြောဆိုသည်။

ယင်းမှာ နယ်စပ်ဈေးကွက်တခုတည်းကို အမှီခိုပြုခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များဖြစ်ပြီး အခြား ပုံမှန်ဈေးကွက်များရှိပါက ယခုလို အခြေအနေမျိုးမဖြစ်နိုင်ကြောင်း တောင်သူများနှင့် ကုန်သည်တချို့ က ဆိုကြသည်။

ယခင်က မူဆယ်နယ်စပ်ဘက်မှ တင်ပို့မှုသည် မြန်မာနိုင်ငံဘက်မှ တရားဝင် တင်သွင်းသော်လည်း တရုတ်နိုင်ငံဘက် တရားမဝင် သတ်မှတ်ထားသည်မှာ ဟိုယခင်နှစ်များကတည်းကပင် ဖြစ်သည်။ ယခုတွင် မူဆယ်နယ်စပ်ဂိတ်တွင် ပိတ်မိ နေသော ဆန်များကို တင်ပို့နိုင်ရန် အစိုးရချင်း ကုန်စည်ချင်းဖလှယ်သည့် စနစ်ဖြင့် အရောင်းအဝယ်လုပ်ဆောင်ရန် စာချုပ်ချုပ်ထားခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်က မြန်မာနိုင်ငံ၏ ဆန်တန်ချိန် ၁ သောင်း (အမေရိကန် ဒေါ်လာ ၃ သန်းဖိုး)ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကုန်သည်များသည် ကုန်စည် ဖလှယ်ကူးသန်း ရောင်းဝယ်သည့် စနစ် (Barter Trade) နှင့် ပထမဆုံး အကြိမ် ဝယ်ယူရန် နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။

ယင်းအတွက် မြန်မာဘက်မှလည်း တရုတ်နိုင်ငံထုတ် သံမဏိ၊ မြေသြဇာနှင့် လယ်ယာသုံး စက်ပစ္စည်းများကို ပြန်လည် ဝယ်ယူရမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံသို့ အစိုးရချင်းချိ တ်ဆက်သည့် စနစ်ဖြင့် ( G to G) ဖြင့် ယခုနှစ်အတွင်း ဆန်တန်ချိန် တသိန်း တင်ပို့ခွင့်ရရှိထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယင်းအစီအစဉ်များ စတင်လာနိုင်ပါက လက်ရှိဖြစ်ပေါ်နေသော စပါးဈေးကျဆင်းခြင်းနှင့် ဆန်တင်ပို့မှု ပြဿနာများသည် အထိုက်လျှောက် ဖြေရှင်းနိုင်မည်ဖြစ်သည်။

စပါးဈေးကျဆင်းခြင်းကို ဖြေရှင်းနိုင်ရန်အတွက် စီးပွား/ကူးသန်း ဝန်ကြီး ဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ချိတ်ဆက်ကာ မြန်မာ့စီးပွားရေးဘဏ်မှ တဆင့် ပုဂ္ဂလိက ဘဏ်များသို့ ငွေချေးခြင်း၊ ယင်းဘဏ်များက ဆန်စက်များအား ငွေချေးပေးခြင်း၊ သမဝါယမအသင်းများက တောင်သူများသို့ တိုက်ရိုက် စပါးဝယ်ယူခြင်းများအတွက် ဝန်ကြီးဌာန အနေဖြင့် လွှတ်တော်သို့ ရန်ပုံငွေတင်ပြ တောင်းခံကာ ဆောင်ရွက်ရန်ရှိသည်ဟု သိရသည်။

အဆိုပါ နည်းလမ်းများနှင့် လက်ရှိ အခြေခံဈေးထက် ကျဆင်းနေသော စပါးဈေးအား ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ဌာနများဖြင့် ချိတ်ဆက် ဆောင်ရွက်မည့် ကိစ္စများ ဖြစ်သဖြင့် ယခုလပိုင်း အတွင်း အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဟု စီး/ကူးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

သို့ရာတွင် ဝယ်ယူမည့် စပါးများမှာလည်း အလေးချိန်၊ အစိုဓာတ် စသည့် သတ်မှတ်ချက်များဖြင့် ကိုက်ညီရန် လိုအပ်ပြီး စပါးဈေးနှုန်း ကျဆင်းနေသည့် ပြည်နယ်၊ တိုင်း အလိုက် ဦးစားပေး ဆောင်ရွက်သွားမည် ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကလည်း စပါးဈေ း အခြေခံဈေးအောက် ကျဆင်းနေသည့် အတွက် တောင်သူများထံမှ အရေးပေါ် ဝယ်ယူရန်အတွက် ငွေကျပ် ၁၅ ဘီလီယံကို မြန်မာ့စီးပွားရေးဘဏ်က ချေးပေးရန် တောင်းခံထားကြောင်း စီးပွား/ကူးသန်းက သိရသည်။

ယခုနှစ် နွေစပါး ပေါ်ချိန်တွင် နယ်စပ်မှ ဆန်အရောင်းအဝယ် နည်းပါးခြင်းကြောင့် ပြည်တွင်း၌ စပါးပိုလျှံမှု များလာကာ စပါးဈေ း ကျဆင်းနေခြင်းအား ကွင်းဆင်း ဝယ်ယူမှုများ ရှိသော်လည်း ဝယ်ယူပြီးသော စပါးများအား သိုလှောင်ရန်၊ အခြောက်ခံရန်နှင့် သယ်ယူပို့ဆောင်ရန် အခက်အခဲ တို့ကြောင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းလျက်ရှိကြောင်းနှင့် လေလွင့်ပျက်စီးမှု မဖြစ်စေရေး အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်ကလည်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် စပါးစိုက်တောင်သူများသည် စပါးရိတ်သိမ်းမှုကို စက်များဖြင့် ရိတ်သိမ်းကာ ဆန်စက်များကို တိုက်ရိုက် ရောင်းချမှုပြောင်းလဲလာခြင်းကြောင့် ဆန်စက်များတွင်လည်း အခြောက်ခံစက်များကဲ့သို့ အခြေခံအဆောက်အအုံများ လိုအပ်လာနေသည်။

အခြားအိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရ်ု နိုင်ငံများတွင် အစိုးရက သိုလှောင်ရုံများနှင့် အခြောက်ခံစက်များအတွက် လုပ်ငန်းရှင်များကို ချေးငွေများ ပံ့ပိုးကူညီများ လုပ်ဆောင်လျက် ရှိကြသလို မြန်မာနိုင်ငံတွင်လည်း အလားတူ အစိုးရက လုပ်ငန်းရှင်များကို ပံ့ပိုးပေးစေလိုသည်။

စီး/ကူး လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “ အစိုးရကလည်း နည်းလမ်းပေါင်းစုံ ဆောင်ရွက်နေပါတယ်။ လက်ရှိ ဆောင်ရွက်နေဆဲ အခြေအနေမှာ စပါးဈေးကျတဲ့ ကိစ္စတွေဖြစ်လာတာပေါ့။ ဒီမှာက သယ်ယူပို့ဆောင်ရေးကိစ္စတွေရော သိုလှောင်ရုံ၊ အခြောက်ခံစက်တွေ လိုအပ်ချက်တွေ ရှိနေတယ်။ ဘယ်လိုဖြည့်ရမလဲဆိုတာ ဆောင်ရွက်နေတယ် ” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
235
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ရေရှည်တွင် ဆန်စပါးဈေးကွက် တည်ငြိမ်မှု ရှိစေရန်အတွက် အစိုးရအနေဖြင့် တရုတ်နိုင်ငံသို့ တရားဝင် ပို့ဆောင်နိုင်ရေး အစီအစဉ်များနှင့် အခြားဈေးကွက်အသစ်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေများ တည်ငြိမ်စေရန်အတွက် အစိုးရအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်သွင်းရန် အရည်အသွေး သတ်မှတ်ချက်ပြည့်မီသည့် ပြည်တွင်း ဆန်စက်အရေ အတွက်မှာ ၁၁ ခုသာ ရှိနေပြီး ယင်းထက် ပိုမိုတိုးတက်လာ အောင်လုပ်နေခြင်း၊ တရုတ်နိုင်ငံ ကူမင်းအစိုးရနှင့် ဘာတာစနစ်ဖြင့် ဆန်တန်ချိန် တသောင်း တင်ပို့နိုင်ရေး လုပ်ဆောင်လျက်ရှိပြီး ယခု သဘောတူညီထားသော ဆန်တင်ပို့မှုတွင် ဆန်ကွဲကိုပါ တင်ပို့နိုင်ရန် MOU ရေးထိုးရန် လုပ်ဆောင်ခြင်းနှင့် တရုတ်၏ ခွဲတမ်းဖြင့် ဆန်ဝယ်ယူမှု ရရှိရန်အတွက် အစိုးရချင်း G to G လုပ်ဆောင်နိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း စီး/ကူး ဝန်ကြီးဌာနထံမှ သိရသည်။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “အာဖရိက ကိစ္စနဲ့ အခုလို ကိစ္စတွေဖြစ်လာမှ အစိုးရ ဆန်တင်ပို့တဲ့ ကိစ္စတွေမှာ အားစိုက်လာတာ။ အရင်က နယ်စပ်ကိစ္စက ဒီအတိုင်း လွှတ်ပေးထားတာ။ အဲ့ဒီတုန်းကဆို နယ်စပ်တရားမဝင်သွားတဲ့အတွက် ပင်လယ်ရေကြောင်းထက် ပိုပြီး ဈေးနိမ့်တော့ ဒီကလူတွေ ဘယ်လို မယှဉ်ပြိုင်နိုင်ဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းတွင် အာဖရိကနိုင်ငံတခုဖြစ်သော အိုင်ဗရီကို့စ်နိုင်ငံတွင် မြန်မာနိုင်ငံမှ တင်ပို့သော ဆန်တန်ချိန် ၁၈၀၀၀ အရည်အသွေး မပြည့်မီခြင်းဟူကာ အဆိုပါ နိုင်ငံအစိုးရက ဆန်များကို ဖျက်ဆီးပစ်ခဲ့သည့်အတွက် မြန်မာ့ဆန်တင်ပို့မှုလုပ်ငန်းတွင် ရိုက်ခတ်မှုတခုဖြစ်ခဲ့သည်။

ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရပြီး နောက်ပိုင်းမှ မြန်မာ့ဆန်များ တင်ဆောင်သွားသော သင်္ဘောသည် အချိန်ကြာမြင့်စွာ ဆန်များကို သိုလှောင်ထားခြင်းနှင့် သင်္ဘော၏ အရည်အသွေး မပြည့်မီမှုကြောင့် မြန်မာ့ဆန်များသည် ပျက်စီးရခြင်းဆိုသည့် အဖြေများ ထွက်လာခဲ့သည်။

ယင်းနောက်တွင် အစိုးရက ပြည်ပသို့ သင်္ဘောဖြင့် ဆန်တင်ပို့ရာတွင် ဆန်အရည်အသွေး စစ်ဆေးသည့် ကြားခံကုမ္ပဏီကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်စေခဲ့ပြီး သင်္ဘောပေါ်သို့ ဆန်တင်ပို့ ရသည့် လုပ်ငန်းစဉ်များကိုလည်း ပြန်လည် တင်းကျပ်ခဲ့သည်။

ယခင်ကတည်းက တိကျသည် မူဝါဒများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါက လက်ရှိ လိုအပ်သော အခြေခံအဆောက်အဦးများ အထိုက်အလျှောက်အထိ ဖြည့်ဆည်းထားပြီးဖြစ် မည်ဟု ဦးသန်းဦးက ဝေဖန်ပြောဆိုသည်။

ဦးခင်မောင်လွင်ကမူ “ အရင်က အဆင်ပြေနေရင် ကုန်သည်တွေက အစိုးရ ဝင်ပါရင်တောင် မကြိုက်ကြဘူးလေ။ ဟိုအရ င်က ဆန်တင်ပို့တဲ့ အရည်အသွေးကအစ အစိုးရက ထိန်းချုပ်ထားခဲ့တာ နောက်ပိုင်းမှာ ပုဂ္ဂလိက ကဏ္ဍကို လွတ်လွတ်လ ပ်လပ်လုပ်ဖို့ လွှဲပြောင်းပေးခဲ့တာပါ။ အစိုးရက နေရာတိုင်း ဝင်ပါလို့ကလည်း မကောင်းဘူးလေ။ အစိုးရက မူဝါဒတွေ ချပေး မယ်။ ဟိုဘက်မပို့နဲ့ ဒီဘက်ပို့ဆိုပြီး ထိန်းချုပ်လို့ မရဘူး။ လက်ရှိအနေအထားမှာတော့ အစိုးရချင်းလုပ်တဲ့ ကိစ္စတွေမှာတော့ အစိုးရက စနစ်တကျဖြစ်အောင်တော့ ထိန်းချုပ်သွားမှာပဲ” ဟု ဆိုသည်။

ယခုလို တရုတ်၏ ပိတ်ဆို့မှု အခြေအနေတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁ သိန်းခွဲ တင်ပို့နိုင်မည့် အခွင့်အရေးသည် ယခုအကြပ်အတည်းအတွက် ထွက်ပေါက်တခုဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း ဈေးကွက်အသစ်တခု ထပ်မံ ရရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအကျပ်အတည်းကို အစိုးရ နှင့် ဆန်စပါးအသင်းချုပ်တို့က ပူးပေါင်းဖြေရှင်းနေကြသော်လည်း ဖြေရှင်းနည်းအများစုမှာ ရေတိုဖြေရှင်းများသာ ဖြစ်နေပြီး တကယ့်ရေရှည်တွင် တည်ငြိမ်သည့် ဈေးကွက်ဖြစ်စေရန် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဆန်ကုန်သည်များက ပြောဆိုကြသည်။

မန္တလေးအခြေစိုက် ဆန်ကုန်သည် ဦးတင်လှိုင်ဝင်းက မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၃ သန်းခန့်တင်ပို့ နိုင်မှသာ တောင်သူများနှင့် ကုန်သည်များ ပါ အဆင်ပြေနိုင်သည့် အခြေအနေရှိပြီး ပင်လယ်ရေကြောင်းက တင်ပို့နိုင်မှုသည်လည်း အများဆုံး ဆန်တန်ချိန် ၂ သန်းအထိ တင်ပို့နိုင်ကြောင်း တရုတ်ဈေးကွက်သို့ ဆန်တန်ချိန် ၁ သန်းကို မဖြစ်မနေ လိုအပ်ကြောင်း ပြောဆိုသည်။

၎င်းက “ အခုကတော့ လုပ်နေတာတွေက ရေတိုဖြေရှင်းနည်းတွေပေါ့။ တကယ့်ရေရှည်မှာ အလွှာအားလုံး အဆင်ပြေဖို့ဆိုရင် တန်ချိန်များများနဲ့ ကုမ္ပဏီကြီးတွေပဲ စာချုပ်တာတင် မကဘူး ဆန်စက်အချင်းတွေကအစ အချင်းချင်း စာချုပ်ချုပ်ပြီး ဆန်တင်ပို့ဖို့အတွက် လုပ်နိုင်မှ ဖြစ်မယ်လို့ ထင်တယ်” ဆိုသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုသည် ဆန်တန်ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်မူ လတ်တလောအခြေအနေများအရ ဆန်တန်ချိန် ၂ သန်းခန့်သာ တင်ပို့နိုင်မည့် အခြေအနေရှိနေသည်။

အလှုပ်အရမ်းများနေသော ဆန်ဈေးကွက်နှင့် ကျဆင်းလာနေသော စပါးဈေးကို ကြည့်ရင်း လယ်သမား ဦးလှဌေးက “ဈေးကောင်းရတာကို အရမ်းမမျှော်လင့်ပါဘူး။ နှစ်တိုင်း ဈေးကွက်လေး ပုံမှန်ရှိနေရင်ပဲ အဆင်ပြေပါတယ် ” ဟု ဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် ဆန်တန်ချိန် ၁ သိန်းခွဲတင်ပို့

တရုတ်နှင့် ကုန်စည်ဖလှယ်မည့် စနစ် အလုပ်ဖြစ်မလား 

အိုင်ဗရီကို့စ် ဆန်ပြဿနာကြောင့် ပြည်ပ ဆန်တင်ပို့မှု မူဝါဒ ပြန်သုံးသပ်ရန် လိုအပ်လာဟု ဆို 

Your Thoughts …
Tags: စပါးဈေး
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စပါးဈေးကျနေသောကြောင့် လယ်သမားများအပေါ် ဝန်ပိလာနေသည်  / Reuters

အခြေခံစပါးဈေး တင်း ၁၀၀ လျှင် ၅ သိန်းကျပ် သတ်မှတ်ကြောင်း အစိုးရကြေညာ

by ဆလိုင်းသန့်စင်
15 October 2019
4.9k

“အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွန်း များနှင့်ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ၏ အခြေခံ ရည်ညွန်းဈေးနှုန်းကို...

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှ လယ်ယာ လုပ်ငန်းခွင် / ဆလိုင်းသန့်စင် / ဧရာဝတီ

ဝယ်လိုအားများ၍ ဧရာဝတီတိုင်း၌ စပါးဈေးကောင်း

by ဆလိုင်းသန့်စင်
11 May 2020
13.2k

ယမန်နှစ် ဆောင်းစပါးရာသီက တင်း ၁၀၀ လျှင် ငွေကျပ် ၄ သိန်း ၇ သောင်းဝန်းကျင်သာ ရှိခဲ့သဖြင့် လက်ရှိ ပေါက်ဈေးမှာ ယမန်နှစ်ထက် ကာလတူ ပေါက်ဈေးထက် အနည်းဆုံး ကျပ် ၁ သိန်း...

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်ယာလုပ်ငန်းခွင် / ဆလိုင်းသန့်စင်

အစိုးရသတ်မှတ်သည့် စပါးဈေးအတိုင်း လယ်သမားများ ရောင်းခွင့်မရ

by ဆလိုင်းသန့်စင်
2 November 2019
18.2k

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အရည်အသွေးပြည့်မီသော စပါးတင်း ၁၀၀ လျှင် ၅ သိန်းဈေးဖြင့် ဝယ်ယူရန် သတ်မှတ်ကြေညာထားသည်။

အင်္ဂပူမြို့နယ်ရှိ စိုက်ကွင်း တခု / ဆလိုင်းသန့်စင် / ဧရာဝတီ

ပြည်ပဆန်တင်ပို့မှု များ၍ စပါးဈေးစံချိန်တင် မြင့်တက်

by မျိုးပပစန်း
15 November 2017
6k

ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈၅ သန်း နီးပါးခန့်ကို နိုင်ငံပေါင်း ၆၀ ကျော်သို့ တင်ပို့ထားပြီး တရုတ်နိုင်ငံသို့ ၅၀ ရာခိုင်နူန်းနှင့် အာဖရိက၊ ဥရောပ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိင်္လကာ အစရှိသည့် နိုင်ငံများသို့...

စပါးရိတ်သိမ်းနေမှု မြင်ကွင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

ပြည်ပသို့ ဆန်တင်ပို့မှု ရှိလာသဖြင့် စပါးဈေးနှုန်း ပြန်လည်မြင့်တက်လာ

by ဆလိုင်းသန့်စင်
1 December 2016
12k

ယခုလအတွင်း တရုတ်၊ ဥရောပနှင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှုများ ရှိလာသဖြင့် စပါးဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ် ၁ သိန်းကျော် ပြန်လည်မြင့်တက်လာသည်

Next Post
မြို့မှာတောင် မလာတာ

မြို့မှာတောင် မလာတာ

၂၀၁၃ ခုနှစ်တွင် စမတ်ဖုန်းများကို မြောက်ကိုရီးယား၌ စတင်ထုတ်လုပ်ချိန် ကင်ဂျုံအွန်း စစ်ဆေးကြည့်ရှုနေစဉ် / Reuters

မြောက်ကိုရီးယားမှာလည်း စမတ်ဖုန်းတွေ သုံးနေပြီ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved