• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပြည်ပဆန်တင်ပို့မှု များ၍ စပါးဈေးစံချိန်တင် မြင့်တက်

by မျိုးပပစန်း
15 November 2017
in စီးပွားရေး
A A
အင်္ဂပူမြို့နယ်ရှိ စိုက်ကွင်း တခု / ဆလိုင်းသန့်စင် / ဧရာဝတီ

အင်္ဂပူမြို့နယ်ရှိ စိုက်ကွင်း တခု / ဆလိုင်းသန့်စင် / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု များပြားသဖြင့် ပြည်တွင်း စပါး အဟောင်း၊ အသစ် နှစ်မျိုးလုံးမှာ ဈေးနှုန်းများမှာ ယခင်နှစ်ထက်ပို၍ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း ပြည်တွင်းဆန်စပါးကုန်သည်များထံမှ သိရသည်။

ဝါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီး ဦးဝင်းက “အဟောင်း စပါးအကြမ်း(မနောသုခ၊ ငစိန်) ဈေးက အခု ကျပ် ၁ သိန်းကျော် လောက်တက်တယ်။ ပေါ်ဆန်း(အချော) တွေက ပိုတက်တယ်။ ဧရာဝတီတိုင်းက ပေါ်နေပြီ။ စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၂ သိန်းလောက် ရှိတယ်ဆိုတော့ မနှစ်ကထက်စာရင် ၂ သိန်း လောက်တက်တယ်။ ဒါကအချိန် ကာလတူချင်း နိူင်းယှဉ်ပြောတာ ဖြစ်တယ်။ စားသုံးတဲ့သူတွေက ပုံစံပြောင်းလာလို့ ဖြစ်တယ်။ အရင်နှစ်တွေထက် ပေါ်ဦးပေါ်ဖျားဈေးနှိုင်းယှဉ်ရင် ဒီဈေးမျိုးက ဒီတခါပဲရသေးတယ်။ ဒါကြောင့် လယ်သမားတွေ ပျော်တဲ့ဈေးလို့ ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နှစ်စဉ်နှစ်တိုင်း စပါးပေါ်စအချိန်တွင် စပါးအဟောင်းဈေး တက်လေ့ရှိသော်လည်း ယခုနှစ်သည် ပြီးခဲ့သည့် နှစ်များထက် စပါးအဟောင်းဈေးမှာ ပို၍ စံချိန်တင်မြင့်တက်သကဲ့သို့ မိုးစပါးအသစ်ဈေးမှာလည်း ဈေးကောင်းနှင့် ရောင်းချရသော နှစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က “ဒီနှစ်အခြေခံ ကြမ်းခင်းဈေးက မနှစ်က ဈေးထက်မြင့်တယ်။ မနှစ်က ဆန်တအိတ်ကို ကျပ် ၁၅၅၀၀ လောက်ကနေ ဒီနှစ်က ကျပ် ၂၀၅၀၀ ဆိုတော့ ကုန်ကြမ်းဈေး ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်းလောက်တက်တယ်။ နိုင်ငံခြားဈေးက မတက်ပဲနဲ့ ပြည်တွင်းဈေးက တက်သွားတယ်။ ဒါပေမယ့် အိတ်စပို့သမားတွေကိုက်လားဆိုတော့ မကိုက်ဘူး။ မျှခြေတော့ရှိတယ်”ဟု ပြောသည်။

ပြည်ပသို့ တင်ပို့ရာတွင် ကြိုရောင်းသည့်သဘောနှင့် စာချုပ်များ ချုပ်ဆိုရောင်းချရခြင်း၊ တရုတ်မှလည်း နေ့စဉ် ဆန်အိတ် ရေ ၁၄၀၀၀၀ ခန့် ဝယ်ယူနေသောကြောင့် ပြည်တွင်းမှ ဆန်ကို လုဝယ်နေရသကဲ့ ဖြစ်နေသဖြင့် ဆန်၊ စပါး ဈေးတက်လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့် ဘတ်ဂျက်ရာသီကာလတွင် ဈေးကွက်တည်ငြိမ်မှု ရှိစေရန် မည်သည့်ပုံစံဖြင့် ဈေးနှုန်း ထိန်းသိမ်းရမည့် အချက်မှာ အရေးကြီးကြောင်း ဦးနေလင်းဇင်က သုံးသပ်သည်။

“အခုဒီလောက်မြင့်နေရင် နောက်ဘယ်လောက်မြင့်မယ်ဆိုတာ ကျနော်တို့မှန်းလို့မရဘူး။ ဒီထက်ပိုပြီး ဈေးမြင့်ရင် ပြည်တွင်း လိုအပ်ချက် ရှိလာမယ်။ နိုင်ငံခြားကို ပို့ဖို့လည်း မဖြစ်နိုင်တော့ဘူး။ ရူံးမှာဖြစ်တယ်။ အခုတောင် ကွန်တိန်နာ တလုံး အနည်းဆုံး ကျပ် ၅ သိန်း၊ ကျပ် ၁၀ သိန်းလောက် ရှုံးတယ်”ဟု ၎င်းက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.7k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ပြည်တွင်း စပါးအသစ်ဈေးကွက်၌ ပေါ်ဆန်းစပါး (ဧရာဝတီ) တင်းတရာလျှင် ငွေကျပ် ၈ သိန်း ၅ သောင်းမှ ငွေကျပ် ၉ သိန်း ရှိပြီး စပါးအကြမ်းဈေးမှာ တင်းတရာလျှင် ငွေကျပ် ၆ သိန်းမှ ငွေကျပ် ၆ သိန်း ၂ သောင်း အထိ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

“စပါးက တနယ်နဲ့ တနယ် ကွာသလို ရွှေဘိိုဆိုရင် ဈေးပိုမြင့်တယ်။ တင်းတရာကို ငွေကျပ် ၁၅ သိန်းလောက်ရှိတယ်။ ဒီနှစ်အချောက ဈေးပိုတက်နေတာကတော့ စားတဲ့သူက သိပ်မစားချင်ဘူး ဆန်ကြမ်းအစား အချောကို ပိုပြီးစားလာတယ်။ ဦးတို့ဆိုင်ဆိုရင် ငစိန်ဆန်ကို အရင်က ရောင်းရပေမယ့် အခု စားတဲ့သူက လက်မခံတော့ သိပ်မရောင်းရဘူး။ ၃ နှစ်လောက်ရှိပြီ မရောင်းရတာ။ အကြမ်းအစား အချောပိုစားလာတော့ အချောက ဝယ်လိုအားအရ ဈေးတက်တဲ့သဘောပဲ ”ဟု ရန်ကုန်မြို့ရှိ ရွှေပြည်စံ ဆန်ဆိုင်ပိုင်ရှင် ဦးချမ်းက ပြောသည်။

မိုးရွာသွန်းမှု မပြတ်သောကြောင့် ယခင်နှစ်များထက် ယခုနှစ်တွင် ပို၍ နောက်ကျမှ စပါး ပေါ်ရသဖြင့် ဈေးတန်းတခု မြင့်လာခြင်းက အကြောင်းအရင်း တခုဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းပေါ်ချိန်မှာလည်း တလခန့် လိုသေးသောကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ချောဈေးမှာ မြင့်နေကြောင်း ၎င်းက သုံးသပ်သည်။

လက်ရှိအချိန်ထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈၅ သန်း နီးပါးခန့်ကို နိုင်ငံပေါင်း ၆၀ ကျော်သို့ တင်ပို့ထားပြီး တရုတ်နိုင်ငံသို့ ၅၀ ရာခိုင်နူန်းနှင့် အာဖရိက၊ ဥရောပ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိင်္လကာ အစရှိသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံက ပြည်ပနိုင်ငံများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၈၀ တန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ နိုင်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၈၀ တန်ဖိုးရှိ ဆန်တန်ချိန် တသန်းကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ကမ္ဘာ့ဆန်ဝယ်လိုအားများလာသည့် အပြင် ရန်ကုန်မှ သင်္ဘောတင် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်ထက် များလာသောကြောင့် ပြည်တွင်းဆန်ဈေးမှာလည်း လက်ကျန်နည်းနေခြင်းနှင့် စပါးလက်ကျန် နည်းနေခြင်း၊ ရာသီဥတု မကောင်းသဖြင့် စပါးပေါ်ချိန်နောက်ကျခြင်း စသည်တို့ကြောင့် ဆန်ဈေးမှာလည်း ဈေးအနည်းငယ်မြင့်တက်နေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

Your Thoughts …
Tags: ကုန်သည်စပါးဈေးတရုတ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
မပြယ်သော အနုပညာမွှေးရနံ့တွေ ဝေနေဆဲ ပန်းချီဆရာကြီး ဦးသုခ အမှတ်တရ ပန်းချီပြပွဲ

မပြယ်သော အနုပညာမွှေးရနံ့တွေ ဝေနေဆဲ ပန်းချီဆရာကြီး ဦးသုခ အမှတ်တရ ပန်းချီပြပွဲ

အစိုးရနှင့် UWSA/UWSP ခေါင်းဆောင်များ ပန်ဆန်းတွင် ယခုလ ၁၁ ရက်နေ့က တွေ့ဆုံစဉ်  / Ministry of Border Affairs / Facebook

ပြည်ထောင်စုမှ ဘယ်တော့မှ ခွဲမထွက်ဟု “ဝ” အဖွဲ့ ကတိပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved