• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရသတ်မှတ်သည့် စပါးဈေးအတိုင်း လယ်သမားများ ရောင်းခွင့်မရ

by ဆလိုင်းသန့်စင်
2 November 2019
in သတင်း
A A
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်ယာလုပ်ငန်းခွင် / ဆလိုင်းသန့်စင်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်ယာလုပ်ငန်းခွင် / ဆလိုင်းသန့်စင်

18.2k
VIEWS
Share on FacebookShare on Twitter

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အရည်အသွေးပြည့်မီသော စပါးတင်း ၁၀၀ လျှင် ၅ သိန်းဈေးဖြင့် ဝယ်ယူရန် သတ်မှတ်ကြေညာထားသည်။

သို့သော်လည်း ဧရာဝတီတိုင်းရှိ လယ်သမားများမှာ ဈေးကွက်ပေါက်ဈေး ၄ သိန်း ၅ သောင်းဝန်းကျင် နှုန်းဖြင့်သာ ကုန်သည်များထံ ရောင်းချနေရကြောင်း လယ်သမားများထံမှ စုံစမ်းသိရှိရသည်။

မအူပင်မြို့နယ်၊ ရေနံချောင်း ကျေးရွာမှ လယ်သမား ဦးလှဌေး က “ကျနော်တို့ မအူပင်မှာတော့ စပါးဈေးက အမြင့်ဆုံး ၄ သိန်း ၅ သောင်းကနေ ၄ သိန်း ၈ သောင်းဈေးပဲရှိတယ်။ ဒါက ကုန်သည် စက်ပိုင် ဝယ်တဲ့ ဈေးနှုန်းပေါ့။ လတ်တလောမှာ အကြမ်းစပါးတွေက စပေါ်ကုန်ပြီ။ နိုင်ငံတော်က ကြေညာတာ ၅ သိန်း ဆိုပေမယ့် ၅ သိန်းနဲ့ ဝယ်တဲ့သူမရှိပါဘူး။ အစိုးရကလည်း အဖွဲ့အစည်းနဲ့ ဆင်းဝယ်တာလည်း မရှိဘူး။ အဲတော့ လယ်သမားတွေမှာ ရတဲ့ဈေးနဲ့ ရောင်းနေရတယ်”ဟု ဧရာဝတီကို ပြောသည်။

“အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွန်းများနှင့်ကိုက်ညီသည့် တတင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ၏ အခြေခံ ရည်ညွန်းဈေးနှုန်းကို ကျပ်ငွေ (၅) သိန်းအဖြစ် သတ်မှတ်လိုက်သည်” ဟု တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြင့်တင်ရေးဦးဆောင်အဖွဲ့က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ဈေးကွက်ပေါက်ဈေးမှာ အခြေခံရည်ညွန်းဈေး ကျပ် (၅) သိန်းထက် မြင့်မားနေပါက ဈေးကွက်ပေါက်ဈေး အတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးမှာ အခြေခံရည်ညွန်းဈေး ကျပ် (၅) သိန်းအောက်တွင် ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ယခုသတ်မှတ်သော အခြေခံရည်ညွန်းဈေးနှုန်း (စပါးတင်း ၁၀၀ လျှင် ၅ သိန်းကျပ်ဈေး) မှာ ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါးတို့အတွက် ရည်ညွန်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

အခြေခံစပါးဈေးနှုန်း ကျပ် ၅ သိန်းအောက် ကျဆင်းခဲ့ပါက ဦးဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွဲ့စည်းထားသည့် ဝယ်ယူရေးကော်မတီများက စပါးဝယ်ယူသွားရန် မူဝါဒ ရေးဆွဲ ထားသည်။ သို့သော် လက်ရှိစပါးပေါ်ချိန်အထိ မြို့နယ်များတွင် စပါးဝယ်သည့်အစီအစဉ် ဆောင်ရွက်ခြင်း မရှိသည့်အတွက် လယ်သမားများမှာ စပါးတင်း ၁၀၀ လျှင် ၄ သိန်းကျော်ဈေးဖြင့် ကုန်သည်များထံ ရောင်းချနေရသည်။

စပါး(အကြမ်းအုပ်စု) ဈေးနှုန်းများမှာ ဟင်္သာတခရိုင်တွင် စပါးအရည်အသွေးအပေါ်မူတည်၍ တင်း ၁၀၀ လျှင်
၄ သိန်းကျပ်မှ ၄ သိန်း ၅ သောင်းကျပ်၊ မအူပင်ခရိုင်တွင် ၄ သိန်း ၅ သောင်းကျပ်မှ ၄ သိန်း ၈ သောင်းကျပ်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်တွင် ၄ သိန်း ၈ သောင်းမှ ၅ သိန်းကျပ်ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။

ဟု ကြံခင်းမြို့နယ်၊ ကိုးတောင်ကျေးရွာမှ လယ်သမား ဦးလှိုင်ကြည်က “အစိုးရသတ်မှတ်ပေးတဲ့ ၅ သိန်းဈေးလောက်ဆိုရင် မဆိုးဘူး။ အခုက ကြံခင်းမှာ ၄ သိန်းကျော်ရုံလေးပဲ ဈေးရတော့ ဘာမှ မကျန်တော့ဘူး။ ဆေးများများသုံးတဲ့လူဆို ပိုလို့တောင် မကိုက်ဘူး။ အစိုးရအနေနဲ့ အောက်ခြေ ဆင်းဝယ်ပေးမယ်ဆိုလည်း စပါးပေါ်ချိန်မှာ မြန်မြန်ဝယ်စေချင်ပါတယ်” ပြောသည်။

အစိုးရက စပါး ၁ တင်းလျှင် ၄၆ ပေါင်နှုန်းသတ်မှတ်ထားသော်လည်း အောက်ခြေမြို့နယ်အဆင့်တွင် ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များမှာ ယခင်ဝယ်သည့်နှုန်းထားဖြစ်သော စပါး ၁ တင်းလျှင် ပေါင်
၅၀ နှုန်းဖြင့်သာ ဝယ်ယူနေကြောင်း သိရသည်။ ထိုသို့ အစိုးရမှသတ်မှတ်သည့် အချင်အတွယ်နှုန်းထား
အသက်မဝင်မှုကြောင့် လယ်သမားများမှာ စပါးတင်း ၁၀၀ ရောင်းတိုင်း ပေါင် ၄၀၀ (၈ တင်းခန့်) နစ်နာမှုများ ဖြစ်ပေါ်နေသည်။

လက်ရှိတွင် စပါးဈေး ၅ သိန်းအောက် ကျဆင်းနေသော်လည်း နိုင်ငံတော်မှ စပါးဝယ်ယူမည့်အစီအစဉ်များ ဆောင်ရွက်ခြင်းမရှိသေးသည့်အပေါ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ဧရာဝတီတိုင်းဒေသကြီး၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ”စပါးဈေး ၅ သိန်းဈေးအောက်
ကျရင် ဝယ်ယူရေးကော်မတီနဲ့ ဝယ်ဖို့ကိစ္စကို ကျနော်တို့ ဆန်စက်အသင်းအဖွဲ့တွေနဲ့ ဧရာဝတီတိုင်း အစိုးရတို့ အစည်းအဝေး ၂ ကြိမ်ထိုင်ပြီးပါပြီ။ စပါးဝယ်ဖို့အတွက်လည်း စီမံချက်တွေ ဆွဲပြီးတော့ အစိုးရအဖွဲ့ဆီ ပြန်တင် ထားပါတယ်။ ဒီစီမံချက်ကို ကက်ဘိနက် (ဝန်ကြီးစုံညီအစည်း အဝေး) ကို တင်ပြအတည်ပြုချက်ယူပြီး ပြည်ထောင်စုအဆင့်ဆီက ဘတ်ဂျတ်တင်ပြတောင်းခံမယ်လို့ သိရပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ပြည်ပသို့ ဆန်တင်ပို့မှုပမာဏ တိုးတက်များပြားခဲ့ပြီး ပြည်ပသို့ ဆန်တင်ပို့မှုအားလုံး၏ ၅၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ၂၀၁၇ – ၁၈ ဘဏ္ဍာရေး နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒဿမ ၅၈ သန်းတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံးတင်ပို့ခဲ့သည့်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ဆန်တင်ပို့မှု များပြားခဲ့သည့်နှစ်များတွင် စပါး(အကြမ်းအုပ်စု) ဈေးနှုန်းမှာလည်း တင်း ၁၀၀ လျှင် ၅ သိန်း ၅ သောင်းကျပ်မှ ၆ သိန်း ၅ သောင်းကျပ်ဈေးအထိ မြင့်တက်ခဲ့သည်။

သို့သော် ၂၀၁၈ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံမှ မြန်မာ့ဆန် တရားမဝင်တင်သွင်းမှုများကို ဖမ်းဆီးပိတ်ပင်မှုများ ဆောင်ရွက်ခဲ့သည့်အတွက် ပြည်ပသို့ဆန်တင်ပို့မှုပမာဏမှာ ဆန်တန်ချိန် ၁ သန်းနီးပါးအထိ သိသာစွာ လျော့ကျခဲ့ပြီး မြန်မာ့ဆန်စပါး လောကတွင် ဝယ်လိုအားကျဆင်းခဲ့သည့်အတွက် စပါးဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

လက်ရှိ ၂၀၁၉ – ၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း တရုတ်နိုင်ငံမှ ဝယ်ယူမှု အနည်းငယ်သာ ရှိသည့်အတွက် စပါးဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေခဲ့ပြီး ၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်က သိုလှောင်ခဲ့ ကြသည့် ဧရာဝတီတိုင်းရှိ ဆန်စပါးကုန်သည်များမှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

You may also like these stories:

ဧရာဝတီတိုင်း မိုးစပါးဈေးနှုန်းမြင့်တက်

သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် မြန်မာ့ဆန်ဝယ်ရန် ထပ်မံကမ်းလှမ်း

တရုတ်သွားမည့် တရားမဝင် စပါးကား ၁၇ စီး ဖမ်းဆီးစစ်ဆေး

Your Thoughts …
Tags: စပါးဈေးအစိုးရဧရာဝတီတိုင်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
10k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.7k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
8.2k

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

Next Post
ဦးကျော်ဝမ်းစိန်နှင့် ဦးအန်ကန့် ဦးဆောင်သော NSCN-K မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ က ကျင်းပသည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး သို့ တက်ရောက် လာစဉ်  / ဧရာဝတီ

နာဂအဖွဲ့ NSCN-K မှ ခေါင်းဆောင်ပိုင်း၅ဦး ထုတ်ပယ်ခံရ

အခင်းဖြစ်ပွားရာ ပုဗ္ဗါရုံဘုန်းတော်ကြီးကျောင်းတိုက် / ကောင်းမြတ်မင်း /  ဧရာဝတီ

ပြည်မြို့တွင် ဘုန်းကြီးအချင်းချင်း ပုဆိန်ဖြင့် ခုတ်သတ်မှုဖြစ်ပွား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved