• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ညောင်ဦးက ရေနံ လက်ယက်တွင်း တူးဖော်နေမှုများ ပြန်လည် စိစစ်မည်

by ထက်ခေါင်လင်း
11 July 2019
in စီးပွားရေး
A A
ညောင်ဝန်း(တပ်မ) ရွာရှိ ရေနံ လက်ယက်တွင်းများ  / ဦးသာဂဒိုး

ညောင်ဝန်း(တပ်မ) ရွာရှိ ရေနံ လက်ယက်တွင်းများ / ဦးသာဂဒိုး

17.4k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိ ရေနံလက်ယက်တွင်းများ တရားဝင် တူးဖော်နေခြင်း ရှိမရှိ ဥပဒေ နှင့် အညီ ပြန်လည်စိစစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယခု ရေနံ လက်ယက်တွင်းများ တူးဖော်နေသည့် ညောင်ဦးမြို့နယ် ညောင်ဝန်း(တပ်မ) ရွာသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံမြို့နှင့် ၁၇ မိုင်ကျော် ဝေးကွာပြီး တူးဖော်နေသည့် ရေနံတွင်းပေါင်း၂ဝဝ နီးပါး ရှိနေကြောင်း ညောင်ဦး မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် က ပြောသည်။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
602
ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
2.2k
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.5k

အဆိုပါ ရေနံတွင်းများကို တရားဝင် ခွင့်ပြုချက်ဖြင့် တူးဖော်နေခြင်း ဟုတ် မဟုတ် စိစစ်ရန် အတွက် သက်ဆိုင်ရာ ဌာန များကို မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြီးခဲ့သည့် အပတ်က ညွှန်ကြားထားသည်ဟု ၎င်းက ဆိုသည်။

ယခု နောက်ပိုင်းတွင် ကုမ္ပဏီ၂ ခုနှင့် အတူ အနယ်နယ်အရပ်ရပ်မှ ဒေသခံများ လာရောက် တူးဖော်နေခြင်းကြောင့် မြေ ယာပြဿနာများ အပြင် တခြား လူမှုရေး ပြဿနာများပါ ဖြစ်ပွားလာသည့် အတွက် ထိုကဲ့သို့ စိစစ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဦးဝင်းမြင့်ခိုင်က ဆက်ပြောသည်။

၎င်းက“အဲ့ဒီ ရေနံတွင်း တူးတာတွေက ဟိုးအရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်ကတည်းက တူးခဲ့ကြတဲ့ ရာဇဝင် ရှိတယ်။ အခု နောက်ပိုင်းမှာလည်း ကုမ္ပဏီ၂ ခုက ခွင့်ပြုမိန့် ရခဲ့ဖူးတယ်လို့ ကြားတယ်။ လက်ရှိအထိ ခွင့်ပြုမိန့်ရ သလားတော့ ကျနော်လည်း မသိသေးဘူး။ အဓိက ပြဿနာက ဒေသခံတွေအပြင် အပြင်ကလူတွေပါ လာတူးကြတာ။ အဲဒီမှာ ယာမြေပိုင်ရှင်တွေနဲ့ ပြဿနာ ဖြစ်ပြီးတော့မှ အသံတွေ ထွက်လာတာ”ဟုလည်း ပြောဆို သည်။

အဆိုပါ ရေနံတွင်းများ တူးဖော်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရန် မန္တလေးတိုင်း အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး နှင့် သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူး များထံ ဆက်သွယ်သော်လည်း ဖုန်း လက်ခံဖြေကြားခြင်း မရှိပေ။

ရေနံတွင်းများကို ကုမ္ပဏီများ အပြင် ပြင်ပမှ လာတူးကြသူများသည် ယခင် တနိုင်တပိုင် လက်ယက်တွင်း ပုံစံမျိုး မလုပ် ကြဘဲ စက်များဖြင့် တူးဖော်နေကြသည့် အနေအထားမျိုး တွေ့ရှိရကြောင်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည့် ဦးမြင့်စိန်ကလည်း ပြောသည်။

ယခင် အချိန်များတွင် ကုမ္ပဏီများက ဒေသခံများကို ရေနံတွင်း တူးခွင့်ရရေး အတွက် လမ်း၊ လျှပ်စစ်မီးများ လုပ်ပေး မည် ဟု ပြောဆို စည်းရုံးပြီးမှ မလုပ်ပေးသည့် အတွက် ယခုလို ဒေသခံများနှင့် ရေနံတူးသူများကြား ပြဿနာဖြစ်ပေါ် လာရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

အသေးစားနှင့် အလတ်စား ရေနံ လက်ယက်တွင်း တူးဖော်မှုနှင့် ပတ်သက်ပြီး ဒေသ လူမှု ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေရေး အတွက် ၂၀၁၇ ခုနှစ်တွင် သမ္မတဟောင်း ဦးထင်ကျော်က လက်မှတ် ရေးထိုးကာ တရားဝင်လိုင်စင် လျှောက်ခွင့် အတွက် ရေနံလက်ယက်တွင်း ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပေးခဲ့သည်။

ဥပဒေ အရ လိုင်စင် မရှိဘဲ တူးဖော်နေမည်ဆိုလျှင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်သော် လည်းကောင်း၊ ငွေဒဏ် ကျပ် သိန်း ၅ဝ ထက်မနည်း ချမှတ်နိုင်ပြီး လိုင်စင်ရှိသော်လည်း သတ်မှတ်စည်းကမ်းချက်များ မလိုက်နာလျှင် ထောင်ဒဏ် ၃ နှစ် အထိ သော်လည်းကောင်း၊ ငွေဒဏ် သိန်း ၅ဝ သော်လည်းကောင်း ချမှတ်နိုင်သည့် အပြင် လူမှုပတ်ဝန်းကျင် ပြန်လည် ကုစားရမည့် ကုန်ကျငွေများကိုပါ ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ ရေနံထွက်ရှိသည့် ညောင်ဝန်း(တပ်မ)ရွာသည် ပုဂံမြို့သမိုင်း အရ အနော်ရထာမင်း စတင် တည်ထောင်စဉ်က တည်းက ရှိနေခဲ့သည့် ရွာပေါင်း ၁၉ ရွာတွင် တရွာ အပါအဝင် ဖြစ်သော်လည်း ယခုလ အတွင်း ပုဂံဒေသကို ကမ္ဘာ့ ရှေး ဟောင်း အမွေအနှစ် အဖြစ် သတ်မှတ်လိုက်သည့် အချိန်တွင် ပါဝင်သည့် ကျေးရွာ မဟုတ်ကြောင်း ပုဂံမြို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သုတေသနမှူး တဦးက ပြောသည်။

အဆိုပါ သုတေသနမှူး ဖြစ်သူက“အခု ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာက ရွာပေါင်း ၄၁ ရွာ ရှိ တယ်။ ပုဂံမြို့ပြ ဘုရားပုထိုးတွေရှိတဲ့ တောင်ဘက်မှာ ဆိုရင် တူရွင်းတောင် အနား ဝန်းကျင်ကနေ ဧရာဝတီမြစ် အနောက် ဘက်ကမ်းရှိ တန့်ကြည်တောင် အနီးဝန်းကျင်က ကျေးရွာတွေ အထိ ပါတယ်။ အခု ရေနံတူးနေတဲ့ ညောင်ဝန်း (တပ်မ) ရွာတော့ မပါဘူးဗျ။ သူက ပုဂံ အမွေအနှစ် ဒေသနဲ့ နည်းနည်း ဝေးတယ်”ဟု ပြောပြသည်။

လက်ရှိ အချိန်တွင် ညောင်ဝန်း(တပ်မ)ရွာတွင် ကုမ္ပဏီများ အပါအဝင် လာရောက် တူးဖော်နေကြသူများသည် တရက် လျှင် ရေနံစည် ၂ ပီပါမှ ပီပါ အလုံး ၂ဝ နီးပါး အထိ ထွက်ရှိနေကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများ ဘက်ကလည်း တရားဝင်မှု ရှိ မရှိ စိစစ်နိုင်မှု အားနည်းနေကြောင်း၊ တရားမဝင် တူးဖော်မှုများ ရှိနေကြောင်း ဒေသခံ ဦးသာဂဒိုးက ပြော သည်။

တရားမဝင် တူးဖော်နေကြသူ အများစုသည် မိမိတို့ ဒေသခံများ မဟုတ်ဘဲ အနယ်နယ်အရပ်ရပ်မှ စရိုက်မျိုးစုံဖြင့် လာ တူး ဖော်နေခြင်းကြောင့် မိမိတို့ ပတ်ဝန်းကျင်တွင် လူမှုရေးရာ အရှုပ်အထွေးများ ဖြစ်ပေါ်လာနေပြီဟု ၎င်းက ဆက်ပြော သည်။

ဦးသာဂဒိုးက“သူတို့ဘယ်လောက် အကျိုးအမြတ် ရှိလဲတော့ မပြောတတ်ဘူး။ လောလောဆယ် ကျနော်တို့ရွာမှာ ဘီယာ ဆိုင်တွေ မှိုလို ပေါက်နေပြီ။ ဒါ ထင်ရှားတဲ့ ပြယုဂ် တခုဖြစ်နေပြီ။ တခြားဟာတွေ ကျနော်မသိတာ ရှိကောင်း ရှိနိုင်ဦး မယ်။ တချို့ယာပိုင်ရှင်တွေက သူတို့လတ်တလော ၁ တွင်းတူးရင် သိန်းနဲ့ချီ ရတဲ့ပိုက်ဆံကိုပဲ မြင်တာ။ တွင်းတူးပြီးသား မြေယာ က ယာစိုက်ခင်း စိုက်လို့မှ မရတော့တာ သူတို့မသိကြဘူး”ဟု ဆိုသည်။

ထို့ပြင် ဒေသခံများ အနေဖြင့် တရားဝင် တူးဖော်ခွင့် ရမည်ဆိုလျှင် လုပ်ကိုင်ချင်သည့် ဆန္ဒများ ရှိသော်လည်း အစိုးရ ဘက် မှ တရားဝင်၊ မဝင် သေချာမှု မရှိကြသည့် အတွက် ဒေသခံများက ရေနံတူးဖော်ရေး အတွက် စိုးရွံ့နေကြရသည် ဟု အဆိုပါ ညောင်ဝန်း(တပ်မ)ရွာမှ ရေနံတွင်းများတွင် နေ့စား လုပ်ကိုင်နေသည့် ကိုကျော်ဝင်း ကလည်း ပြောသည်။

ရေနံတွင်း တတွင်းလျှင် ကျပ်သိန်း ၇ဝ နီးပါးမျှ ရင်းနှီးမြှုပ်နံှကြရပြီး တရားမဝင်သည့် အတွက် ဖမ်းဆီး အရေးယူ ခံရမည့် အရေးကို ဒေသခံများက စိုးရွံ့နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။

ကိုကျော်ဝင်းက“တရားဝင် လုပ်ခွင့်သာပေးကြည့်။ ကျနော်တို့ဒေသ ဖွံ့ဖြိုးရေးကို ကျနော်တို့ ကိုယ်တိုင် ဦးဆောင် လုပ်လာ နိုင်ပြီ။ အခုက ရွာကလူတွေက လုပ်ချင်တယ်။ ဒါပေမယ့် သိန်းချီ ရင်းပြီးမှ ပိတ်ဆိုရင် ကျနော်တို့လို လူတွေ အတွက်က အဆုံးမခံနိုင်ဘူး။ အခု တူးနေကြတဲ့သူတွေက ၂ နှစ်လောက် လုပ်စားပြီးသွားပြီ။ သူတို့က ပိတ်ဆိုလည်း ပိတ်လိုက်လို့ သူတို့ မရှုံးဘူး။ ကုမ္ပဏီတွေ ဆိုတဲ့ ဟာတွေကလည်း တရားဝင်လား၊ မဝင်လား ဘယ်ဒေသခံကိုမှ ရှင်း ရှင်း လင်းလင်း ချမပြဘူး။ အဲဒါကြောင့် ကျနော်တို့ဒေသက သယံဇာတဟာ ကျနော်တို့ သုံးစွဲခွင့် မရသလို ဖြစ်နေ တယ်”ဟု ပြောဆိုသည်။

You May Also Like These Stories:

မကွေးဒေသ ရေနံမှော်များ အစိုးရ ဘယ်လို ကိုင်တွယ်မလဲ

ရေနံမှော်တွင်း ကျင်လည်နေကြသူများ

မကွေးရေနံလက်ယက်တွင်းများ ဥပဒေနှင့်အညီလုပ်ကိုင်ရန် တိုင်းသယံဇာတဝန်ကြီး တိုက်တွန်း

Your Thoughts …
Tags: ရေနံ လက်ယက်တွင်း
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဟံသာဝတီ လေဆိပ် စီမံကိန်း ပုံကြမ်း  / MOI

ဟံသာဝတီ လေဆိပ် စီမံကိန်း လာမည့်နှစ်တွင် စတင် နိုင်ဖွယ်ရှိဟု ဆို

Justice for Victoria ဆိုတဲ့ ဆိုရှယ်မီဒီယာ လှုံ့ဆော်မှုက ရက်ပေါင်း ၂၇ ရက်အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ လှုံ့ဆော်မှုကြီးတခု ဖြစ်လာခဲ့တယ်

ဗစ်တိုးရီးယားရဲ့ ဆိုရှယ်မီဒီယာ အစကို ဆွဲထုတ်ခြင်း

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate