• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာပြည်ထုတ် လက်ဝတ်ရတနာများ ဂျပန်နိုင်ငံက မှာယူမှုများလာ

by မျိုးပပစန်း
10 August 2019
in စီးပွားရေး
A A
ပြည်ပသို့ ရွှေတင်ပို့ရေး အခက်အခဲများ ရှိ၍ မပို့နိုင်သေး

ပြည်ပသို့ ရွှေတင်ပို့ရေး အခက်အခဲများ ရှိ၍ မပို့နိုင်သေး

9.2k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံမှ မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာများနှင့် ရွှေထည်ဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများကို အော်ဒါ အမှာများ မြင့်တက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။

“ဂျပန်နိုင်ငံကို ၂ ကြိမ် တင်ပို့ပြီးသွားပြီ။ One Stop Service Center ကနေ တင်ပို့တာ ဖြစ်တယ်။ အော်ဒါတွေတော့ တောက်လျှောက် တက်နေတယ်။ ဒါပေမယ့် ဒီက လက်နဲ့ လုပ်တာဆိုတော့ မှာသလောက် မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်။ အဲဒီ အမျိုးအစား ၄၅၀ က တရုတ် အယူအဆ၊ ဂျပန် အယူအဆ ဖြစ်တဲ့ လက်စွပ်လေးတွေ၊ နဂါးရုပ်လေးတွေ၊ ကျားရုပ် လေးတွေ လုပ်ပြီး ပြည်တွင်းကနေ ဂျပန်ကို ပို့တာဖြစ်တယ်။ ဒါမျိုးက မြန်မာမှာလည်း ရှိတယ်။ ဂြိုဟ်ပြေနာမ်ပြေ ဝတ်တာလေးတွေ၊ တင်ပို့နေတာပါ” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရှင်းပြသည်။

လက်ဝတ်ရတနာများ တင်ပို့ရာတွင် အရည်အသွေး မြင့်သည့် ပထ္တမြားနှင့် ကျောက်စိမ်းများ မဟုတ်ဘဲ အရည်အသွေး အတန်အသင့် ရှိသော ကျောက်မျက်များကို ရွှေနှင့်ကွင်း၍ လက်ဝတ်ရတနာ ပြုလုပ်ကာ တင်ပို့ခြင်း ဖြစ်ပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ ၃ သောင်းမှ ၄ သောင်းဖိုးခန့် တင်ပို့ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အနေဖြင့် လက်ရှိတွင် Taw Win Myint Ruby Trading Co., Ltd. နှင့် ချိတ်ဆက်၍ မြန်မာ့ ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်း အမျိုးအစား ၄၅၀ ခန့်ကို ဂျပန်သို့ ဇူလိုင်လမှ စတင်တင်ပို့ခဲ့ပြီး ယခုလအတွင်း ဒုတိယအကြိမ် တင်ပို့ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
235
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ရွှေလုပ်ငန်းရှင်လည်းဖြစ်သူ ဦးမျိုးမြင့် က “ပတ္တမြား အရိုင်း အညံ့စားပေါ့။ အဲဒါကို အရုပ်လေးတွေ လုပ်တာပေါ့။ ကျောက် စိမ်း ဆိုရင်လည်း ကျောက်စိမ်း အကာလေးတွေပေါ့။ လက်ဝတ်တန်ဆာ လုပ်ပြီး ရောင်းတာ။ ဈေးလည်း နည်းတော့ ဟိုဘက်က အမှတ်တရ ပစ္စည်း အနေနဲ့ ဝယ်ကြပြုကြတာ” ဟု ရှင်းပြသည်။

ဂျပန်နိုင်ငံမှ ယခုကဲ့သို့ မြန်မာ့ ကျောက်မျက်များ ဝယ်ယူခြင်းသည် လက်မှုပညာကို စိတ်ဝင်စားခြင်းထက် ဈေးနှုန်း နည်းပါးသောကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံမှ တန်ဖိုးကျပ် ၂၅၀၀၊ ၃၀၀၀ တန် ကျောက်ကို လက်စွပ်ကွင်းလိုက်ပါက ဂျပန်နိုင်ငံတွင် ဒေါ်လာ ၅၀ မှ ၁၀၀ ကြား ရရှိသည်ဟု သိရသည်။

အစိုးရက ရွှေကို ပြည်ပသို့ တင်ပို့ခြင်း၊ တင်သွင်းခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် တရားဝင် ခွင့်ပြုခဲ့ပြီး ပို့ကုန်၊ သွင်းကုန်အတွက် တနေရာတည်း အပြီးဆောင်ရွက်နိုင်သော One Stop Service စင်တာကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်ရှိ Culture Valley ၌ စက်တင်ဘာ ၂၄ ရက်က မြန်မာ ရွှေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပေး ဖွင့်လှစ်ထားပြီး ဖြစ်သည်။

လက်ရှိတွင် ရွှေမှာ တရားဝင် တင်ပို့၊ တင်သွင်းခွင့် မရရှိသေးသော်လည်း နယ်စပ်လမ်းကြောင်းများမှတဆင့် မှောင်ခို အရောင်းအဝယ် လုပ်နေကြကြောင်း၊ ပြည်ပမှ ရွှေများလည်း ပြည်တွင်းသို့ တင်သွင်းမှုများ ရှိနေပြီး ပမာဏအားဖြင့် မည်၍ မည်မျှ ရှိသည်ကိုမူ အတိအကျ သိရှိနိုင်ရန် အားနည်းနေသေးကြောင်း ဗဟိုဘဏ်မှ သိရသည်။

Your Thoughts …
Tags: ကျောက်မျက်လက်ဝတ်ရတနာ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

by ဧရာဝတီ
31 October 2023
26.6k

ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ

မိန်းမ နှင့် ရွှေ

မိန်းမ နှင့် ရွှေ

by ခင်ဆွေဦး
14 January 2024
1.7k

အင်္ဂလိပ် စကားပုံမှာ ဝါဝါမြင်တိုင်း ရွှေမမှတ်နဲ့ (All That glitter is not gold) ဆိုတာလေ။ ဒါကတော့ လူရဲ့ ဟန်ဆောင် စရိုက်ကို နိမိတ်ပုံနဲ့ ပြောသွားခဲ့တာပါ။

TNLA ရုံးနှင့် ကျောက်မျက်ကုမ္ပဏီများ မိုးကုတ်မှ ထွက်ခွာ

TNLA ရုံးနှင့် ကျောက်မျက်ကုမ္ပဏီများ မိုးကုတ်မှ ထွက်ခွာ

by သူရမောင်
26 November 2025
1.3k

စစ်ကော်မရှင်တပ်သည် နောင်ချို- မိုးကုတ်လမ်းပိုင်း မိုးကုတ်နှင့် ၁၅ မိုင်အကွာရှိ ရှမ်းလမ်းဆုံတွင် ရောက်ရှိ နေပြီး ရှမ်းလမ်းဆုံမှ မိုးကုတ်ထိ လမ်းပိုင်းကို TNLA တပ်ဖွဲ့တခုသာ ထိန်းချုပ်ထားသောကြောင့် ထိုလမ်းပိုင်းမှ စစ်ကော်မ ရှင်တပ်များ ဝင်ရောက်လာဖွယ်ရှိကြောင်း ယူဆရသည်။

မိုးကုတ်မြို့ကို အထက်စီးမှ မြင်ရစဉ်

မိုးကုတ်ရတနာမြေ ကျောက်မျက်တူးဖော်ခွင့် ချပေးရန် NUG စီစဉ်နေ

by ဧရာဝတီ
17 January 2023
2.5k

ယခုစီမံကိန်းတွင် အစိုးရမှ ၅၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင်ဘက်မှ ၄၁ ရာခိုင်နှုန်း ရရှိမည့် ရှယ်ယာစနစ်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း

တချို့သော ကျောက်မျက်တွေရဲ့ ဓာတ်သဘောဟာ မကောင်းစွမ်းအင်တွေကနေ ကာကွယ် ပေးနိုင်တယ်လို့ လူအချို့က ယုံကြည်ထားကြပါတယ်။

မိမိကို မကောင်းကြံသူတွေနဲ့ မကောင်းတဲ့ စွမ်းအင်တွေကနေ ကာကွယ်ပေးတဲ့ ကျောက်မျက်များ

by ဟယ်လ်သင်
15 February 2020
19.8k

ကောင်းမွန်တဲ့ အသက်ရှင် နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်တဲ့ ကျောက်တမျိုးဖြစ်ပြီး မကောင်းတဲ့ စွမ်းအင်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

နေပြည်တော် ကျောက်မျက်ပြပွဲတပွဲတွင် ကျောက်စိမ်းကို စိတ်ဝင်စားနေသော တရုတ်ကုန်သည်များ / ဧရာဝတီ

ကျောက်မျက်ကျောက်စိမ်း မှောင်ခိုမှုကြောင့် ဘီလျံချီ ဆုံးရှုံးနေ

by Aubrey Menarndt
25 March 2019
7.5k

ကျောက်စိမ်းနှင့်ကျောက်မျက် ထုတ်လုပ်ရာတွင် စည်းကမ်းထိန်းချုပ်မှု မကောင်းသောကြောင့် ထုတ်လုပ်မှု ၃ ပုံ ၂ ပုံ၏ အခွန်အကောက်များ ဆုံးရှုံးနေကြောင်း NGRI ၏ အစီရင်ခံစာသစ်အရ သိရသည်။

Next Post
အရသာရှိတဲ့ လေးရောင်စပ်အကြော်နဲ့ တော့ပုကီ

Kang’s Kitchen ထဲကအတိုင်း လေးရောင်စပ်အကြော်နဲ့ တော့ပုကီ လုပ်စားရအောင်

၂၀၁၇ခုနှစ် သြဂုတ် ၁၂ ရက်က KNU ဗဟိုဌာနချုပ်တွင် ကျင်းပသည့် ကရင့် အာဇာနည်နေ့ အခမ်းအနား / ငြိမ်းငြိမ်း / ဧရာဝတီ

ကရင့်အာဇာနည် အသုံးအနှုန်း မသုံးရန် အစိုးရ တားမြစ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved