• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်လုပ်ငန်းများ ပိတ်သဖြင့် မြန်မာ ပို့ကုန်တင်ပို့သူများ အကြီးအကျယ် အထိနာ

by နန်းလွင်
15 February 2020
in စီးပွားရေး
A A
မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ် / ဇော်ဇော်

မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ် / ဇော်ဇော်

10.7k
VIEWS
Share on FacebookShare on Twitter

မြန်မာန်ိုင်ငံမြောက်ပိုင်း အိမ်နီးချင်းတရုတ်နိုင်ငံတွင် အလယ်ပိုင်းမြို့ကြီးဖြစ်သော ဝူဟန်မှ စတင်ကူးစက်သည့် ကိုရိုနာဗိုင်းရပ်သည် တနိုင်ငံလုံး ပျံ့နှံ့သွားကာ လူထောင်ကျော်သေဆုံးခဲ့သောကြောင့် တရုတ်နှင့် ကုန်သွယ်ရာတွင် အကြီးမားဆုံး ဂိတ်ပေါက်ဖြစ်သော ရှမ်းပြည်နယ် မူဆယ်တွင် ကုန်သွယ်မှုမှာ ဇန်နဝါရီလ နှောင်းပိုင်းမှ စတင်ပြီး ရပ်ဆိုင်းကုန်သည်။

လူအသေအပျောက်များသော ထိုရောဂါ ကူးစက်မှုကို ပူပန်ပြီး တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ခြင်းကို ရပ်ထားသောကြောင့် လွန်ခဲ့သော နှစ်ပတ်အတွင်း မြန်မာကုန်သွယ်ရေးကဏ္ဍသည် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးရပြီး ထိုသက်ရောက်မှုကို ကုန်သည်များ၊ စိုက်ပျိုးရေးသမားများ၊ ကုန်ထုတ်လုပ်သူများနှင့် အလုပ်သမားများ အဓိက ခံစားနေရသည်။

“ဒီက လုပ်ငန်းတွေရဲ့ ၉၅ ရာခိုင်နှုန်းကတော့ ရပ်နေတယ်။ ဒါပထမဆုံးအကြိမ်ပဲ။ ဒီလိုမျိုးတခါမှ မကြုံဖူးဘူး” ဟု မူဆယ် ဆန်လက်ကားအရောင်းဌာန ဒုတိယ ဥက္ကဌ ဦးမင်းသိန်းက ဧရာဝတီသတင်းဌာန သို့ပြောသည်။

“တရုတ်ပြည်ကို ဆန်တင်ပို့တာက လုံးဝရပ်သွားတယ်။ အလုပ်သမားတွေအားလုံးကို အိမ်ပြန်ခွင့်ပေးထားရတယ်” ဟု သူပြောသည်။

ကိုရိုနာဗိုင်းရပ် အလျင်အမြန်ပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန် တရုတ်အစိုးရက ခရီးသွားလာခွင့် ပိတ်ပင်ခြင်းကြောင့် တရုတ်ပြည်တွင်းပြည်ပ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ကုန်သည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိက ပို့ကုန်များဖြစ်သည့် ဆန်၊ သကြား၊ ပြောင်း၊ ဖရဲ၊ သခွားမွှေး၊ ပုဇွန်၊ ဂဏန်း၊ ငါးရှဉ့် တို့တင်ပို့ခြင်းသည် အဓိက နယ်စပ်ဂိတ်များဖြစ်သည့် ရှမ်းပြည်နယ်မှ မူဆယ်နှင့် ချင်းရွှေဟော်နှင့် ကချင်ပြည်နယ်မှ ကန်ပိုက်တီးတို့တွင် လုံးဝနီးပါး ရပ်ဆိုင်းနေသည်။

တင်ပို့သူများအကြားတွင် ဖရဲစိုက်လယ်သမားများသည် ခူးဆွတ်သမျှအားလုံးကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ရည်ရွယ်ထားသောကြောင့် အထိအနာဆုံးဖြစ်သည်။ မြန်မာဖရဲသီး ထုတ်လုပ်တင်ပို့သူများအသင်း၏ အဆိုအရ ဇန်နဝါရီလလယ်မှ စတင်ပြီး နှေးကွေးနေသည်။ ဝယ်မည့်သူမရှိသောကြောင့် လက်ရှိအချိန်တွင် ဖရဲသီးတင်ပို့မှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ဈေးနှုန်းများလည်း ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ဖရဲသီးနှင့် သခွားမွှေး တန်ချိန်ထောင်ပေါင်းများစွာသည် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ပိတ်မိနေသည်။

“ဖရဲသီး တန်ချိန်ထောင်ပေါင်းများစွာဟာ မကြာခင်မှာ ပုပ်ကုန်တော့မယ်။ ဒေသခံတွေကို အလကားပေးနေရတယ်။ တချို့ ထရပ်ကားတွေက မူဆယ်ကနေပြန်သွားပြီ” ဟု မူဆယ်မှ ဖရဲသီးကုန်သည် စိုင်းသိန်းဝင်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“နောက်ထပ်ဖရဲသီးခူးတဲ့ ရာသီကရောက်လာတော့မယ်။ ဘာလုပ်ရမလဲဆိုတာကို ကျနော်တို့ မသိသေးဘူး” ဟု စိုင်းသိန်းဝင်းပြောသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
215
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

မူဆယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အရာရှိများ၏ အဆိုအရ ဆန်၊ သကြား၊ ပြောင်း၊ ပုဇွန်၊ ပင်လယ်ကဏန်းနှင့် ငါးရှဉ့်တင်ပို့မှု လုံးဝရပ်ဆိုင်းနေကြောင်း သိရသည်။ တချိန်တည်းတွင် ထရပ်ကားအစင်း ၁၀၀၀ ခန့်ရှိသော ပို့ကုန်များသည် ကုန်သွယ်ရေးဌာနအတွင်းနှင့်အနီးပါတ်ဝန်းကျင်တွင် သောင်တင်နေသည်။

တရုတ်ဝယ်လိုအား မရှိတော့သောကြောင့် ဧရာဝတီတိုင်းတွင် ဂဏန်းထုတ်လုပ်သော လုပ်ငန်း ၂၀၀ ကျော်ကို ယာယီပိတ်ထားရပြီး အလုပ်သမား ၃၀၀၀၀ အလုပ်လက်မဲ့ဖြစ်ရသည်ဟု လပ်ပွတ္တာ ဂဏန်းထုတ်လုပ်သူများအသင်း၏ အဆိုအရ သိရသည်။ လပ်ပွတ္တာ မြို့နယ်မှ ဂဏန်း ၁၀ တန်ကျော်ကို တရုတ်နိုင်ငံသို့ နေ့စဉ်တင်ပို့နေသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ဧရာဝတီတိုင်း၊ ရခိုင်နှင့် ရန်ကုန်မှ တရုတ်နိုင်ငံသို့ ဂဏန်းတင်ပို့မှု လုံး၀ ရပ်ဆိုင်းသွားသည်။

ဗိုင်းရပ်ကူးစက်မှုကြောင့် တရုတ်ဝယ်လက်များက မြန်မာနိုင်ငံမှ ဂဏန်းများကို လက်မခံတော့သောကြောင့် ဂဏန်းထုတ်လုပ်သူအားလုံးနီးပါး လုပ်ငန်းများရပ်ဆိုင်းထားရကြောင်း ဂဏန်းထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးမြတ်ဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“တရုတ်နိုင်ငံကို ဂဏန်းပို့လို့ မရတော့ဘူး။ အကုန်ပြန်သယ်လာရတယ်” ဟု သူပြောသည်။

“အလုပ်သမားတွေအားလုံး အရမ်း စိတ်ပျက်နေကြတယ်။ ဗိုင်းရပ်ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းနေရတယ်” ဟု ဦး မြတ်ဦး ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အချက်အလက်များအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကို မည်မျှမှီခိုနေရကြောင်းပြသနေသည်။ လွန်ခဲ့သော ဘာဏ္ဍာရေးနှစ် ၂၀၁၈-၁၉ တရုတ်နှင့် မြန်မာအကြား စုစုပေါင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလျံ (ကျပ် ၁၆.၅ ထရီလျံ) ရှိပြီး မြန်မာနိုင်ငံက ကုန်စည် ဒေါ်လာ ၅ ဘီလျံဖိုးတင်ပို့ပြီး ဒေါ်လာ ၆.၃ ဘီလျံဖိုး ပြန်လည်တင်သွင်းသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် မြန်မာနိုင်ငံသည် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး တရက်လျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းဆုံးရှုံးနေကြောင့် အထက်ပါ ဝန်ကြီးဌာန၏ ကိန်းဂဏန်းများက ပြသနေသည်။ တရုတ်နိုင်ငံပြည်ပကုန်သွယ်ရေး သွင်းကုန်ပို့ကုန် ခွင့်ပြုချက်လိုင်စင်လျှောက်ထားမှု လုံးဝမရှိသည်မှာ နှစ်ပတ်ကြာပြီဖြစ်သည်။

မူဆယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်/ဇော်ဇော်

လွန်ခဲ့သောနှစ်က မူဆယ် နယ်စပ်ဂိတ်မှ နှစ်နိုင်ငံကုန်သွယ်မင အမေရိကန်ဒေါ်လာ ၄.၉ ဘီလျံဖိုးရှိသည်။ မြန်မာနိုင်ငံက ဒေါ်လာ ၃.၁ ဘီလျံတန် ကုန်စည်များကို တရုတ်သို့တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁.၇ ဘီလျှံဖိုး ပြန်လည်တင်သွင်းသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ မူဆယ်မှတဆင့် ကုန်စည် အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံဖိုး တင်ပို့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

မူဆယ်နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေး၏ ၅၀ ရာခိုင်နှုန်းကျော်ကို  ကိုင်တွယ်နေသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံသည် မူဆယ်မှ တရုတ်နှင့်ကုန်သွယ်မှု တနေ့လျှင် အမေရိကန်ဒေါ်လာ ၈ သန်းဖိုး ဆုံးရှုံးနေသည်။

ကချင်ပြည်နယ်တွင် တရုတ်ကျောထောက်နောက်ခံပြု တစ်ရှူး ငှက်ပျောစိုက်ခင်းအလုပ်သမား ထောင်ပေါင်းများစွာမှာ ဗိုင်းရပ်ပိုးပျံ့နှံ့မှုကြောင့် နှစ်သစ်ကူးအတွက် တရုတ်န်ိုင်ငံသို့ ပြန်သော ပိုင်ရှင်များပြန်မလာနိုင်သောကြောင့် လုပ်အားခများမရဘဲဖြစ်နေကြကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီဌာန၏ အဆိုအရသိရသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် မြန်မာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်းနှင့် ၂၀၀၂ ခုနှစ်က SARS ရောဂါဖြစ်ပွားစဉ်ကထက် အခြေအနေဆိုးရွားကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်  (UMFCCI) ဒုတိယ ဥက္ကဌ ဦးမောင်မောင်လေးပြောသည်။

“တရုတ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေလို့ စီးပွားရေး နှေးကွေးသွားတယ်။ တရုတ်နဲ့ စီးပွားရေးလုပ်ငန်း အများအပြား ရွှေ့ဆိုင်းထားရတယ်” ဟု ဦးမောင်မောင်လေးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ အခုဖြစ်ရပ်ကနေ သင်ခန်းစာယူသင့်တယ်။ တရုတ်နိုင်ငံကို အရမ်းမှီခိုနေမယ့်အစား အခြားဈေးကွက်တခု ရှာသင့်တယ်” ဟုလည်း သူပြောသည်။

ယခုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့်  မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်သစ်များရှာဖွေခြင်း အပါအဝင် အရေးပေါ်စီမံချက်ရေးဆွဲရန်အတွက် ကော်မတီတရပ်ဖွဲ့စည်း ရန် UMFCCI စီစဉ်နေသည်။

ဝန်ကြီးဌာနသည် ဗိုင်းရပ်ပိုးပျံ့နှံ့မှုကြောင့် ဆုံးရှုံးမှုများကို အစားထိုးရန် မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်သစ်များ ရှာဖွေနေကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့က မြန်မာနိုင်ငံ၏ ပို့ကုန်မူဝါဒသစ်ကို မိတ်ဆက်သော သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ကပြောသည်။

ထိုသေနင်္ဂဗျူဟာသစ်အရ စက်မှု၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ၊ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း၊ သစ်တောထွက်ပစ္စည်း၊ လယ်ယာထုတ်ကုန် ပြုပြင်ထုတ်လုပ်ခြင်း၊ ငါးလုပ်ငန်း၊ ဒစ်ဂျစ်တယ်ထုတ်ကုန်နှင့် ဝန်ဆောင်မှု စသည့် ကဏ္ဍသစ်များနှင့် လက်ရှိကဏ္ဍများကို အာရုံစူးစိုက်မည်ဖြစ်သည်။

ကုန်သွယ်ရေးမြှင့်တင်ရန် မြန်မာအစိုးရ၏ အမျိုးသားပို့ကုန် သေနင်္ဂဗျူဟာ (NES) ၂၀၂၀-၂၀၂၅ အကောင်အထည်ဖေါ်ခြင်းကို ယခုဗိုင်းရပ်ကူးစက်မှုက အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်းစီးပွားရေး ပညာရှင်များ သတိပေးသည်။

“အစိုးရအနေနဲ့ အချိန်တိုအတွင်းမှာ ဈေးကွက်သစ်ရှာဖို့ မဖြစ်နိုင်ဘူး။ အခြေအနေယိုယွင်း ပြီးမှ အဖြေကို ရှာနေရင် သိပ်နောက်ကျသွားမယ်။ နောက်တကြိမ် ဒ်ီလိုမျိုး ထိခိုက်မှု မရှိအောင် အစိုးရအနေနဲ့ အရန်စီမံချက်ရှိရမယ်” ဟု စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“ ဈေးကွက်သစ်ရှာတာနဲ့ပတ်သက်ရင် အစိုးရအနေနဲ့ ရေရှည်အတွက် သေနင်္ဂဗျူဟာ စီမံချက် ရေးဆွဲဖို့ လိုတယ်။ အစိုးရချင်း သဘောတူညီမရှိဘဲနဲ့ကို  မြန်မာနိုင်ငံက ပို့ကုန်တွေကို လက်ခံတဲ့နိုင်ငံ အများအပြားရှိတယ်” ဟုလည်းသူပြောသည်။

“အစိုးရအနေနဲက ဒီနိုင်ငံတွေနဲ့ အစိုးရချင်း ပို့ကုန်သဘောတူညီမှု ရှိဖို့လိုတယ်။ အစိုးရချင်း သဘောတူညီမှုတွေဟာ အာမခံချက်ရှိပြီး ချိုးဖေါက်ဖို့ ခက်တယ်။ ဒါမှပဲ တရုတ်အပေါ် အလွန်အကျွံ မှီခိုမှုကို လျှော့ချနိုင်မယ်” ဟု လည်းသူပြောသည်။

တရုတ်နိုင်ငံမှ ဗိုင်းရပ်ပိုးပျံ့နှံ့မှုသည် မြန်မာတနိုင်ငံတည်းကိုသာ ထိခိုက်စေသည်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးကိုလည်း ရိုက်ခတ်ခဲ့သည်။ တရုတ်မှ စက်ရုံများသည် ကုန်ပစ္စည်း အစိတ်အပိုင်းများ မထုတ်လုပ်နိုင်တော့သောကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားမှ ကုန်ထုတ်လုပ်သူအများအပြားသည် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်။ အရေးပါသော စက်မှုလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်ရန် တရုတ်အစိုးရက တိုက်တွန်းနေကြောင်း တရုတ်အစိုးရပိုင် မီဒီယာ၏ အဆိုအရ သိရသည်။ တရုတ်နှစ်သစ်ကူး အားလပ်ရက်ကို အရေးပေါ်တိုးချဲ့ခဲ့ပြီးနောက် ပြီးခဲ့သော တနင်္လာနေ့တွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခွင့်ပြုရန် ပြည်နယ်အများအပြားက တောင်းဆိုနေခဲ့ကြသည်။

တရုတ်ဝယ်လက်များ ဖေဖေါ်ဝါရီလ ၁၀ ရက်ခန့်တွင် ပြန်လာနိုင်သည်ဟု မြန်မာကုန်သည်များက မျှော်လင့်ခဲ့ကြသည်။ သို့သော် အင်္ဂါနေ့အထိ နယ်စပ် ကုန်သွယ်ရေး စခန်းတွင် လူသူကင်းမဲ့နေသည်။ အခြေအနေသည် ၎င်းတို့ထင်ထားသည်ထက် ပိုမိုဆိုးရွားကြောင်း ကုန်သည်များ၊ ထုတ်လုပ်သူများနှင့် အလုပ်သမားများ သိရှိ ပူပန်နေကြသည်။

နယ်စပ်ကုန်သွယ်ရေးသည် ဖေဖေါ်ဝါရီလ ၂၃ နောက်ပိုင်းမှ ပြန်စနိုင်မည်ဖြစ်ကြောင်း တရုတ်ကုန်သည်များက WeChat မှ အကြောင်းကြားကြောင်း အချို့ မြန်မာကုန်သည်များက ဆိုသည်။

“ခုချိန်အထိတော့ အားလုံးက တိတ်ဆိတ်နေတုန်းပဲ” ဟု ဦးမင်းသိန်းပြောသည်။

“ရောဂါပိုး ပျံ့နှံ့မှုက ကျနော်တို့ထင်ထားတာထက် ပိုကြာနေရင် ဘာဖြစ်မလဲဆိုတာကို ပိုစိတ်ပူလာနေကြတယ်။ ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ် အထိနာမယ်” ဟု သူပြောသည်။

( Nan Lwin ၏ With Virus-Hit China ‘Closed for Business’, Myanmar Exporters Feel the Pinch ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ကိုရိုနာဗိုင်းရပ်စ်ဂယက် ပုဂံဒေသ ခရီးသွား ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း

တရုတ်မှ အထည်ကုန်ကြမ်း မဝင်တော့၍ အခြားနိုင်ငံများ တင်သွင်းရန် စီစဉ်နေ

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသဖြင့် ပဲနှမ်း ဈေးကွက် ၁၅ ရာနှုန်းခန့် ကျဆင်း

ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှု မူဆယ်နယ်စပ်တွင် နေ့စဉ် ဖရဲ ၅ တန်နီးပါး စွန့်ပစ်နေရ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ကုန်သွယ်ရေးပို့ကုန်မူဆယ်အထိနာ
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ရမခ တိုင်းမှူး အလင်းဝင်ရန် ညီနောင်သုံးဖွဲ့ ကမ်းလှမ်း

ရမခ တိုင်းမှူး အလင်းဝင်ရန် ညီနောင်သုံးဖွဲ့ ကမ်းလှမ်း

by ဧရာဝတီ
8 August 2024
17.6k

ရမခ တိုင်းမှူးသစ်ဖြစ်လာသူ ဗိုလ်မှူးချုပ်စိုးလှိုင်သည် မူဆယ်မှနေ၍ စစ်ဆင်ရေးကို ကွပ်ကဲနေခဲ့ပြီးနောက် ရက်ပိုင်းအတွင်း သြဂုတ်လ ၃ ရက်၌ လားရှိုး ရမခ ကို MNDAA ဦးဆောင်သည်သည့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်

by မိုင်းခြိူဝ်းဇာရ်
16 November 2023
8.9k

မူဆယ်မြို့ဟာ တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးဂိတ်ရှိရာမြို့ဖြစ်ပြီး နမ့်ခမ်းမြို့ကတော့ TNLA က နိုဝင်ဘာ ၇ ရက်နေ့မှာ တိုက်ခိုက်ထိန်းချုပ်ထားပါတယ်။

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

by ဧရာဝတီ
25 November 2023
8.1k

အတိုချုံး ထုတ်ပြန်ချက်တွင် အချိန်နှင့် တပ်ဖွဲ့ဝင်အရေအတွက် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

Next Post
အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဟာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကို သဘာဝအတိုင်း ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းများ

ကျောင်းပြောင်းမယ်

ကျောင်းပြောင်းမယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved