• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပဲမျိုးစုံ စိုက်ပျိုးမှု လျော့နည်းသဖြင့် အထွက်နှုန်းများ လျော့ကျမည်ဟု ခန့်မှန်း

by ဧရာဝတီ
4 October 2022
in စီးပွားရေး
A A
စိုက်ပျိုးဧကနှင့် အထွက်နှုန်းများ သိသိသာသာ လျော့ကျသွားနိုင်ခြေရှိကြောင်း မန္တလေးရှိ ပဲကုန်သည်များနှင့် ပဲပွဲရုံများက ခန့်မှန်းသည်။

စိုက်ပျိုးဧကနှင့် အထွက်နှုန်းများ သိသိသာသာ လျော့ကျသွားနိုင်ခြေရှိကြောင်း မန္တလေးရှိ ပဲကုန်သည်များနှင့် ပဲပွဲရုံများက ခန့်မှန်းသည်။

7.6k
VIEWS
Share on FacebookShare on Twitter

ပဲ နှမ်းစိုက်ပျိုးမှုအများဆုံးဒေသများဖြစ်သည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများအတွင်းသို့စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးခြင်းကြောင့် ပဲစိုက်ရာသီချိန်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းပြီး စိုက်ပျိုးဧကနှင့် အထွက်နှုန်းများ သိသိသာသာ လျော့ကျသွားနိုင်ခြေရှိကြောင်း မန္တလေးရှိ ပဲကုန်သည်များနှင့် ပဲပွဲရုံများထံမှ သိရသည်။

ထို့အပြင် နယ်မြေ မတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အချိန်မှီ မရောက်ရှိသဖြင့် အဝင်နည်းပါးကာ ဈေးနှုန်းများပါ ထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“လျော့ကျတယ်ဆိုတာက တချို့ စိုက်ပျိုးတဲ့ နေရာတွေမှာ မအေးချမ်းတော့ စိုက်ပျိုးဖို့ ခက်တာပေါ့၊ နောက်တခုက သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ နေရာတွေက ထွက်ရှိလာတဲ့ ကုန်စည်တွေကလည်း ရောက်သင့်သလောက် ဈေးကွက်ထဲကို ရောက်မလာကြဘူး၊ ရောက်သင့်တဲ့အချိန်မှာ ရောက်မလာတော့ ပစ္စည်းက ရှားတယ်လို့ လည်း ပြောနိုင်သလို ရသင့်တဲ့ဈေး မရဘူးပေါ့၊ အဓိက လမ်းခရီး အခက်အခဲလေးတွေ ရှိတယ်” ဟု ပဲပွဲရုံပိုင်ရှင် ဦးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး မန္တလေးဈေးကွက်အတွင်းသို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းမှ အများဆုံး ဝင်ရောက်ကြောင်း သိရသည်။

မန္တလေးမြို့ခံ ပဲနှမ်းကုန်သည် ဦးညွန့်ဝင်းကလည်း “စိုက်ပျိုးချိန်ဖြစ်နေတာရယ်၊ ငွေဈေး ပြန်ကျလာတဲ့အချိန်ဖြစ်တဲ့အတွက် ဈေးနှုန်း မတည်ငြိမ်တာတွေလည်း ဖြစ်နေတယ်၊ ပြီးတော့ တောင်သူကြီး၊ ကုန်သည်ကြီးတွေက ထားနိုင်လို့ ထားကြတာကြောင့်လည်း မလာနိုင်တာမျိုးတွေ ရှိတယ်၊ ပဲနှမ်းက ဒီနှစ်အတွက် ကျန်နေတာတွေ ရှိနေသေးတယ်၊ နယ်စပ်ကုန်သွယ်ရေးမှာလည်း အဆင်မပြေတော့ မန္တလေးမှာ ကုန်တွေက အီနေတယ်၊ ဆိုကြပါစို့ နှမ်းဆိုရင် အရင်က ၃ သိန်းခွဲလောက်ရှိရာကနေ ၃ သိန်းတို့ ၂ သိန်း ၈ သောင်းတို့ ဖြစ်တဲ့အခါကျတော့ တင်ပေးပြီး မရောင်းနိုင်တဲ့အခါ ကုန်တွေက အီနေတာ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပဲနှမ်းဈေးကွက်ကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ဦးဆောင်၍ ရန်ကုန်နှင့် ပြည်ပဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးကမူ ကုမ္ပဏီများက အဓိက ထိန်းချုပ်ထားသည်။ မန္တလေးဈေးကွက်တွင် လက်ကြီးသမားများထက် လက်ငယ်သမားများ ပို၍ များသည်။

“နယ်စပ်ကုန်သွယ်ရေးသမားတွေကလည်း တင်ပို့လို့ ရတဲ့အခြေအနေမဟုတ်တော့ ကုန်တွေကို ပြည်တွင်းမှာပဲ ပြန်ရောင်း နေရတဲ့ အခြေအနေဖြစ်နေတယ်၊ ဥပမာအနေနဲ့ ကြက်သွန်ဆိုရင် တရုတ်က ဝင်လာတာတွေက တရုတ်ကြက်သွန် မဟုတ်ဘူး၊ ဈေးနည်းတုန်းက ပို့ထားတဲ့ ဗမာမျိုးကြက်သွန်တွေ ပြန်ဝင်လာတာ၊ ဒီဘက်က ကုန်သည်တွေကလည်း လက်ထဲမှာ ပစ္စည်း မရှိလို့ မဟုတ်ဘဲ ဝိသမလောဘနဲ့ ဈေးတွေ အတင်းဆွဲတင်ကြတဲ့အခါ တရုတ်ကနေ ပြန်ဝင်လာတော့ ဈေးတွေ ကျသွားတာမျိုးဖြစ်သွားတယ်၊ အဲဒီလိုပဲ ပဲနှမ်းဈေးကွက်လည်း ဖြစ်နေတယ်”ဟု မန္တလေးကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။

မန္တလေး ဈေးကွက်တွင် လက်ရှိ ကုန်ဝင်နည်းနေပြီး ကုန်ရှားပါးကာ လှောင်ကုန်များကိုသာ အဓိက ရောင်းကြရသည်ဟု ပဲကုန်သည်များနှင့် ပဲပွဲရုံများထံမှ သိရသည်။ နယ်မြေမအေးချမ်းခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး နှောင့်နှေးနေပြီး ကုန်အဝင်လျော့နည်းနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မတ်ပဲကို အဓိကထား စိုက်ပျိုးပြီး အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့သည်။
တောင်ကိုးရီးယားနှင့် စင်္ကာပူနိုင်ငံသို့ အနည်းငယ် တင်ပို့မှု ရှိကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်း၊ ပဲစင်းငုံ တန်ချိန် ၁ သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လ) အတွင်း တင်သွင်းခွင့်ပြုမည့် နားလည်မှုစာချွန်လွှာကို စစ်ကောင်စီနှင့် ၂၀၂၁ခုနှစ်အတွင်းက ရေးထိုးခဲ့ပြီးနောက် မတ်ပဲနှင့် ပဲစဉ်းငုံ တင်သွင်းခွင့်ကို ၂၀၂၃ ခုနှစ် မတ်လကုန်ထိ သက်တမ်း တိုးပေးထားသည်။

ထိုသို့သက်တမ်း တိုးပေးထားသော်လည်း မြေဆီနှင့် ဓာတ်မြေဩဇာ စသည့် သွင်းအားစု စရိတ်များကလည်း ယခင်ကထက် ၃ ဆနီးပါး မြင့်တက်နေသဖြင့် မတ်ပဲနှင့် တခြားသော ပဲစိုက်ပျိုးမှုများ လျော့ကျသွားနိုင်ခြေရှိသည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

“ပြီးခဲ့တဲ့နှစ်က ဈေးကောင်းလို့ စုပြီး စိုက်ကြလို့ မတ်ပဲတမျိုးပဲ အထွက်နှုန်းတိုးခဲ့တာ၊ ကျန်တဲ့ ပဲတွေ၊ သီးနှံတွေ အားလုံးနီးပါး အထွက်နှုန်းကျတာ။ အထွက်နှုန်းကျတာက ကျွေးရတဲ့ ဆေးတွေက အရင်က ၂ သောင်းဝန်းကျင်လောက်ပဲ ရှိခဲ့ရာက အခုဆိုရင် ၇ သောင်း ၈သောင်းလောက်အထိ ပေးဝယ်နေရတော့ ၃ ကြိမ်လောက် ကျွေးရတဲ့နေရာမှာ မကျွေးနိုင်တော့ ပမာဏကို လျှော့ကျွေး၊ အကြိမ်ရေ လျှော့ကျွေးရတာမျိုးတွေနဲ့လည်း သက်ဆိုင်နေတာပေါ့၊ အဲဒီမှာ အထွက်နှုန်းတွေ ကျကုန်တယ်”ဟု စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းမှ တောင်သူတဦးက ပြောသည်။

တိုက်ပွဲများ မကြာခဏ ဖြစ်တတ်ပြီး စစ်တပ်က စစ်ကြောင်းထိုးလာလျှင် ထွက်ပြေးကြရသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးနိုင်မှု ပုံမှန်ထက်လျော့နည်းသလို ကျပ်ငွေဈေးနှုန်း ကျဆင်းမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းသုံး မြေဆီ၊ မြေသြဇာ၊ ပိုးသတ်ဆေးဈေးနှုန်းများ မြင့်တက်မှုကြောင့် စိုက်ပျိုးစရိတ်များလည်း မြင့်တက်လာကြောင်း သိရသည်။

“ဒီနှစ်က ဈေးတွေ ၂ ဆတက်တော့ စိုက်စရိတ်လည်း ကြီးတယ်၊ စိုက်စရိတ်အပြင် ကားခ အလုပ်သမားခနဲ့ ပွဲရုံခ နုတ်ရင် အရင်းတောင် မရချင်ဘူး၊၊ ဒီနှစ်က သွင်းအားစုဈေးကောင်းပြီး ကုန်ကျစရိတ်များသွားလို့ မကိုက်တာ၊ တောင်သူရော ကုန်သည်ရော ဘယ်သူမှ အဆင် မပြေဘူး။ တောင်သူလည်း သွင်းအားစုတက် ဈေးမကောင်းလို့ အဆင်မပြေသလို ကုန်သည်လည်း ဈေးတက်မယ်ထင်ပြီး ဂိုဒေါင်ပေါ် ဝယ်တင်ထားတာမှာ ဈေးထပ်ကျလို့ ကျဈေးနဲ့ရောင်းရပြီး အဆင်မပြေဘူး”ဟု တန့်ဆည်နယ်မှ ပဲနှမ်းစိုက်ပျိုးတောင်သူ ကိုစိုးမင်းက ပြောသည်။

ယခင်နှစ်များက တနိုင်ငံလုံး အတိုင်းအတာဖြင့် မတ်ပဲတန်ချိန် ၅ သိန်းမှ ၆ သိန်းကြား ထွက်ရှိသော်လည်း ယခုနှစ်တွင် မတ်ပဲ တန်ချိန် ၄ သိန်းကျော်သာ ထွက်ရှိထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောာ စာရင်းများအရ သိရသည်။

You may also like these stories:

ဒေါ်လာနှင့် ရွှေဈေး ကျလာသော်လည်း ကုန်ဈေးနှုန်း မကျ

ရွှေနှင့် အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ကျလာ

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
139
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
480
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k

ပြည်တွင်း ခရီးသွားလုပ်ငန်း လာမည့်ရာသီ ပြန်စနိုင်မလား

စစ်တပ်ယိမ်း နိုင်ငံရေးသမားပိုင် “ဖောင်းစိန်”ကို သပိတ်မှောက်

ရွှေဈေးမငြိမ်မှုကြောင့် မန္တလေးက ရွှေဆိုင်းလုပ်ငန်းများ ရပ်ထားရ
—

Your Thoughts …
Tags: စစ်ကိုင်းတိုင်းနှမ်းစိုက်ပျိုးမှုပဲကုန်သည်ပဲပွဲရုံပဲမျိုးစုံ စိုက်ပျိုးမှုမကွေးတိုင်းမန္တလေးအထွက်နှုန်း လျော့ကျမည်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

Next Post
ယနေ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်သည့် ဦးသန်းဌေး မိန့်ခွန်းပြောနေစဉ် / USDP

စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ

‘မသောက်မိသော မိုးခါးရေ’ လန်ဒန်ပြပွဲ ကြည့်ရှုသူများပြား (ရုပ်/သံ)

'မသောက်မိသော မိုးခါးရေ' လန်ဒန်ပြပွဲ ကြည့်ရှုသူများပြား (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved