• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မီးမပေးနိုင်ခြင်းက နိုင်ငံ့စီးပွားရေးကို ပိုဆိုးစေ

by ဧရာဝတီ
8 May 2023
in စီးပွားရေး
A A
မြန်မာနိုင်ငံ ညအချိန် မီးပေးနိုင်မှုအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ဂြိုလ်တုဓာတ်ပုံ(ယာ)နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ပုံ (ဝဲ) နှိုင်းယှဉ်ထားစဉ်/NASA Worldview

မြန်မာနိုင်ငံ ညအချိန် မီးပေးနိုင်မှုအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ဂြိုလ်တုဓာတ်ပုံ(ယာ)နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ပုံ (ဝဲ) နှိုင်းယှဉ်ထားစဉ်/NASA Worldview

15.8k
VIEWS
Share on FacebookShare on Twitter

ဆိုးရွားလှသော ဓာတ်အားပြတ်တောက်မှုများသည် ပဋိပက္ခထူပြောနေသော မြန်မာနိုင်ငံ၏ စီးပွားရေး နာလန်ထခြင်းကို ခြိမ်းခြောက်နေသည်။ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုကြောင့် မြန်မာသည် ဓာတ်ငွေ့ဖြင့်မောင်းနှင်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အတွက် လောင်စာရရန် ရုန်းကန်နေရသည်။

စီးပွားရေးမြို့တော် ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှု အချိန်သည် ဧပြီလတွင် တနေ့လျှင် ၈ နာရီအထိ နှစ်ဆတိုးလာသည်ဟု Fitch Solutions လုပ်ငန်းခွဲ BMI မှ သုတေသီ ဒေးဗစ်သိုး ပြောသည်။ ထိုအခြေအနေသည် ကုန်ထုတ်လုပ်သူများကို အကျပ်အတည်း ဖြစ်စေကြောင်း S&P Global Market Intelligence ဈေးကွက်စောင့်ကြည့်ရေးက သီးခြား အစီရင်ခံစာတစောင်တွင် ဖေါ်ပြထားသည်။

ထိုင်းနှင့် တရုတ်သို့ ဓာတ်ငွေ့တင်ပို့သော မြန်မာသည် ၎င်း၏ မြို့ကြီးများဓာတ်အားပေးရန် တင်သွင်းထားသည့် ဓာတ်ငွေ့ရည်များကို အားကိုးနေရသော်လည်း ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ထိုသို့ ဆက်လက် မီးပေးနိုင်ရေး ရုန်းကန်နေရသည်။ အမေရိကန်နှင့် မဟာမိတ်များက စစ်ကောင်စီ ဝင်ငွေရရှိမှုနှင့် လက်နက်ဝယ်မှု ရပ်တန့်စေရန် အကြိမ်းပေါင်းများစွာ ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများသည် နိုင်ငံ၏ နိုင်ငံခြား အရန်ငွေ ကျဆင်းစေပြီး လောင်စာအတွက် သုံးရန်ငွေ အနည်းငယ်သာ ကျန်စေသည်။

ထို့ပြင် ဆည်များထဲရှိ ရေမျက်နှာပြင် ကျဆင်းခြင်းကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု ကျဆင်းစေပြီး ဓာတ်အားပြတ်တောက်ခြင်းသည် နေ့စဉ်ဘဝ၏ အစိတ်အပိုင်း ဖြစ်လာသည်။၂၀၂၁ ခုနှစ်အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်မတ်လအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်းနီးပါးကျဆင်းကြောင်း အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးဌာန US International Trade Administration က ဖေါ်ပြသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
212
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

ဓာတ်အားပြတ်တောက်ခြင်းများသည် စက်တင်ဘာလတွင် ကုန်ဆုံးသော ယခုနှစ်အတွက် တိုးတက်မှု ၃ ရာခိုင်နှုန်းခန့်ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည့် စီးပွားရေးတိုးတက်မှုအပေါ် စိုးရိမ်စရာဖြစ်လာသည်။ ရှည်ကြာသော ဓာတ်အားပြတ်တောက်မှုများသည် စီးပွားရေး၏ ၄ ပုံတပုံရှိသော ကုန်ထုတ်လုပ်ရေးကဏ္ဍကို အကန့်အသတ်ဖြစ်စေပြီး လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် နေထိုင်နေသော နိုင်ငံတွင် နောက်ထပ် ပိုမိုများပြားသော ပြည်သူများကို ဘဏ္ဍာရေးအကျပ်အတည်း ကျရောက်စေသည်။

ကုမ္ပဏီများသည် အမှာစာသစ်များအတွက် လက်ရှိ ထုတ်လုပ်ပြီး ကုန်စည်များကို အသုံးပြုနေရသော်လည်း သိုလှောင်ထားသော ကုန်စည်များ အလျှင်အမြန် ကုန်ဆုံးနေသောကြောင့် ကပ်ရောဂါမှ စီးပွားရေးနာလန်ထခြင်းကို ခြိမ်းခြောက်နေကြောင်း မေလ ၂ ရက်နေ့ ရက်စွဲပါ S&P Global အစီရင်ခံစာအရ သိရသည်။

NASA Worldview ကရိုက်ကူးထားသည့် ဂြိုလ်တုဓာတ်ပုံများအရ နိုဝင်ဘာလတွင် မီးပြတ်တောက်မှုသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပျံ့နှံနေပြီး ရန်ကုန်နှင့် အခြားမြို့နယ်များကို ဆက်သွယ်သည့် အဝေးပြေးလမ်းများမှ လမ်းမီးများ ကွယ်ပျောက်ကုန်သည်။

ရန်ကုန်သို့ ၂၀၂၀ ခုနှစ်တွင် စတင်တင်သွင်းသည့် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုသည် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ရပ်ဆိုင်းသွားကြောင်း Bloomberg က ပြုစုထားသည့် သင်္ဘောတင်ပို့မှ မှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီအသံလွှင့်ဌာန MRTV က လမ်းများနှင့်နေအိမ်များတွင် မီးပြတ်တောက်ခြင်းမှာ စစ်ကောင်စီကို ဆန့်ကျင်သူများကြောင့်ဖြစ်ကြောင်း အပြစ်တင်သည်။ ဓာတ်အားပြတ်တောက်မှုများသည် လွန်ခဲ့သောနှစ်ဇူလိုင်လတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းကို ဖေါက်ခွဲလိုက်သောအခါ နှင့် ဓာတ်အားဖြန့်ချိရေးလိုင်းများကို တိုက်ခိုက်သောအခါ ပိုမိုဆိုးရွားလာသည်။ တိုက်ခိုက်မှုများသည် မဟာဓာတ်အားလိုင်းကို ဆက်လက်ပစ်မှတ်ထားနေဆဲဖြစ်သည်။

ထိုသို့ ဆိုးရွားသော အခြေအနေကြောင့် မြန်မာကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းသည် လျှပ်စစ်ဓာတ်အားရရှိမှု တိုးတက်ရေးအတွက် အရေးပေါ် အစည်းအဝေးခေါ်ရကြောင်း ထိုအကြောင်း သိသောသူများပြောသည်။ စက်ရုံပိုင်ရှင်များသည် LNG တင်သွင်းရန်အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အကူအညီ တောင်းခံလိုသည်ဟု မီဒီယာနှင့် စကားပြောခွင့် မရှိသောကြောင့် အမည် မဖေါ်လိုသူများပြောသည်။

လောင်စာဝယ်ယူရာတွင် ဈေးကြီးပြီး မီးစက်များသည် နာရီအနည်းငယ်အကြာတွင် အပူချိန်မြင့်တက်သောကြောင့် စက်ရုံများသည် ထုံးစံအားဖြင့် ဒီဇယ်မီးစက်များကို မမှီခိုနိုင်ပေ။

ကိုးကား ။ ။ Bloomberg သတင်း Worsening Blackouts in Junta-Led Myanmar Put Economy at Risk

You may also like these stories:

မီးအပျက်များ၍ ရန်ကုန်ရှိ တနိုင်တပိုင် လုပ်ငန်းများ အသက်ငင်နေကြ

လျှပ်စစ်မီး လုံလောက်စွာပေးရန် အမြန်ဆုံးလိုအပ်နေဟု စက်မှုလုပ်ငန်းရှင်များ ပြော

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ

Your Thoughts …
Tags: Bloombergကုန်ထုတ်လုပ်ရေးစီးပွားရေး နာလန်ထဓာတ်အားပြတ်တောက်မှုနိုင်ငံစီးပွားရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

by ဧရာဝတီ
30 September 2023
2k

ယခင် တရက်လျှင် ၄ နာရီခြားတခါ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်သော်လည်း ယခုအခါ ပြတ်တောက်ချိန် ၈ နာရီခန့်ထိ ကြာမြင့်လာသလို စက်မှုဇုန်များ၌လည်း တရက်လျှင် ၆ နာရီ ပေးရာမှ လက်ရှိ ၄ နာရီသာ ရရှိတော့ကြောင်း၊...

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

by ဧရာဝတီ
19 July 2025
1.9k

ထိုင်းနိုင်ငံအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက ၃၆ ရာခိုင်နှုန်းကနေ နောက်ဆုံးမှာ ၁၈ နဲ့ ၂၀ ရာခိုင်နှုန်းလောက် ကြား ဖြစ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်းလည်း…

နွေရာသီတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ပိုမိုဆိုးရွားသည့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်စေမည့် အလားအလာရှိသည်။

မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ

by လင်းထက်မြတ်
19 January 2023
5k

နွေရာသီတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ပိုမိုဆိုးရွားသည့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်စေမည့် အလားအလာရှိသည်။

လယ်ယာကဏ္ဍဆိုင်ရာ စက်မှုလုပ်ငန်း လုပ်ကိုင်သူများသို့ ပထမအကြိမ် ထုတ်ချေးမည်  / ပြေကျော်  / ဧရာဝတီ

COVID 19 ကာလတွင် ခေတ်မီ စိုက်ပျိုးရေးစနစ်ဖြင့် လုပ်ဆောင်သင့် ဟုဆို

by မျိုးပပစန်း
17 June 2020
6k

ယခုလို ကပ်ရောဂါ ကြုံတွေ့နေရသည့် အခြေအနေတွင် နိုင်ငံ့ ရိက္ခာဖူလုံးရေးအပြင်၊ ပို့ကုန်အဖြစ် တင်ပို့ နိုင်မည့် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိက ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်သည်

စီးပွားရေးအကြံပေး ဦးမြင့်  / ဧရာဝတီ

နိုင်ငံစီးပွားရေး နာမကျန်းမှု မဟာဗျူဟာလိုအပ်ဟု စီးပွားရေးအကြံပေး ဦးမြင့်ပြော

by မျိုးပပစန်း
11 December 2017
4.6k

မြန်မာနိုင်ငံသည် ကျန်ရှိသည့် အစိုးရသက်တမ်းအတွင်း လူတဦးချင်း၏ ပျမ်းမျှအသား တင်ထုတ်လုပ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (pre Capita GDP) တန်ဖိုးသည် လာအိုနိုင်ငံသို့ အမီလိုက်ရန်ပင် အားနည်း နေသည်။

Next Post
ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ/ Yaw Defence force Htilin

ထီးလင်းမြို့ကို တော်လှန်ရေးအင်အားစုများ ပိတ်ဆို့ထား

စစ်ကောင်စီတပ်စစ်ကြောင်းထိုး မီးရှို့ခဲ့သည့် ထောက်ရှာအိုင်ကျေးရွာ / ဓာတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှား သူများ

ကန့်ဘလူနယ် ထောက်ရှာအိုင်ရွာကို စစ်တပ် မီးရှို့၊ စစ်ရှောင် ၁၅ ဦးကို ဖမ်းသွား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved