• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ

by ဧရာဝတီ
22 June 2023
in စီးပွားရေး
A A
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သည်

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သည်

8.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးဌာနက ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ထိုဘဏ် ၂ ခုအပြင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ပိတ်ဆို့အရေးယူမှု စာရင်း၌ ထည့်သွင်းထားသည်။

အဆိုပါ နိုင်ငံပိုင်ဘဏ်၂ ခုသည် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုကို အဆင်ပြေချောမွေ့စေရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း ထိုထုတ်ပြန်ချက်က ဆိုထားသည်။

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများသည် အဆိုပါဘဏ် ၂ ခု၏ ငွေစာရင်းများကို အသုံးပြုပြီး နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးနေလျက် ရှိသည်။

ယင်းနိုင်ငံခြားငွေကြေးများသည် စစ်ကောင်စီအတွက် စစ်ရေးကိစ္စရပ်များ၌ လိုအပ်သော ငွေကြေး အရင်းအမြစ်များအနေဖြင့် ပံ့ပိုးနေလျက်ရှိပြီး နိုင်ငံခြားရင်းမြစ်များမှ စစ်လက်နက်နှင့် အခြားပစ္စည်းများကို ဝယ်ယူနိုင်စေကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ဆိုသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့သည် နိုင်ငံခြားငွေလဲလှယ်မှုအဖြစ် အဓိကလုပ်ဆောင်ကြပြီး ကျပ်ငွေကို အမေရိကန်ဒေါ်လာနှင့် ယူရိုသို့ ပြောင်းလဲပေးနိုင်သော နိုင်ငံပိုင်ဘဏ္ဍာရေး အဖွဲ့အစည်းများလည်း ဖြစ်သည်။

ယခုလို အရေးယူပိတ်ဆို့ခံရခြင်းကြောင့် MFTB နှင့် MICB တို့သည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် ငွေပေးချေမှု အားလုံးကို လုပ်ဆောင်၍ ရတော့မည်မဟုတ်သလို စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အလွှဲအပြောင်းကိစ္စရပ်များတွင် ပိုပြီး အခက်အခဲများ ဖြစ်လာစေမည်ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
4.7k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
248
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတဦးက “ပြည်တွင်းစီးပွားရေးကိုတော့ တိုက်ရိုက်ကြီးတော့ ထိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီဘဏ် တွေကို ဆန်ရှင် လုပ်လိုက်တယ်၊ ဒဏ်ခတ်လိုက်ဆိုတော့ နိုင်ငံရေးအရတော့ သက်ရောက်မှု ရှိတာပေါ့။ စစ်ကောင်စီအတွက် နိုင်ငံတကာငွေပေးချေမှုတွေမှာလည်း စရိတ်တွေ အများကြီး ကုန်ကျလာတော့မယ်” ဟု ပြောဆိုသည်။

၎င်းက ဆက်လက်၍ “ထိုင်းတို့ဘာတို့ ဘက်ကနေ သူတို့ရနေတဲ့ နိုင်ငံခြားငွေတွေနဲ့ ပတ်သက်ပြီး သူတို့ လှည့်ပတ်ပြီးတော့ လုပ်လာရတော့မယ်။ ဒီဘဏ်တွေကို ဒဏ်ခတ်ခြင်းအားဖြင့် သူတို့ အရင်ကလို ငွေတွေအလွယ်တကူ အလွှဲအပြောင်း လုပ်လို့ရတော့မှာ မဟုတ်ဘူး။ သူတို့ဘက်(စစ်ကောင်စီ)က တုံပြန့်မှုကို ကြည့်လိုက်ကတည်းက သူတို့ တော်တော်လေး Panic (စိုးရိမ်ထိတ်လန့်မှု) ဖြစ်သွားတယ်” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရာလမ်းကြောင်းမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ် ငန်း (MOGE) ၏ ကမ်းလွန်လုပ်ကွက် ၄ ခုကသာ အဓိကရရှိနေလျက်ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ အထိရှိကာ၊ ထိုဝင်ငွေများ၏ ရာခိုင်နှုန်းအများစုသည် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP က အော်ပရေတာအဖြစ် ဆောင်ရွက်နေသော ရတနာကမ်းလွန်၏လုပ်ကွက်မှ အဓိက ရရှိနေခြင်း ဖြစ်သည်။

MOGE က ရရှိနေသော ထိုအကျိုးအမြတ်ဝင်ငွေများသည် ယခုအရေးယူပိတ်ဆို့မှုခံရသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ် (MFTB) မှတဆင့် အလွှဲအပြောင်း လုပ်ဆောင်ခြင်းကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေရရှိရန် အကျပ်အတည်း ပိုဖြစ်တော့မည်ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

ဥရောပသမဂ္ဂ(EU) ၏ အရေးယူပိတ်ဆို့မှုများကြောင့် ယူရိုငွေဖြင့် ပေးချေနေရသော ရွှေသဘာဝဓာတ်ငွေ့ကမ်းလွန် လုပ်ကွက်မှ MOGE ၏ အကျိုးအမြတ်ရငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်သည်လည်း စစ်ကောင်စီထံသို့ စီးဆင်းခြင်း မရှိ တော့ဘဲ သီးခြားစာရင်းအကောင့်တခုတွင် ထိန်းသိမ်းခံထားရသည်။ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်သည် တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချနေသော ကမ်းလွန်လုပ်ကွက်တခု ဖြစ်သည်။

ယခုလို နိုင်ငံတကာ ကုန်သွယ်မှုနှင့် ငွေပေးချေမှုများအတွက် အရေးပါသော နိုင်ငံဘဏ်၂ ခု အရေးယူ ပိတ်ဆို့ခံရခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်မှု မရှိခြင်းနှင့် ပို့ကုန်ရငွေများ ကျဆင်းနေခြင်းတို့ကြောင့် အကျပ်အတည်းဖြစ်နေချိန်တွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF) က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းတွင် မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသို့ ပြန်လည် ထည့်သွင်းလိုက်ခြင်းကြောင့်လည်း မြန်မာသို့ ငွေအလွှဲအပြောင်းလုပ်ဆောင်ရာ၌ တင်းကျပ်မှုများ ရှိနေပြန်သည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ယခုလို ကြုံတွေ့ခဲ့ဖူးပြီးဖြစ်၍ သက်ရောက်မှု ကြီးမားမည် မဟုတ်ကြောင်း၊ နိုင်ငံခြားဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဘဏ်တခုတည်းမှ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိဘဏ်များ၊ နိုင်ငံခြားဘဏ်နှင့် ဘဏ်ခွဲများကလည်း ဆောင်ရွက်နေလျက်ရှိခြင်းကြောင့် နိုင်ငံခြားသုံးငွေ လွှဲပြောင်းခြင်း၊ ပို့ကုန်သွင်းကုန်၊ အလုပ်သမား၊ သင်္ဘောသား လုပ်ခလစာ လွှဲပို့ခြင်း ကိစ္စရပ်များကို ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများမှ တဆင့် ထုတ် ဖော်ပြောဆိုသည်။

သို့သော် ယခုလို အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ချမှတ်ခံရသည့်သတင်းများကြောင့် ပြည်တွင်း နိုင်ငံခြားငွေဈေးကွက် အတွင်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာ ၁ ဒေါ်လာလျှပ် ကျပ် ၃၀၀၀ အောက်တွင် အချိန်အတိုင်းအတာ တခုအထိ ရှိနေခဲ့ရာမှာ ယခုရက်ပိုင်းအတွင်းမှာပင် ၁ ဒေါ်လာလျှင် ကျပ် ၃၁၀၀ ကျော်အထိ ပြန်လည်မြင့်တက်နေသည်။

You may also like these stories:

ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး

ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမည့်သတင်းကြောင့် ဒေါ်လာဈေး ၃၀၀၀ ကျော်ထိ မြင့်တက်

နှိပ်ကွပ်နေသည့် ကြားမှပင် ဒေါ်လာနှင့် ရွှေဈေး ထပ်တက်လာပြန်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇောက်ထိုးဆင်းနေ

အိန္ဒိယ ကုန်သွယ်ရေး ရူပီး သုံးမည်

တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလား

Your Thoughts …
Tags: MFTBMICBစစ်ကောင်စီဒေါ်လာပိတ်ဆို့အရေးယူအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက်ကြုံနေရ / CJ

ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက်ကြုံနေရဟုဆို

ဝေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့ / Bago Region PDF

အရပ်သား ၅ ဦး စစ်ကြောရေး၌ သေဆုံးပြီးနောက် ဝေါဒေသခံများ ထိတ်လန့်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved