• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မန္တလေး-မူဆယ်ရထားလမ်း အမြန်ဖောက်မည်ဟု တရုတ်လုပ်ငန်းရှင်တို့ကို မက်လုံးပေး

by ဧရာဝတီ
3 September 2025
in စီးပွားရေး
A A
မန္တလေး-မူဆယ်ရထားလမ်း အမြန်ဖောက်မည်ဟု တရုတ်လုပ်ငန်းရှင်တို့ကို မက်လုံးပေး

တီယန်ကျင်း၌ စစ်ခေါင်းဆောင်နှင့် တရုတ်လုပ်ငန်းရှင်များတွေ့ဆုံနေစဉ်/ MOI

1.6k
VIEWS
Share on FacebookShare on Twitter

ရှမ်းမြောက်ဒေသအများစု တိုင်းရင်းသားတော်လှန်ရေးတပ်များ လက်ရောက်နေသော်လည်း မန္တလေး- မူဆယ် ရထားလမ်းစီမံကိန်းကို အမြန်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း၊ ပြီးစီးပါက ရုရှားနှင့်ပါ ကုန်သွယ်မှုများ လုပ်နိုင်မည့်အခြေအနေရှိကြောင်း စက်တင်ဘာ ၁ ရက် တီယန်ကျင်းမြို့၌ ပြုလုပ်သည့် မြန်မာ- တရုတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင်က ပြောသည်။

၎င်းက “မန္တလေး- မူဆယ် မီးရထားလမ်းက တရုတ်မှာဆောက်လုပ်နေတဲ့ ဘေကျင်း- ကူမင်း- ရွှေလီ အမြန်ရထားလမ်းနဲ့ ချိတ်ဆက်မှာ ဖြစ်တယ်။ ဒီမီးရထားလမ်းက တရုတ်ရဲ့ ကုန်းတွင်းပိုင်း ပင်လယ်ထွက်ပေါက် မရှိတဲ့ တောင်ပိုင်းပြည်နယ်တွေ ကို မြန်မာနိုင်ငံကနေ ပင်လယ်ထွက်ပေါက် ရရှိစေတဲ့ အခွင့်အလမ်းကောင်း ဖြစ်တယ်” ဟု ပြောသည်။

မူဆယ်မြို့သည် မြန်မာ့ကုန်သွယ်ရေးတွင် အရေးပါသော နယ်စပ်ဂိတ်တည်ရှိရာမြို့ ဖြစ်ပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးရရှိငွေ အမေရိကန်ဒေါ်လာ သန်း ၃၂၀၀ ကျော်ရရှိသည့်အနက် ဒေါ်လာသန်း ၂၀၀၀ ကျော် မှာ မူဆယ်- ရွှေလီ နယ်စပ်ကုန်သွယ်ရေးမှ ရရှိခြင်းဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။

သို့သော် တရုတ်နယ်စပ်ကုန်သွယ်ရေး၌ မူဆယ် ၁၀၅ မိုင်၊ ဆင်ဖြူ၊ နန်းတော်၊ မန့်ဝိန်း၊ ကျင်စန်းကျော့၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ရန်လုံကျိုင်း၊ လွယ်ဂျယ်၊ ကန်ပိုက်တီ၊ ဖီမော်၊ ပန်ဝါ၊ ခေါင်ရှောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ နမ့် တစ်၊ ပန်ဝိုင်၊ ပန်ဆန်း၊ ဟိုတောင်၊ မိုင်းလားစသော ဂိတ်ပေါင်း ၂၀ ကျော်ရှိသည့်အနက် ဆင်ဖြူ၊ နန်းတော်၊ မန့်ဝိန်းဂိတ် ၃ ခု သာ စစ်ကော်မရှင် ထိန်းချုပ်မှုအောက်တွင် ရှိသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ တိုင်းရင်းသား လက်နက်ကိုင်တပ် များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ ယခုတိုင် ထိန်းချုပ်ထားဆဲ ဖြစ်သည်။

အလားတူ မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်းမှာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ် လာနိုင်မည့် အလားအလာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံစည်းရာ နေရာတွင် ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိနေကြောင်း စစ်ခေါင်းဆောင်ဆိုသော်လည်း လက်ရှိ ရခိုင် ပြည်နယ်၏အခြေအနေမှာ စစ်ကော်မရှင်အနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့သာ ပိုင်ဆိုင်သည့် အနေ အထား ဖြစ်သည်။

သို့သော် ယင်းရထားလမ်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပါက မြန်မာနိုင်ငံနှင့် ပထဝီအနေအထားအရ အလှမ်းဝေးသည့် နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေးကောင်းမွန်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်လည်း ကုန်သွယ်မှုပြုနိုင်မည်ဖြစ်ပြီး မြန်မာ- တရုတ် – ရုရှား သုံးနိုင်ငံပူးပေါင်း၍ ကုန်သွယ်ရေးကဏ္ဍ တိုးချဲ့ ဆောင်ရွက်နိုင်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုသွား သည်။

တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) မှာ မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်း၌ ကုန်းလမ်းနှင့်ရေကြောင်းလမ်း နှစ်သွယ်ပါရှိကာ တရုတ်နှင့် ဥရောပနိုင်ငံများ စီးပွားရေး ချိတ်ဆက်မှု ပိုးလမ်းမသစ် (Silk Road Economic Belt) နှင့် ဒုတိယမဏ္ဍိုင်အတွင်း အရှေ့တောင် အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံတို့နှင့် ရေကြောင်းဆိုင်ရာ ဆက်သွယ်မှု ပိုးလမ်းမ (Maritime Silk Road) သတ်မှတ်ထားကြောင်း၊ စီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာ စင်္ကြန် ၆ ခု ရှိကြောင်း သိရသည်။

ယင်း အပြည်ပြည်ဆိုင်ရာစင်္ကြန် ၆ ခုတွင် မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းပါဝင်သောကြောင့် စီမံကိန်း အကောင်အထည်ဖော်ရန်ကြိုးပမ်းနေပြီး စီမံကိန်း အမြန်ဆုံးပြီးမြောက်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း စစ် ခေါင်းဆောင်က ပြောဆိုသည်။

မန္တလေးမြို့ရှိ လုပ်ငန်းရှင်တဦးက ”မန္တလေး-မူဆယ်ရထားလမ်းကတော့ ဖြစ်နိုင်ခြေ လေ့လာမှုတွေတော့ပြီးပြီ။ အဲဒီမှာ ကုန်ကျမှုတွက်ချက်တာတွေလည်း လုပ်နေပြီလို့ ပြောတယ်။ ရထားလမ်းဖြစ်သွားရင်တော့ တမျိုးပေါ့လေ။ ဒါပေမယ့် ပြည်သူတွေ ကြားမှာက ဘယ်ဘူတာချလို့ မြန်မာပြည်ထဲ ကုန်တွေက စီးဝင်မှာလား၊ မြန်မာပြည်က ကုန်တွေရော စီးထွက် မှာ လားဆိုတာ ဘယ်သူမှ မသိရသေးဘူး။ သယ်ယူလို့ ရမရပေါ့။ တရုတ်ကနေပဲ အရှေ့အလယ်ပိုင်းဒေသကို မီးရထားနဲ့ ပို့မယ်ဆို မြန်မာပြည်ပေါ်မှာ လမ်းပဲဖြစ်ပြီးတော့ ဟိုဘက် တိုက်ရိုက်သွားမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး” ဟု ဧရာဝတီကို သုံးသပ် ပြောဆိုသည်။

ယင်း မန္တလေး-မူဆယ်-ကျောက်ဖြူ ရထားလမ်းနှင့် ပတ်သက်ပြီး စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက် ထက်မှစတင်ပြီး ဆွေးနွေးမှုများရှိခဲ့ကာ အစိုးရအဆက်ဆက်မှာ လမ်းဖောက်လုပ်မှုနှင့်ပတ်သက်ပြီး ချေးငွေယူမည်ဆိုသည့် အချက်ကြောင့် ကုန်ကျစရိတ်များသဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်သော်လည်း ယခုတွင် စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါ လုပ်ငန်းရှင်က “တရုတ် အကျိုးစီးပွားတွေက များနေတယ်။ လမ်းဖောက်လုပ်တဲ့အခါ မြန်မာပြည် အစိုးရက ကျခံရမယ်၊ လမ်းပေါ်မှာ ဖြတ်တဲ့ နှစ်စဉ်ကြေး အစိုးရက ရမယ်ဆိုပေမယ့် အဲဒီပေါ်မှာ ကုန်ကျစရိတ်က ချေးငွေနဲ့ ယူရင် နှစ်ထပ်ပေးရမှာလေ။ ဒါကြောင့် အစိုးရအဆက်ဆက်က ဒါက များလွန်းတယ်ဆိုပြီးတော့ ဆိုင်းငံ့ထားတာ။ အခုလည်း ချေးငွေနဲ့ လုပ်မှာပဲ ထင်တယ်” ဟု ပြောသည်။

မန္တလေး- မူဆယ် ရထား လမ်းစီမံကိန်းကို မြေပုံ

စစ်ခေါင်းဆောင်ပြောဆိုသည့် မန္တလေး- မူဆယ် မီးရထားလမ်းပြီးစီးသွားပါက တရုတ်သာမက ရုရှားနှင့်ပါ ကုန်သွယ်မှုပြုလုပ်နိုင်မည်ဟုပြောဆိုသော်လည်း လက်ရှိတွင် မြန်မာ- ရုရှားကုန်သွယ်နေသည့် အမျိုးအမည်မှာ နည်းပါးသလို မည်သည့်ကုန်ပစ္စည်း ကုန်သွယ်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမရှိသေးသဖြင့် ယေဘူယျပြောဆိုခြင်းမျိုးသာဖြစ်ပြီး လက်တွေ့မှာ လုပ်ဆောင်ရန်ခက်ခဲကြောင်း ၎င်းက ရှင်းပြသည်။

အရှည် ၄၃၁ ကီလိုမီတာရှိသော မန္တလေး-မူဆယ် မီးရထားလမ်းစီမံကိန်းကို တရုတ်ကုမ္ပဏီ China Railway Eryuan Engineering Group (CREEG) က ကုန်ကျစရိတ်နှင့် ပဏာမလေ့လာဆန်းစစ်မှုများ ဆောင်ရွက်ထားသည်။

မူဆယ်-မန္တလေးရထားလမ်း ကုန်ကျစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းထားပြီး တရုတ်နိုင်ငံ ချေးငွေဖြင့်ဆောင်ရွက်ရန် စစ်ကော်မရှင် ကြိုးပမ်းလျက်ရှိသည်။ ယင်းစီမံကိန်းအတွက် စစ်ကော်မရှင်က ဘဏ္ဍာရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီကိုလည်းဖွဲ့ထားကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးအောင် မြိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အတိုးနှုန်းသက်သာသော တရုတ်ချေးငွေရရေး လုပ်ဆောင်နေကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်များအရ သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
242
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် နီးစပ်သူတဦးက “ကျောက်ဖြူစီမံကိန်းကတော့ အခု ဆက်လုပ်ဆောင်နေတယ်။ ဒါပေမယ့် တည်ငြိမ်သွားမှပဲ ဒါက ဖြစ်မယ်၊ လောလောဆယ်မှာတော့ မဖြစ်နိုင်ဘူး။ ဒီစီမံကိန်းကိုတော့ လောလောဆယ် သဘောတူညီချက်တွေက အရေးကြီးတော့ လုပ်တာပေါ့။ တည်ဆောက်ရေးကတော့ နောက်မှလုပ်မှာပေါ့။ ကျောက်ဖြူမှာတော့ မြို့ပေါ်မှာတော့ အေးချမ်းတယ်။ တခြားဘက်မှာတော့ တိုက်ပွဲကတော့ ရှိနေတာပေါ့” ဟု ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး ဧရာဝတီကို ပြောသည်။

စစ်ကော်မရှင်အနေဖြင့် တရုတ်ခရီးစဉ်တွင် စီမံကိန်းများ အကောင်အထည်ဖော်မှုကို ပြောဆိုခြင်းမှာ တရုတ်ကျေနပ်စေရန်ပြောခြင်းမျိုးဖြစ်သလို တဖက်တွင်လည်း လုပ်ငန်းများအကောင်အထည်ဖော်ခြင်းဖြင့် တရုတ်၏ ကျောထောက်နောက်ခံရရှိရန် ရည်ရွယ်ပြောဆိုခြင်းဖြစ်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်သည်။

၎င်းက “တရုတ်- မန္တလေး- ကျောက်ဖြူ မီးရထားလမ်းစီမံကိန်း ပြန်အစဖော်တာပေါ့ တရုတ်ရဲ့ BRI စီမံကိန်း လမ်းကြောင်းမှာ အရေးကြီးတယ်။ မန္တလေး- မူဆယ်လမ်းကြောင်းမှာလည်း တိုက်ပွဲတွေကို ဖြတ်လာရမှာ မန္တလေးကနေ ကျောက်ဖြူသွားဖို့ကလည်း တိုက်ပွဲတွေရှိတယ်။ ဒါကြောင့် တရုတ်ဘက်က ကျေနပ်အောင် ပြောတဲ့သဘောပါ။ နိုင်ငံတကာကလည်း အခုအခြေအနေမှာ ဘယ်သူဘယ်သူမှ မနိုင်နိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်ကြတယ်။ တဖက်မှာလည်း နောက်က အားပေးတဲ့ နိုင်ငံရေးရှိနေတော့ လာမယ့် ရွေးကောက်ပွဲမှာ နယ်မြေတွေ သိမ်းနိုင်အောင် တော်လှန်ရေးအဖွဲ့တွေကို ဦးချိုးနိုင်အောင် ရှေ့ပိုင်းရော၊ မြောက်ပိုင်းရော ကြိုးစားနေတာ” ဟု ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံ ချန်ဒူးမြို့၌ လာမည့် စက်တင်ဘာ ၆ ရက်တွင် တရုတ်- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းပွဲသို့ စစ်ခေါင်းဆောင် တက်ရောက်မည့်အပြင် BRI စီမံကိန်းများနှင့် တရုတ်- မြန်မာ စီးပွားရေးစင်္ကြန်တွင် ပါဝင်နေသော တရုတ်ကုမ္ပဏီများ၊ မြန်မာနိုင်ငံရှိ စီမံကိန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် ၂ နေရာ၌ ရှိနေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိကာ မြန်မာ နိုင်ငံမှ ဆန်၊ ပဲမျိုးစုံ၊ နှမ်းအစရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အချောထည်ထုတ်ကုန်များ အဓိက တင်ပို့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ပြင် တရုတ်နှင့်ကုန်သွယ်မှု ပြုလုပ်ရာတွင် နယ်စပ်ဂိတ်များမှာ အရေးပါသော်လည်း နယ်စပ် မတည်ငြိမ်မှုများကြောင့် ယူနန်စီးပွားရေးကို ထိခိုက်လျက်ရှိသည်ကိုတွေ့ရသဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လည်း တီယန်ကျင်း အစည်း အဝေး၌ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံတွင် EV ကားများ တပ်ဆင်ထုတ်လုပ်မှု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် စွန့်ပစ်အမှိုက်များ အသုံး ပြု၍ စွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် စွမ်းအင် ထုတ်လုပ်ရေး ကဏ္ဍမြှင့်တင်နိုင်ရေးအစရှိသည့် လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုကြရန်လည်း ဖိတ်ခေါ်ခဲ့သည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း စစ်ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာ- အိန္ဒိယ- တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA) တာဝန်ရှိသူနှင့် ရွှေသံလွင်ဟိုးလ်းဒင်းကုမ္ပဏီတို့အပါအဝင် ရန်ကုန်မြို့ ရှိ ရွေးချယ် ခေါ်ဆောင်သော စီးပွားရေးလုပ်ငန်းရှင်တချို့ လိုက်ပါသွားပြီး မြန်မာ စီးပွားရေးအသင်းအဖွဲ့၊ ကုမ္ပဏီများနှင့် တရုတ်စီးပွား ရေးလုပ်ငန်းများကြား နားလည်မှု စာချွန်လွှာ ၆ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

You may also like these stories:

ထရမ့်မပါတဲ့ တရုတ်ရဲ့ အာဏာရှင်များ စုဝေးပွဲ

မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်

တရုတ်က ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအရေး စစ်ကောင်စီကို စည်းရုံးနေ

စစ်ရှိန်မြင့်နေချိန် ရခိုင်ရှိ တရုတ်ဆိပ်ကမ်းကို စစ်ကောင်စီ တွန်းလုပ်နေ

Your Thoughts …
Tags: BRIကုန်သွယ်ရေးတရုတ်မန္တလေး- မူဆယ်ရထားလမ်းရုရှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
အာရှလမ်းစိုးမိုးရေး အင်အားသုံး စစ်ဆင်ရန် ပြင်

အာရှလမ်းစိုးမိုးရေး အင်အားသုံး စစ်ဆင်ရန် ပြင်

မြန်မာနဲ့ မြောက်ကိုရီးယား အာဏာရှင် နှစ်ဦး တရုတ်မှာတွေ့ဆုံ (ရုပ်/သံ)

မြန်မာနဲ့ မြောက်ကိုရီးယား အာဏာရှင် နှစ်ဦး တရုတ်မှာတွေ့ဆုံ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved