• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာရှလမ်းစိုးမိုးရေး အင်အားသုံး စစ်ဆင်ရန် ပြင်

by ဧရာဝတီ
3 September 2025
in သတင်း
A A
အာရှလမ်းစိုးမိုးရေး အင်အားသုံး စစ်ဆင်ရန် ပြင်

ကော့ကရိတ် - မြဝတီလမ်းပိုင်း အာရှလမ်းမပေါ် အောင်ဇေယျစစ်ကြောင်း၏ ယာဉ်တန်းအား တိုက်ခိုက်အပြီး ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား ၂၀၂၄ ဧပြီလက တွေ့ရစဉ်/ ကော်ဘရာစစ်ကြောင်း)

1.4k
VIEWS
Share on FacebookShare on Twitter

မြဝတီ – ကော့ကရိတ်အာရှလမ်းပိုင်း ပြန်ရရေး ရက် ၉၀ စီမံချက်ဖြင့် ပြီးခဲ့သည့် သြဂုတ်လဆန်းကတည်းက စစ်ဆင် နေသော်လည်း ကော့ကရိတ်မြို့အနီးတွင်သာ ရှိသေးသည့် စစ်တပ်ကို ဦးစီးရန် ယခုရက်ပိုင်း မော်လမြိုင်အခြေစိုက် အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးကိုယ်တိုင် ဆင်းလာပြီး အနီးကပ်ကွပ်ကဲနေကြောင်း မြို့ခံများထံမှ သိရသည်။

ကော့ကရိတ်မြို့ခံ အမျိုးသားတဦးက ” ရာထူးအကြီးပိုင်းထဲက ရောက်နေတယ်။ စစ်ဆင်ရေးကို အပြင်းအထန် ထပ်လုပ်သွားဖို့လို့ ကြားတယ်” ဟု ဆိုသည်။

အဆိုပါအခြေအနေနှင့် ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ရတခ ဒုတိုင်းမှူးသည် အမှတ်(၁၂) စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (ကော့ကရိတ်)တွင် အခြေပြုပြီး စစ်ဆင်ရေး စတင်နေပြီဖြစ်ကြောင်း ပြောသည်။

၎င်းက “ကော့ကရိတ်မှာ အခြေပြုပြီး ဒုံးပစ်ကားတွေ၊ မစ်ဇိုင်းကားတွေ ပါလာတယ်လို့ သိရတယ်။ ပြီးတော့ စက်တင်ဘာ ၁ ရက် ည ၁၂ နာရီလောက်ထိ စစ်ဆင်ရေး အစည်းအဝေးလုပ်တယ်။ ဒီနေ့ တိုက်စစ်စပြီလို့ သိရတယ်” ဟု ဆိုသည်။

ရတခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်သည် လာဘ်စားမှုဖြင့် စစ်ဆေးခံနေရသောကြောင့် အမှတ် (၄) တန်းမြင့်လေ့ ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဗညားဝင်းက ယာယီတာဝန်ယူထားရပြီး လက်ရှိအာဏာသိမ်းကာလအတွင်း ဒုတိုင်းမှူးများကို ဘားအံတွင်ထား၍ ကရင်ပြည်နယ်အတွက် အဓိကကွပ်ကဲမှု ပြုလုပ်ခိုင်းနေကြောင်းလည်း CDM ဗိုလ်မှူး စွယ်တော်က ပြောသည်။

သြဂုတ် ၃၁ ရက်က ကော့ကရိတ်သို့ ဒုတိုင်းမှူး ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်းမှ ထောက်ပို့ အတွက် အဓိကကျသည့် ကော့နွဲ့တံတား ပြုပြင်ရေးလုပ်ဆောင်နေချိန်လည်း ဖြစ်သည်။

အဆိုပါ တံတားပြုပြင်ရေးအဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များမှ စက်တင်ဘာ ၁ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် တံတားပြုပြင်ရေးလုပ်နေသူ ၁ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်များနှင့်နီးစပ်သည့် ကရင်စစ်ရေးသတင်းအရင်းအမြစ်တဦးက “တံတားက ထိုးစစ်အတွက် စစ်လက်နက် ပစ္စည်း၊ ယာဉ်တွေဖြတ်နိုင်ဖို့ အရေးကြီးတယ်။ ပြင်တာတောင် ရိုးရိုးလုပ်နေတာမဟုတ်ဘူး။ စက်ယန္တရားအပြည့်အစုံ၊ အဖွဲ့စုံနဲ့လုပ်နေတာ။ ကရိန်းကားတွေ လေးငါးစီးလောက်နဲ့ အရေးပေါ်ကိုလုပ်နေတာ” ဟု ပြောသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်စစ်ကြောင်းများ အင်အားထောင်ချီ အသုံးပြုထားသည့်အပြင် တင့်ကား၊ သံချပ်ကာကား၊ အတွဲလိုက်ပစ်ဒုံကား၊ မစ်ဇိုင်းကား စသည့် လက်နက်ကြီးအထောက် အကူပြုတပ်များ၊ လမ်းတံတားပြုပြင်ရေးတပ်များကို အဖွဲ့စုံအသုံးထားသလို ဝေဟင်မှလည်း နည်းပညာမြင့်ဒရုန်းများ၊ လေကြောင်းပစ်ကူတို့ဖြင့်ပါ ထိုးစစ်ဆင်နေကြောင်း ပူးပေါင်းတပ်များထံမှ သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

ပူးပေါင်းတပ်များနှင့်နီးစပ်သည့် ကရင်စစ်ရေးသတင်းအရင်းအမြစ်က “အခုရက်ပိုင်းမှာ လမ်းဟောင်းဘက်ရော၊ အာရှ လမ်းကနေ ထပ်တိုးလာနေတယ်။ မြဝတီ ၂၇၅ ကလည်း ညက စစ်ကြောင်းထွက်လို့ ထိတွေ့မှုဖြစ်တယ်။ လက်နက်ကြီး၊ မစ်ဇိုင်းတွေနဲ့ပစ်တာ တောက်လျောက်ပဲ။ ညကတည်းကနေ ဒီနေ့ထိမနားဘူး။ ကော့ကရိတ်အထွက် အာရှလမ်းဘက်က ပစ်တဲ့မစ်ဇိုင်းက မြဝတီ ဝှေ့ရှမ်းထိရောက်တယ်” ဟု စက်တင်ဘာ ၂ ရက်တွင် ပြောသည်။

စစ်ကော်မရှင် ထုတ်ပြန်ထားသည့် ကော့ကရိတ်-မြဝတီသွားအာရှလမ်းမကြီးပေါ်ရှိ ကော့နွဲတံတားပြုပြင်ရေးအဖွဲ့ကို KNU နှင့် PDF က Suicide Drone များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှု မြေပုံ/ CINCDS

ခလရ ၂၇၅ တပ်ထဲတွင် ထိုင်းနယ်စပ် စခန်းသိမ်းတိုက်ပွဲများမှ ထွက်ပြေးလာသည့် တပ်ပြေးအင်အားများ အပါအဝင် စစ်ကော်မရှင်က အင်အားများ စုဆောင်းထားရာ ၇၀၀ နှင့် ၁၀၀၀ ကြားထိ ရှိနိုင်ကြောင်း၊ တံတား၂ ဘက်တွင်လည်း အင်အား ၃၀၀ နီးပါးပို့၍ တပ်ဖျောက်ထားကြောင်း မြဝတီမြို့ခံများက ဆိုသည်။

မြဝတီမြို့ခံတဦးက “လက်နက်ကြီးသံတွေ မနေ့က တနေကုန်ကြားရတယ်။ နေ့ရော၊ ညဘက်ရောပေါ့။ အခုမနက်လည်း ၆ နာရီလောက်ကတည်းက လက်နက်ကြီးသံတွေ ကြားနေရတယ်။ မဲကနယ်၊ ကွင်းကလေး၊ ထီးမူထရွာတွေမှာ ထိတွေ့မှုဖြစ် နေတယ်” ဟု ပြောသည်။

စစ်ကော်မရှင်သည် မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နေသည့်ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး အမှတ် (၂)တံတားကို ပိတ်ထားပြီးနောက် ထိုးစစ်အတွက် ထပ်မံပြင် ဆင်လာခြင်းဟု ဆိုသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းကို KNLA နှင့် PDF ပူးပေါင်းတပ်က ၂၀၂၃ ဒီဇင်ဘာလကတည်းက ထိန်းချုပ်ထားခဲ့ရာ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် မော်လမြိုင် ထိဆင်း၍ ၂၀၂၄ ဧပြီလတွင် အောင်ဇေယျစစ်ကြောင်းဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

စစ်ကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၁ ၌ မြဝတီမြို့ကိုပါ ထည့်သွင်းထားပြီး လက်ရှိ စစ်ဆင်ရေးကိုလည်း ရွေးကောက်ပွဲမတိုင်မီ ရက် ၉၀ သတ်မှတ်၍ အဆင့်ဆင့်ထိုးစစ်ဆင်နေသော်လည်း ပူးပေါင်း တပ်များ၏ ခုခံမှုကို မကျော်နိုင်သေးဘဲ အထိအခိုက်များစွာဖြင့် အကြိမ်ကြိမ်ပြန်လန်ကျနေကြောင်း ပူးပေါင်းတပ်များထံမှ သိရသည်။

You may also like these stories:

နောက်ပြန်ဆုတ်ဖို့ မရှိတဲ့ ကော့ကရိတ် တကျော့ပြန် တိုက်ပွဲများ

မတိုးသာ မဆုတ်သာ ကော့ကရိတ်စစ်မျက်နှာ

ဂုတ်ထိပ်တံတား၊ စစ်တပ်ဝါဒဖြန့်ချိရေးနှင့် အာဏာရှင်အလိုကျများ

Your Thoughts …
Tags: ထိုးစစ်ပူးပေါင်းတပ်မြဝတီ- ကော့ကရိတ်ရတခ ဒုတိုင်းမှူးအာရှလမ်းပိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ

ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ

by မိုးစက်ငြိမ်းချမ်း
23 November 2023
16.8k

ပြဿနာများမှာ လောက်ကိုင်နှင့် ဟိုပန်ဒေသသည် ပိတ်မိနေသော ဒေသများဖြစ်ပြီး လေကြောင်းမှအပ မည်သည့်ထောက်ပံ့မှုမှ မရှိ။ လေကြောင်းထောက်ပို့မှု ပြတ်တောက်၍မရ။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

by မိုးစက်ငြိမ်းချမ်း
5 February 2024
12.7k

ရခိုင်စစ်မျက်နှာတွင် တွေ့ရသည့် စစ်တပ်၏ အားသာချက်မှာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်မှု ဖြစ်သည်။ သို့သော် ရက္ခိုင့်တပ်တော်၏ အောင်ပွဲကို တားဆီးနိုင်ခြင်း မရှိပေ။

Next Post
မြန်မာနဲ့ မြောက်ကိုရီးယား အာဏာရှင် နှစ်ဦး တရုတ်မှာတွေ့ဆုံ (ရုပ်/သံ)

မြန်မာနဲ့ မြောက်ကိုရီးယား အာဏာရှင် နှစ်ဦး တရုတ်မှာတွေ့ဆုံ (ရုပ်/သံ)

ပန်ဝါကို ထိုးစစ်ပြန်ဆင်ဖို့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ပြင်နေ (ရုပ်/သံ)

ပန်ဝါကို ထိုးစစ်ပြန်ဆင်ဖို့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ပြင်နေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved