ကချင်ပြည်နယ်၊ ပန်ဝါဒေသကို ထိုးစစ်ပြန်ဆင်ပြီး သိမ်းပိုက်ဖို့အတွက် အာဏာသိမ်း စစ်တပ်နဲ့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဖြစ်တဲ့ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တို့ ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ မြေရှားသတ္ထုတွေ ထွက်ရှိရာ ပန်ဝါဒေသကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ တိုက်ခိုက်သိမ်းပိုက် ထားတာဖြစ်ပြီး ဦးဇခုန်တိန့်ယိန်းရဲ့ အိမ်ကိုပါ ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။
ပန်ဝါကို စစ်ဆင်ရေး ပြန်လုပ်ဖို့အတွက် မြစ်ကြီးနား အခြေစိုက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှာ အချိန်ယူ စုစည်းခဲ့ကြတာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဝိုင်းမော်မြို့ ခလရ (၅၈) တပ်ရင်းမှာ ရောက်နေကြပြီလို့ စစ်တပ်၊ နယ်ခြားစောင့်တပ်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ က ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ပန်ဝါ #မြေရှား #KIA #NDAK #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













