IT

ကမ္ဘာ့ပထမဆုံး 10GB RAM ပါ စမတ်ဖုန်းကို မိတ်ဆက်ဖွယ်ရှိနေတဲ့ Oppo

Want create site? Find Free WordPress Themes and plugins.

Oppo ဟာ 10GB RAM အထိ ပါဝင်တဲ့ R17 စမတ်ဖုန်းကို မကြာမီ မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲက Laptop PC အများစုတောင် 4GB ဒါမှမဟုတ် 8GB RAM လောက်ပဲ ပါဝင်တာကြောင့် Oppo R17 ဟာ PC တွေထက်တောင် RAM ပမာဏ ပိုများသွားမှာဖြစ်ပြီး၊ ကမ္ဘာ့ပထမဆုံး 10GB RAM ပါ ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

နာမည်ကြီး Gaming ဖုန်းတွေဖြစ်တဲ့ ASUS ROG Phone နဲ့ Razer Phone တို့အပါအဝင် လက်ရှိထွက်ပြီးသား Flagship စမတ်ဖုန်းတွေမှာတောင် RAM ပမာဏ အများဆုံးဆိုလို့ 8GB အမြင့်ဆုံးပဲ ပါဝင်တဲ့အတွက် Oppo R17 ဟာ RAM အများဆုံးဖုန်းအဖြစ်လည်း ဂုဏ်ပုဒ်တွေ ယူဆောင်နိုင်မှာဖြစ်ပါတယ်။

Oppo R17 မှာ 10GB RAM သုံးမယ့်အကြောင်းကို Weibo ရဲ့ နာမည်ကျော် စမတ်ဖုန်း သတင်းပေးသူ တဦး ဖြစ်တဲ့ Kumamoto Technology က ဦးဆုံး ဖော်ပြခဲ့တာပါ။ ဒါ့အပြင် Kumamoto ဟာ Oppo R17 စာနယ်ဇင်း မိတ်ဆက်ပွဲလို့ ယူဆရတဲ့ ဓာတ်ပုံတပုံကိုလည်း Weibo မှာ တင်ခဲ့သေးတာကြောင့် Oppo နဲ့ ရင်းနှီးသူတဦး ဖြစ်နိုင်ပါတယ်။

Oppo R17 စမတ်ဖုန်း

Oppo R17 ဖုန်းလို့ ယူဆရတဲ့ Oppo ဖုန်းအသစ်တမျိုးကို တရုတ်အစိုးရရဲ့ ဆက်သွယ်ရေးပစ္စည်း မှတ်ပုံတင်ရုံး ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ TENAA ပေါ်မှာ တွေ့မြင်ခဲ့ရပြီး ဖြစ်တာကြောင့် R17 ဖုန်းကို အမှန်တကယ်မြင်တွေ့ရဖို့ သိပ်မလိုလောက်တော့ပါဘူး။

Android ဖုန်းတလုံးအနေနဲ့ RAM ပမာဏ 10GB လောက်အထိ တကယ်လို၊ မလို အငြင်းပွားနိုင်စရာ ရှိပေမယ့် ဈေးကွက်အရ ကြည့်မယ်ဆိုရင်တော့ ဒီတချက်ထဲနဲ့တင် တခြားပြိုင်ဘက်ဖုန်းတွေထက် ထူးခြားတဲ့ဖုန်းအဖြစ် ဈေးကွက်တွင်း ရပ်တည်နိုင်မှာဖြစ်ပါတယ်။

Oppo R17 ရဲ့ ခန့်မှန်း Specifications တွေကတော့ ၆.၃ လက်မအရွယ် 4K OLED Display ၊ ၉၂.၉ ရာခိုင်နှုန်း Screen နဲ့ ကိုယ်ထည်အချိုး၊ Snapdragon 710 SoC နဲ့ 10GB RAM တို့ ပါဝင်လာနိုင်ပါတယ်။ Storage ကို 256GB နဲ့ 512GB ဆိုပြီး Storage များများပဲ ထုတ်လုပ်သွားဖို့ရှိပြီး၊ အစောဆုံးအနေနဲ့ ယခုသြဂုတ်လအတွင်း တရားဝင် မိတ်ဆက်နိုင်ခြေ ရှိပါတယ်။

ကမ္ဘာ့ပထမဆုံး 10GB RAM ပါဝင်တဲ့ စမတ်ဖုန်းကို အရင်ဦးဆုံး ထုတ်နိုင်ဖို့အတွက် Vivo ကလည်း ကြိုးစားလျက် ရှိပြီး Nex စမတ်ဖုန်းပြီး နောက်အသစ်ထွက်မယ့် Flagship မော်ဒယ်မှာ 10GB RAM ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Ref: Gadgets Now, GSM Arena, Wcftech

Did you find apk for android? You can find new Free Android Games and apps.
Loading