• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Uber မိုးပျံတက္ကစီ ကို ၂၀၂၃ ခုနှစ်မှာ စတင် ပျံသန်း ပြေးဆွဲမည်

by Nigma
21 January 2019
in IT
A A
Uber ရဲ့ မိုးပျံတက္ကစီ

Uber ရဲ့ မိုးပျံတက္ကစီ

4.3k
VIEWS
Share on FacebookShare on Twitter

စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကားတွေထဲက မိုးပျံကားတွေကို မကြာမီနှစ်အနည်းငယ်အတွင်း ကောင်းကင်ယံမှာ စတင် မြင်တွေ့ရတော့မှာပါ။

အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber ဟာ ဒေါင်လိုက် အဆင်း၊အတက် ပြုလုပ်နိုင်တဲ့ နယ်ဝေး ခရီးသည်တင် လျှပ်စစ် မိုးပျံယာဉ်တစီးကို ဖန်တီးလျက် ရှိပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း Los Angeles နဲ့ Dallas မြို့တွေမှာ စတင် စမ်းသပ် ပျံသန်းပြေးဆွဲသွားမယ်လို့ အဆိုပါ မိုးပျံယာဉ်ကို တာဝန်ယူထုတ်လုပ်နေတဲ့ Uber Elevate ဌာနက ပြောကြားခဲ့ပါတယ်။

စမ်းသပ်မှု အောင်မြင်တာနဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးသွားဖို့ ရှိပါတယ်။ ခရီးသည် လေးဦးနဲ့ လေယာဉ်မောင်း တဦးတို့ လိုက်ပါစီးနင်းနိုင်မှာပါ။ ၂၀၂၈ ခုနှစ်မှာတော့ လုံးဝ မောင်းသူမဲ့ယာဉ် ဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ Uber က ပြောကြားခဲ့ပါတယ်။

“3D ပုံဖော်မှုနည်းပညာကို အသုံးချပြီး ကောင်းကင်ယံမှာ တကယ်ရှိသယောင် ထင်ရမယ့် ယာဉ်လမ်းကြောင်း (Virtual Highways) တွေကို ဖန်တီးနေပါတယ်။ မြေပြင်ပေါ်က ဆိုးရွားတဲ့ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်မယ့် နည်းပညာပါ။ ဒါတွေအကုန်လုံးက တကယ့်ကို မြန်ဆန်စွာ အကောင်အထည်ပေါ်လာပါပြီ” လို့ NASA မှာ ၃၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး Uber Elevate မှာ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထားတဲ့ Mark Moore က The Times သတင်းဌာနကို ပြောကြားပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153

Uber မိုးပျံတက္ကစီကို ငှားရမ်းစီးနင်းမယ်ဆိုရင် ၂၅ မိုင်ကို သာမန် Uber X ကားဈေးနှုန်းထက် ဒေါ်လာ ၃၀ လောက် ပိုများပါလိမ့်မယ်။ ဒါပေမယ့် Uber X ကားထက် ကြာချိန် ၃ ဆ ပိုမို သက်သာမှာပါ။

Uber မိုးပျံတက္ကစီ ငှားစီးချင်သူ ခရီးသည်တွေအတွက် အဆင်ပြေချောမွေ့မယ့် ဝန်ဆောင်မှုတမျိုးကို ဖန်တီးဖို့လည်း စဉ်းစားထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ခလုတ်တချက်နှိပ်လိုက်တာနဲ့ Uber ကားတစီးက အိမ်တိုင်ရာရောက် လာခေါ်ပြီး၊ ရဟတ်ယာဉ်ကွင်းစီ လိုက်ပို့ပေးမှာပါ။

ထို့နောက် Uber မိုးပျံတက္ကစီကို အဝေးဆုံး မိုင်ပေါင်း ၆၀ အကွာအဝေးအထိ စီးနင်းနိုင်ပြီး၊ နောက်ဆုံးသွားလာရာနေရာကို နောက်ထပ် Uber ကားတစီးက ပြန်လိုက်ပို့ပေးမှာ ဖြစ်ပါတယ်။ နယ်ဝေးကို အချိန်တိုအတွင်း သွားလာချင်သူတွေအတွက် အဆင်ပြေစေမှာပါ။

အခြေခံအဆောက်အဦ ကုန်ကျစရိတ် နည်းပါးစေဖို့အတွက် ကားရပ်နားရာအဆောက်အဦ အမိုးပိုင်းကို ရဟတ်ယာဉ်ကွင်းအဖြစ် ပြောင်းလဲသွားဖို့ စီစဉ်ထားတယ်လို့ Uber က ဆိုပါတယ်။ မြို့တမြို့မှာ မိုးပျံတက္ကစီ အစီး ၅၀ စတင် ထားရှိသွားပြီး၊ နောက်ပိုင်းမှာ အစီး ၃၀၀ အထိ ထားသွားဖို့ ရှိပါတယ်။

Uber ဟာ လျှပ်စစ်စွမ်းအင်သုံး မိုးပျံတက္ကစီယာဉ်ကို ကုမ္ပဏီ ၅ ခုနဲ့ ပူးပေါင်း ထုတ်လုပ်နေပါတယ်။ တစီးကို အမေရိကန်ဒေါ်လာ ၂ သန်းလောက် ကုန်ကျသွားမှာပါ။ Uber မိတ်ဖက်ကုမ္ပဏီတခုဖြစ်တဲ့ Bell ကလည်း မောင်းသူမဲ့ မိုးပျံတက္ကစီ ရှေ့ပြေးမော်ဒယ်တစီးကို ပြီးခဲ့တဲ့ CES 2019 ပွဲမှာ လာရောက် ပြသသွားခဲ့ပါတယ်။

Ref: The Times, Digital Trends

Your Thoughts …
Tags: Uberမိုးပျံတက္ကစီ
Nigma

Nigma

Contributor

Similar Picks:

ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ 'scUber' ဝန်ဆောင်မှု

ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber မိတ်ဆက်

by Nigma
26 May 2019
4k

scUber ငှားသူတွေအနေနဲ့ ပင်လယ်ရေအောက် အနက် မီတာ ၂၀ အထိ သတ်မှတ်လမ်းကြောင်းအတိုင်း ဆင်းသက် ငုပ်လျှိုးပြီး၊ မဟာသန္တာကျောက်တန်းကို အနီးကပ်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

"Ehang 216" မိုးပျံတက္ကစီ

လေယာဉ်မှူး မပါတဲ့ မိုးပျံတက္ကစီကို ဗီယင်နာမြို့တွင် စမ်းသပ် ပျံသန်း

by Nigma
6 April 2019
6.9k

ခရီးသည် ၂ ဦး တင်ဆောင် ပျံသန်းနိုင်တဲ့ Ehang 216 ကို အစီးရေ အမြောက်အများ ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ Ehang ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Derrick Xiong က ပြောကြားခဲ့ပါတယ်။

Grab ဟာ Uber ရဲ့ အရှေ့တောင်အာရှလုပ်ငန်းတွေကို မတ်လတုန်းက ဝယ်ယူခဲ့ပါတယ်

ဈေးကွက်ယှဉ်ပြိုင်မှုဥပဒေကြောင့် Uber နဲ့ Grab တို့ ကန်ဒေါ်လာ ၉.၅ သန်း ဒဏ်ရိုက်ခံရ

by Nigma
24 September 2018
8.4k

Grab ဟာ Uber ရဲ့ အရှေ့တောင်အာရှလုပ်ငန်းတွေကို မတ်လတုန်းက ဝယ်ယူကာ၊ Uber လုပ်ငန်းတွေကို Grab နဲ့ ပေါင်းစည်းခဲ့တာ ဖြစ်ပါတယ်။

Uber နဲ့ U.S Army တို့ ပူးပေါင်း ထုတ်လုပ်မယ့် မိုးပျံတက္ကစီ စီမံကိန်း

အသံဆူညံမှု မရှိတဲ့ “မိုးပျံတက္ကစီ” တွေကို Uber နဲ့ U.S Army တို့ ပူးပေါင်း အကောင်အထည် ဖော်သွားမည်

by Nigma
21 May 2018
4.5k

သမားရိုးကျ မော်တော်ယာဉ်တွေထက်စာရင် ကျယ်ပြောတဲ့ ကောင်းကင်မှာ ပျံသန်းပြေးဆွဲမယ့် မိုးပျံကားတွေဟာ လူနေ အရမ်းထူထပ်တဲ့ မြို့ကြီးတွေမှာ နေထိုင်သူတွေအတွက် တကယ့်ကို အချိန်ကုန်သက်သာ အဆင်ပြေစေမယ့် နည်းပညာတရပ် ဖြစ်လာမှာပါ။

အစားအသောက်တွေကို Uber က ဒရုန်းနဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်

အစားအသောက်တွေကို ဒရုန်းနဲ့ လိုက်ပို့ပေးတော့မှာ ဖြစ်ကြောင်း Uber ပြောကြား

by Nigma
13 June 2019
6.7k

Uber ဟာ ဒီနည်းပညာကို မေလမှာ စမ်းသပ်ခဲ့စဉ်တုန်းက ရိုးရိုး ဒလက် ၆ ခုပါတဲ့ ဒရုန်းနဲ့ပဲ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါ ဒရုန်းဒီဇိုင်း အသစ်တမျိုးကို ဖန်တီးလျက် ရှိပြီး၊ ဒီနှစ်ကုန်လောက်မှာ စတင်ပြသမယ်လို့...

လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက် အဆင်း၊ အတက် ပြုလုပ်နိုင်တဲ့ယာဉ် "Electric Vertical Take Off and Landing" လို့ Rolls-Royce က အမည်ပေးထားပါတယ်

မိုးပျံတက္ကစီ ဈေးကွက်အတွင်း ဝင်ရောက်လာပြီဖြစ်တဲ့ Rolls-Royce

by Nigma
17 July 2018
59.2k

EVTOL မှာ စွမ်းအင်သိုလှောင်ဖို့အတွက် ဘက်ထရီတလုံး ပါဝင်မှာ ဖြစ်ပေမယ့်၊ ဘက်ထရီကို အားပြန်သွင်းပေးဖို့ မလိုအပ်ဘဲ ဂတ်စ်တာဘိုင်ကိုပဲ ဆီပြန်ဖြည့်ပေးရုံနဲ့ အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Next Post
ထိုင်း ဒုဝန်ကြီးချုပ် ပရာဝစ်နှင့် သရက်သီး ကောက်ညှင်း အုန်းနို့ဆမ်း / Khaosad

တရုတ်ခရီးသွားတွေအတွက် ထိုင်းနိုင်ငံရဲ့ ဆွဲဆောင်မှု၊ “We Care For You” လှုပ်ရှားမှု

ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ 'Glass' ရုပ်ရှင်

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ 'Glass' ရုပ်ရှင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved