ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ကမ္ဘာလှည့်ခရီးသည်များကို ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာဝစ်ဝေါင်ဆူဝမ်က သရက်သီး ကောက်ညှင်း အုန်းနို့ဆမ်း ၅ တန် ဖြင့် တနင်္ဂနွေနေ့က တည်ခင်းဧည့်ခံကြောင်းသိရ သည်။
ထိုင်းဒုဝန်ကြီးချုပ် ပရာဝစ်သည် တရုတ်ကမ္ဘာ့လှည့်ခရီးသွားများကို မဖွယ်မရာ ဝေဖန်ခဲ့သူဖြစ်ပြီး၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း ပြုလုပ်သည့် ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်မှု မြှင့်တင်ရေး လှုပ်ရှားမှု “We Care For You” အစီအစဉ်တွင် တရုတ် ကမ္ဘာလှည့်ခရီးသွားများကို ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံး မုန့်ဖြင့် ဧည့်ခံခြင်းဖြစ်သည်။
ဘန်ကောက်မြို့ နွန်သဘူရီအရပ်ရှိ မောင်းထိုင်း ဌာနီ ၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး သရက်သီး ကောက်ညှင်း အုန်းနို့ဆမ်း တည်ခင်းပွဲကို ဂရင်းနစ် စံချိန်တင်ရန် အာဏာပိုင်များက မူလကတည်းက မျှော်လင်ထားသည်။
ထိုစားသောက်ပွဲကို ထိုင်းအစိုးရ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ လွှတ်တော်၊ ခရီးသွားလုပ်ငန်း အသင်းများနှင့် ထိုင်းတရုတ် အသိုင်းအဝန်းများ စသည့် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများစွာ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ထိုအခမ်းအနာကို အစိုရရုပ်သံမှ ထုတ်လွှင့်ပြီး၊ ထိုင်းခရီးသွားလုပ်ငန်း အတွက်ပုံရိပ်ကောင်းဖြစ် သည် ဟုထိုင်းအရာရှိ များပြောသည်။
၂၀၁၈အစောပိုင်းက တရုတ်ခရီးသည်များ လာရောက်မှု များပြားသော်လည်း ဇူလိုင်လအတွင်း တရုတ် ခရီးသွား ၄၇ ဦး သင်္ဘောနစ်မြုပ် သေဆုံးသည့်အတွက် ခရီးသည်လာရောက်မှု တုံ့ဆိုင်း သွားသည်။
ယင်းကူးတို့လုပ်ငန်းကို တရုတ်တို့က ဝင်ရောက် လုပ်ကိုင်နေပြီး ထိုမတော်တဆမှု မှာ တရုတ်အချင်း ချင်း ကြောင့် ဖြစ်ရသည်ဟု ထိုင်း ဒုဝန်ကြီးချုပ်ပရာဝစ်က ထိုစဉ်ကပြောသဖြင့် တရုတ်လူမှု ကွန်ရက်တွင် ဒေါသပေါက်ကွဲခဲ့ကြသည်။
အလားတူ လာမည့်ဧပြီလ ဆွန်ခရမ်ကာလအတွင်း ပတ္တရားကမ်းခြေ တွင် စုပေါင်းပြေးပွဲ ကျင်းပဖွယ် ရှိပြီး တရုတ်နိုင်ငံမှ အပြေး သမား ၅ ထောင်ကျော်ကို ဒေသခံများနှင့် ပူးပေါင်းပါဝင်ရေး ဖိတ် ခေါ် သွားရန် ထိုင်းနိုင်ငံက စိုင်းပြင်းနေသည်။