• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

ဈေးကွက်ယှဉ်ပြိုင်မှုဥပဒေကြောင့် Uber နဲ့ Grab တို့ ကန်ဒေါ်လာ ၉.၅ သန်း ဒဏ်ရိုက်ခံရ

by Nigma
24 September 2018
in Automobile
A A
Grab ဟာ Uber ရဲ့ အရှေ့တောင်အာရှလုပ်ငန်းတွေကို မတ်လတုန်းက ဝယ်ယူခဲ့ပါတယ်

Grab ဟာ Uber ရဲ့ အရှေ့တောင်အာရှလုပ်ငန်းတွေကို မတ်လတုန်းက ဝယ်ယူခဲ့ပါတယ်

8.4k
VIEWS
Share on FacebookShare on Twitter

Uber နဲ့ Grab ကုမ္ပဏီနှစ်ခု ပေါင်းစည်းမှုဟာ စင်ကာပူနိုင်ငံရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့တာကြောင့် ကုမ္ပဏီနှစ်ခုပေါင်းကို ကန်ဒေါ်လာ ၉ ဒဿမ ၅ သန်း ဒဏ်ရိုက်လိုက်ပါတယ်။

Grab ဟာ Uber ရဲ့ အရှေ့တောင်အာရှလုပ်ငန်းတွေကို မတ်လတုန်းက ဝယ်ယူကာ၊ Uber လုပ်ငန်းတွေကို Grab နဲ့ ပေါင်းစည်းခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဒါပေမယ့် အဆိုပါပေါင်းစည်းမှုဟာ စင်ကာပူနိုင်ငံအတွက် ထိခိုက်မှုတွေရှိကြောင်း လချီ စုံစမ်း စစ်ဆေးမှုပြုလုပ်ပြီး နောက်မှာ စင်ကာပူနိုင်ငံ ဈေးကွက်ယှဉ်ပြိုင်မှုနဲ့ စားသုံးသူရေးရာကောင်မရှင် (CCCS) က အခုလို ဒဏ်ကြေး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုပေါင်းစည်းမှုဟာ ဈေးကွက် ယှဉ်ပြိုင်မှု ကင်းမဲ့စေပြီး၊ ဈေးနှုန်းတွေ ပိုတက်လာစေတယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

CCS ရဲ့ စစ်ဆေးတွေ့ရှိချက်အရ Grab ဟာ Uber ကို ဝယ်ယူမှုအပြီးမှာ ဈေးနှုန်းတွေကို ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ပြီး၊ ဈေးကွက်ဝေစုသိမ်းပိုက်နိုင်မှုကလည်း ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိ သွားခဲ့ပါတယ်။

Grab ရဲ့ ပူးတွဲတည်ထောင်သူဖြစ်သူ Hooi Ling Tan ကတော့ အရှေ့တောင်အာရှ ဈေးကွက် အတွင်းမှာ ယှဉ်ပြိုင်ဖက်တွေ အများကြီးရှိနေသေးကြောင်း ပြောကြားခဲ့ပါသေးတယ်။

Grab အနေနဲ့ Uber လုပ်ငန်းတွေ ဝယ်ယူမှုကို CCCS ထံ ဥပဒေအရ တရားဝင် အကြောင်းကြားစရာတော့ မလိုပါဘူး။

ဒါပေမယ့် ယှဉ်ပြိုင်မှုဥပဒေ နဲ့ ပေါင်းစည်းရေးပေါ်လစီပါ ပုဒ်မ ၅၄ အရ ပေါင်းစည်းပြီးကုမ္ပဏီဟာ ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းအထက် ပိုရှိသွားမယ်ဆိုရင် ဒါမှမဟုတ် ပေါင်းစည်းပြီးနောက် ဈေးကွက်တွင်းရှိ အကြီးဆုံးကုမ္ပဏီ ၃ ခုရဲ့ စုစုပေါင်း ဈေးကွက်ဝေစုဟာ ၇၀ ရာခိုင်နှုန်းနှင့်အထက် ရှိသွားမယ်ဆိုရင် ယှဉ်ပြိုင်မှ Grab ဟာ ကုမ္ပဏီနှစ်ခု ပေါင်းစည်းကြောင်း သဘောတူညီချက်ကို ထုတ်ပြန်ကြေညာပြီးမှ CCCS ကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

CCCS ဟာ Uber ကို ကန်ဒေါ်လာ ၄ ဒဿမ ၈ သန်း ဒဏ်ကြေးချမှတ်ခဲ့ပြီး၊ Grab ကိုတော့ ကန်ဒေါ်လာ ၄ ဒဿမ ၇ သန်း ချမှတ်ခဲ့ပါတယ်။ ပေါင်းစည်းမှုသဘောတူညီချက်ကတော့ ဆက်လက်တည်မြဲမှာဖြစ်ပါတယ်။

Grab နဲ့ Uber တို့ဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဈေးကွက် ၈ ခုမှာ ယှဉ်ပြိုင်ခဲ့ပေမယ့်၊ ယခုဒဏ်ကြေး ကတော့ စင်ကာပူနိုင်ငံက လုပ်ငန်းတွေအတွက်ပဲ အကျုံးဝင်မှာ ဖြစ်ပါတယ်။ Grab အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီက ကန်ဒေါ်လာ ၆ ဘီလီယံလောက် ရထားပြီး ဖြစ်တာကြောင့် အခုဒဏ်ကြေးကတော့ ပြောပလောက်မှာ မဟုတ်ပါဘူး။

Uber ဟာ ကုမ္ပဏီရဲ့ အရှေ့တောင်အာရှလုပ်ငန်းတွေကို စင်ကာပူအခြေစိုက် Grab ကုမ္ပဏီထံမှာ ရှယ်ယာဝေစု ၂၇ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ လဲလှယ်ရောင်းချခဲ့တာဖြစ်ပါတယ်။

Ref: Tech Crunch, Reuters

Your Thoughts …
Tags: GrabUber
Nigma

Nigma

Contributor

Similar Picks:

Grab Taxi ဝန်ဆောင်မှု  / သီဟတိုး / ဧရာဝတီ

Grab နဲ့ Samsung ပူးပေါင်းပြီး “Grab-A-Note Race” ပြိုင်ပွဲ ပြုလုပ်မည်

by သီဟတိုး
4 January 2018
28.5k

Grab-A-Note ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ရန်ကုန်မြို့မှာ စတင်ကျင်းပမှာဖြစ်ပြီး မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အချိန်ကြာမြင့်မယ့် အဆိုပါ ပွဲစဉ်တခုလုံးကို ပြိုင်ပွဲဝင်များ အသုံးပြုနိုင်ရန်...

Grab Myanmar မှ တာဝန်ရှိသူ တဦး  / Grab Myanmar

၂၀၂၀ မှာ ပြုလုပ်မယ့် အစီအစဉ်အသစ်တွေကို Grab မိတ်ဆက်

by ရေဗန်
18 February 2020
5.4k

Grab Taxi စီးသူများ အဆင်ပြေစေဖို့အတွက် ဖုန်းခေါ်ဆိုငှားရမ်းနိုင်တဲ့ GrabTaxiCall ဝန်ဆောင်မှု၊ ခရီးသည်များ နာရီအလိုက်နဲ့ တနေ့တာလုံးငှားရမ်းနိုင်တဲ့ အစီအစဉ်အသစ်တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။

ရန်ကုန်မြို့လည်တွင် တွေ့ရသည့် Grab App ဖြင့် ငှားရမ်းနိုင်သည့် အငှားယာဉ် တစီး / အောင်ကျော်ထက် / ဧရာဝတီ

Grabနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ၅ ခု အဂတိကော်မရှင်ထံ တိုင်ကြားခံရ

by အောင်သီဟ
18 December 2019
36k

ရန်ကုန်ုတိုင်း သယ်ယူပို့ဆောင်ရေးလုပ်သားများ သမဂ္ဂ အဖွဲ့ အနေဖြင့် အက်ပလီကေးရှင်းသုံး သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ ဖြစ်သည့် Grab၊ Oway၊ Hello Cab၊ 7 Brotherနှင့် Get Ride ကုမ္ပဏီတို့ကို...

Uber ရဲ့ မိုးပျံတက္ကစီ

Uber မိုးပျံတက္ကစီ ကို ၂၀၂၃ ခုနှစ်မှာ စတင် ပျံသန်း ပြေးဆွဲမည်

by Nigma
21 January 2019
4.3k

Uber မိုးပျံတက္ကစီကို ငှားရမ်းစီးနင်းမယ်ဆိုရင် ၂၅ မိုင်ကို သာမန် Uber X ကားဈေးနှုန်းထက် ဒေါ်လာ ၃၀ လောက် ပိုများပါလိမ့်မယ်။ ဒါပေမယ့် Uber X ကားထက် ကြာချိန် ၃ ဆ...

ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ 'scUber' ဝန်ဆောင်မှု

ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber မိတ်ဆက်

by Nigma
26 May 2019
4k

scUber ငှားသူတွေအနေနဲ့ ပင်လယ်ရေအောက် အနက် မီတာ ၂၀ အထိ သတ်မှတ်လမ်းကြောင်းအတိုင်း ဆင်းသက် ငုပ်လျှိုးပြီး၊ မဟာသန္တာကျောက်တန်းကို အနီးကပ်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

မသန်စွမ်းသူ ခရီးသည်များအတွက် ရည်ရွယ်တဲ့ အငှားယာဉ် ဝန်ဆောင်မှုတမျိုးကို Grab က မိတ်ဆက်လိုက်ပါတယ်

Grab ရဲ့ “Grab for Good” အစီအစဉ်နဲ့ မသန်စွမ်းသူများအတွက် အကူညီပေးမယ့် စီမံချက်

by ဧရာဝတီ
24 September 2019
5k

Grab ဟာ "Break the Silence" စီမံချက်ကို အင်ဒိုနီးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ထံ တိုးချဲ့လုပ်ဆောင်မှာ ဖြစ်ပြီး အဲဒီလှုပ်ရှားမှုကို လက်ရှိ လုပ်ဆောင်နေတဲ့ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ အရှိန်တိုးမြှင့် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Next Post
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၇ ရက် အိမ်တော် မီဒီယာ တွေ့ဆုံပွဲတွင် တွေ့ရသည့် ဦးဇော်ဌေး  / ဧရာဝတီ

လက်နက်ကိုင်အဖွဲ့များကို သစ်ပါမစ် ထုတ်မပေးတော့ဟု သမ္မတရုံး ပြော

မန္တလေးမြို့ ဂျက်ဖာဆန် စင်တာတွင် ပြုလုပ်သော လိင်စိတ် ခံယူမှု ကွဲပြားသူများ အပေါ် ခွဲခြား ဆက်ဆံမှုများနှင့် အခက်အခဲများ အကြောင်း စစ်တမ်းရလဒ် ရှင်းလင်းပွဲ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

LGBT များ အပေါ် အမြင်စောင်းစေမည့် သရုပ်ဖော်မှုများ ရှောင်ရန် တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved