• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

BBC က “Beeb” အမည်ရ ကိုယ်ပိုင်အသံ အထောက်အကူ စနစ်တခု ထုတ်ပေးမည်

by Nigma
27 August 2019
in IT
A A
အဆိုပါ ကိုယ်ပိုင်အသံ အထောက်အကူစနစ်ကို BBC က "Beeb" လို့ နာမည်ပေးထားပါတယ်

အဆိုပါ ကိုယ်ပိုင်အသံ အထောက်အကူစနစ်ကို BBC က "Beeb" လို့ နာမည်ပေးထားပါတယ်

8.4k
VIEWS
Share on FacebookShare on Twitter

စမတ်ဖုန်း၊ စမတ်စပီကာ စသဖြင့် စမတ်ပစ္စည်းမျိုးစုံ တွင်ကျယ်လာတာနဲ့အတူ Voice Assistant လို့ ခေါ်တဲ့ အသံအထောက်အကူ စနစ်တွေလည်း ခေတ်စားလာပြီ ဖြစ်ပါတယ်။ Google ၊ Apple ၊ Samsung စတဲ့ နည်းပညာ ကုမ္ပဏီကြီးတိုင်းမှာလည်း ကိုယ်ပိုင်အသံ အထောက်ကူစနစ်တွေ ကိုယ်စီ ရှိနေကြပါပြီ။

အခုဆိုရင် မီဒီယာ ကုမ္ပဏီတခုဖြစ်တဲ့ BBC ကလည်း ကိုယ်ပိုင်အသံ အထောက်အကူ စနစ်တခုကို ဖန်တီးနေပြီ ဖြစ်ပါတယ်။ “Beeb” လို့ အမည်ပေးထားပြီး၊ BBC Website နဲ့ စမတ်တီဗီတွေက iPlayer Apps တွေမှာ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ စိတ်တိုင်းကျဖြစ်ဖို့အတွက် BBC ဝန်ထမ်းအဖွဲ့နဲ့ ကိုယ်တိုင် ဖန်တီးနေတယ်လို့ The Guardian သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

“လိုချင်တဲ့ ပုံစံအတိုင်း ဖန်တီးဖို့အတွက် တစုံတယောက်ထံက ခွင့်ပြုချက် တောင်းစရာ မလိုဘဲ အစီအစဉ်အသစ်တွေ၊ လုပ်ဆောင်ချက် အသစ်တွေနဲ့ အသုံးပြုမှု ပုံစံအသစ်တွေကို BBC ကိုယ်တိုင် စိတ်တိုင်းကျ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်”လို့ BBC က ပြောခွင့်ရပုဂ္ဂိုလ်တဦးက The Guardian သတင်းစာကို ပြောပါတယ်။

BBC အနေနဲ့ Amazon လိုမျိုး အသံ အထောက်အကူစနစ် ပါတဲ့ ကိုယ်ပိုင် စမတ် စပီကာမျိုး ထုတ်ဖို့တော့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တခြား ကုမ္ပဏီတွေအနေနဲ့ သူတို့ စမတ် စပီကာတွေမှာ ထည့်သုံးချင်တော့ရင်တော့ ထုတ်ပေးသွားမှာပါ။

BBC က အချို့ တင်ဆက်မှုတွေကို အခြား ပြင်ပ ဝန်ဆောင်မှုတွေထံ မပေးတော့ဘဲ စတင် ရပ်ဆိုင်းနေချိန်မှာ ကိုယ်ပိုင် အသံ အထောက်အကူစနစ် ထုတ်မယ့်ဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။ BBC ဟာ ယခုနှစ်အစောပိုင်းကလည်း Google ထုတ်ကုန်အချို့မှာ Podcasts တွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။

ဒါ့အပြင် တိုက်ရိုက် ရေဒီယိုလိုင်းအချို့ကို ဒီလကုန်မှာ TunIn အပါအဝင် ဗြိတိန် ပလက်ဖောင်းအချို့ကနေ ဖယ်ရှားသွားတော့မှာပါ။ အစီအစဉ်အတွက် လိုအပ်တဲ့ နားဆင်မှု ဒေတာ အချက်အလက်တွေကို ပြင်ပ ဝန်ဆောင်မှုတွေက မပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ကိုယ်ပိုင် အသံ အထောက်အကူစနစ် ရှိလာမယ်ဆိုရင်တော့ ဒေတာ မရတဲ့ ပြဿနာအချို့လည်း ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ဒါပေမဲ့ ဒီနှစ်ထဲမှာပဲ Amazon ၊ Apple ၊ Google ၊ Microsoft စတဲ့ ကုမ္ပဏီတွေဟာ အသံ အထောက်အကူစနစ်ကနေ ရရှိတဲ့ အသံမှတ်တမ်းတွေကို ဝန်ထမ်းနဲ့ ကန်ထရိုက်တာ ကုမ္ပဏီတွေကို ပေးနားထောင်ခိုင်းနေကြောင်း တွေ့ရှိခဲ့တာကြောင့် ဝေဖန်သံတွေ ညံခဲ့ပါတယ်။ BBC ကတော့ Beeb စနစ်က ရရှိတဲ့ အသံဒေတာတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ မပြောရသေးပါဘူး။

Beeb ကို လုပ်ဆောင်ချက် အစုံအလင် ပါဝင်တဲ့ Alexa နဲ့ Google Assistant တို့နဲ့ တိုက်ရိုက် ယှဉ်ပြိုင်မယ့်အစား BBC ရဲ့ ဝန်ဆောင်မှုတွေမှာပဲ အဓိက ထည့်ပေးသွားနိုင်ပါတယ်။ ဗြိတိန်အသံထွက်ကို နားလည်အောင်လည်း အထူးဂရုစိုက် ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။ Beeb ကို လောလောဆယ် ဗြိတိန်နိုင်ငံက BBC ဝန်ထမ်းတွေနဲ့ စမ်းသပ်လျက် ရှိပါတယ်။ ရှေ့နှစ်အတွင်း တရားဝင် ထုတ်ပေးဖို့ ရည်မှန်းထားပါတယ်။

Ref: The Verge, The Guardian

You may also like these stories:

Google က Fossil စမတ်နာရီ နည်းပညာကို ဒေါ်လာ သန်း ၄၀ နဲ့ ဝယ်ယူ

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
66
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
302
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k

Walmart ကလည်း ကိုယ်ပိုင် Game Streaming ဝန်ဆောင်မှုကို ဖန်တီးနေ

Google Maps ကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင် မြေပုံဝန်ဆောင်မှုတခုကို Huawei ဖန်တီးနေ

အခိုးခံထားရတဲ့ စကားဝှက်တွေကို စစ်ဆေးပေးမယ့် Chrome Extension တခုကို Google ထုတ်ပေး

Your Thoughts …
Tags: BBCကိုယ်ပိုင်အသံ အထောက်အကူစနစ်
Nigma

Nigma

Contributor

Similar Picks:

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

by ဧရာဝတီ
29 December 2024
1.9k

RSF နည်းပညာ နဲ့ ဂျာနယ်လစ်ဇင် ဌာန အကြီးအကဲ Vincent Berthier က ဒီ feature ကိုဖယ်ရှားပစ်ပြီး တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Apple ကို တောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့...

ထိုင်းမှာ BBC အတွက် ရိုက်တဲ့ Thailand: The dark side of paradise ရုပ်သံအဖွဲ့ အဖမ်းခံရမလို ဖြစ်ပွား

ထိုင်းမှာ BBC အတွက် ရိုက်တဲ့ Thailand: The dark side of paradise ရုပ်သံအဖွဲ့ အဖမ်းခံရမလို ဖြစ်ပွား

by ဧရာဝတီ
14 September 2025
482

ဘားတွေမှာ ရိုက်ကူးခွင့် ကြိုတင်တောင်းခံ ရရှိထားပေမယ့်လည်း ရောက်ရှိပြီး နာရီပိုင်း အတွင်း ရဲတွေ ရောက်ရှိလာကာ သူနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက် ခံခဲ့ရကြောင်း…

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး  /  ဧရာဝတီ

ဦးဇော်ဌေးကို ဘီဘီစီက တရားဝင် တောင်းပန်ရမည်ဟု သမ္မတရုံး ပြော

by ထက်နိုင်ဇော်
10 January 2019
81k

ပုံမှန် ပြုလုပ်နေကြဖြစ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတခုကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသမှု (Live) ပြုလုပ်ရာတွင် ရုပ်ပြောင်ပုံများ ထည့်သွင်းမိခြင်းကို တရားဝင် တောင်းပန်ပေးရမည် ဖြစ်ကြောင်း သမ္မတရုံးထံမှ သိရသည်။

လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ် / reuters

MNTV က BBC မြန်မာပိုင်းအစီအစဉ် ထုတ်လွှင့်မှု ရပ်စဲ

by ချစ်မင်းထွန်း
4 September 2017
21.8k

ဘီဘီစီက ထုတ်လွှင့်နေ သော အစီအစဉ်များကို ၎င်းနှင့် ပူးတွဲတင်ဆက်နေသော ရုပ်သံလွင့်ဌာနများက ကြားဝင်စွက်ဖက်ခြင်း၊ ဖြတ် တောက်ခြင်းများသည် မိမိတို့နှင့် ပရိသတ်များ အကြား ထားရှိသည့် ယုံကြည်မှုကို ပျက်စီးစေသည့် ချိုးဖောက်မှု ကြီး ဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း...

ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ Greta Thunberg

Greta Thunberg အကြောင်း မှတ်တမ်းစီးရီး BBC ဖန်တီးမည်

by မစ်ကီ
13 February 2020
4.2k

အသက် ၁၇ နှစ်အရွယ် Greta ဟာ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပြီး အပြောင်းအလဲတွေ ပြုလုပ်ဖို့ စိန်ခေါ်ခဲ့တဲ့အကြာင်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ Nancy Wigginton

BBC ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ ကွယ်လွန်

by ရေဗန်
21 May 2019
4.9k

ခင်ပွန်းသည်နဲ့ အိမ်ထောင်ကွဲနေတဲ့ Nancy Wigginton ရဲ့ သေမှုသေခင်း စုံစမ်းခြင်းကို ၂၀၂၀ ခုနှစ်အထိ ပြုလုပ်မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Next Post
ဖမ်းဆီးခံရသော စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့ ညီအစ်ကိုနှစ်ဦး / Sao sai khun tai

အဖမ်းဆီးခံ ရှမ်း ပရဟိတ ကျောင်းဆရာ၂ ဦး လွှတ်ပေးရန် ရှမ်းလူငယ် ကွန်ရက် တောင်းဆို

ရိုက်နှက်မှုဖြင့် ရဲက ဖမ်းဆီးထားသည့် လူငယ် ၁၀ ဦး  / ဧရာဝတီတိုင်း ရဲတပ်ဖွဲ့

ပုသိမ်တွင် လမ်းသွားလမ်းလာများအား မူးယစ်ရမ်းကား ရိုက်နှက်သည့် လူငယ် ၁၀ ဦးကို ဖမ်းဆီး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved