• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Greta Thunberg အကြောင်း မှတ်တမ်းစီးရီး BBC ဖန်တီးမည်

by မစ်ကီ
13 February 2020
in Entertainment
A A
ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ Greta Thunberg

ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ Greta Thunberg

4.2k
VIEWS
Share on FacebookShare on Twitter

ဆယ်ကျော်သက်အရွယ် ဆွီဒင် ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ Greta Thunberg ရဲ့ ဘဝအကြောင်းနဲ့ ရာသီဥတု ပြောင်းလဲမှုနောက်ကွယ်က သိပ္ပံပညာအကြောင်း လေ့လာဖော်ထုတ်မယ့် မှတ်တမ်းစီးရီးအသစ် တခုကို ထုတ်လုပ်ဖို့ ရှိတယ်လို့ BBC သတင်းဌာနက ပြောဆိုလိုက်ပါတယ်။

BBC Studios က “ ဒီစီးရီးဟာ ကမ္ဘာပေါ်က အထူးခြားဆုံး နေရာအများစုမှာ ရာသီဥတုပြောင်းလဲမှုကို ရှေ့တန်းရောက်စေခဲ့သူ Greta ရဲ့ နိုင်ငံတကာမှာဦးဆောင်မှု၊ ရာသီဥတု ပြောင်းလဲမှုနဲ့ ပျက်စီးဆုံးရှုံးမှုကို ကန့်သတ်ဖို့ သူဖော်ထုတ်ခဲ့တဲ့ လုပ်ဆောင်နိုင်မယ့် အရေးယူ ဆောင်ရွက်မှုတွေအကြောင်း ရိုက်ကူးမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီစီးရီးမှာ အသက် ၁၇ နှစ်အရွယ် Greta ဟာ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပြီး အပြောင်းအလဲတွေ ပြုလုပ်ဖို့ စိန်ခေါ်ခဲ့တဲ့အကြာင်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

BBC Studios က “အဲ့ဒီစီးရီးတွေမှာ လူကြီးပိုင်းကို ရောက်လာတဲ့ သူ့ရဲ့ ကိုယ်ပိုင်ခရီးလမ်းကို ဖော်ပြမှာဖြစ်ပြီး လုပ်ဆောင်မှုတွေ မရှိတာကြောင့် ဖြစ်ရတဲ့ တကယ့်ကမ္ဘာရဲ့ အကျိုးဆက်တွေကို သူက ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
106
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
304
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k

တခြားသူတွေနဲ့ မတူတဲ့ ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းနေစဉ်မှာ ကမ္ဘာတဝန်းမှာ ထုတ်လွှင့်ပြသနေပြီဖြစ်တဲ့ သူ့ရဲ့ မိန့်ခွန်းပြောစကားတွေကို ရေးသားပုံနဲ့ လူသိနည်းတဲ့ တချို့အချိန် အခိုက်အတန့်တွေကိုလည်း ကြည့်ရှုရမှာပါ။

Greta ရဲ့ ရာသီဥတုဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုက ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှာ တိတ်တဆိတ်ပဲ စတင်ခဲ့တာ ဖြစ်ပြီး သီတင်း ၃ ပတ်လောက် ကျောင်းမတက်ဘဲ နေခဲ့ရာကနေ အစပြုခဲ့တာပါ။ အဲ့ဒီနောက် “ရာသီဥတု ပြောင်းလဲမှုအတွက် ကျောင်းလှုပ်ရှားမှု” လို့ခေါ်တဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး သောကြာနေ့တိုင်း၊ ဆွီဒင် ပါလီမန်ပြင်ပမှာ တနေ့တာ လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ တက်ကြွလှုပ်ရှားမှုက ကမ္ဘာတလွှားမှာရှိတဲ့ လူငယ်သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ BBC Studios ရဲ့ အမှုဆောင်ထုတ်လုပ်သူ Rob Liddell က “ရာသီဥတုပြောင်းလဲမှုဟာ ကျနော်တို့ရဲ့ ဘဝတွေအတွက် အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုရှုပ်ထွေးတဲ့ ကိစ္စရပ် နောက်ကွယ်က သိပ္ပံနဲ့ အချက်အလက်တွေကို ဖော်ထုတ်ဖို့ စီးရီးတခုကို ထုတ်လုပ်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ်”

“Greta နဲ့အတူ ဒီစီရီးကို ဖန်တီးနိုင်တာဟာ ထူးခြားတဲ့ အခွင့်အရေးဖြစ်ပြီး ကမ္ဘာ့ icon တခုနဲ့ ကမ္ဘာဂြိုဟ်ပေါ်က နာမည်အကျော်အကြားဆုံး လူတယောက်ဘယ်လို ဖြစ်လာသလဲဆိုတာကို အတွင်းကျကျ ရှုမြင်ကြရမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: asiaione

You may also like these stories:

Greta Thunberg အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ Hulu ရုပ်သံလိုင်း စီစဉ်နေ

Time မဂ္ဂဇင်းရဲ့ “Person of the Year” အဖြစ် ဆွီဒင်ကျောင်းသူ Greta Thunberg သတ်မှတ်ခံရ

Your Thoughts …
Tags: BBCGreta Thunbergမှတ်တမ်းစီးရီး
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

by ဧရာဝတီ
29 December 2024
1.9k

RSF နည်းပညာ နဲ့ ဂျာနယ်လစ်ဇင် ဌာန အကြီးအကဲ Vincent Berthier က ဒီ feature ကိုဖယ်ရှားပစ်ပြီး တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Apple ကို တောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့...

ထိုင်းမှာ BBC အတွက် ရိုက်တဲ့ Thailand: The dark side of paradise ရုပ်သံအဖွဲ့ အဖမ်းခံရမလို ဖြစ်ပွား

ထိုင်းမှာ BBC အတွက် ရိုက်တဲ့ Thailand: The dark side of paradise ရုပ်သံအဖွဲ့ အဖမ်းခံရမလို ဖြစ်ပွား

by ဧရာဝတီ
14 September 2025
482

ဘားတွေမှာ ရိုက်ကူးခွင့် ကြိုတင်တောင်းခံ ရရှိထားပေမယ့်လည်း ရောက်ရှိပြီး နာရီပိုင်း အတွင်း ရဲတွေ ရောက်ရှိလာကာ သူနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက် ခံခဲ့ရကြောင်း…

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး  /  ဧရာဝတီ

ဦးဇော်ဌေးကို ဘီဘီစီက တရားဝင် တောင်းပန်ရမည်ဟု သမ္မတရုံး ပြော

by ထက်နိုင်ဇော်
10 January 2019
81k

ပုံမှန် ပြုလုပ်နေကြဖြစ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတခုကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသမှု (Live) ပြုလုပ်ရာတွင် ရုပ်ပြောင်ပုံများ ထည့်သွင်းမိခြင်းကို တရားဝင် တောင်းပန်ပေးရမည် ဖြစ်ကြောင်း သမ္မတရုံးထံမှ သိရသည်။

အဆိုတော် ဂျက်စတင်ဘီဘာ

ဂျက်စတင်ဘီဘာရဲ့ မှတ်တမ်းစီးရီးကို YouTube မှာ မကြာခင် ကြည့်ရှုနိုင်မည်

by မစ်ကီ
2 January 2020
10.7k

သူ့ရဲ့ ပထမဆုံး မှတ်တမ်းစီးရီးဖြစ်တဲ့ “Justin Bieber: Seasons” ကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ လွှင့်တင်ပေးမှာဖြစ်တယ်လို့ YouTube က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကြေညာထားပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ Greta Thunberg

Greta Thunberg အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ Hulu ရုပ်သံလိုင်း စီစဉ်နေ

by ရေဗန်
18 December 2019
5.2k

Greta ဟာ ၂၀၁၈ ခုနှစ်က စတင်ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တက်ကြွလှုပ်ရှားခဲ့တဲ့ ဆွီဒင်နိုင်ငံသူ ဖြစ်ပါတယ်။

လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ် / reuters

MNTV က BBC မြန်မာပိုင်းအစီအစဉ် ထုတ်လွှင့်မှု ရပ်စဲ

by ချစ်မင်းထွန်း
4 September 2017
21.8k

ဘီဘီစီက ထုတ်လွှင့်နေ သော အစီအစဉ်များကို ၎င်းနှင့် ပူးတွဲတင်ဆက်နေသော ရုပ်သံလွင့်ဌာနများက ကြားဝင်စွက်ဖက်ခြင်း၊ ဖြတ် တောက်ခြင်းများသည် မိမိတို့နှင့် ပရိသတ်များ အကြား ထားရှိသည့် ယုံကြည်မှုကို ပျက်စီးစေသည့် ချိုးဖောက်မှု ကြီး ဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း...

Next Post
မင်းသား Irrfan Khan

ကျန်းမာရေးကြောင့် ရုန်းကန်နေရတဲ့ မင်းသား Irrfan Khan အတွက် ဆုတောင်းပေးသူများရှိနေ

Burger King ရဲ့ Valentine's Day ပရိုမိုးရှင်း

ရည်းစားဟောင်း ဓာတ်ပုံပြရုံနဲ့ ဟမ်ဘာဂါ တလုံး အလကားစားရမယ့် အခွင့်အရေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved