• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

MNTV က BBC မြန်မာပိုင်းအစီအစဉ် ထုတ်လွှင့်မှု ရပ်စဲ

by ချစ်မင်းထွန်း
4 September 2017
in သတင်း
A A
လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ် / reuters

လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ် / reuters

21.8k
VIEWS
Share on FacebookShare on Twitter

BBC မြန်မာပိုင်းအစီအစဉ်သည် နိုင်ငံတော်အစိုးရမှ တားမြစ်ထားသော စကားလုံး အသုံးအနှုန်းများ ပါရှိ သည့် သတင်းများကို ထုတ်လွှင့်နိုင်ရန် ပေးပို့လာခဲ့ရာ MNTV ၌ BBC မြန်မာပိုင်းအစီအစဉ်ကို ထုတ်လွှင့်ခြင်း သြဂုတ် ၃၀ ရက်မှ စ၍ ထုတ်လွှင့်ခြင်း ရပ်စဲလိုက်ကြောင်း MNTV က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

MNTV က နိုင်ငံတော် ထုတ်ပြန်ချက်ကို လေးစားလိုက်နာသော အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ARSA အစွန်းရောက် အကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုအား ထောက်ခံခြင်း၊ အားပေးကူညီရာရောက်စေသော ပြုမူလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း၊ ထောက်ပံ့ခြင်း၊ မီဒီယာများမှ ထောက်ခံရေးသားခြင်း စသည်တို့ကို မပြုလုပ်ရန်နှင့် ပြည်တွင်း၌ ထိုသို့ အကြမ်းဖက်အားပေးလုပ်ဆောင်ချက်များ တွေ့ရှိပါက အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အစိုးရ က ဖော်ပြထားသည်ဟုလည်း ဖော်ပြထားသည်။

ဘီဘီစီ၏ ကမ္ဘာတလွှားအစီအစဉ်၏ ညွန်ကြားရေးမှုး Francesca Unsworth က ဘီဘီစီက ထုတ်လွှင့်နေ သော အစီအစဉ်များကို ၎င်းနှင့် ပူးတွဲတင်ဆက်နေသော ရုပ်သံလွင့်ဌာနများက ကြားဝင်စွက်ဖက်ခြင်း၊ ဖြတ် တောက်ခြင်းများသည် မိမိတို့နှင့် ပရိသတ်များ အကြား ထားရှိသည့် ယုံကြည်မှုကို ပျက်စီးစေသည့် ချိုးဖောက်မှု ကြီး ဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း ပြောဆိုသည်။

ဘီဘီစီ၏ နေ့စဉ်သတင်းလွှာကို မပြသဘဲထားခြင်းကို ယခုနှစ် မတ်လက စတင်ကြုံခဲ့ရပြီး ဤကဲ့သို့ ဖြုတ်၊ ချန်ထားခြင်းသည် နှစ်ဖက်ကြားထားရှိခဲ့သည့် သဘောတူ စာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု MNTV ကို သတိပေးခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့ ချိုးဖောက်မှုကို ဆက်လက်ပြုလုပ်နေသဖြင့် ဘီဘီစီ အနေဖြင့် ပူးပေါင်းဆောင်ရွက် နေမှုကို ချက်ချင်းရပ်ဆိုင်းရုံမှတပါး အခြားရွေးချယ် စရာမရှိတော့ကြောင်း ဆိုထားသည်။

“ရခိုင်သတင်း ဖော်ပြတဲ့ အခါမှာ သူတို့က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးတယ်။ အဲဒီအသုံးအနှုန်းကို တောက်လျှောက်သုံးတယ်။ ကျနော်တို့က မသုံးဖို့ပြောတယ်။ မသုံးပါနဲ့လို့ ရှေ့မှာကတည်းက ပြောထားတယ်။ နိုင်ငံတော် ကလည်း သုံးလို့ မရဘူးပေါ့။ ထည့်တော့ လူကြီးတွေက အဲဒီသတင်းဖြုတ်ပေးပါ။ ကျနော်တို့က သူတို့ကို နိုင်ငံတကာ သတင်းအနေနဲ့ပဲ ပြောထားတဲ့ သဘောရှိတယ်။ ပြည်တွင်း သတင်းတွေ မထုတ်ဖို့လည်း မေတ္တာရပ်ခံထားပြီးသား တွေရှိတယ်။ သူတို့ထုတ်တာတွေ ကျနော်တို့ ရှေ့မှာ တင်ပေးနေတာပဲ။” ဟု MNTV မှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတဦးက ရှင်းပြသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
138
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
132

ဆက်လက်၍ ၎င်းက “သို့သော်လည်း အခု ရခိုင်ကိစ္စမှာကျ တော့ သူတို့က ရိုဟင်ဂျာသုံးတယ်။ တချို့ သတင်း တွေက ဘင်္ဂလားဒေ့ရှ်က အသံတွေနဲ့ပဲ ထုတ်တာရှိတယ်။ သူတို့က ဘက်မျှတယ်လို့ ပြောတယ်။ ဒီဘက်က အသံကျတော့ မပါဘူး အဲဒါ ဘက်မျှတာလား”ဟု ပြောသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအပါအဝင် မြန်မာနိုင်ငံသားများလက်မခံသော လူမျိူးအမည်တခု ဖြစ်သည့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို ဘီဘီစီ ရုပ်သံသတင်းဌာနက ဖော်ပြနေသဖြင့် ၎င်းနှင့် ပူးပေါင်းမှုရပ်စဲလိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ အသုံးအနှုန်းကို မိမိတို့မှ ထုတ်လွင့်လိုက်မည်ဆိုလျှင် ပြည်တွင်းသတင်းဌာနများ၊ အစိုးရ နှင့် နိုင်ငံတကာကပါ MNTV သည် ယင်းအသုံးအနှုန်းကို ထုတ်လွှင့်သွားသည့် အချက်အလက်ကို ကောက်ယူ၍ ပြောဆိုမှုများ ပြုလုပ်လာမည့် အန္တရာယ်ကိုလည်း ရင်ဆိုင်ရနိုင်သည်ကို သတိထားရကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းသတင်းဌာနတခုဖြစ်သည့် MNTV ရုပ်သံသတင်းဌာနတွင် ထုတ်လွှင့်နေသည့် ဘီဘီစီ မြန်မာပိုင်းရုပ်သံအစီအစဉ်ကို စတင် ရပ်ဆိုင်းလိုက်ကြောင်း ဘီဘီစီသတင်းဌာနက စက်တင်ဘာ ၁ ရက်နေ့က နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း BBC Burmese ဖေ့စ်ဘုတ်စာမျက်နှာတွင် လူအများအပြားက ရခိုင်ကိစ္စ သတင်းဖော်ပြမှုများနှင့်ပတ်သက်၍ ထင်မြင်ချက်များဝင်ရောက်ရေးသားမှု အများအပြား ပြုလုပ်ခဲ့သည့်အတွက် ဖေ့စ်ဘုတ် ratings ပေးမှုကို BBC က ပိတ်ပစ်ခဲ့သည်။

ဘီဘီစီနေ့စဉ် ရုပ်သံအစီအစဉ်ကို MNTV မှ ၂၀၁၄ ခုနှစ် ဧပြီလမှ စတင် ထုတ်လွှင့်ခဲ့ပြီး နေ့စဉ် ကြည့်ရှုသူ ပရိသတ် ၃ ဒသမ ၇ သန်းရှိကြောင်း ဘီဘီစီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Your Thoughts …
Tags: BBCMNTV
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

by ဧရာဝတီ
29 December 2024
1.9k

RSF နည်းပညာ နဲ့ ဂျာနယ်လစ်ဇင် ဌာန အကြီးအကဲ Vincent Berthier က ဒီ feature ကိုဖယ်ရှားပစ်ပြီး တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Apple ကို တောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့...

ထိုင်းမှာ BBC အတွက် ရိုက်တဲ့ Thailand: The dark side of paradise ရုပ်သံအဖွဲ့ အဖမ်းခံရမလို ဖြစ်ပွား

ထိုင်းမှာ BBC အတွက် ရိုက်တဲ့ Thailand: The dark side of paradise ရုပ်သံအဖွဲ့ အဖမ်းခံရမလို ဖြစ်ပွား

by ဧရာဝတီ
14 September 2025
482

ဘားတွေမှာ ရိုက်ကူးခွင့် ကြိုတင်တောင်းခံ ရရှိထားပေမယ့်လည်း ရောက်ရှိပြီး နာရီပိုင်း အတွင်း ရဲတွေ ရောက်ရှိလာကာ သူနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက် ခံခဲ့ရကြောင်း…

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး  /  ဧရာဝတီ

ဦးဇော်ဌေးကို ဘီဘီစီက တရားဝင် တောင်းပန်ရမည်ဟု သမ္မတရုံး ပြော

by ထက်နိုင်ဇော်
10 January 2019
81k

ပုံမှန် ပြုလုပ်နေကြဖြစ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတခုကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသမှု (Live) ပြုလုပ်ရာတွင် ရုပ်ပြောင်ပုံများ ထည့်သွင်းမိခြင်းကို တရားဝင် တောင်းပန်ပေးရမည် ဖြစ်ကြောင်း သမ္မတရုံးထံမှ သိရသည်။

ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ Greta Thunberg

Greta Thunberg အကြောင်း မှတ်တမ်းစီးရီး BBC ဖန်တီးမည်

by မစ်ကီ
13 February 2020
4.2k

အသက် ၁၇ နှစ်အရွယ် Greta ဟာ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပြီး အပြောင်းအလဲတွေ ပြုလုပ်ဖို့ စိန်ခေါ်ခဲ့တဲ့အကြာင်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ Nancy Wigginton

BBC ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ ကွယ်လွန်

by ရေဗန်
21 May 2019
4.9k

ခင်ပွန်းသည်နဲ့ အိမ်ထောင်ကွဲနေတဲ့ Nancy Wigginton ရဲ့ သေမှုသေခင်း စုံစမ်းခြင်းကို ၂၀၂၀ ခုနှစ်အထိ ပြုလုပ်မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အဆိုပါ ကိုယ်ပိုင်အသံ အထောက်အကူစနစ်ကို BBC က "Beeb" လို့ နာမည်ပေးထားပါတယ်

BBC က “Beeb” အမည်ရ ကိုယ်ပိုင်အသံ အထောက်အကူ စနစ်တခု ထုတ်ပေးမည်

by Nigma
27 August 2019
8.4k

လုပ်ဆောင်ချက် အသစ်တွေနဲ့ အသုံးပြုမှု ပုံစံအသစ်တွေကို BBC ကိုယ်တိုင် စိတ်တိုင်းကျ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်"လို့ BBC က ပြောခွင့်ရပုဂ္ဂိုလ်တဦးက The Guardian သတင်းစာကို ပြောပါတယ်။

Next Post
ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှု နှုန်းကျဆင်းမှုသည် မြို့ပြတွင် ကျဆင်းသည့် နှုန်းထက် နှေးကွေးနေသည်  / ဧရာဝတီ

ဆင်းရဲနွမ်းပါးမှု လျော့ကျသော်လည်း ကျေးလက်ဖွံ့ဖြိုးမှု နှေးကွေးနေ

မောင်တောမြို့ပေါ်တွင်လုံခြုံရေး ယူနေသည့် တပ်မတော်သားများ / မိုးမြင့် / ဧရာဝတီ

ရခိုင်မြောက်ပိုင်း နယ်မြေ ၅ ခုကို စစ်ဆင်ရေး နယ်မြေ သတ်မှတ်ထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved