• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

အမေရိကန်ပိတ်ပင်မှုကို လက်တွဲရင်ဆိုင်ခဲ့တဲ့ ဝန်ထမ်းများကို ဆုကြေးပေးရန် Huawei စီစဉ်

by Nigma
15 November 2019
in IT
A A
Huawei ကုမ္ပဏီ

Huawei ကုမ္ပဏီ

5.9k
VIEWS
Share on FacebookShare on Twitter

၂၀၁၉ ခုနှစ်ဟာ Huawei ကုမ္ပဏီအတွက် တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ နှစ်တနှစ်ပါ။ ထရမ့်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ပင်မှုကြောင့် အမေရိကန်နည်းပညာ ကုမ္ပဏီများစွာဟာ Huawei နဲ့ လက်တွဲဖြုတ်ခဲ့ကြပြီး၊ Huawei ထံ ပစ္စည်းထောက်ပံ့နေမှုတွေ ရပ်ဆိုင်းခဲ့ကြပါတယ်။ ဒီအတွက် အမေရိကန်ကုမ္ပဏီတွေထံက ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲတွေကို အသုံးချကာ ကုန်ပစ္စည်းထုတ်လုပ်နေတဲ့ Huawei အတွက် ထိခိုက်နစ်နာမှုတွေ ကြီးမားခဲ့ပါတယ်။

ဒါပေမယ့် Huawei ဟာ အတားအဆီးများစွာ ရှိလင့်ကစား ၂၀၁၉ ခုနှစ်ထဲမှာ ကုမ္ပဏီရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကို ဆက်လက်တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် Huawei က တကမ္ဘာလုံးမှာ ရှိတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆုကြေး ထိုက်ထိုက်တန်တန် ချီးမြှင့်သွားတော့မှာပါ။

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကုမ္ပဏီဖြစ်တဲ့ Huawei ဟာ အကြပ်အတည်းကာလမှာ ကုမ္ပဏီဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဝန်ထမ်းတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆုကြေးငွေ ယွမ် ၂ ဘီလျံ (ဒေါ်လာ ၂၈၆ သန်း) အထိ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံ ၁၇၀ ကျော်မှာရှိတဲ့ Huawei ဝန်ထမ်းပေါင်း ၁ သိန်း ၉ သောင်းကျော်ကို တယောက်မကျန် ဆုကြေးချီးမြှင့်သွားမှာပါ။ ပေါက်ကြားလာတဲ့ ကုမ္ပဏီတွင်းကြေညာချက်အရ  စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက် C အထက် ရရှိထားပြီး၊ လုံခြုံရေးစည်းကမ်း ချိုးဖောက်မှု မရှိတဲ့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းအားလုံး အောက်တိုဘာလ အခြေခံလစာနဲ့ ညီမျှတဲ့ ဆုကြေးငွေကို ရရှိမယ်လို့ သိရပါတယ်။

“၂၀၁၉ ခုနှစ်မှာ ကုမ္ပဏီအပါအဝင် ဝန်ထမ်းအားလုံးအနေနဲ့ မကြုံစဖူး ဆိုးရွားတဲ့ ပြင်ပအခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါတယ်။ ဒါကြောင့် ကုမ္ပဏီဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်အရ အလုပ်ကြိုးစားမှုနဲ့ အလုပ်အပေါ် အာရုံစိုက် နစ်မြှုပ်ထားမှုတို့အတွက် အထူးဆုကြေးငွေ ပေးအပ်သွားမှာပါ” လို့ ကုမ္ပဏီဝန်ထမ်းတွေကို ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Huawei ဖုန်းအသစ်တွေအနေနဲ့ Google ဝန်ဆောင်မှုတွေ မပါရှိတာကြောင့် နိုင်ငံတကာဈေးကွက်မှာ မျက်နှာပန်းမလှခဲ့ပေမယ့် ပြည်တွင်း တရုတ်ဈေးကွက်မှာတော့ ရောင်းအားကောင်းခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ တတိယသုံးလပတ်မှာ Huawei ရဲ့ ဖုန်းတင်ပို့ရောင်းချရမှု နှုန်းထားက ဆက်လက် အတက်ပြခဲ့ပြီး၊ ကမ္ဘာ့ ဒုတိယအကြီးဆုံးဖုန်းကုမ္ပဏီအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
247
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147

သိပ်မကြာခင်မှာလည်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက Huawei နဲ့ စီးပွားရေး ပြန်လည်လက်တွဲချင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အထူးခွင့်ပြုမိန့် လိုင်စင် ထုတ်ပေးသွားဖို့  ရှိတာကြောင့် Huawei အတွက် မုန်တိုင်းအပြီး လေပြေလာတော့မှာပါ။

Ref: Gizmochina, Financial Times, GSM Arena

Your Thoughts …
Tags: Huaweiဆုကြေးပေးဝန်ထမ်းများ
Nigma

Nigma

Contributor

Similar Picks:

Google နဲ့ လက်တွဲခွင့် မရတော့တဲ့အတွက် Huawei စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ Android OS စနစ်နဲ့ အလှမ်းဝေးတော့မှာပါ

Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း

by Nigma
20 May 2019
30.9k

တရုတ်နိုင်ငံပြင်ပ ရောင်းချတဲ့ Huawei စမတ်ဖုန်းအသစ်တွေမှာလည်း Google Play Store နဲ့ Gmail App အပါအဝင် လူသုံးများတဲ့ Application တွေနဲ့ Service တွေ အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ပါဘူး

Huawei Nova 5 Series

Huawei က Nova 5 Series အသစ်ကို မိတ်ဆက်

by Nigma
21 June 2019
5k

Huawei Nova 5 Pro နဲ့ ကျန် Nova 5 မော်ဒယ် ၂ ခုမှာ အဓိကကွာခြားချက်ကတော့ Chipset ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် အမြန်ချောပို့လုပ်ငန်း FedEx Corp

Huawei ရဲ့ ပါဆယ်ထုပ်ကို ပြန်ပို့ခဲ့ပြီးနောက် FedEx က အမေရိကန်အစိုးရကို တရားစွဲဆို

by Nigma
25 June 2019
9.3k

"FedEx ဟာ ပို့ဆောင်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဥပဒေ စိုးမိုးရေး ဌာနတခု မဟုတ်ပါဘူး"လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Huawei ကုမ္ပဏီ

Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်

by Nigma
20 May 2019
9.9k

သတင်းရင်းမြစ်တွေအရ ထပ်မံ ကြေညာချက် မပြုခင်အထိ Huawei နဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကို ရပ်ဆိုင်းထားရန် အမေရိကန် Chip ကုမ္ပဏီ အကြီးအကဲ အများအပြားကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Linux ပြောင်းသုံးထားတဲ့ Huawei Matebook 13

Windows အစား Linux ပြောင်းသုံးထားတဲ့ Matebook တွေကို Huawei စတင်ရောင်းချ

by Nigma
17 September 2019
15k

Deepin Linux နဲ့ ရောင်းနေတဲ့ မော်ဒယ်တွေကတော့ Huawei Matebook X Pro၊ Matebook 13 နဲ့ Matebook 14 တို့ ဖြစ်ပါတယ်။

တရုတ်နည်းပညာ ကုမ္ပဏီ Huawei

တရုတ်အစိုးရထံမှ ဒေါ်လာဘီလျံများစွာ အထောက်အပံ့ ရရှိခဲ့ခြင်း မဟုတ်ကြောင်း Huawei ပြောကြား

by Nigma
27 December 2019
20.9k

Huawei ကတော့ WSJ အနေနဲ့ သတင်းအချက်အလက်အမှားတွေကို အခြေခံကာ Huawei အပေါ် မမှန်မကန် သတင်းထပ်ဖြန့်နေကြောင်း ပြန်လည် စွပ်စွဲထားပါတယ်။

Next Post
သရုပ်ဆောင် ခါရာ / ယုဖြူဟန် / ဧရာဝတီ

“ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်”ထဲက ဇာတ်ရုပ်က အပြင်ကပုံစံနဲ့ တူတယ်လို့ ခါရာ ပြော

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွါသွားကြသူ ဒုက္ခသည်မျာ / Reuters

မြန်မာကို စစ်ဆေးရန် ICC အတည်ပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved